သပိတ်ကျင်းမြို့တွင် “ဒလန်” ဟုစွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်ခံရမှုကြောင့် လင်မယား(၂)ဦးသေဆုံးခဲ့ပြီး (၅)နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့

933

NP News - အောက်တိုဘာ ၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် “ဒလန်” ဟုစွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်ခံရမှုကြောင့် တောင်ယာတဲတွင် နေထိုင်သော လင်မယား (၂)ဦးသေဆုံးခဲ့ပြီး (၅)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ (၃ဝ)ရက် နေ့လည် (၁) နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာရှိ တောင်ယာတဲတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုသည်။
အဆိုပါဖြစ်စဉ်မှာ မင်းကုန်းကျေးရွာ၏ အရှေ့ဘက်(၅)မိုင်ခန့်အကွာရှိ တောင်ယာတဲအတွင်း ဦးရင်မောင်၊ ဇနီးဖြစ်သူ ဒေါ်အေးအေးသင်း နှင့် သားဖြစ်သူ (၅)နှစ်အရွယ် မောင်ဆန်းသစ်အောင်တို့(၃)ဦးသည် အတူရှိနေချိန်တွင် PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိလာကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား “ဒလန်”ဟုစွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဓားဖြင့်ခုတ်ခြင်းစသည် ဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းကြောင့် ဦးရင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်းတို့သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း နစကမှဆိုသည်။
ထို့ပြင် ၎င်းတို့၏သားဖြစ်သူ မောင်ဆန်းသစ်အောင်မှာ လက်ဖျံနှင့် လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ခြင်းကြောင့် နယ်မြေခံပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အေးချမ်းစွာနေထိုင်နေသော မိသားစုအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
သပိတ္က်င္းၿမိဳ႕တြင္ “ဒလန္” ဟုစြပ္စြဲ၍ ရက္စက္စြာသတ္ျဖတ္ခံရမႈေၾကာင့္ လင္မယား(၂)ဦးေသဆုံးခဲ့ၿပီး (၅)ႏွစ္အ႐ြယ္ကေလးတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့
NP News - ေအာက္တိုဘာ ၂
မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္တြင္ “ဒလန္” ဟုစြပ္စြဲ၍ ရက္စက္စြာသတ္ျဖတ္ခံရမႈေၾကာင့္ ေတာင္ယာတဲတြင္ ေနထိုင္ေသာ လင္မယား (၂)ဦးေသဆုံးခဲ့ၿပီး (၅)ႏွစ္အ႐ြယ္ ကေလးတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ စက္တင္ဘာ (၃ဝ)ရက္ ေန႔လည္ (၁) နာရီခြဲအခ်ိန္တြင္ သပိတ္က်င္းၿမိဳ႕နယ္၊ ဆယ္ဇင္းေက်း႐ြာအုပ္စု၊ မင္းကုန္းေက်း႐ြာ၏ အေရွ႕ဘက္ (၅)မိုင္ခန႔္အကြာရွိ ေတာင္ယာတဲတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုသည္။
အဆိုပါျဖစ္စဥ္မွာ မင္းကုန္းေက်း႐ြာ၏ အေရွ႕ဘက္(၅)မိုင္ခန႔္အကြာရွိ ေတာင္ယာတဲအတြင္း ဦးရင္ေမာင္၊ ဇနီးျဖစ္သူ ေဒၚေအးေအးသင္း ႏွင့္ သားျဖစ္သူ (၅)ႏွစ္အ႐ြယ္ ေမာင္ဆန္းသစ္ေအာင္တို႔(၃)ဦးသည္ အတူရွိေနခ်ိန္တြင္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားေရာက္ရွိလာေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔အား “ဒလန္”ဟုစြပ္စြဲ၍ ေသနတ္ျဖင့္ပစ္ခတ္ျခင္း၊ ဓားျဖင့္ခုတ္ျခင္းစသည္ ျဖင့္ ရက္စက္စြာသတ္ျဖတ္ခဲ့ျခင္းေၾကာင့္ ဦးရင္ေမာင္ႏွင့္ ဇနီးျဖစ္သူ ေဒၚေအးေအးသင္းတို႔သည္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း နစကမွဆိုသည္။
ထို႔ျပင္ ၎တို႔၏သားျဖစ္သူ ေမာင္ဆန္းသစ္ေအာင္မွာ လက္ဖ်ံႏွင့္ လက္ေမာင္းက်ည္ေဖာက္ဝင္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ျခင္းေၾကာင့္ နယ္ေျမခံျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္၍ လိုအပ္သည့္ ေဆးကုသမႈမ်ားေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္တြင္ ေအးခ်မ္းစြာေနထိုင္ေနေသာ မိသားစုအား အေၾကာင္းမဲ့ရက္စက္စြာ သတ္ျဖတ္ခဲ့သည့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားအား အျမန္ဆုံးဖမ္းဆီးရမိရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။