နေပြည်တော်၊ ရန်ကုန်၊ မန္တလေးလေဆိပ်များနှင့် နီပေါနိုင်ငံ လုမ္ဗနီအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား လေကြောင်းတိုက်ရိုက်ပျံသန်းရေးဆွေးနွေး

779

NP News - အောက်တိုဘာ ၂၂
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နီပေါနိုင်ငံရှိ လုမ္ဗနီအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား လေကြောင်းတိုက်ရိုက်ပျံသန်းရေး နှစ်နိုင်ငံအကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ် H.E. Mr. Harishchandra Ghimire တို့သည် အောက်တို ဘာလ ၂၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-နီပေါနှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် လုမ္ဗနီအပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား တိုက်ရိုက်လေကြောင်းပျံသန်းရေး ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ခရီးသွားလုပ်ငန်းတိုးတက်မှုကို အခြေခံကာ လုမ္ဗနီ-ဂါယာ-ရန်ကုန်/ မန္တ လေး/ နေပြည်တော် လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းရေးနှင့် လေကြောင်းသဘောတူစာချုပ် အသစ်တစ်ရပ်ချုပ်ဆိုရေးတို့ကိုလည်း နှစ်နိုင်ငံအကြား ထည့် သွင်းဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ဆက်လက်ပြီး နီပေါသံအမတ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နီပေါနိုင်ငံရှိ လုမ္ဗနီဥယျာဉ်ရှိရာဒေသ၌ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖွင့်လှစ်ထားမှုနှင့် မြန်မာလေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို နီပေါသံအမတ်က ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ် H.E. Mr. Harishchandra Ghimire သည် အောက်တိုဘာလ ၂ဝ ရက်က နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ကိုယ်တိုင်သွားရောက်ပေးအပ်ထားသည်။

zawgyi version
ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးေလဆိပ္မ်ားႏွင့္ နီေပါႏိုင္ငံ လုမၺနီအျပည္ျပည္ဆိုင္ရာေလဆိပ္တို႔အၾကား ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းေရးေဆြးေႏြး
NP News - ေအာက္တိုဘာ ၂၂
ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားႏွင့္ နီေပါႏိုင္ငံရွိ လုမၺနီအျပည္ျပည္ဆိုင္ရာေလဆိပ္တို႔အၾကား ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းေရး ႏွစ္ႏိုင္ငံအၾကားေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ နီေပါသံအမတ္ H.E. Mr. Harishchandra Ghimire တို႔သည္ ေအာက္တို ဘာလ ၂၁ ရက္တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာ-နီေပါႏွစ္ႏိုင္ငံအၾကား ခရီးသြားလုပ္ငန္းမ်ား ျမႇင့္တင္ရန္အတြက္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားႏွင့္ လုမၺနီအျပည္ျပည္ဆိုင္ရာေလဆိပ္တို႔အၾကား တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းေရး ေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ထို႔ျပင္ ခရီးသြားလုပ္ငန္းတိုးတက္မႈကို အေျခခံကာ လုမၺနီ-ဂါယာ-ရန္ကုန္/ မႏၲ ေလး/ ေနျပည္ေတာ္ ေလေၾကာင္း ခရီးစဥ္မ်ား တိုးခ်ဲ႕ပ်ံသန္းေရးႏွင့္ ေလေၾကာင္းသေဘာတူစာခ်ဳပ္ အသစ္တစ္ရပ္ခ်ဳပ္ဆိုေရးတို႔ကိုလည္း ႏွစ္ႏိုင္ငံအၾကား ထည့္ သြင္းေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
ဆက္လက္ၿပီး နီေပါသံအမတ္သည္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဦးျမင့္ႀကိဳင္ႏွင့္ သြားေရာက္ေတြ႕ဆုံ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ နီေပါႏိုင္ငံရွိ လုမၺနီဥယ်ာဥ္ရွိရာေဒသ၌ အျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္းဖြင့္လွစ္ထားမႈႏွင့္ ျမန္မာေလေၾကာင္းလိုင္းမ်ား တိုက္႐ိုက္ပ်ံသန္းေျပးဆြဲႏိုင္ေရး စီစဥ္ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားကို နီေပါသံအမတ္က ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ နီေပါသံအမတ္ H.E. Mr. Harishchandra Ghimire သည္ ေအာက္တိုဘာလ ၂ဝ ရက္က နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံသို႔ ၎၏သံအမတ္ခန႔္အပ္လႊာကို ကိုယ္တိုင္သြားေရာက္ေပးအပ္ထားသည္။