ရွှေတိဂုံဘုရားနယ်မြေ၌ အမျိုးသမီးအရုပ်(၂)ခုကို သိဒ္ဓိတင်ပွဲပြုလုပ်ရာတွင် ပါဝင်သော အမျိုးသား(၄)ဦးနှင့် ဝန်ထမ်းအချို့ကို အမှုဖွင့်အရေးယူမည်ဟု နစကထုတ်ပြန်

7391

NP News - အောက်တိုဘာ ၂၄
ရွှေတိဂုံစေတီတော်နယ်မြေအတွင်း အမျိုးသမီးအရုပ်(၂)ခုကို သိဒ္ဓိတင်ပွဲပြုရာတွင် ပါဝင်သော အမျိုးသား(၄)ဦးနှင့် ဝန်ထမ်းအချို့ကို အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း နစက၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နစက၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက် ညပိုင်းက အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမျိုးသမီးအရုပ်(၂)ခုကို သိဒ္ဓိတင်နေသည့် ဗီဒီယိုဖိုင်အား အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်း၌ လူမှုကွန်ရက်၌ ထုတ်လွှင့်မှုများထွက်ပေါ်လာခဲ့သည့်ကိစ္စအ ပေါ် ပြန်လည်စိစစ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
စိစစ်ချက်အရ အဆိုပါဗီဒီယိုဖိုင်များကို “လောကဝိဇ္ဇာဓိုရ် မိန်းမလှ ဒေဝီအထက် ဂိုဏ်းချုပ်ကြီး”page မှစတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ၎င်း Page မှာ သိဒ္ဓိတင်ပွဲပြု လုပ်သည့် ဦးရှိုင်းဇာနည်အောင်၏ အကောင့်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
မယ်တော်အဖြစ် သိဒ္ဓိတင်ပွဲပြုလုပ်သော အမျိုးသမီးအရုပ်(၂)ရုပ်မှာ နိုင်ငံခြားမှ ဝယ်ယူထားခြင်းဖြစ်ကြောင်းသိရပြီး ၎င်းအရုပ်များမှာ လိင်ဖျော်ဖြေရေးအရုပ်(Sex Doll)အဖြစ် လူသိများပြီး ရွှေတိဂုံဘုရားနယ်မြေအတွင်း ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဗုဒ္ဓသာသနာကို ညှိုးနွမ်းထိခိုက်စေကြောင်း လူမှုကွန်ရက်တွင် အပြင်းအထန်ဝေ ဖန်မှုများရှိခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးအရုပ်(၂)ခုအား သိဒ္ဓိတင်မှုပြု လုပ်သော ဗေဒင်ဆရာ ဦးရှိုင်းဇာနည်အောင်၊ ဗေဒင်ဆရာဦးအာဏာမျိုး၊ ယာဉ် မောင်းဦးကြည်ဇင်နှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးပေးသူ ဦးအောင်ထွန်းဦးတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကို တင်ပြခြင်းမရှိဘဲ မိမိသဘောဖြင့် ခွင့်ပြုပေးခဲ့သော တာဝန်ရှိသူ ဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဖွဲ့စည်းကာ ပြင်းထန်စွာအရေးယူသွားမည်ဟုလည်း ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ေ႐ႊတိဂုံဘုရားနယ္ေျမ၌ အမ်ိဳးသမီးအ႐ုပ္(၂)ခုကို သိဒၶိတင္ပြဲျပဳလုပ္ရာတြင္ ပါဝင္ေသာ အမ်ိဳးသား(၄)ဦးႏွင့္ ဝန္ထမ္းအခ်ိဳ႕ကို အမႈဖြင့္အေရးယူမည္ဟု နစကထုတ္ျပန္
NP News - ေအာက္တိုဘာ ၂၄
ေ႐ႊတိဂုံေစတီေတာ္နယ္ေျမအတြင္း အမ်ိဳးသမီးအ႐ုပ္(၂)ခုကို သိဒၶိတင္ပြဲျပဳရာတြင္ ပါဝင္ေသာ အမ်ိဳးသား(၄)ဦးႏွင့္ ဝန္ထမ္းအခ်ိဳ႕ကို အမႈဖြင့္အေရးယူမည္ျဖစ္ေၾကာင္း နစက၏ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။
နစက၏ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက ေအာက္တိုဘာလ ၂၃ ရက္ ညပိုင္းက အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ထိုသို႔ အမ်ိဳးသမီးအ႐ုပ္(၂)ခုကို သိဒၶိတင္ေနသည့္ ဗီဒီယိုဖိုင္အား ေအာက္တိုဘာလ ၂၂ ရက္ နံနက္ပိုင္း၌ လူမႈကြန္ရက္၌ ထုတ္လႊင့္မႈမ်ားထြက္ေပၚလာခဲ့သည့္ကိစၥအ ေပၚ ျပန္လည္စိစစ္ခဲ့ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
စိစစ္ခ်က္အရ အဆိုပါဗီဒီယိုဖိုင္မ်ားကို “ေလာကဝိဇၨာဓိုရ္ မိန္းမလွ ေဒဝီအထက္ ဂိုဏ္းခ်ဳပ္ႀကီး”page မွစတင္ထုတ္လႊင့္ခဲ့ျခင္းျဖစ္ၿပီး ၎ Page မွာ သိဒၶိတင္ပြဲျပဳ လုပ္သည့္ ဦးရႈိင္းဇာနည္ေအာင္၏ အေကာင့္ျဖစ္ေၾကာင္း ဝန္ႀကီးဌာန၏ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။
မယ္ေတာ္အျဖစ္ သိဒၶိတင္ပြဲျပဳလုပ္ေသာ အမ်ိဳးသမီးအ႐ုပ္(၂)႐ုပ္မွာ ႏိုင္ငံျခားမွ ဝယ္ယူထားျခင္းျဖစ္ေၾကာင္းသိရၿပီး ၎အ႐ုပ္မ်ားမွာ လိင္ေဖ်ာ္ေျဖေရးအ႐ုပ္(Sex Doll)အျဖစ္ လူသိမ်ားၿပီး ေ႐ႊတိဂုံဘုရားနယ္ေျမအတြင္း ယခုကဲ့သို႔ ေဆာင္႐ြက္ျခင္းမွာ ဗုဒၶသာသနာကို ညႇိဳးႏြမ္းထိခိုက္ေစေၾကာင္း လူမႈကြန္ရက္တြင္ အျပင္းအထန္ေဝ ဖန္မႈမ်ားရွိခဲ့သည္ကို ေတြ႕ရသည္။
လက္ရွိတြင္ အဆိုပါကိစၥႏွင့္ပတ္သက္၍ အမ်ိဳးသမီးအ႐ုပ္(၂)ခုအား သိဒၶိတင္မႈျပဳ လုပ္ေသာ ေဗဒင္ဆရာ ဦးရႈိင္းဇာနည္ေအာင္၊ ေဗဒင္ဆရာဦးအာဏာမ်ိဳး၊ ယာဥ္ ေမာင္းဦးၾကည္ဇင္ႏွင့္ ဓာတ္ပုံ၊ ဗီဒီယို႐ိုက္ကူးေပးသူ ဦးေအာင္ထြန္းဦးတို႔ကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက သာသနာေတာ္ညႇိဳးႏြမ္းေစမႈျဖင့္ တရားစြဲဆိုအေရးယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ကို တင္ျပျခင္းမရွိဘဲ မိမိသေဘာျဖင့္ ခြင့္ျပဳေပးခဲ့ေသာ တာဝန္ရွိသူ ဝန္ထမ္းကိုလည္း ဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းႏွင့္အညီ စုံစမ္းစစ္ေဆးေရးခုံ႐ုံးအဖြဲ႕ဖြဲ႕စည္းကာ ျပင္းထန္စြာအေရးယူသြားမည္ဟုလည္း ဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။