ရှမ်းနီလူမျိုးများအနေဖြင့် လူမျိုးသုန်းပျောက်ကွယ်မှုအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရှမ်းနီတပ်(SNA) အသိပေးကြေညာ

 787

ပုံစာ - ရှမ်းနီလူငယ်အချို့အားတွေ့ရစဉ်

NP News - စက်တင်ဘာ ၂၂

ရှမ်းနီလူမျိုးများအနေဖြင့် လူမျိုးသုန်းပျောက်ကွယ်မှုအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က အသိပေးကြားထားသည်။

SNA က စက်တင်ဘာလ ၂၁ ရက်တွင် ပြည်သူလူထုနှင့် ပြည်တွင်းပြည်ပ လက်နက် ကိုင်အဖွဲ့အစည်းများ၊ လူ့အခွင့်ရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအား သတိပေးပန်ကြားချက်ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ရှမ်းနီအမျိုးသားများဒေသတွင် လွန်ခဲ့သော နှစ်(၆ဝ)ကျော်မှစ၍ အတူနေ တိုင်းရင်းသားလက်နက်ကိုင်များ၏ကျူးလွန်ခြင်းကို ရင်ဆိုင်လာခဲ့ကြရာ ယနေ့အချိန်တွင် ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်လာကြောင်း SNA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် KIO/KIA သည် ဒေသတွင်း PDF များကို မွေးမြူလေ့ကျင့်ကာ NUG ၏ သဘောတူညီမှုဖြင့် ရှမ်းနီအမျိုးသားများအား လူမျိုးသုန်းသတ်ဖြတ်ရေးစီမံချက်ကို ပိုမိုအရှိန်မြှင့်တင်ကျူးလွန်လျက်ရှိနေကြောင်းလည်း SNA က သတိပေးကြေညာထား သည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ရှမ်းနီကျေးရွာအချို့အား တိုက်ခိုက်သိမ်းပိုက်ထားပြီး လူ့အခွင့်အရေးများကို ချိုးဖောက်လျက်ဒေသခံများအား ရက်စက်စွာသတ်ဖြတ်မှုများအ ပြင် လူငယ်များအား အဓမ္မစစ်သားခိုင်းစေခြင်းများကို ကျူးလွန်နေသည်ဟုလည်း SNA က ဆိုထားသည်။

ထို့အတူ ရှေ့တန်းစစ်မျက်နှာ၌ KIA အထက်အရာရှိမှ ရှမ်းနီလူမျိုးများကို အကုန်သတ် ဖြတ်ရှင်းလင်းရန် အမိန့်ပေးစေခိုင်းသော ညွှန်ကြားထားသောအချက်အလက်များကို ရရှိထားသည်ဟုလည်း SNA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းနီလူမျိုးများအပေါ် ၎င်းကဲ့သို့ ကျူးလွန်နေမှုများအပေါ် ပြည်တွင်း၊ ပြည်ပရှိ လက် နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာရှိ လူသားချင်းစာနာအဖွဲ့အစည်းများ၊ လူ့အ ခွင့်အရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေဖြင့် အချိန်မီတားဆီးကာကွယ်ပေးရန် အသိပေးပြန်ကြားကြောင်း SNA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
NP News - စက်တင်ဘာ ၂၂








Related news

© 2021. All rights reserved.