မြန်မာအလှမယ် ဟန်လေးကို ထိုင်းအာဏာပိုင်တွေ မြန်မာနိုင်ငံကို ပြန်ပို့ဖွယ်မရှိဟုဆို

 839

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

ထိုင်းအာဏာပိုင်များအနေနဲ့ မြန်မာအလှမယ် ဟန်လေးကို မိခင်မြန်မာနိုင်ငံကို ပြန်ပို့ဖွယ်မရှိကြောင်း ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားပါတယ်။

သော်နန္ဒအောင် ခေါ် ဟန်လေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်မှာ ထိုင်းနိုင်ငံရှိ Suvarnabhumi လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဘန်ကောက်ပိုစ့်သတင်းဌာနဟာ ထိုင်းနိုင်ငံမှာ နေထိုင်နေရတဲ့ ဟန်လေးနဲ့ တွေ့ဆုံအင်တာဗျူး လုပ်ခဲ့ရာမှာ ဟန်လေးက သူရဲ့အခြေအနေနဲ့ပတ်သက်ပြီး အခုလိုမျိုးထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာအလှမယ်ဟန်လေးက "ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNCHR က ကျွန်မကို ကာကွယ်ပေးထားတယ်။ ထိုင်းလေဆိပ်မှာတုန်းက ထိုင်းအာဏာပိုင်တွေကလည်း ကျွန်မကို ဂရုစိုက်ခေါ်ဆောင်ခဲ့တယ်။ သူတို့တွေဟာ ကျွန်မကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ သဘောတူညီထားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်မဟာ မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာ စိုးရိမ်မိခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ကျွန်မကို လူတိုင်းက ကူညီကြတယ်။ နိုင်ငံစုံက လူတိုင်းက ကူညီပေးခဲ့တယ်။ ထိုင်းနိုင်ငံမှာနေထိုင်နေရတာ ကျွန်မ အိမ်လိုပါပဲ"လို့ပြောပါတယ်။

ဒါ့ပြင် ဟန်လေးက "UNCHR ကတ်ရရှိစေဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာ အတိ အကျ မသိသေးတဲ့အတွက် ထိုင်းနိုင်ငံလေဆိပ်မှာ အချိန်ဘယ်လောက်ကြကြာနေထိုင်ရမလဲဆိုတာ မသိသေးဘူး"လို့ပြောပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေးဟာ ပြီးခဲ့တဲ့နှစ်မှာ Miss Grand International 2020 ပြိုင်ပွဲမှာ နစကကို ဝေဖန်ပြစ်တင်မှုများပြုလုပ်တဲ့အတွက် ဝရမ်း ထုတ်ခံထားရသူဖြစ်တယ်လို့သိရပါတယ်။ ဟန်လေးဟာ ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံ ခွင့်ရဖို့ ကြိုးပမ်းနေသူဖြစ်ပြီး ထိုင်းနိုင်ငံမှာ ခရီးသွားဗီဇာသက်တမ်းကို ၂လကြာသက် တမ်းတိုးမြှင့်ခဲ့ပါတယ်။

ခရီးသွားဗီဇာသက်တမ်းကုန်ဆုံးသွားချိန်မှာ ဟန်လေးဟာ ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံကိုပြန်လာချိန် ထိုင်းလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရကာ ထိုင်းနိုင်ငံအတွင်းဝင်ခွင့်ပေးဖို့ ငြင်းဆန်ခံထားရသူဖြစ်ပါတယ်။ နစကဟာ ဟန်လေးရဲ့ ပတ်စ်ပို့ကို ပြန်ရုတ်သိမ်းလိုက်ကြောင်း သူမနဲ့နီးစပ်သူများကပြောပါတယ်။

ဟန်လေးက "ကျွန်မဟာ ထိုင်းနိုင်ငံထဲ ဝင်လို့မရ၊ ထိုင်းနိုင်ငံပြင်ပလည်းထွက်လို့မရတဲ့အတွက် UNCHR နဲ့ အလုပ်တွေလုပ်နေရတယ်။ ကျွန်မအနေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ အချိန်ယူ စောင့်ကြည့်ရမှာဖြစ်တယ်"လို့ပြောပါတယ်။

ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ဆိုတာလည်း လက်ရှိအချိန်မှာ သေချာရေရာမှုမရှိသေးကြောင်း ဟန်လေးကပြောပါတယ်။ ဟန်လေးက "UNCHR ဟာကျွန်မကို ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် အလျင်မြန်ရယူနိုင်ရေး ကြိုးပမ်းမှုတွေကိုခွင့်ပြုတာမျိုးမရှိဘူး၊ကျွန်မအတွက်ဘယ်နိုင်ငံက အကောင်းဆုံးရွေးချယ်စရာဖြစ်လာမလဲဆိုတာတွေ့မြင်ရမှာပါ"လို့ပြောပါတယ်။

zawgyi version
ျမန္မာအလွမယ္ ဟန္ေလးကို ထိုင္းအာဏာပိုင္ေတြ ျမန္မာႏိုင္ငံကို ျပန္ပို႔ဖြယ္မရွိဟုဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

ထိုင္းအာဏာပိုင္မ်ားအေနနဲ႔ ျမန္မာအလွမယ္ ဟန္ေလးကို မိခင္ျမန္မာႏိုင္ငံကို ျပန္ပို႔ဖြယ္မရွိေၾကာင္း ဘန္ေကာက္ပိုစ့္သတင္းဌာနက ေဖာ္ျပထားပါတယ္။

ေသာ္နႏၵေအာင္ ေခၚ ဟန္ေလးဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၁ ရက္မွာ ထိုင္းႏိုင္ငံရွိ Suvarnabhumi ေလဆိပ္မွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာျဖစ္ပါတယ္။ ဘန္ေကာက္ပိုစ့္သတင္းဌာနဟာ ထိုင္းႏိုင္ငံမွာ ေနထိုင္ေနရတဲ့ ဟန္ေလးနဲ႔ ေတြ႕ဆုံအင္တာဗ်ဴး လုပ္ခဲ့ရာမွာ ဟန္ေလးက သူရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ျမန္မာအလွမယ္ဟန္ေလးက "ကုလသမဂၢဒုကၡသည္မ်ား မဟာမင္းႀကီး႐ုံး UNCHR က ကြၽန္မကို ကာကြယ္ေပးထားတယ္။ ထိုင္းေလဆိပ္မွာတုန္းက ထိုင္းအာဏာပိုင္ေတြကလည္း ကြၽန္မကို ဂ႐ုစိုက္ေခၚေဆာင္ခဲ့တယ္။ သူတို႔ေတြဟာ ကြၽန္မကို ျမန္မာႏိုင္ငံကို ျပန္မပို႔ဖို႔ သေဘာတူညီထားတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ကြၽန္မဟာ ျမန္မာႏိုင္ငံကို ျပန္ပို႔ခံရမွာ စိုးရိမ္မိခဲ့တာပါ။ လက္ရွိအခ်ိန္မွာေတာ့ ကြၽန္မကို လူတိုင္းက ကူညီၾကတယ္။ ႏိုင္ငံစုံက လူတိုင္းက ကူညီေပးခဲ့တယ္။ ထိုင္းႏိုင္ငံမွာေနထိုင္ေနရတာ ကြၽန္မ အိမ္လိုပါပဲ"လို႔ေျပာပါတယ္။

ဒါ့ျပင္ ဟန္ေလးက "UNCHR ကတ္ရရွိေစဖို႔ အခ်ိန္ဘယ္ေလာက္ၾကာမလဲဆိုတာ အတိ အက် မသိေသးတဲ့အတြက္ ထိုင္းႏိုင္ငံေလဆိပ္မွာ အခ်ိန္ဘယ္ေလာက္ၾကၾကာေနထိုင္ရမလဲဆိုတာ မသိေသးဘူး"လို႔ေျပာပါတယ္။

Miss Grand Myanmar 2020 အလွမယ္ ဟန္ေလးဟာ ၿပီးခဲ့တဲ့ႏွစ္မွာ Miss Grand International 2020 ၿပိဳင္ပြဲမွာ နစကကို ေဝဖန္ျပစ္တင္မႈမ်ားျပဳလုပ္တဲ့အတြက္ ဝရမ္း ထုတ္ခံထားရသူျဖစ္တယ္လို႔သိရပါတယ္။ ဟန္ေလးဟာ ကေနဒါႏိုင္ငံမွာ ႏိုင္ငံေရးခိုလႈံ ခြင့္ရဖို႔ ႀကိဳးပမ္းေနသူျဖစ္ၿပီး ထိုင္းႏိုင္ငံမွာ ခရီးသြားဗီဇာသက္တမ္းကို ၂လၾကာသက္ တမ္းတိုးျမႇင့္ခဲ့ပါတယ္။

ခရီးသြားဗီဇာသက္တမ္းကုန္ဆုံးသြားခ်ိန္မွာ ဟန္ေလးဟာ ဗီယက္နမ္ႏိုင္ငံကေန ထိုင္းႏိုင္ငံကိုျပန္လာခ်ိန္ ထိုင္းေလဆိပ္မွာ ဖမ္းဆီးထိန္းသိမ္းခံရကာ ထိုင္းႏိုင္ငံအတြင္းဝင္ခြင့္ေပးဖို႔ ျငင္းဆန္ခံထားရသူျဖစ္ပါတယ္။ နစကဟာ ဟန္ေလးရဲ႕ ပတ္စ္ပို႔ကို ျပန္႐ုတ္သိမ္းလိုက္ေၾကာင္း သူမနဲ႔နီးစပ္သူမ်ားကေျပာပါတယ္။

ဟန္ေလးက "ကြၽန္မဟာ ထိုင္းႏိုင္ငံထဲ ဝင္လို႔မရ၊ ထိုင္းႏိုင္ငံျပင္ပလည္းထြက္လို႔မရတဲ့အတြက္ UNCHR နဲ႔ အလုပ္ေတြလုပ္ေနရတယ္။ ကြၽန္မအေနနဲ႔ ဘာေတြျဖစ္လာမလဲဆိုတာ အခ်ိန္ယူ ေစာင့္ၾကည့္ရမွာျဖစ္တယ္"လို႔ေျပာပါတယ္။

ကေနဒါႏိုင္ငံမွာ ႏိုင္ငံေရးခိုလႈံခြင့္ရဖို႔ဆိုတာလည္း လက္ရွိအခ်ိန္မွာ ေသခ်ာေရရာမႈမရွိေသးေၾကာင္း ဟန္ေလးကေျပာပါတယ္။ ဟန္ေလးက "UNCHR ဟာကြၽန္မကို ကေနဒါႏိုင္ငံမွာ ႏိုင္ငံေရးခိုလႈံခြင့္ အလ်င္ျမန္ရယူႏိုင္ေရး ႀကိဳးပမ္းမႈေတြကိုခြင့္ျပဳတာမ်ိဳးမရွိဘူး၊ကြၽန္မအတြက္ဘယ္ႏိုင္ငံက အေကာင္းဆုံးေ႐ြးခ်ယ္စရာျဖစ္လာမလဲဆိုတာေတြ႕ျမင္ရမွာပါ"လို႔ေျပာပါတယ္။

Picture

MgThetlin

24/09/2022 13:17

အသက်ကငယ်ငယ်စိတ်ခံစားချက်တွေကိုအလေးထားဒါပဲ

Picture

win myint soe

24/09/2022 13:54

အခုတော့နိုင်ငံမဲ့ပြီပေါ့

Picture

Htun Aung Kyaw

24/09/2022 17:29

ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်တော့ နိုင်ငံမဲ့ပီပေါ့

Related news

© 2021. All rights reserved.