"မိသားစုလိုက် ခရီးထွက်နိုင်ဖို့ မိသားစုစီး လေယာဉ်ကို ကိုယ်တိုင်တည်ဆောက်သူ" (ထူးခြားသုတဆောင်းပါး)

 742

ဝတီ (NP News) - အောက်တိုဘာ ၂၄

ယူကေမှာနေတဲ့ စက်မှုအင်ဂျင်နီယာ အေရှော့ခ်အလီဆီရီသမရက်ရှန် (Ashok Aliseril Thamarakshan) ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက လေယာဉ်ကွင်းလေးတစ်ခုနားကို အိမ်ပြောင်းလာခဲ့ပြီး အဲဒီကစလို့ လေယာဉ်အသေးစား အမောင်းသင်ဖို့ဆန္ဒပြင်းပြလာပါတယ်။ နောက်သုံးနှစ်လောက်ကြာတော့ ဇနီးဖြစ်သူက သူ့ကို မွေးနေ့လက်ဆောင်အဖြစ် လေယာဉ်အသေးစားတစ်စင်း နာရီဝက်စီးခွင့်လက် မှတ် ဝယ်ပေးလိုက်ပါတယ်။ အဲဒီလေယာဉ်အသေးစားလေးတွေဟာလူနှစ်ယောက်ပဲဆံ့ပြီး ရဟတ်ယာဉ်ပုံစံလေးပေါ့။ နောက်တော့ သူက အဲဒီလေယာဉ်အသေးစားလေးတွေကို မောင်းတတ်အောင် အိမ်နားက လေယာဉ်ကွင်းမှာသင်တန်းတက်ပါတော့တယ်။ လေယာဉ် အမောင်းသင်တုန်းကဆိုရင်သူဟာ ဝိုက်ဒ်ဆိုတဲ့ ကျွန်းလေးဆီ (Isle of Wight) မောင်းသွားခဲ့ရပြီး အဲဒီမှာ လေယာဉ်မောင်းရတဲ့ အရသာကို အ ကြိုက်တွေ့သွားပါတော့တယ်။ လေယာဉ်သာ ရှိရင်၊ လေယာဉ်သာ မောင်းတတ်ရင် ကိုယ်သွားလိုရာကို ဘယ်လောက် လွတ်လွတ်လပ်လပ် သွားနိုင်တယ်ဆိုတာ သူ သဘောပေါက်သွားတယ်လေ။ ဒီလိုနဲ့ ၂ဝ၁၉ ခုနှစ်မှာတော့ သူဟာ လေယာဉ်အ သေးစားမောင်းနှင်ခွင့် ပိုင်းလော့လက်မှတ် ရသွားပါတော့တယ်။ ဒီတော့ လေယာဉ်လေးတွေငှားပြီး ဟိုဟိုဒီဒီ လျှောက်မောင်းတော့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ သမီးနှစ်ယောက်လည်း ရလာရော အငှားလေယာဉ်အသေးစားလေးတွေက တစ်စင်းလုံးမှာမှ လူနှစ်ယောက်ပဲ ဆန့်တာဆိုတော့ အဆင်မပြေတော့ပါဘူး။ သူတို့မိသားစုနဲ့ဆို လေးယောက်ဆန့်မှအဆင်ပြေတော့မယ်လေ။ ဒါနဲ့ပဲ မိသားစုစီး လေ ယာဉ်အသေးစားဝယ်ဖို့လည်း ပိုက်ဆံ မတတ်နိုင်တော့ ကိုယ့်ဘာသာကိုယ်ပဲ လေးယောက်စီး လေယာဉ်ဆောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။

သူတို့နိုင်ငံမှာ ဝယ်သူက ကိုယ့်ဘာသာ တပ်ဆင်ရတဲ့ လေယာဉ်အစိတ်အပိုင်းတွေ ရောင်းတာရှိပါတယ်။ သူက ဒါတွေကို အဆင့်ဆင့် လုပ်သွားရမှာပါ။ တပ်ဆင်တာ
မှန်၊ မမှန်ကိုတော့ လေယာဉ်အသေးစားအဖွဲ့အစည်းတစ်ခုကတာဝန်ရှိသူက ပုံမှန် လာစစ်ဆေးတာပါ။ ဒီအဖွဲ့အစည်းက အစိုးရအသိအမှတ်ပြုအဖွဲ့အစည်းပါ။ ဒီအဖွဲ့အစည်းဆီက ထောက်ခံချက်ရမှသာ သူ့လေယာဉ်က ပျံသန်းခွင့်ရမှာပါ။ သူက အိမ်နောက်ဖက်ကမြေလွတ်မှာ ဂိုဒေါင်တစ်လုံးဆောက်ပြီး အဲဒီမှာ တပ်ဆင်ရေးကို
ဇောက်ချလုပ်ပါတော့တယ်။ စက်မှု အင်ဂျင်နီယာ ပညာကဒီတပ်ဆင်ရေးမှာ အ ထောက်အကူပြုပေမယ့် အိမ်တွေကို ပြုပြင်မွမ်းမံပြင်ဆင်ရတဲ့ အတွေ့အကြုံက လေယာဉ်အစိတ်အပိုင်း တပ်ဆင်ရေးမှာ ပိုပြီး အထောက်အကူ ပြုတယ်လို့ သူက ပြောပြပါတယ်။

သူ့လေယာဉ်လေးက အလျား ၂၃ ပေ၊ အမြင့် ၈ ပေ ရှိမှာပါ။ နှစ်ယောက်စီး လေ ယာဉ်အသေးစားမောင်းဖူးတဲ့ အတွေ့အကြုံရှိရင်၊ လေယာဉ်တပ်ဆင်တဲ့နေရာမှာ သုံးတဲ့ အထူး ကိရိယာပစ္စည်းတွေကိုသာ ကိုင်တွယ်ဖူးရင် ဘယ်သူမဆို တပ်ဆင်နိုင်တယ်။ ဘယ်အဆင့်မှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်နေရာမှာ ဘာလုပ်ရမယ်ဆိုတာ ကို ပုံတွေနဲ့ ရှင်းပြထားတယ်လို့ သူက မိသားစုစီးလေယာဉ်အသေးစား တပ်ဆင်တဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး ပြောပြပါတယ်။ သူက ဒီတပ်ဆင်မှု တစ်ခုလုံးကို သူတစ်ယောက်တည်းပဲ လုပ်ခဲ့တာပါ။ အဆင့်တစ်ဆင့် ပြီးသွားတိုင်း လေယာဉ်အသေးစားအဖွဲ့အစည်းကတာဝန်ရှိသူက လာစစ်ဆေးပါတယ်။ ဒီလိုနဲ့ ၁၈ လကြာလာတော့ လေယာဉ်တစ်ခုလုံး ဆောက်လို့ပြီးသွားပါတယ်။ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ
မှာတော့ သူ့လေယာဉ် တကယ် မောင်းလို့ ရ၊ မရ၊ အဆင်ပြေ၊ မပြေကိုလေယာဉ် ကွင်းမှာ သွားစမ်းမောင်းပါတယ်။ လေယာဉ်မှူးတစ်ယောက်က သူ့လေယာဉ်လေးကို စမ်းမောင်းကြည့်တာပါ။

သူ့မှာ အဲဒီတုန်းက စိတ်လှုပ်ရှားလွန်းလို့ သူ့လေယာဉ် ပျံနေတာကိုမော့တောင် မကြည့်ဝံ့ပါဘူးတဲ့။ နောက်ဆုံး အဆင်ပြေတယ်ဆိုတဲ့စကား ကြားရမှ သူ့မှာအသက် ရှူနိုင်ပါတော့တယ်။ နောက်တစ်ခေါက်မှာတော့ သူက သူ့လေယာဉ်လေးကို ကိုယ်တိုင်တက်မောင်းခွင့်ရပါတယ်။ ဘေးမှာတော့ အတွေ့အကြုံရင့်လေယာဉ်မှူး ပါတာပေါ့။ လေယာဉ်မှူးက လေယာဉ်လေးကိုမိုင်ကုန် စမ်းမောင်းကြည့်ခိုင်းပါတယ်။ ဒါမှ ဒီလေယာဉ်ဘယ်လောက်အထိ သွားနိုင်သလဲဆိုတာ သိအောင်ပါတဲ့။
ဒီစစ်ဆေးမှုမှာလည်း သူအောင်သွားပါတယ်။ သူ့လက်သူ့ခြေနဲ့တစ်နှစ်ခွဲလောက် အချိန်ကုန်ခံ ဆင်ထားတဲ့ လေယာဉ်လေးက စိတ်ချရတယ်တဲ့လေ။ အတွေ့အကြုံရင့် လေယာဉ်မှူးဆီက ဒီ စကားကြားရတုန်းကဆိုရင်သူ့မှာ ပျော်လိုက်တာ ပြောမပြတတ်အောင်ပါပဲတဲ့။ သူ့လေယာဉ်လေးဟာ ပျံသန်းခွင့် ပါမစ်ရဖို့ အကြိမ်ကြိမ် စမ်းသပ်ပျံသန်းခဲ့ရပြီး ၂ဝ၂၂ ခုနှစ် မေလကျမှ ပါမစ် ရသွားပါတော့တယ်။ နောက်တစ်ပတ်လည်းကျရော သူက ပိတ်ရက်မှာ မိသားစုကို ခေါ်ပြီး ဒီလေယာဉ်လေးနဲ့
အပျော်ခရီး ထွက်ပါတော့တယ်။ ၂ဝ၂၂ ခုနှစ် ဇွန်လထဲမှာတော့ သူက တခြားပိုင်းလော့ မိတ်ဆွေနဲ့အတူ သြစတြီးယားတို့၊ ဂျာမနီတို့ကို အလည်သွားခဲ့ပါတယ်။ လေယာဉ် တစ်ခါ မောင်းပြီးတိုင်းကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ တိုးလာတယ်၊ ဥရောပကိုမိသားစုလိုက် သွားလည်နိုင်ဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။

ကိုယ်ပိုင် လေယာဉ်အသေးစားလေးရှိတော့ ကိုယ်သွားချင်တဲ့နေရာကို၊ ကိုယ်သွားချင်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ် သွားလို့ရသလို တခြားပိုင်းလော့တွေနဲ့လည်း မိတ်ဆွေ ဖြစ်လာတယ်လို့သူက ဆိုပါတယ်။ လေယာဉ်ကသာ သေးပေမယ့် လေ ယာဉ်ထိန်းသိမ်းရတဲ့စရိတ်၊ လေယာဉ် ဆီစရိတ်တွေက မသေးပါဘူး။ ဒါတွေကိုလည်း သူက ကြိုတွက်ထားပြီးသားပါ။ ဒါကြောင့် သူက သူမသုံးတဲ့ရက်တွေမှာ တခြားလူ သုံးယောက်ကို ပေးသုံးပါတယ်။ ပြီးတော့လေယာဉ်အတွက် ကုန်ကျစ ရိတ်တွေကို မျှခံကြတာပေါ့။ ဒီတော့သူကုန်တဲ့ လေယာဉ်စရိတ်က ကားတစ်စီး စရိတ်ပဲ ရှိပါတော့တယ်။

zawgyi version
"မိသားစုလိုက္ ခရီးထြက္ႏိုင္ဖို႔ မိသားစုစီး ေလယာဥ္ကို ကိုယ္တိုင္တည္ေဆာက္သူ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေအာက္တိုဘာ ၂၄

ယူေကမွာေနတဲ့ စက္မႈအင္ဂ်င္နီယာ ေအေရွာ့ခ္အလီဆီရီသမရက္ရွန္ (Ashok Aliseril Thamarakshan) ဟာ လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္တုန္းက ေလယာဥ္ကြင္းေလးတစ္ခုနားကို အိမ္ေျပာင္းလာခဲ့ၿပီး အဲဒီကစလို႔ ေလယာဥ္အေသးစား အေမာင္းသင္ဖို႔ဆႏၵျပင္းျပလာပါတယ္။ ေနာက္သုံးႏွစ္ေလာက္ၾကာေတာ့ ဇနီးျဖစ္သူက သူ႔ကို ေမြးေန႔လက္ေဆာင္အျဖစ္ ေလယာဥ္အေသးစားတစ္စင္း နာရီဝက္စီးခြင့္လက္ မွတ္ ဝယ္ေပးလိုက္ပါတယ္။ အဲဒီေလယာဥ္အေသးစားေလးေတြဟာလူႏွစ္ေယာက္ပဲဆံ့ၿပီး ရဟတ္ယာဥ္ပုံစံေလးေပါ့။ ေနာက္ေတာ့ သူက အဲဒီေလယာဥ္အေသးစားေလးေတြကို ေမာင္းတတ္ေအာင္ အိမ္နားက ေလယာဥ္ကြင္းမွာသင္တန္းတက္ပါေတာ့တယ္။ ေလယာဥ္ အေမာင္းသင္တုန္းကဆိုရင္သူဟာ ဝိုက္ဒ္ဆိုတဲ့ ကြၽန္းေလးဆီ (Isle of Wight) ေမာင္းသြားခဲ့ရၿပီး အဲဒီမွာ ေလယာဥ္ေမာင္းရတဲ့ အရသာကို အ ႀကိဳက္ေတြ႕သြားပါေတာ့တယ္။ ေလယာဥ္သာ ရွိရင္၊ ေလယာဥ္သာ ေမာင္းတတ္ရင္ ကိုယ္သြားလိုရာကို ဘယ္ေလာက္ လြတ္လြတ္လပ္လပ္ သြားႏိုင္တယ္ဆိုတာ သူ သေဘာေပါက္သြားတယ္ေလ။ ဒီလိုနဲ႔ ၂ဝ၁၉ ခုႏွစ္မွာေတာ့ သူဟာ ေလယာဥ္အ ေသးစားေမာင္းႏွင္ခြင့္ ပိုင္းေလာ့လက္မွတ္ ရသြားပါေတာ့တယ္။ ဒီေတာ့ ေလယာဥ္ေလးေတြငွားၿပီး ဟိုဟိုဒီဒီ ေလွ်ာက္ေမာင္းေတာ့တာေပါ့။ ဒါေပမဲ့ ေနာက္ပိုင္းမွာ သမီးႏွစ္ေယာက္လည္း ရလာေရာ အငွားေလယာဥ္အေသးစားေလးေတြက တစ္စင္းလုံးမွာမွ လူႏွစ္ေယာက္ပဲ ဆန႔္တာဆိုေတာ့ အဆင္မေျပေတာ့ပါဘူး။ သူတို႔မိသားစုနဲ႔ဆို ေလးေယာက္ဆန႔္မွအဆင္ေျပေတာ့မယ္ေလ။ ဒါနဲ႔ပဲ မိသားစုစီး ေလ ယာဥ္အေသးစားဝယ္ဖို႔လည္း ပိုက္ဆံ မတတ္ႏိုင္ေတာ့ ကိုယ့္ဘာသာကိုယ္ပဲ ေလးေယာက္စီး ေလယာဥ္ေဆာက္ဖို႔ စိတ္ပိုင္းျဖတ္လိုက္ပါေတာ့တယ္။

သူတို႔ႏိုင္ငံမွာ ဝယ္သူက ကိုယ့္ဘာသာ တပ္ဆင္ရတဲ့ ေလယာဥ္အစိတ္အပိုင္းေတြ ေရာင္းတာရွိပါတယ္။ သူက ဒါေတြကို အဆင့္ဆင့္ လုပ္သြားရမွာပါ။ တပ္ဆင္တာ
မွန္၊ မမွန္ကိုေတာ့ ေလယာဥ္အေသးစားအဖြဲ႕အစည္းတစ္ခုကတာဝန္ရွိသူက ပုံမွန္ လာစစ္ေဆးတာပါ။ ဒီအဖြဲ႕အစည္းက အစိုးရအသိအမွတ္ျပဳအဖြဲ႕အစည္းပါ။ ဒီအဖြဲ႕အစည္းဆီက ေထာက္ခံခ်က္ရမွသာ သူ႔ေလယာဥ္က ပ်ံသန္းခြင့္ရမွာပါ။ သူက အိမ္ေနာက္ဖက္ကေျမလြတ္မွာ ဂိုေဒါင္တစ္လုံးေဆာက္ၿပီး အဲဒီမွာ တပ္ဆင္ေရးကို
ေဇာက္ခ်လုပ္ပါေတာ့တယ္။ စက္မႈ အင္ဂ်င္နီယာ ပညာကဒီတပ္ဆင္ေရးမွာ အ ေထာက္အကူျပဳေပမယ့္ အိမ္ေတြကို ျပဳျပင္မြမ္းမံျပင္ဆင္ရတဲ့ အေတြ႕အႀကဳံက ေလယာဥ္အစိတ္အပိုင္း တပ္ဆင္ေရးမွာ ပိုၿပီး အေထာက္အကူ ျပဳတယ္လို႔ သူက ေျပာျပပါတယ္။

သူ႔ေလယာဥ္ေလးက အလ်ား ၂၃ ေပ၊ အျမင့္ ၈ ေပ ရွိမွာပါ။ ႏွစ္ေယာက္စီး ေလ ယာဥ္အေသးစားေမာင္းဖူးတဲ့ အေတြ႕အႀကဳံရွိရင္၊ ေလယာဥ္တပ္ဆင္တဲ့ေနရာမွာ သုံးတဲ့ အထူး ကိရိယာပစၥည္းေတြကိုသာ ကိုင္တြယ္ဖူးရင္ ဘယ္သူမဆို တပ္ဆင္ႏိုင္တယ္။ ဘယ္အဆင့္မွာ ဘယ္လိုလုပ္ရမယ္၊ ဘယ္ေနရာမွာ ဘာလုပ္ရမယ္ဆိုတာ ကို ပုံေတြနဲ႔ ရွင္းျပထားတယ္လို႔ သူက မိသားစုစီးေလယာဥ္အေသးစား တပ္ဆင္တဲ့ အေတြ႕အႀကဳံနဲ႔ပတ္သက္ၿပီး ေျပာျပပါတယ္။ သူက ဒီတပ္ဆင္မႈ တစ္ခုလုံးကို သူတစ္ေယာက္တည္းပဲ လုပ္ခဲ့တာပါ။ အဆင့္တစ္ဆင့္ ၿပီးသြားတိုင္း ေလယာဥ္အေသးစားအဖြဲ႕အစည္းကတာဝန္ရွိသူက လာစစ္ေဆးပါတယ္။ ဒီလိုနဲ႔ ၁၈ လၾကာလာေတာ့ ေလယာဥ္တစ္ခုလုံး ေဆာက္လို႔ၿပီးသြားပါတယ္။ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ
မွာေတာ့ သူ႔ေလယာဥ္ တကယ္ ေမာင္းလို႔ ရ၊ မရ၊ အဆင္ေျပ၊ မေျပကိုေလယာဥ္ ကြင္းမွာ သြားစမ္းေမာင္းပါတယ္။ ေလယာဥ္မႉးတစ္ေယာက္က သူ႔ေလယာဥ္ေလးကို စမ္းေမာင္းၾကည့္တာပါ။

သူ႔မွာ အဲဒီတုန္းက စိတ္လႈပ္ရွားလြန္းလို႔ သူ႔ေလယာဥ္ ပ်ံေနတာကိုေမာ့ေတာင္ မၾကည့္ဝံ့ပါဘူးတဲ့။ ေနာက္ဆုံး အဆင္ေျပတယ္ဆိုတဲ့စကား ၾကားရမွ သူ႔မွာအသက္ ရႉႏိုင္ပါေတာ့တယ္။ ေနာက္တစ္ေခါက္မွာေတာ့ သူက သူ႔ေလယာဥ္ေလးကို ကိုယ္တိုင္တက္ေမာင္းခြင့္ရပါတယ္။ ေဘးမွာေတာ့ အေတြ႕အႀကဳံရင့္ေလယာဥ္မႉး ပါတာေပါ့။ ေလယာဥ္မႉးက ေလယာဥ္ေလးကိုမိုင္ကုန္ စမ္းေမာင္းၾကည့္ခိုင္းပါတယ္။ ဒါမွ ဒီေလယာဥ္ဘယ္ေလာက္အထိ သြားႏိုင္သလဲဆိုတာ သိေအာင္ပါတဲ့။
ဒီစစ္ေဆးမႈမွာလည္း သူေအာင္သြားပါတယ္။ သူ႔လက္သူ႔ေျခနဲ႔တစ္ႏွစ္ခြဲေလာက္ အခ်ိန္ကုန္ခံ ဆင္ထားတဲ့ ေလယာဥ္ေလးက စိတ္ခ်ရတယ္တဲ့ေလ။ အေတြ႕အႀကဳံရင့္ ေလယာဥ္မႉးဆီက ဒီ စကားၾကားရတုန္းကဆိုရင္သူ႔မွာ ေပ်ာ္လိုက္တာ ေျပာမျပတတ္ေအာင္ပါပဲတဲ့။ သူ႔ေလယာဥ္ေလးဟာ ပ်ံသန္းခြင့္ ပါမစ္ရဖို႔ အႀကိမ္ႀကိမ္ စမ္းသပ္ပ်ံသန္းခဲ့ရၿပီး ၂ဝ၂၂ ခုႏွစ္ ေမလက်မွ ပါမစ္ ရသြားပါေတာ့တယ္။ ေနာက္တစ္ပတ္လည္းက်ေရာ သူက ပိတ္ရက္မွာ မိသားစုကို ေခၚၿပီး ဒီေလယာဥ္ေလးနဲ႔
အေပ်ာ္ခရီး ထြက္ပါေတာ့တယ္။ ၂ဝ၂၂ ခုႏွစ္ ဇြန္လထဲမွာေတာ့ သူက တျခားပိုင္းေလာ့ မိတ္ေဆြနဲ႔အတူ ၾသစႀတီးယားတို႔၊ ဂ်ာမနီတို႔ကို အလည္သြားခဲ့ပါတယ္။ ေလယာဥ္ တစ္ခါ ေမာင္းၿပီးတိုင္းကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခ်က္ေတြ တိုးလာတယ္၊ ဥေရာပကိုမိသားစုလိုက္ သြားလည္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ သူက ေျပာပါတယ္။

ကိုယ္ပိုင္ ေလယာဥ္အေသးစားေလးရွိေတာ့ ကိုယ္သြားခ်င္တဲ့ေနရာကို၊ ကိုယ္သြားခ်င္တဲ့အခ်ိန္မွာ လြတ္လြတ္လပ္လပ္ သြားလို႔ရသလို တျခားပိုင္းေလာ့ေတြနဲ႔လည္း မိတ္ေဆြ ျဖစ္လာတယ္လို႔သူက ဆိုပါတယ္။ ေလယာဥ္ကသာ ေသးေပမယ့္ ေလ ယာဥ္ထိန္းသိမ္းရတဲ့စရိတ္၊ ေလယာဥ္ ဆီစရိတ္ေတြက မေသးပါဘူး။ ဒါေတြကိုလည္း သူက ႀကိဳတြက္ထားၿပီးသားပါ။ ဒါေၾကာင့္ သူက သူမသုံးတဲ့ရက္ေတြမွာ တျခားလူ သုံးေယာက္ကို ေပးသုံးပါတယ္။ ၿပီးေတာ့ေလယာဥ္အတြက္ ကုန္က်စ ရိတ္ေတြကို မွ်ခံၾကတာေပါ့။ ဒီေတာ့သူကုန္တဲ့ ေလယာဥ္စရိတ္က ကားတစ္စီး စရိတ္ပဲ ရွိပါေတာ့တယ္။

Related news

© 2021. All rights reserved.