အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ကြောင်း မိုးဇလသုံးသပ်

669

ယွန်း (NP News) - အောက်တိုဘာ ၁၁
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ အောက်တိုဘာလ ဒုတိယပတ်အ တွင်း ထွက်ခွာသွားနိုင်ကြောင် မိုးဇလမှ သုံးသပ်ခန့်မှန်းထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(အောက်တိုဘာလ ၁၁ရက်)၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အောက်တိုဘာလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှဆိုသည်။
အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ (၁၁)ရက်မှ (၁၃)ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသွားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။
မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲထက် ပို၍ရွာသွန်းနိုင်ပြီး နေ ပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ရှမ်းနှင့် ကယားတို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ အသိပေးထား သည်။
ထို့ပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး(အရှေ့ပိုင်း)၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း(တောင်ပိုင်း)၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်း(အောက်ပိုင်း)၊ မန္တလေး၊ မကွေး၊ ပဲခူး(အနောက်ပိုင်း)၊ ရှမ်း(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားတို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
အေနာက္ေတာင္မုတ္သုံေလသည္ ေအာက္တိုဘာလ ဒုတိယပတ္အတြင္း ျမန္မာႏိုင္ငံမွ ထြက္ခြာသြားႏိုင္ေၾကာင္း မိုးဇလသုံးသပ္
ယြန္း (NP News) - ေအာက္တိုဘာ ၁၁
အေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာႏိုင္ငံမွ ေအာက္တိုဘာလ ဒုတိယပတ္အ တြင္း ထြက္ခြာသြားႏိုင္ေၾကာင္ မိုးဇလမွ သုံးသပ္ခန႔္မွန္းထားသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ေအာက္တိုဘာလ ၁၁ရက္)၊ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ေအာက္တိုဘာလ ဒုတိယပတ္အတြင္း ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္း (၁)ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး ပိုမိုအားေကာင္းေသာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွဆိုသည္။
အေနာက္ေတာင္မုတ္သုံေလသည္ ေအာက္တိုဘာလ (၁၁)ရက္မွ (၁၃)ရက္အတြင္း ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးမွ ဆုတ္ခြာသြားႏိုင္ၿပီး ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္ လယ္ေအာ္တို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ႏိုင္ေၾကာင္း မိုးဇလမွခန႔္မွန္းထားသည္။
မိုး႐ြာသြန္းမႈအေျခအေနမ်ားမွာ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ခ်င္း၊ ရခိုင္၊ ကရင္ႏွင့္ မြန္တို႔တြင္ ႐ြာသြန္းၿမဲထက္ ပို၍႐ြာသြန္းႏိုင္ၿပီး ေန ျပည္ေတာ္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ရွမ္းႏွင့္ ကယားတို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထား သည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ပဲခူး(အေရွ႕ပိုင္း)၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း(ေတာင္ပိုင္း)၊ ခ်င္း၊ ရခိုင္၊ ကရင္ႏွင့္ မြန္တို႔တြင္ (၆)ရက္မွ (၈)ရက္ခန႔္ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္း(ေအာက္ပိုင္း)၊ မႏၲေလး၊ မေကြး၊ ပဲခူး(အေနာက္ပိုင္း)၊ ရွမ္း(ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ကယားတို႔တြင္ (၃)ရက္မွ (၅)ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။