ငလျင်ဘေးသင့်ဒေသများအပြင် အခြားသော ဒေသတွင်းခရီးစဉ်များကို ပုံမှန်အတိုင်း လည်ပတ်နိုင်

 251

‌စော (NP News) - မေ ၁ဝ

အင်းအားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဒေသများအပြင် အခြားသော ဒေသတွင်းခရီးစဉ် များကိုလည်း ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် ပုံမှန်အတိုင်းလည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက မေလ ၉ ရက်တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းဒေသများရှိ ထိခိုက်ပျက်စီးမှုမရှိသော ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများ၊ ဟိုတယ် နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များအနေဖြင့် ပုံမှန်အတိုင်းလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအနက် ငလျင်ဘေးသင့်ရာဒေသများ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်း၊ ပြည်ပခရီးသည်များက သွားရောက်လေ့လာကြည့်ရှုခြင်းဖြင့် ငလျင်ဘေးအန္တရာယ် နှင့်ပတ်သက်သည့် ဗဟုသုတများ ရရှိစေနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အဆိုပါဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး ဒေသခံများ ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးပွားရရှိစေနိုင်ကာ ဒေသ၏ အကျိုးစီးပွားကိုလည်း အထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
“ဒေသက ပိုပြီးအထိအခိုက်များတာက စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ရယ်၊ အင်းလေးရယ်ပေါ့နော်။ နေပြည်တော်က Tourist Attraction အရမ်းကြီးဖြစ်တာမဟုတ်ပေမယ့် သူက Chinaတို့ India တို့ကတော့ နေပြည်တော်ကို သွားတာပေါ့နော်။ ကျန်တဲ့ဒေသတွေက Tourist Attraction ဆိုဒ်တွေလေ ဒီနေရာတွေသွားခြင်း အားဖြင့် သူတို့ဒေသခံတွေက စီးပွားရေးတွေပိုမိုတောင့်တင်းလာမယ် ထင်ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့် ငလျင်ဘေးသင့်ရာဒေသများနှင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ယခင်ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော် အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။

Zawgyi Version:
ငလ်င္ေဘးသင့္ေဒသမ်ားအျပင္ အျခားေသာ ေဒသတြင္းခရီးစဥ္မ်ားကို ပုံမွန္အတိုင္း လည္ပတ္ႏိုင္
‌ေစာ (NP News) - မေ ၁ဝ

အင္းအားျပင္းမႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရေသာ ေဒသမ်ားအျပင္ အျခားေသာ ေဒသတြင္းခရီးစဥ္ မ်ားကိုလည္း ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားအေနျဖင့္ ပုံမွန္အတိုင္းလည္ပတ္ႏိုင္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြား လာေရးဝန္ႀကီးဌာနက ေမလ ၉ ရက္တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ယင္းေဒသမ်ားရွိ ထိခိုက္ပ်က္စီးမႈမရွိေသာ ဟိုတယ္မ်ား၊ ခရီးသြားေအဂ်င္စီမ်ား၊ ဟိုတယ္ ႏွင့္ ခရီးသြားဆိုင္ရာ အသင္းအဖြဲ႕မ်ားအေနျဖင့္ ပုံမွန္အတိုင္းလုပ္ငန္းမ်ား ျပန္လည္ လည္ပတ္ေဆာင္႐ြက္လ်က္ရွိၾကေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ ခရီးစဥ္ေဒသမ်ားအနက္ ငလ်င္ေဘးသင့္ရာေဒသမ်ား၌ ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီး ဆုံးရႈံးခဲ့ရမႈမ်ားကို ျပည္တြင္း၊ ျပည္ပခရီးသည္မ်ားက သြားေရာက္ေလ့လာၾကည့္ရႈျခင္းျဖင့္ ငလ်င္ေဘးအႏၲရာယ္ ႏွင့္ပတ္သက္သည့္ ဗဟုသုတမ်ား ရရွိေစႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ အဆိုပါေဒသရွိ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳၿပီး ေဒသခံမ်ား ၏ အလုပ္အကိုင္အခြင့္အလမ္းႏွင့္ ဝင္ေငြမ်ား တိုးပြားရရွိေစႏိုင္ကာ ေဒသ၏ အက်ိဳးစီးပြားကိုလည္း အေထာက္အပံ့ ျဖစ္ေစႏိုင္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
“ေဒသက ပိုၿပီးအထိအခိုက္မ်ားတာက စစ္ကိုင္း၊ မႏၲေလး၊ ေနျပည္ေတာ္ရယ္၊ အင္းေလးရယ္ေပါ့ေနာ္။ ေနျပည္ေတာ္က Tourist Attraction အရမ္းႀကီးျဖစ္တာမဟုတ္ေပမယ့္ သူက Chinaတို႔ India တို႔ကေတာ့ ေနျပည္ေတာ္ကို သြားတာေပါ့ေနာ္။ က်န္တဲ့ေဒသေတြက Tourist Attraction ဆိုဒ္ေတြေလ ဒီေနရာေတြသြားျခင္း အားျဖင့္ သူတို႔ေဒသခံေတြက စီးပြားေရးေတြပိုမိုေတာင့္တင္းလာမယ္ ထင္ပါတယ္” ဟု ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျပည္တြင္းျပည္ပခရီးသည္မ်ားအေနျဖင့္ ငလ်င္ေဘးသင့္ရာေဒသမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ခရီးစဥ္ေဒသမ်ား၊ ခရီးသြားဆြဲေဆာင္ရာေနရာမ်ားသို႔ ယခင္ပုံမွန္အတိုင္း သြားလာလည္ပတ္ႏိုင္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္ အပါအဝင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ အသက္အိုးအိမ္ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရသည္။

Related news

© 2021. All rights reserved.