အမေရိကန်တိုက်လေယာဉ်တစ်စင်းနဲ့ တိုက်လေယာဉ်တွေကို ဆွဲတဲ့ယာဉ်တစ်စီးတို့ လေယာဉ်တင်သင်္ဘောပေါ်ကပြုတ်ကျမှုဖြစ်ပွား

504

Pika (NP News) - ဧပြီ ၃ဝ
အမေရိကန်တိုက်လေယာဉ်တစ်စင်းနဲ့ တိုက်လေယာဉ်တွေကို ဆွဲတဲ့ယာဉ်တစ်စီးတို့ဟာ ပင်လယ်နီအတွင်းလည်ပတ်နေတဲ့ လေယာဉ်တင်သင်္ဘောပေါ်ကနေ ပြုတ်ကျခဲ့တယ်လို့ အမေရိကန်စစ်တပ်ကပြောကြားခဲ့ပါတယ်။
တိုက်လေယာဉ်တွေကို နေရာရွှေ့ဖို့လုပ်ဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ တိုက်လေယာဉ်ကိုရွှေ့ဖို့လုပ်ဆောင်နေစဉ်အချိန်အတွင်း ထိန်းချုပ်မှုလွတ်သွားခဲ့ပြီးနောက် F/A-18E Super Hornet တိုက်လေယာဉ် နဲ့ တိုက်လေယာဉ်တွေကို ဆွဲတဲ့ယာဉ်တစ်စီးတို့ဟာ လေယာဉ်တင်သင်္ဘောပေါ်ကနေ ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။ ထုတ်ပြန်ချက်တစ်ခုအရ အဲဒီဖြစ်ရပ်အတွင်း ရေတပ်သင်္ဘောသားတစ်ဦးသာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော USS Truman ဟာ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ရှောင်ရှားဖို့အတွက် လှည့်လိုက်တဲ့အချိန်မှာ F/A-18E Super Hornet တိုက်လေယာဉ်က လေယာဉ်တင်သင်္ဘောပေါ်ကနေ ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်လေယာဉ်တင်သင်္ဘော USS Truman တို့တိုက်ခိုက်မှုအများအပြားအတွက် ၎င်းတို့မှာတာဝန်ရှိတယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က ယခင်က ထုတ်ဖော်ပြော ဆိုခဲ့ဖူးပါတယ်။

zawgyi version
အေမရိကန္တိုက္ေလယာဥ္တစ္စင္းနဲ႔ တိုက္ေလယာဥ္ေတြကို ဆြဲတဲ့ယာဥ္တစ္စီးတို႔ ေလယာဥ္တင္သေဘၤာေပၚကျပဳတ္က်ဖြစ်ပွား
Pika (NP News) - ဧၿပီ ၃ဝ
အေမရိကန္တိုက္ေလယာဥ္တစ္စင္းနဲ႔ တိုက္ေလယာဥ္ေတြကို ဆြဲတဲ့ယာဥ္တစ္စီးတို႔ဟာ ပင္လယ္နီအတြင္းလည္ပတ္ေနတဲ့ ေလယာဥ္တင္သေဘၤာေပၚကေန ျပဳတ္က်ခဲ့တယ္လို႔ အေမရိကန္စစ္တပ္ကေျပာၾကားခဲ့ပါတယ္။
တိုက္ေလယာဥ္ေတြကို ေနရာေ႐ႊ႕ဖို႔လုပ္ေဆာင္တဲ့အဖြဲ႕တစ္ဖြဲ႕ဟာ တိုက္ေလယာဥ္ကိုေ႐ႊ႕ဖို႔လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ထိန္းခ်ဳပ္မႈလြတ္သြားခဲ့ၿပီးေနာက္ F/A-18E Super Hornet တိုက္ေလယာဥ္ နဲ႔ တိုက္ေလယာဥ္ေတြကို ဆြဲတဲ့ယာဥ္တစ္စီးတို႔ဟာ ေလယာဥ္တင္သေဘၤာေပၚကေန ျပဳတ္က်သြားခဲ့တာျဖစ္တယ္လို႔ အေမရိကန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ထုတ္ျပန္ခ်က္တစ္ခုအရ အဲဒီျဖစ္ရပ္အတြင္း ေရတပ္သေဘၤာသားတစ္ဦးသာ ထိခိုက္ဒဏ္ရာ အနည္းငယ္ရရွိခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔ သိရပါတယ္။
အေမရိကန္ေလယာဥ္တင္သေဘၤာ USS Truman ဟာ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕က ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္တစ္စင္းကို ေရွာင္ရွားဖို႔အတြက္ လွည့္လိုက္တဲ့အခ်ိန္မွာ F/A-18E Super Hornet တိုက္ေလယာဥ္က ေလယာဥ္တင္သေဘၤာေပၚကေန ျပဳတ္က်သြားခဲ့တာျဖစ္တယ္လို႔ အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ေလယာဥ္တင္သေဘၤာ USS Truman တို႔တိုက္ခိုက္မႈအမ်ားအျပားအတြက္ ၎တို႔မွာတာဝန္ရွိတယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က ယခင္က ထုတ္ေဖာ္ေျပာ ဆိုခဲ့ဖူးပါတယ္။