သီရိလင်္ကာနိုင်ငံမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး စစ်ဘက်ဆိုင်ရာဝန်ထမ်း(၆)ဦး သေဆုံး

212

Pika (NP News) - မေ ၁ဝ
သီရိလင်္ကာနိုင်ငံမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ စစ်ဘက်ဆိုင်ရာဝန်ထမ်းခြောက်ဦး သေဆုံးသွားခဲ့တယ်လို့ လေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
တပ်ဖွဲ့ဝင်(၁)ဒါဇင်ခန့် လိုက်ပါသွားခဲ့တဲ့ Bell 212 ရဟတ်ယာဉ်ဟာ သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းက Maduru Oya ရေလှောင်ကန်တစ်ခုအနီးမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အသက်ရှင်လွတ်မြောက်ခဲ့တဲ့လူတွေအားလုံးကို ကယ်ဆယ်မှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့တယ်လို့ သီရိလင်္ကာလေတပ် ပြောရေးဆိုခွင့်ရှိသူအဖွဲ့ ကပ္ပတိန် Eranda Geeganage က ပြောကြားခဲ့ပါတယ်။
Eranda Geeganage က “အဲဒီရဟတ်ယာဉ်ဟာ စစ်ရေးပြအခမ်းအနားတစ်ခုအတွင်း လေ့ကျင့်ခန်းတစ်ခုပြုလုပ်ဖို့ တာဝန်ပေးအပ်ခံထားရတာပါ။ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အထူးတပ်ဖွဲ့ဝင်(၄)ဦးနဲ့ လေတပ် သေနတ်သမား (၂)ဦးတို့ဟာ အခင်းဖြစ်ပွားချိန်အတွင်း ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ရဟတ်ယာဉ်ပျက်ကျမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ Eranda Geeganageက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
သီရိလကၤာႏိုင္ငံမွာ ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး စစ္ဘက္ဆိုင္ရာဝန္ထမ္း(၆)ဦး ေသဆုံး
Pika (NP News) - ေမ ၁ဝ
သီရိလကၤာႏိုင္ငံမွာ ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ရာ စစ္ဘက္ဆိုင္ရာဝန္ထမ္းေျခာက္ဦး ေသဆုံးသြားခဲ့တယ္လို႔ ေလတပ္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
တပ္ဖြဲ႕ဝင္(၁)ဒါဇင္ခန႔္ လိုက္ပါသြားခဲ့တဲ့ Bell 212 ရဟတ္ယာဥ္ဟာ သီရိလကၤာႏိုင္ငံ အလယ္ပိုင္းက Maduru Oya ေရေလွာင္ကန္တစ္ခုအနီးမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ရဟတ္ယာဥ္ပ်က္က်မႈအတြင္း အနည္းဆုံးလူ(၆)ဦးေသဆုံးခဲ့ၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့တဲ့လူေတြအားလုံးကို ကယ္ဆယ္မႈေတြ ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ၿပီး ေဆး႐ုံကို အလ်င္အျမန္ပို႔ေဆာင္ခဲ့တယ္လို႔ သီရိလကၤာေလတပ္ ေျပာေရးဆိုခြင့္ရွိသူအဖြဲ႕ ကပၸတိန္ Eranda Geeganage က ေျပာၾကားခဲ့ပါတယ္။
Eranda Geeganage က “အဲဒီရဟတ္ယာဥ္ဟာ စစ္ေရးျပအခမ္းအနားတစ္ခုအတြင္း ေလ့က်င့္ခန္းတစ္ခုျပဳလုပ္ဖို႔ တာဝန္ေပးအပ္ခံထားရတာပါ။ ရဟတ္ယာဥ္ပ်က္က်မႈအတြင္း အထူးတပ္ဖြဲ႕ဝင္(၄)ဦးနဲ႔ ေလတပ္ ေသနတ္သမား (၂)ဦးတို႔ဟာ အခင္းျဖစ္ပြားခ်ိန္အတြင္း ရရွိခဲ့တဲ့ ထိခိုက္ဒဏ္ရာေတြနဲ႔ပဲ ေသဆုံးသြားခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ရဟတ္ယာဥ္ပ်က္က်မႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့ အေသးစိတ္အခ်က္ အလက္ေတြကိုေတာ့ Eranda Geeganageက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။