မင်္ဂလာဒုံမြို့နယ်တွင် ကား(၂)စီးတိုက်မှုဖြစ်ပွား၍ အမျိုးသား(၂)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိ

662

NP News - စက်တင်ဘာ ၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ကား(၂)စီးတိုက်မှုဖြစ်ပွား၍ အမျိုးသား(၂)ဦးသေဆုံးခဲ့ပြီး (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၅ရက်) ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ဗဟိုနိုင်ငံရေးမှတ်တိုင်အနီးတွင် CRV ကားနှင့် SUZUKI R- ကားနှစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ သိရသည်။
ထို့ကြောင့် သတင်းအရ လူမှုဘဝကယ်ဆယ်ရေးပရဟိတအသင်းမှ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ ပရဟိတအသင်းမှ ဆိုသည်။
“အခင်းဖြစ်တဲ့နေရာကိုရောက်တဲ့ အချိန်မှာတော့ တခြားလူနာတင်ယာဉ် (၄)စီးနဲ့ မြောက်ဥက္ကလာ မေဓာဝီဆေးရုံကို လူနာ(၄)ဦး ဆေးကုဖို့ သွားပို့နေပါတယ်။ နောက် ထပ်(၃)ဦးကိုကျတော့ ကုတင်(၁ဝဝဝ) စစ်ဆေးရုံကို ပို့လိုက်တယ်” ဟုလူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အခင်းဖြစ်ရာနေရာတွင် သေဆုံးသူ(၂)ဦးမှာ စစ်သားများဖြစ်ပြီး ၎င်းတို့အား ရွှေပြည်သာပရဟိတလူမှုဘဝစောင့်ရှောက်ရေးအသင်းနှင့် မင်္ဂလာဒုံကြယ်စင်မေတ္တာ အသင်းတို့မှ နာရေးတင်ကားများဖြင့် မင်္ဂလာဒုံ တပ်မတော်စစ်ဆေးရုံ ကုတင် (၁ဝဝဝ)ရှိ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းမှဆိုသည်။
ထို့ပြင် ယနေ့(စက်တင်ဘာလ ၂၆ရက်) နံနက် ၅နာရီအချိန်ခန့်တွင် ရန်ကုန်- မန္တ လေးအမြန်လမ်းမကြီးတွင် Express ယာဉ်တစ်စီး တိမ်းမှောက်မှုုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၁/၁)နှင့် (၁၅၁/၂) ကြားတွင် SCANIA အမျိုးအစား Express ယာဉ်တစ်စီး ဘီးပေါက်၍ လမ်းလယ်ရှိ ဘာရီယာတုံးများအားဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း မီးသတ်ဌာနမှဆို သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါရှိသော စုစုပေါင်း(၈)ဦးအနက် ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းအရေးပေါ်လူနာတင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္တြင္ ကား(၂)စီးတိုက္မႈျဖစ္ပြား၍ အမ်ိဳးသား(၂)ဦးေသဆုံးကာ (၇)ဦးဒဏ္ရာရရွိ
NP News - စက္တင္ဘာ ၂၆
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ ကား(၂)စီးတိုက္မႈျဖစ္ပြား၍ အမ်ိဳးသား(၂)ဦးေသဆုံးခဲ့ၿပီး (၇)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၂၅ရက္) ညပိုင္းတြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ဗဟိုႏိုင္ငံေရးမွတ္တိုင္အနီးတြင္ CRV ကားႏွင့္ SUZUKI R- ကားႏွစ္စီးတို႔ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း လူမႈဘဝေစာင့္ေရွာက္ေရးပရဟိတအသင္းမွ သိရသည္။
ထို႔ေၾကာင့္ သတင္းအရ လူမႈဘဝကယ္ဆယ္ေရးပရဟိတအသင္းမွ ကယ္ဆယ္ေရးလုပ္ငန္းမ်ားသြားေရာက္ေဆာင္႐ြက္ခဲ့ေၾကာင္း အဆိုပါ ပရဟိတအသင္းမွ ဆိုသည္။
“အခင္းျဖစ္တဲ့ေနရာကိုေရာက္တဲ့ အခ်ိန္မွာေတာ့ တျခားလူနာတင္ယာဥ္ (၄)စီးနဲ႔ ေျမာက္ဥကၠလာ ေမဓာဝီေဆး႐ုံကို လူနာ(၄)ဦး ေဆးကုဖို႔ သြားပို႔ေနပါတယ္။ ေနာက္ ထပ္(၃)ဦးကိုက်ေတာ့ ကုတင္(၁ဝဝဝ) စစ္ေဆး႐ုံကို ပို႔လိုက္တယ္” ဟုလူမႈဘဝေစာင့္ေရွာက္ေရး ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
အခင္းျဖစ္ရာေနရာတြင္ ေသဆုံးသူ(၂)ဦးမွာ စစ္သားမ်ားျဖစ္ၿပီး ၎တို႔အား ေ႐ႊျပည္သာပရဟိတလူမႈဘဝေစာင့္ေရွာက္ေရးအသင္းႏွင့္ မဂၤလာဒုံၾကယ္စင္ေမတၱာ အသင္းတို႔မွ နာေရးတင္ကားမ်ားျဖင့္ မဂၤလာဒုံ တပ္မေတာ္စစ္ေဆး႐ုံ ကုတင္ (၁ဝဝဝ)ရွိ ေရခဲတိုက္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ၎မွဆိုသည္။
ထို႔ျပင္ ယေန႔(စက္တင္ဘာလ ၂၆ရက္) နံနက္ ၅နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္- မႏၲ ေလးအျမန္လမ္းမႀကီးတြင္ Express ယာဥ္တစ္စီး တိမ္းေမွာက္မႈုျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၁၅၁/၁)ႏွင့္ (၁၅၁/၂) ၾကားတြင္ SCANIA အမ်ိဳးအစား Express ယာဥ္တစ္စီး ဘီးေပါက္၍ လမ္းလယ္ရွိ ဘာရီယာတုံးမ်ားအားဝင္တိုက္ၿပီး တိမ္းေမွာက္ခဲ့ေၾကာင္း မီးသတ္ဌာနမွဆို သည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ပါရွိေသာ စုစုေပါင္း(၈)ဦးအနက္ ယာဥ္ေနာက္လိုက္ အမ်ိဳးသား(၁)ဦးသည္ ထိခိုက္ဒဏ္ရာရရွိခဲ့သျဖင့္ အျမန္လမ္းအေရးေပၚလူနာတင္ယာဥ္ျဖင့္ ေတာင္ငူေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မီးသတ္ဦးစီး ဌာနမွ သိရသည္။