မြန်မာလေကြောင်းလိုင်း(MAI) က မြန်မာ-ဖူးခက် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို တစ်ပတ်နှစ်ရက်နှုန်းဖြင့် ပြေးဆွဲပျံသန်းနေ

 727

ယွန်း (NP News) - အောက်တိုဘာ ၁ဝ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI) က မြန်မာ-ဖူးခက် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို တစ်ပတ်နှစ်ရက်နှုန်းဖြင့် ပြေးဆွဲ ပျံသန်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI) က အောက်တိုဘာ(၉)ရက်၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာလေကြောင်းလိုင်း(MAI) က အပန်းဖြေခရီးသွားများအတွက် ဒေသတွင်းချိတ်ဆက်မှု တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရန်ကုန်နှင့် ဖူးခက်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ထိုင်းနိုင်ငံ၏ ဒုတိယခရီးစဉ်အဖြစ် တိုးချဲ့ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာ(၉)ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

ရန်ကုန်-ဖူးခက် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေ နှင့် ကြသပတေးနေ့များတွင် တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) မှ သိရသည်။

ထို့ပြင် မြန်မာလေကြောင်းလိုင်း(MAI) အနေဖြင့် ရန်ကုန် နှင့် ရုရှားနိုင်ငံ မော်စကိုမြို့တို့ကြား ကုန်စည်လေကြောင်းလိုင်းနှင့် ခရီးသည်တင်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် တရားဝင်အလုပ်လုပ်ခွင့်ပါမစ်နှင့် အလုပ်လုပ််ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၇ဝဝဝ ရှိနေပြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်ရာတွင် လေကြောင်းခရီးစဉ်နှင့်ပြန်နိုင်ရန်အတွက် အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Airways International (MAI) လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးက "အခုလေကြောင်းလိုင်းကို ရန်ကုန်မြို့နဲ့ ဖူးခက်မြို့ကြား ပျံသန်းပြေးဆွဲမှုများ ပုံမှန်လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း၊ မြန်မာနိုင်ငံမှ ခရီးသွားများဟာ ထိုင်းနိုင်ငံဖူးခက်မြို့ကို လာရောက်လည်ပတ်ရာမှာလည်း အဆင်ပြေသွားမှာဖြစ်ကြောင်း" ဆိုထားသည်။

Zawgyi Version;
ျမန္မာေလေၾကာင္းလိုင္း(MAI) က ျမန္မာ-ဖူးခက္ တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ကို တစ္ပတ္ႏွစ္ရက္ႏႈန္းျဖင့္ ေျပးဆြဲပ်ံသန္းေန

ယြန္း (NP News) - ေအာက္တိုဘာ ၁ဝ

အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္း(MAI) က ျမန္မာ-ဖူးခက္ တိုက္႐ိုက္ေလေၾကာင္း ခရီးစဥ္ကို တစ္ပတ္ႏွစ္ရက္ႏႈန္းျဖင့္ ေျပးဆြဲ ပ်ံသန္းေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္း(MAI) က ေအာက္တိုဘာ(၉)ရက္၊ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျမန္မာေလေၾကာင္းလိုင္း(MAI) က အပန္းေျဖခရီးသြားမ်ားအတြက္ ေဒသတြင္းခ်ိတ္ဆက္မႈ တိုးတက္ေကာင္းမြန္လာေစရန္ ႀကိဳးပမ္းမႈ၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ရန္ကုန္ႏွင့္ ဖူးခက္ၾကား တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ကို ထိုင္းႏိုင္ငံ၏ ဒုတိယခရီးစဥ္အျဖစ္ တိုးခ်ဲ႕ခဲ့ျခင္းျဖစ္ၿပီး၊ ၿပီးခဲ့သည့္ ေအာက္တိုဘာ(၉)ရက္တြင္ စတင္ေျပးဆြဲခဲ့ေၾကာင္း အဆိုပါေလေၾကာင္းလိုင္းမွ သိရသည္။

ရန္ကုန္-ဖူးခက္ တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္ကို အပတ္စဥ္ တနဂၤေႏြ ႏွင့္ ၾကသပေတးေန႔မ်ားတြင္ တစ္ပတ္လွ်င္ ႏွစ္ရက္ႏႈန္းျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း(MAI) မွ သိရသည္။

ထို႔ျပင္ ျမန္မာေလေၾကာင္းလိုင္း(MAI) အေနျဖင့္ ရန္ကုန္ ႏွင့္ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တို႔ၾကား ကုန္စည္ေလေၾကာင္းလိုင္းႏွင့္ ခရီးသည္တင္ေလေၾကာင္းလိုင္းမ်ား ပ်ံသန္းေျပးဆြဲရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

ထိုင္းႏိုင္ငံ ဖူးခက္ၿမိဳ႕့တြင္တရားဝင္အလုပ္လုပ္ခြင့္ပါမစ္ႏွင့္ အလုပ္လုပ္္ကိုင္ေနသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၄၇ဝဝဝ ရွိေနၿပီး၊ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ျပည္ေတာ္ျပန္ရာတြင္ ေလေၾကာင္းခရီးစဥ္ႏွင့္ျပန္ႏိုင္ရန္အတြက္ အဆင္ေျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Myanmar Airways International (MAI) ေလေၾကာင္းလိုင္းတာဝန္ရွိသူတစ္ဦးက "အခုေလေၾကာင္းလိုင္းကို ရန္ကုန္ၿမိဳ႕နဲ႔ ဖူးခက္ၿမိဳ႕ၾကား ပ်ံသန္းေျပးဆြဲမႈမ်ား ပုံမွန္လုပ္ေဆာင္ဖို႔ စီစဥ္ေနေၾကာင္း၊ ျမန္မာႏိုင္ငံမွ ခရီးသြားမ်ားဟာ ထိုင္းႏိုင္ငံဖူးခက္ၿမိဳ႕ကို လာေရာက္လည္ပတ္ရာမွာလည္း အဆင္ေျပသြားမွာျဖစ္ေၾကာင္း" ဆိုထားသည္။

Related news

© 2021. All rights reserved.