"ကျားသစ်ကြီးနှစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ အိန္ဒိယ အထူးကုဆရာဝန်" (ထူးခြားသုတဆောင်းပါး)

 715

ဝတီ (NP News) - အောက်တိုဘာ ၂၄

ယူကရိန်းနိုင်ငံက အိန္ဒိယ ဆရာဝန်တစ်ယောက်ဟာ ကျားသစ်ကြီးနှစ်ကောင်ကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးထားပါသတဲ့။

၂ဝ၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ စစ်လည်းဖြစ်ရော ဂီဒီကူမာ ပတယ်လ် (Gidikumar Patil)ဆိုတဲ့ ဒီဆရာဝန်က သူ့ကျားသစ်ကြီးနှစ်ကောင်ကိုထားပြီး ဘယ်မှ ထွက်မသွားနိုင်ဘူးလို့ စိတ်ပိုင်း ဖြတ်လိုက်ပါသတဲ့။ အဲဒီတုန်းကတော့ သူက ယူကရိန်းအရှေ့ပိုင်းက ဆေးရုံလေးတစ်ခုမှာ အရိုးအထူးကုဆရာဝန်အဖြစ် အလုပ်လုပ်ကိုင်တာပါ။ သူဟာ အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ၂ဝ၁၆ ခုနှစ်ကတည်းကစလို့ ယူကရိန်းနိုင်ငံသား ခံယူထားပါတယ်။ သူက ယူကရိန်းမြို့တော် ကီယက်ဗ် (Kyiv) က တိရစ္ဆာန်ရုံတစ်ခုကနေပြီး ဒီကျားသစ် နှစ်ကောင်ကို ၂ဝ၂ဝ ခုနှစ်လောက်က ဝယ်လိုက်တာပါ။

ကျားသစ်အထီးက အခုဆိုရင် ၂၄ လသားရှိနေပြီဖြစ်ပြီး ကျားသစ်နက်မ ကတော့ ၁၄ လသမီး ရှိနေပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်မှာတော့ သူ ပိုက်ဆံပြတ်သွားပါတယ်။ ဒါကြောင့် ပိုလန်နိုင်ငံဘက်ကူးပြီး ပိုက်ဆံ သွားရှာပါတော့တယ်။ သူက သူ့ဝမ်းမနာ သားသမီး နှစ်ကောင်ကို ရှာကျွေးချင်လို့ ပိုလန်နိုင်ငံဘက်ကို စွန့်စွန့်စားစား ကူးသွားခဲ့တာပါ။ သူ အလုပ်လုပ်တဲ့ယူကရိန်းဆေးရုံလေးက စစ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပိတ်သွားခဲ့တယ်လေ။ အဲဒီဆေးရုံလေးလည်း ဗုံးထိပြီး ပျက်စီးသွားပါပြီ။ ရုရှားတပ်တွေသိမ်း ထားတဲ့နေရာကို ယူကရိန်းတပ်တွေက ပြန်တိုက်ခိုက် သိမ်းယူတော့စစ်ပွဲ ပြင်းထန်ပြီး ဆေးရုံက မြေစာပင် ဖြစ်သွားရတာပါ။ သူ ပိုလန်ကို သွားတော့မယ်ဆိုတော့ သူ့သားသမီးကြီးနှစ်ကောင်ကို လယ်သမားတစ်ယောက်နဲ့ ထားခဲ့တာလေ။

ယူကရိန်းမှာ စစ်ပွဲတွေ ဖြစ်တော့ ဘာမှလုပ်ကိုင်စားသောက်လို့ မရတော့တဲ့အ တွက် ဆရာဝန်ဟာ စုဆောင်းထားသမျှလေးတွေနဲ့စားသောက်၊ အဲဒါတွေ ကုန်တော့ ပိုင်ဆိုင်သမျှတိုက်ခန်းတွေ၊ ကားတွေကို အောက်ဈေးနဲ့ ရောင်းချပြီး အဲဒီက ရတဲ့ငွေနဲ့ စားသောက်ရ၊ သူ့သားသမီးကြီးနှစ်ကောင်ကို ကျွေးမွေးရပါတယ်။ သူ့သားသမီးနှစ်ကောင်ရဲ့ တစ်နေ့ အသားစရိတ်က ဒေါ်လာ ၃ဝဝ ရှိပါသတဲ့။ ယူကရိန်းမှာတုန်းကဆိုရင် သူက မြေအောက်ခန်းထဲမှာ အဲဒီကျားသစ်နှစ်ကောင်နဲ့ လပေါင်းများစွာ အတူနေတာပါတဲ့။ ဒီလိုနဲ့ နေလာတာ နောက်ဆုံးပိုက်ဆံပြတ်တော့မယ်ဆိုတော့မှ သူက ဝမ်းမနာ သားသမီးနှစ်ကောင်ကို ရှာကျွေးနိုင်ဖို့အတွက် နိုင်ငံရပ်ခြားကို စွန့်စွန့်စားစား ထွက်လာတာပါ။ ထွက်မလာခင်မှာ သူက သူ့သားသမီးကြီး နှစ်ကောင်ကို လယ်သမားတစ်ယောက်လက်ထဲ အပ်ထားခဲ့ပြီး လယ်သမားကို သုံးလစာ ဒေါ်လာ ၂၄ဝဝ ပေးထားခဲ့ပါတယ်။ သူ့သားသမီးကြီးနှစ်ကောင်အတွက် သူက freezer ထဲမှာ အသားတွေ သုံးလစာ အေးခဲထားခဲ့ပါသတဲ့။

သူဟာ နယ်စပ်ကို ရောက်ဖို့ ခက်ခက်ခဲခဲ၊ စွန့်စွန့်စားစားလာခဲ့ရတာပါ။ လမ်းမှာလည်း ရုရှားစစ်သားတွေ ဖမ်းတာခံလိုက်ရပါသေးတယ်။ ရုရှားစစ်သားတွေက သူ့ကို မြေအောက်ခန်းထဲမှာသုံးရက်လုံးလုံး စစ်ကြောခဲ့တာပါ။ ရုရှားစစ်သားတွေက သူ့ကိုယူကရိန်းဘက်က သူလျှိုလို့ ထင်ကြတာပါ။ သူက သူဟာ နိုင်ငံရေးမှာကြား နေပဲ၊ ဘယ်သူ့ဘက်ကမှ မပါဘူး၊ သူ့ကျားသစ်ကြီး နှစ်ကောင်အကြောင်း ဗီဒီယိုတွေ ရိုက်ပြီး ယူကျုမှာ တင်တာပဲ လုပ်တယ်ဆိုပြီး အဲဒီယူကျု့ချန်နယ်က ဗီဒီယိုအတိုတွေကို ပြပါတယ်။ နောက်ဆုံးကျမှရုရှားစစ်သားတွေက သူပြောတာ ယုံသွားပြီး သူ့ကိုလွှတ်ပေးလိုက်တာပါ။

ဒီလိုနဲ့သူဟာ ပိုလန် နယ်စပ်ရောက်လာပြီး ပိုလန်နိုင်ငံထဲ ဝင်ခွင့်ရသွားပါတယ်။ သူ့ဗီဇာက ပိုလန်မှာ ရက် ၉ဝ ပဲ နေလို့ရမယ့် ဗီဇာပါ။ သူဟာ ပိုလန်ဘက်ခြမ်း ရောက်မှ ဘတ်စ်ကားစီးပြီး ဝါဆောမြို့ကိုရောက်လာပါတယ်။ အခုတော့ ယူကရိန်းက သူ့မြို့လေးမှာ အခြေအနေကပိုဆိုးနေပြီဖြစ်လို့ သူ့သားသမီးကြီး နှစ်ကောင်နဲ့ ဘယ် တော့မှ ပြန်တွေ့ခွင့်ရမယ်ဆိုတာ သူကိုယ်တိုင်လည်း မသိတော့ပါဘူး။ အစကတော့
ဒီနှစ်ကောင်ကို ထားပြီး ဘယ်မှထွက်မသွားဘူးလို့ စိတ်ပိုင်းဖြတ်ထားပေမယ့် အခုတော့ အခြေအနေတွေအားလုံးကသူ မျှော်မှန်းထားသလို ဖြစ်မလာဘဲ အဆိုးဘက်ကို ပြောင်းသွားကုန်လို့သူနဲ့ သူ့ရဲ့ ဝမ်းမနာ သားသမီးကြီးတွေ အနေဝေးသွားရပြီလေ။ လောလောဆယ်တော့ အိန္ဒိယမှာရှိတဲ့ သူ့မိသားစုက သူ့ကို ပိုက်ဆံပို့ပေးနေ
ပါတယ်။

ဒီကျားသစ်ကြီးနှစ်ကောင်ကို သူက ယူကရိန်းကနေ ခေါ်ထုတ်ချင်နေပါသတဲ့။ ဒါကြောင့် ယူကရိန်းမြို့တော်မှာရှိတဲ့ အိန္ဒိယသံရုံးကိုဆက်သွယ်ပြီး အကျိုးအကြောင်း ပြောပြ၊ အကူအညီ လှမ်းတောင်းပါသေးတယ်။ တောရိုင်းတိရစ္ဆာန်တွေ ယူကရိန်းကနေ ထွက်နိုင်အောင်တော့ လုပ်မပေးဘူးလို့ သံရုံးက သူ့ကိုအကြောင်းပြန်လိုက်ပါသတဲ့။ ဒါလည်း သူက လက်မလျှော့သေးဘဲပိုလန်နိုင်ငံ ၊ ဝါဆောမြို့ကတိရစ္ဆာန်ဥယျာဉ်တစ်ခုကိုသွားပြီး သူ့သားသမီးကြီးနှစ်ကောင် ယူကရိန်းက ထွက်နိုင်အောင် ကူညီပေးဖို့သွားပြောပါသေးတယ်။ အခုအချိန်ထိတော့ သူ့ရဲ့ ဝမ်းမနာသားသမီးကြီးနှစ်ကောင် ယူကရိန်းနိုင်ငံထဲက ထွက်မလာနိုင်ကြသေးပါဘူး။

zawgyi version
က်ားသစ္ႀကီးႏွစ္ေကာင္ကို အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးထားတဲ့ အိႏၵိယ အထူးကုဆရာဝန္ (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေအာက္တိုဘာ ၂၄

ယူကရိန္းႏိုင္ငံက အိႏၵိယ ဆရာဝန္တစ္ေယာက္ဟာ က်ားသစ္ႀကီးႏွစ္ေကာင္ကို အိမ္ေမြး တိရစာၦန္အျဖစ္ ေမြးထားပါသတဲ့။

၂ဝ၂၂ ခုႏွစ္၊ ႏွစ္ဆန္းပိုင္းမွာ စစ္လည္းျဖစ္ေရာ ဂီဒီကူမာ ပတယ္လ္ (Gidikumar Patil)ဆိုတဲ့ ဒီဆရာဝန္က သူ႔က်ားသစ္ႀကီးႏွစ္ေကာင္ကိုထားၿပီး ဘယ္မွ ထြက္မသြားႏိုင္ဘူးလို႔ စိတ္ပိုင္း ျဖတ္လိုက္ပါသတဲ့။ အဲဒီတုန္းကေတာ့ သူက ယူကရိန္းအေရွ႕ပိုင္းက ေဆး႐ုံေလးတစ္ခုမွာ အ႐ိုးအထူးကုဆရာဝန္အျဖစ္ အလုပ္လုပ္ကိုင္တာပါ။ သူဟာ အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္ၿပီး ၂ဝ၁၆ ခုႏွစ္ကတည္းကစလို႔ ယူကရိန္းႏိုင္ငံသား ခံယူထားပါတယ္။ သူက ယူကရိန္းၿမိဳ႕ေတာ္ ကီယက္ဗ္ (Kyiv) က တိရစာၦန္႐ုံတစ္ခုကေနၿပီး ဒီက်ားသစ္ ႏွစ္ေကာင္ကို ၂ဝ၂ဝ ခုႏွစ္ေလာက္က ဝယ္လိုက္တာပါ။

က်ားသစ္အထီးက အခုဆိုရင္ ၂၄ လသားရွိေနၿပီျဖစ္ၿပီး က်ားသစ္နက္မ ကေတာ့ ၁၄ လသမီး ရွိေနပါၿပီ။

ၿပီးခဲ့တဲ့ သီတင္းပတ္ ႏွစ္ပတ္မွာေတာ့ သူ ပိုက္ဆံျပတ္သြားပါတယ္။ ဒါေၾကာင့္ ပိုလန္ႏိုင္ငံဘက္ကူးၿပီး ပိုက္ဆံ သြားရွာပါေတာ့တယ္။ သူက သူ႔ဝမ္းမနာ သားသမီး ႏွစ္ေကာင္ကို ရွာေကြၽးခ်င္လို႔ ပိုလန္ႏိုင္ငံဘက္ကို စြန႔္စြန႔္စားစား ကူးသြားခဲ့တာပါ။ သူ အလုပ္လုပ္တဲ့ယူကရိန္းေဆး႐ုံေလးက စစ္ျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ ပိတ္သြားခဲ့တယ္ေလ။ အဲဒီေဆး႐ုံေလးလည္း ဗုံးထိၿပီး ပ်က္စီးသြားပါၿပီ။ ႐ုရွားတပ္ေတြသိမ္း ထားတဲ့ေနရာကို ယူကရိန္းတပ္ေတြက ျပန္တိုက္ခိုက္ သိမ္းယူေတာ့စစ္ပြဲ ျပင္းထန္ၿပီး ေဆး႐ုံက ေျမစာပင္ ျဖစ္သြားရတာပါ။ သူ ပိုလန္ကို သြားေတာ့မယ္ဆိုေတာ့ သူ႔သားသမီးႀကီးႏွစ္ေကာင္ကို လယ္သမားတစ္ေယာက္နဲ႔ ထားခဲ့တာေလ။

ယူကရိန္းမွာ စစ္ပြဲေတြ ျဖစ္ေတာ့ ဘာမွလုပ္ကိုင္စားေသာက္လို႔ မရေတာ့တဲ့အ တြက္ ဆရာဝန္ဟာ စုေဆာင္းထားသမွ်ေလးေတြနဲ႔စားေသာက္၊ အဲဒါေတြ ကုန္ေတာ့ ပိုင္ဆိုင္သမွ်တိုက္ခန္းေတြ၊ ကားေတြကို ေအာက္ေဈးနဲ႔ ေရာင္းခ်ၿပီး အဲဒီက ရတဲ့ေငြနဲ႔ စားေသာက္ရ၊ သူ႔သားသမီးႀကီးႏွစ္ေကာင္ကို ေကြၽးေမြးရပါတယ္။ သူ႔သားသမီးႏွစ္ေကာင္ရဲ႕ တစ္ေန႔ အသားစရိတ္က ေဒၚလာ ၃ဝဝ ရွိပါသတဲ့။ ယူကရိန္းမွာတုန္းကဆိုရင္ သူက ေျမေအာက္ခန္းထဲမွာ အဲဒီက်ားသစ္ႏွစ္ေကာင္နဲ႔ လေပါင္းမ်ားစြာ အတူေနတာပါတဲ့။ ဒီလိုနဲ႔ ေနလာတာ ေနာက္ဆုံးပိုက္ဆံျပတ္ေတာ့မယ္ဆိုေတာ့မွ သူက ဝမ္းမနာ သားသမီးႏွစ္ေကာင္ကို ရွာေကြၽးႏိုင္ဖို႔အတြက္ ႏိုင္ငံရပ္ျခားကို စြန႔္စြန႔္စားစား ထြက္လာတာပါ။ ထြက္မလာခင္မွာ သူက သူ႔သားသမီးႀကီး ႏွစ္ေကာင္ကို လယ္သမားတစ္ေယာက္လက္ထဲ အပ္ထားခဲ့ၿပီး လယ္သမားကို သုံးလစာ ေဒၚလာ ၂၄ဝဝ ေပးထားခဲ့ပါတယ္။ သူ႔သားသမီးႀကီးႏွစ္ေကာင္အတြက္ သူက freezer ထဲမွာ အသားေတြ သုံးလစာ ေအးခဲထားခဲ့ပါသတဲ့။

သူဟာ နယ္စပ္ကို ေရာက္ဖို႔ ခက္ခက္ခဲခဲ၊ စြန႔္စြန႔္စားစားလာခဲ့ရတာပါ။ လမ္းမွာလည္း ႐ုရွားစစ္သားေတြ ဖမ္းတာခံလိုက္ရပါေသးတယ္။ ႐ုရွားစစ္သားေတြက သူ႔ကို ေျမေအာက္ခန္းထဲမွာသုံးရက္လုံးလုံး စစ္ေၾကာခဲ့တာပါ။ ႐ုရွားစစ္သားေတြက သူ႔ကိုယူကရိန္းဘက္က သူလွ်ိဳလို႔ ထင္ၾကတာပါ။ သူက သူဟာ ႏိုင္ငံေရးမွာၾကား ေနပဲ၊ ဘယ္သူ႔ဘက္ကမွ မပါဘူး၊ သူ႔က်ားသစ္ႀကီး ႏွစ္ေကာင္အေၾကာင္း ဗီဒီယိုေတြ ႐ိုက္ၿပီး ယူက်ဳမွာ တင္တာပဲ လုပ္တယ္ဆိုၿပီး အဲဒီယူက်ဳ႕ခ်န္နယ္က ဗီဒီယိုအတိုေတြကို ျပပါတယ္။ ေနာက္ဆုံးက်မွ႐ုရွားစစ္သားေတြက သူေျပာတာ ယုံသြားၿပီး သူ႔ကိုလႊတ္ေပးလိုက္တာပါ။

ဒီလိုနဲ႔သူဟာ ပိုလန္ နယ္စပ္ေရာက္လာၿပီး ပိုလန္ႏိုင္ငံထဲ ဝင္ခြင့္ရသြားပါတယ္။ သူ႔ဗီဇာက ပိုလန္မွာ ရက္ ၉ဝ ပဲ ေနလို႔ရမယ့္ ဗီဇာပါ။ သူဟာ ပိုလန္ဘက္ျခမ္း ေရာက္မွ ဘတ္စ္ကားစီးၿပီး ဝါေဆာၿမိဳ႕ကိုေရာက္လာပါတယ္။ အခုေတာ့ ယူကရိန္းက သူ႔ၿမိဳ႕ေလးမွာ အေျခအေနကပိုဆိုးေနၿပီျဖစ္လို႔ သူ႔သားသမီးႀကီး ႏွစ္ေကာင္နဲ႔ ဘယ္ ေတာ့မွ ျပန္ေတြ႕ခြင့္ရမယ္ဆိုတာ သူကိုယ္တိုင္လည္း မသိေတာ့ပါဘူး။ အစကေတာ့
ဒီႏွစ္ေကာင္ကို ထားၿပီး ဘယ္မွထြက္မသြားဘူးလို႔ စိတ္ပိုင္းျဖတ္ထားေပမယ့္ အခုေတာ့ အေျခအေနေတြအားလုံးကသူ ေမွ်ာ္မွန္းထားသလို ျဖစ္မလာဘဲ အဆိုးဘက္ကို ေျပာင္းသြားကုန္လို႔သူနဲ႔ သူ႔ရဲ႕ ဝမ္းမနာ သားသမီးႀကီးေတြ အေနေဝးသြားရၿပီေလ။ ေလာေလာဆယ္ေတာ့ အိႏၵိယမွာရွိတဲ့ သူ႔မိသားစုက သူ႔ကို ပိုက္ဆံပို႔ေပးေန
ပါတယ္။

ဒီက်ားသစ္ႀကီးႏွစ္ေကာင္ကို သူက ယူကရိန္းကေန ေခၚထုတ္ခ်င္ေနပါသတဲ့။ ဒါေၾကာင့္ ယူကရိန္းၿမိဳ႕ေတာ္မွာရွိတဲ့ အိႏၵိယသံ႐ုံးကိုဆက္သြယ္ၿပီး အက်ိဳးအေၾကာင္း ေျပာျပ၊ အကူအညီ လွမ္းေတာင္းပါေသးတယ္။ ေတာ႐ိုင္းတိရစာၦန္ေတြ ယူကရိန္းကေန ထြက္ႏိုင္ေအာင္ေတာ့ လုပ္မေပးဘူးလို႔ သံ႐ုံးက သူ႔ကိုအေၾကာင္းျပန္လိုက္ပါသတဲ့။ ဒါလည္း သူက လက္မေလွ်ာ့ေသးဘဲပိုလန္ႏိုင္ငံ ၊ ဝါေဆာၿမိဳ႕ကတိရစာၦန္ဥယ်ာဥ္တစ္ခုကိုသြားၿပီး သူ႔သားသမီးႀကီးႏွစ္ေကာင္ ယူကရိန္းက ထြက္ႏိုင္ေအာင္ ကူညီေပးဖို႔သြားေျပာပါေသးတယ္။ အခုအခ်ိန္ထိေတာ့ သူ႔ရဲ႕ ဝမ္းမနာသားသမီးႀကီးႏွစ္ေကာင္ ယူကရိန္းႏိုင္ငံထဲက ထြက္မလာႏိုင္ၾကေသးပါဘူး။

Related news

© 2021. All rights reserved.