ကြားရှိသတင်းများအတိုင်းမဟုတ် ကွာခြားမှုများရှိနေသည်ဟု ပြည်ပခရီးသွားများ မှတ်ချက်ပြု

 920

ချယ်ရီ (NP News) - စက်တင်ဘာလ ၁၃

မြန်မာပြည်သည် ကြားရှိထားသောသတင်းများအတိုင်းမဟုတ်ဘဲ ကွာခြားမှုများရှိနေသည်ဟု ပြည်တွင်းသို့ လာရောက်ကြသော ပြည်ပခရီးသွားများက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က NP News သို့ ပြောသည်။
ကမ္ဘာ့သတင်းစာမျက်နှာများတွင် မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုများ တွေ့ရှိရမှု နှင့် လုံခြုံရေးနှင့်ပတ်သက်၍ ပြည်ပ နိုင်ငံအချို့က မသွားရန် ညွှန်ကြားချက်များကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုနည်းပါးလာရခြင်း ဖြစ်နိုင်သော် လည်း မြန်မာပြည်ကို လာရောက်သော ပြည်ပခရီးသွားအများစုက ကောင်းမွန်ကြောင်း၊ လည်ပတ်သင့်ကြောင်း ပြောကြားထားခြင်းများလည်း ရှိနေသည်ဟု သိရသည်။
“ရုရှားအပြင် တရုတ်နိုင်ငံသားနဲ့ အနောက်တိုင်းသားတွေလည်း ပြောပါတယ်ခင်ဗျ။ တရုတ်နိုင်ငံသားတွေကတော့ အပန်းဖြေခရီးလာတာမျိုး သိပ်မရှိဘဲနဲ့ စီးပွားရေးအလုပ်နဲ့ လာတဲ့သူတွေက များတယ်။ အခြားအနောက်တိုင်းသား တွေက လာကြတာများပါတယ်။ ဒါကျတော့ ခရီးသွားကုမ္ပဏီတွေနဲ့ချိတ်ဆက်တာမျိုးက နည်းတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့ ကျောပိုးအိတ်တစ်လုံးလွယ်ပြီးတော့ လွတ်လွတ်လပ်လပ်ခရီးသွားကြတဲ့သူတွေပါ။ မြန်မာနိုင်ငံမှာ ဟိုဟာဖြစ်တယ်ဆိုလည်း စွန့်စားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ စွန့်စားပြီးငါတို့လာကြည့်မယ်ဆိုတဲ့ လူငယ်ခရီးသွားတွေ တချို့လည်း ရှိပါတယ်။ သူတို့တွေလည်း ဒီကိုရောက်ပြီးတော့မှ မြန်မာပြည်က ကောင်းမွန်တယ်၊ လည်သင့်တယ်၊ သွားသင့်တယ်ဆိုတဲ့ဟာမျိုးတွေကို ပြန်ပြီးတော့ မှတ်ချက်ပေးတာတွေကို ကျွန်တော်တို့ တွေ့ရပါတယ်ခင်ဗျ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြားခရီးသွားများအနေဖြင့် ပြည်တွင်းကို လာရောက်မှ သိရှိခြင်းထက် ပြည်ပမှလည်း သတင်းစကားများသိရှိရန်အတွက် လုပ်ဆောင်ပေးသွားရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီနည်းလမ်းတွေကိုပဲ လက်ရှိအချိန်မှာ ကျွန်တော်တို့ သုံးရမယ်ပေါ့နော်။ တစ်ဖက်နိုင်ငံတွေကနေပြီးတော့ မြန်မာ နိုင်ငံကို မသွားဖို့၊ အဆင်မပြေဘူးဆိုတဲ့ဟာတွေ ပြောနေကြတဲ့အချိန်မှာ မီဒီယာတွေမှာ ကြည့်လိုက်ရင်လည်း ဒီလိုပဲ ပေါ်နေမှာပဲလေ။ အဲဒါကို ချက်ချင်းပြန်လည်တုံ့ပြန်ဖို့ကျတော့ မလွယ်ဘူး။ ဒါကြောင့်မလို့ တကယ်ခရီးသွား စိတ်ဝင်စားတဲ့သူတွေကျတော့ တကယ်သူတို့မြင်လိုက်တဲ့အခါကျတော့မှ သူတို့စိတ်ဝင်စားပြီးတော့ မေးတယ်။ မေးတဲ့အခါကျလို့ ပြောလိုက်ရင် တစ်ယောက်စကား တစ်ယောက်နားကနေ ပြီးတော့ လာနိုင်တဲ့ အခြေနေဆိုတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အစိုးရကနေ တိုက်ရိုက် ပြပွဲတွေမှာသွားရောက်ပြီးတော့ Marketing လုပ်တဲ့နည်းလမ်းတို့၊ နောက်တစ်ခါ ခရီးသွားကိုယ်စာလှယ်တွေကို ဖိတ်ခေါ်တဲ့နည်းလမ်းနဲ့ ကုမ္ပဏီအကြီးတွေကို Target ထားပြီး တာဝန်ခံတွေ၊ အရောင်းဒါရိုက်တာတွေ အစရှိတာတွေကို Promotion Marketing ဒါမှမဟုတ်လို့ရှိရင် အဲဒီလိုလူမျိုးတွေကို မြန်မာပြည်ကို ဖိတ်ကြားဖို့ပေါ့နော်။ ဒီလိုမျိုး နည်းလမ်းတွေနဲ့ လုပ်တယ်ဆိုရင်တော့ ဒါက အချိန်တိုအတွင်းမှာ အောင်မြင်မှုရရှိုပါတယ်ခင်ဗျ။ အဲဒီလိုမျိုးဖိတ်ခေါ်လို့ရှိရင် (၁၀)ယောက် ဖိတ်ခေါ်ရင် နောက် ကနေ (၁၀၀) ကနေ (၁,၀၀၀) ဖြစ်အောင် ပြန်ရနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိတာပေါ့နော်။ ဘာနဲ့တူလဲဆိုတော့ စားသောက်ဆိုင်လိုပေါ့။ အမြည်းအစမ်းမကျွေးဘဲနဲ့ ဆိုင်းဘုတ်လေးတင်ပြီး ကောင်းပါတယ်လို့ပြောရင်လည်း ဘယ်သူမှ မယုံကြည်ဘူးပေါ့နော်။ စာနဲ့ဘယ်လိုရေးထားရေးထား ဈေးနည်းနည်းလေးနဲ့ရေးထားလည်း သူ့အပေါ စားတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကျွေးလို့ ဈေးသက်သာတာ နေမှာပေါ့ဆိုပြီး သူက ထင်တာပေါ့နော်။ အဲဒီတော့ ကျွန်တော်က ကိုယ်တိုင်မြည်းစမ်း စားစေချင်တာပေါ့နော်” ဟု ဦးနောင်းနောင်းဟန်က ထည့်သွင်း ပြောကြားထားသည်။

Zawgyi Version:
ၾကားရွိသတင္းမ်ားအတိုင္းမဟုတ္ ကြာျခားမႈမ်ားရွိေနသည္ဟု ျပည္ပခရီးသြားမ်ား မွတ္ခ်က္ျပဳ
ခ်ယ္ရီ (NP News) - စက္တင္ဘာလ ၁၃
ျမန္မာျပည္သည္ ၾကားရွိထားေသာသတင္းမ်ားအတိုင္းမဟုတ္ဘဲ ကြာျခားမႈမ်ားရွိေနသည္ဟု ျပည္တြင္းသို႔ လာေရာက္ၾကေသာ ျပည္ပခရီးသြားမ်ားက မွတ္ခ်က္ျပဳေျပာၾကားခဲ့ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးေနာင္းေနာင္းဟန္ က NP News သို႔ ေျပာသည္။
ကမာၻ႔သတင္းစာမ်က္ႏွာမ်ားတြင္ ျမန္မာႏိုင္ငံတြင္း မတည္ၿငိမ္မႈမ်ား ေတြ႕ရွိရမႈ ႏွင့္ လုံၿခဳံေရးႏွင့္ပတ္သက္၍ ျပည္ပ ႏိုင္ငံအခ်ိဳ႕က မသြားရန္ ၫႊန္ၾကားခ်က္မ်ားေၾကာင့္ ျပည္ပခရီးသြားဝင္ေရာက္မႈနည္းပါးလာရျခင္း ျဖစ္ႏိုင္ေသာ္ လည္း ျမန္မာျပည္ကို လာေရာက္ေသာ ျပည္ပခရီးသြားအမ်ားစုက ေကာင္းမြန္ေၾကာင္း၊ လည္ပတ္သင့္ေၾကာင္း ေျပာၾကားထားျခင္းမ်ားလည္း ရွိေနသည္ဟု သိရသည္။
“႐ုရွားအျပင္ တ႐ုတ္ႏိုင္ငံသားနဲ႔ အေနာက္တိုင္းသားေတြလည္း ေျပာပါတယ္ခင္ဗ်။ တ႐ုတ္ႏိုင္ငံသားေတြကေတာ့ အပန္းေျဖခရီးလာတာမ်ိဳး သိပ္မရွိဘဲနဲ႔ စီးပြားေရးအလုပ္နဲ႔ လာတဲ့သူေတြက မ်ားတယ္။ အျခားအေနာက္တိုင္းသား ေတြက လာၾကတာမ်ားပါတယ္။ ဒါက်ေတာ့ ခရီးသြားကုမၸဏီေတြနဲ႔ခ်ိတ္ဆက္တာမ်ိဳးက နည္းတယ္ေပါ့ေနာ္။ ဒါေပမဲ့ သူတို႔ ေက်ာပိုးအိတ္တစ္လုံးလြယ္ၿပီးေတာ့ လြတ္လြတ္လပ္လပ္ခရီးသြားၾကတဲ့သူေတြပါ။ ျမန္မာႏိုင္ငံမွာ ဟိုဟာျဖစ္တယ္ဆိုလည္း စြန႔္စားတယ္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ စြန႔္စားၿပီးငါတို႔လာၾကည့္မယ္ဆိုတဲ့ လူငယ္ခရီးသြားေတြ တခ်ိဳ႕လည္း ရွိပါတယ္။ သူတို႔ေတြလည္း ဒီကိုေရာက္ၿပီးေတာ့မွ ျမန္မာျပည္က ေကာင္းမြန္တယ္၊ လည္သင့္တယ္၊ သြားသင့္တယ္ဆိုတဲ့ဟာမ်ိဳးေတြကို ျပန္ၿပီးေတာ့ မွတ္ခ်က္ေပးတာေတြကို ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္ခင္ဗ်” ဟု ၎က ရွင္းျပသည္။
ျမန္မာ့ခရီးသြားလုပ္ငန္း ပိုမိုဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ႏိုင္ငံျခားခရီးသြားမ်ားအေနျဖင့္ ျပည္တြင္းကို လာေရာက္မွ သိရွိျခင္းထက္ ျပည္ပမွလည္း သတင္းစကားမ်ားသိရွိရန္အတြက္ လုပ္ေဆာင္ေပးသြားရန္လိုေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
“ဒီနည္းလမ္းေတြကိုပဲ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ သုံးရမယ္ေပါ့ေနာ္။ တစ္ဖက္ႏိုင္ငံေတြကေနၿပီးေတာ့ ျမန္မာ ႏိုင္ငံကို မသြားဖို႔၊ အဆင္မေျပဘူးဆိုတဲ့ဟာေတြ ေျပာေနၾကတဲ့အခ်ိန္မွာ မီဒီယာေတြမွာ ၾကည့္လိုက္ရင္လည္း ဒီလိုပဲ ေပၚေနမွာပဲေလ။ အဲဒါကို ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ဖို႔က်ေတာ့ မလြယ္ဘူး။ ဒါေၾကာင့္မလို႔ တကယ္ခရီးသြား စိတ္ဝင္စားတဲ့သူေတြက်ေတာ့ တကယ္သူတို႔ျမင္လိုက္တဲ့အခါက်ေတာ့မွ သူတို႔စိတ္ဝင္စားၿပီးေတာ့ ေမးတယ္။ ေမးတဲ့အခါက်လို႔ ေျပာလိုက္ရင္ တစ္ေယာက္စကား တစ္ေယာက္နားကေန ၿပီးေတာ့ လာႏိုင္တဲ့ အေျခေနဆိုတာ ရွိပါတယ္” ဟု ၎က ဆိုသည္။
ဆက္လက္၍ ၎က “အစိုးရကေန တိုက္႐ိုက္ ျပပြဲေတြမွာသြားေရာက္ၿပီးေတာ့ Marketing လုပ္တဲ့နည္းလမ္းတို႔၊ ေနာက္တစ္ခါ ခရီးသြားကိုယ္စာလွယ္ေတြကို ဖိတ္ေခၚတဲ့နည္းလမ္းနဲ႔ ကုမၸဏီအႀကီးေတြကို Target ထားၿပီး တာဝန္ခံေတြ၊ အေရာင္းဒါ႐ိုက္တာေတြ အစရွိတာေတြကို Promotion Marketing ဒါမွမဟုတ္လို႔ရွိရင္ အဲဒီလိုလူမ်ိဳးေတြကို ျမန္မာျပည္ကို ဖိတ္ၾကားဖို႔ေပါ့ေနာ္။ ဒီလိုမ်ိဳး နည္းလမ္းေတြနဲ႔ လုပ္တယ္ဆိုရင္ေတာ့ ဒါက အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္မႈရရႈိပါတယ္ခင္ဗ်။ အဲဒီလိုမ်ိဳးဖိတ္ေခၚလို႔ရွိရင္ (၁၀)ေယာက္ ဖိတ္ေခၚရင္ ေနာက္ ကေန (၁၀၀) ကေန (၁,၀၀၀) ျဖစ္ေအာင္ ျပန္ရႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈ ရွိတာေပါ့ေနာ္။ ဘာနဲ႔တူလဲဆိုေတာ့ စားေသာက္ဆိုင္လိုေပါ့။ အျမည္းအစမ္းမေကြၽးဘဲနဲ႔ ဆိုင္းဘုတ္ေလးတင္ၿပီး ေကာင္းပါတယ္လို႔ေျပာရင္လည္း ဘယ္သူမွ မယုံၾကည္ဘူးေပါ့ေနာ္။ စာနဲ႔ဘယ္လိုေရးထားေရးထား ေဈးနည္းနည္းေလးနဲ႔ေရးထားလည္း သူ႔အေပါ စားေတြ၊ က်န္းမာေရးနဲ႔ မညီၫြတ္တာေတြေကြၽးလို႔ ေဈးသက္သာတာ ေနမွာေပါ့ဆိုၿပီး သူက ထင္တာေပါ့ေနာ္။ အဲဒီေတာ့ ကြၽန္ေတာ္က ကိုယ္တိုင္ျမည္းစမ္း စားေစခ်င္တာေပါ့ေနာ္” ဟု ဦးေနာင္းေနာင္းဟန္က ထည့္သြင္း ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.