ခဲယမ်းလက်နက်မျိုးစုံနှင့်အတူ DPLA၊ TNLA၊ KIA နှင့် PDF အဖွဲ့ဝင် (၁၀၄) ဦး တပ်မတော်ထံ အလင်းဝင်ရောက်

4389

ချယ်ရီ (NP News) - ဩဂုတ် ၁၃
လက်ပစ်ဗုံး(၁၂)လုံး အပါဝင် ခဲယမ်းလက်နက်မျိုးစုံနှင့်အတူ DPLA၊ TNLA၊ KIA နှင့် PDF အဖွဲ့ဝင် (၁၀၄) ဦး တပ်မတော်ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (ဩဂုတ်လ ၁၂ ရက်) က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်သော မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား (၉၀)ဦးနှင့် အမျိုးသမီး(၂)ဦး၊ NH PDF အဖွဲ့ဝင် အမျိုးသား(၃)ဦး၊ KIA အဖွဲ့ဝင် အမျိုးသား(၁)ဦး၊ ကျောက်ဆည် PDF အဖွဲ့ဝင် အမျိုးသား(၁)ဦး၊ မိုးကုတ် PDF အဖွဲ့ဝင် အမျိုးသား(၁)ဦးတို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး(၁)ဦး၊ ပင်းတယမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား(၂)ဦး၊ နမ့်ဆန်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား(၁)ဦးနှင့် မိုးမိတ်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား(၁)ဦး၊ မန္တလေးတိုင်းဒေသကြီး စဥ◌့်ကူးမြို့နယ်အတွင်းမှ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၁၀၄) ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 အမျိုးအစား သေနတ် (၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ ၎င်းကျည်တောင့် (၃၀)၊ Type-82 အမျိုးအစား သေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၂)ခု၊ ၎င်းကျည်တောင့် (၂၁၀) ၊ MA-3 တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည်(၁၀) တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၁၂) လုံးတို့ကို လွှဲပြောင်းအပ်နှံပြီး သေနတ်(၁)လက်လျှင် ဆုကြေးငွေ ကျပ်သိန်း (၅၀) နှုန်းဖြင့် သေနတ်သုံးလက်အတွက် ငွေကျပ်သိန်း (၁၅၀) နှင့် လက်ပစ်ဗုံးတစ်လုံးလျှင် ဆုကြေးငွေကျပ် (၃)သိန်းနှုန်းဖြင့် လက်ပစ်ဗုံး (၁၂) လုံးအတွက် ငွေကျပ် (၃၆) သိန်း စုစုပေါင်းငွေကျပ် (၁၈၆) သိန်း နှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လတစ်လအတွင်း လက်နက်ခဲယမ်းမျိုးစုံဖြင့် တပ်မတော်သို့ အလင်းဝင်ရောက်လာသူ (၁၃၅)ဦး ရှိခဲ့သည်။

Zawgyi Version:
ခဲယမ္းလက္နက္မ်ိဳးစုံႏွင့္အတူ DPLA၊ TNLA၊ KIA ႏွင့္ PDF အဖြဲ႕ဝင္ (၁၀၄) ဦး တပ္မေတာ္ထံ အလင္းဝင္ေရာက္
ခ်ယ္ရီ (NP News) - ဩဂုတ္ ၁၃
လက္ပစ္ဗုံး(၁၂)လုံး အပါဝင္ ခဲယမ္းလက္နက္မ်ိဳးစုံႏွင့္အတူ DPLA၊ TNLA၊ KIA ႏွင့္ PDF အဖြဲ႕ဝင္ (၁၀၄) ဦး တပ္မေတာ္ထံ အလင္းဝင္ေရာက္လာခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ (ဩဂုတ္လ ၁၂ ရက္) က အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ျပင္ဦးလြင္တပ္နယ္ရွိ နယ္ေျမခံသင္တန္းေက်ာင္း၌ ျပဳလုပ္ေသာ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲတြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းမွ DPLA အဖြဲ႕ဝင္ အမ်ိဳးသား (၉၀)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦး၊ NH PDF အဖြဲ႕ဝင္ အမ်ိဳးသား(၃)ဦး၊ KIA အဖြဲ႕ဝင္ အမ်ိဳးသား(၁)ဦး၊ ေက်ာက္ဆည္ PDF အဖြဲ႕ဝင္ အမ်ိဳးသား(၁)ဦး၊ မိုးကုတ္ PDF အဖြဲ႕ဝင္ အမ်ိဳးသား(၁)ဦးတို႔ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မႏၲေလး PDF အဖြဲ႕ဝင္ အမ်ိဳးသမီး(၁)ဦး၊ ပင္းတယၿမိဳ႕နယ္အတြင္းမွ DPLA အဖြဲ႕ဝင္ အမ်ိဳးသား(၂)ဦး၊ နမ့္ဆန္ၿမိဳ႕နယ္အတြင္းမွ TNLA အဖြဲ႕ဝင္ အမ်ိဳးသား(၁)ဦးႏွင့္ မိုးမိတ္ၿမိဳ႕နယ္အတြင္းမွ TNLA အဖြဲ႕ဝင္ အမ်ိဳးသား(၁)ဦး၊ မႏၲေလးတိုင္းေဒသႀကီး စဥ◌့္ကူးၿမိဳ႕နယ္အတြင္းမွ မႏၲေလး PDF အဖြဲ႕ဝင္ အမ်ိဳးသမီး(၁)ဦး၊ စုစုေပါင္း (၁၀၄) ဦးတို႔ကို တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔ႏွင့္အတူ ပါရွိလာသည့္ Type-81 အမ်ိဳးအစား ေသနတ္ (၁)လက္၊ ၎က်ည္အိမ္(၁)ခု၊ ၎က်ည္ေတာင့္ (၃၀)၊ Type-82 အမ်ိဳးအစား ေသနတ္(၁)လက္၊ ၎က်ည္အိမ္(၂)ခု၊ ၎က်ည္ေတာင့္ (၂၁၀) ၊ MA-3 တစ္လက္၊ ၎က်ည္အိမ္တစ္ခု၊ ၎က်ည္(၁၀) ေတာင့္၊ လက္ပစ္ဗုံးမ်ိဳးစုံ (၁၂) လုံးတို႔ကို လႊဲေျပာင္းအပ္ႏွံၿပီး ေသနတ္(၁)လက္လွ်င္ ဆုေၾကးေငြ က်ပ္သိန္း (၅၀) ႏႈန္းျဖင့္ ေသနတ္သုံးလက္အတြက္ ေငြက်ပ္သိန္း (၁၅၀) ႏွင့္ လက္ပစ္ဗုံးတစ္လုံးလွ်င္ ဆုေၾကးေငြက်ပ္ (၃)သိန္းႏႈန္းျဖင့္ လက္ပစ္ဗုံး (၁၂) လုံးအတြက္ ေငြက်ပ္ (၃၆) သိန္း စုစုေပါင္းေငြက်ပ္ (၁၈၆) သိန္း ႏွင့္ ေထာက္ပံ့ပစၥည္းမ်ားကို ျပန္လည္ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လတစ္လအတြင္း လက္နက္ခဲယမ္းမ်ိဳးစုံျဖင့္ တပ္မေတာ္သို႔ အလင္းဝင္ေရာက္လာသူ (၁၃၅)ဦး ရွိခဲ့သည္။