"ဘိုးဘိုးဘွားဘွား (၁၂)ယောက်က စုစုပေါင်းအသက် (၁ဝ၅၈)နှစ်နဲ့ ကမ္ဘာ့အသက်အကြီးဆုံး မောင်နှမတွေအဖြစ် စံချိန်တင်" (ထူးခြားသုတဆောင်းပါး)

 804

ဝတီ (NP News) - အောက်တိုဘာ ၂၅

စပိန်နိုင်ငံ၊ ဂရန်ကနာရီယာကျွန်း (Gran Canaria) ပေါ်က မိုယာ(Moya) ဆိုတဲ့မြို့ လေးမှာ အင်မတန်ကိုမှ ထူးခြားတဲ့မိသားစုကြီးတစ်စု နေထိုင်ပါတယ်။ ဟာနန်ဒက်ဇ် ပီရက်ဇ် (Hernandez-Perez)ဆိုတဲ့မိသားစုကြီးက မောင်နှမရင်းချာ(၁၂)ယောက် လုံးဟာ အခုထက်ထိသက်ရှိထင်ရှား ရှိနေကြတုန်းဖြစ်ပြီး သူတို့ (၁၂)ယောက်ရဲ့
စုစုပေါင်းအသက်ဟာ (၁ဝ၅၈)နှစ်ပါ။ သူတို့ အခုတင်လိုက်တဲ့ စံချိန်ဟာအရင် စံချိန်ရှင်ဟောင်း မိသားစုထက် (၁၆) နှစ်တောင်များပါတယ်။

ဒီစပိန် မောင်နှမ (၁၂)ယောက်ဟာ မိုဒက်စ်တိုဟာနန်ဒက်ဇ် (Modesto Hernandez) နဲ့ မာတီနာ ပါရက်ဇ် (Martina Perez) ဆိုတဲ့မိဘနှစ်ပါးကနေ မွေးဖွားလာကြတာပါ။ သူတို့ရဲ့မိဘနှစ်ပါးဟာလည်း အခု သူတို့ (၁၂)ယောက်လုံးနေ ထိုင်နေကြတဲ့ မိုယာ (Moya)ဆိုတဲ့ မြို့လေးကပါပဲ။ ဒီမောင်နှမ (၁၂)ယောက်အုပ်စုကြီးထဲမှာ ယောက်ျားလေး(၇)ယောက်၊ မိန်းကလေး (၅)ယောက်ပါ။ အခုဆိုရင်တော့ သူတို့အသက်တွေဟာ (၇၆) နှစ်ကနေ (၉၈)နှစ်ကြားပေါ့။ အသက်တွေသာ အင်မတန်ကြီးရင့်နေကြပြီဆိုပေမယ့် သူတို့ဟာ အခုထက်ထိ ချစ်ချစ်ခင်ခင်ရှိနေတုန်းပါပဲ။ သူတို့ထဲမှာအကြီးဆုံးဖြစ်တဲ့ ဂျို့စ်နန်ဒက်ဇ်ပီရက်ဇ် (Jose Hernandez-Perez)ဟာ ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်မှာ မွေးတာပါ။ သူတို့အမေဒေါ် ရှင်မွေးလွန်းဟာ ဂျို့စ် နန်ဒက်ဇ်ပီရက်ဇ် ကနေစလို့ တစ်နှစ်တစ်ယောက်၊
နှစ်နှစ် တစ်ယောက်၊ သုံးနှစ်တစ်ယောက်နဲ့ မှန်မှန်ကြီး မွေးလာလိုက်တာ ၁၉၄၆ ခုနှစ်၊ ဧပြီလ ၄ ရက် နောက်ပိုင်းကျမှ ကလေးမွေးတာ ရပ်သွားပါတော့သတဲ့။

သူတို့အမေက အငယ်ဆုံးသား လူးဝစ် (Luis)ကို ၁၉၄၆ ခုနှစ်၊ ဧပြီလ ၄ ရက်မှာ မွေးခဲ့တာလေ။ အခုဆိုရင် အဲဒီအငယ်ဆုံးတောင် အသက် (၇၆)နှစ်ရှိသွားပါပြီ။ သူတို့မောင်နှမ (၁၂)ယောက်ဟာ ကမ္ဘာ့အသက်အကြီးဆုံး မောင်နှမတွေအဖြစ် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလထဲမှာ တရားဝင် အသိအမှတ်ပြုခံရတာပါ။ ဒီလို ကမ္ဘာ့စံချိန်ချိုးလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလို့သူတို့တွေက ဆိုပါတယ်။

"ပါကစ္စတန်နိုင်ငံက သက်ရှိထင်ရှား မောင်နှမ ၁၂ ယောက်ရဲ့စုစုပေါင်းအသက်က နှစ်ပေါင်း ၁ဝဝဝ ကျော်တယ်လို့ သတင်းစာထဲမှာဖတ်လိုက်ရတော့ ငါတို့မောင်နှမတွေဆိုရင် ဒီ့ထက် အသက်အများကြီးကြီးတာပဲဆိုပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းပြုစုရေးအဖွဲ့ကိုဆက်သွယ်လိုက်တယ် သူတို့က ပြန်ပြောပြပါတယ်။ အခုဒီလိုကမ္ဘာ့ စံချိန်တင်နိုင်သွားတော့ မောင်နှမတွေ ပိုလို့တောင် စည်းလုံးသွားကြသေးတယ်"လို့ သူတို့က ဆက်ပြောသွားပါသေးတယ်။

ဒါပေမဲ့ဒီကမ္ဘာ့စံချိန်ဟာ သူတို့မောင်နှမတွေနဲ့တင် ဆိုင်တာမဟုတ်ဘဲဒီမြို့ပေါ်က မောင်နှမ (၈)ယောက်အထက် မိသားစုတိုင်းနဲ့ ဆိုင်တယ်လို့ သူတို့က ဆိုပါတယ်။ သူတို့မြို့လေး အခုလိုအထက်တန်းကျကျ၊ မျက်နှာပန်း လှလာစေရေးအတွက် သူတို့မျိုးဆက်ကအများကြီး စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ပေးခဲ့ကြလို့ အဲဒီမျိုးဆက်
အားလုံးကို ဒီဂုဏ်ပုဒ်နဲ့ ဂုဏ်ပြုချင်တယ်လို့ သူတို့က ပြောပြပါတယ်။ ဒီမောင်နှမတွေဟာ အသက်တွေလည်း ကြီးလှပြီဆိုတော့အောက်မေ့ အမှတ်ရစရာတွေလည်း အများကြီးရှိတာပေါ့။ ငယ်ငယ်တုန်းကဆိုရင် စာတွေ အတူကျက်ကြ၊ အလုပ်တွေ အတူလုပ်ကြပါသတဲ့။ ပွဲတော်တွေ၊ အကပွဲတွေဟာ သူတို့ငယ်ဘဝမမေ့နိုင်စရာ အမှတ်တရတွေပါတဲ့။

"ဟိုးငယ်ငယ်တုန်းကဆိုရင်ဒီကျွန်းရဲ့ မြို့တော် လပမ်မာ (La Palma) ကို မောင်နှမ တတွေအတူသွားခဲ့တာ ပျော်စရာကြီးပဲ။ မှတ်မှတ်ရရ အဲဒီတုန်းကဆိုရင်နို့စားနွားမကြီးတွေကိုပါ ခေါ်သွားခဲ့ကြတာ။ မြို့တက်ရင်းနဲ့ လမ်းမှာလည်းတစ်အိမ်ဝင်၊ တစ်အိမ်ထွက် နွားနို့ညှစ်ရောင်းကြတာလေ"လို့ ကမ္ဘာ့စံချိန်တင် ဘိုးဘိုးဘွားဘွားတွေက ပြောပြပါတယ်။

"ကလေးဘဝတုန်းကဆိုရင် ညစာလည်း အမြဲအတူစားကြတယ်။ လယ်ထဲဆင်းပြီး အလုပ်လုပ်ရင်လည်း အတူတူပဲ။ ဘယ်သူမှ ရေသာမခိုဘူး။ ဒီလိုဘာလုပ်လုပ်အတူ လုပ်တဲ့ အကျင့်က ကြီးတဲ့အထိပါလာတယ်။ အဘိုးတို့မောင်နှမတွေတစ်ခါမှ ခွန်း ကြီးခွန်းငယ် ရန်မဖြစ်ဖူးဘူး။ တစ်ယောက်ကိုတစ်ယောက်အခုထက်ထိ ချစ်ချစ်ခင်ခင်ပဲ။ တစ်ယောက်ကိုတစ်ယောက် အမြဲဖေးမကူညီကြတယ်"လို့ သူတို့က ပြောပြသွားပါသေးတယ်။

"ဟိုး အဘွားတို့ငယ်ငယ်တုန်းကဆို နည်းပညာကလည်း မရှိ၊အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ရထားတွေလည်း မရှိ၊ဆရာဝန်ဆိုတာလည်း အင်မတန် ရှားတော့ အတော် ဒုက္ခများခဲ့ရတာပေါ့။ သွားရေးလာရေး သိပ်ခက်တော့ ကျောင်းလေး တစ်ခါ တက်ရဖို့၊ စားစရာလေးတစ်ခု သွားဝယ်ရဖို့ဆိုတာ သိပ်ခက်တာပဲ"လို့ သူတို့က ရှေးဟောင်းနှောင်းဖြစ်တွေ ဖောက်သည်ချသွားပါသေးတယ်။ "အဲဒီတုန်းကဆိုရင်
ဂျုံပင်တွေ ကိုယ့်ဟာကိုယ် စိုက်၊ ကိုယ့်ဟာကိုယ် ရိတ်ပြီး ဂျုံစက်ကိုသွားပို့ခဲ့ရတာ။ ပြီးတော့မှ အိမ်မှာ ပေါင်မုန့် ဖုတ်စားရတာ။ အဝတ်အစားဆိုရင်လည်း ကိုယ့်ဟာကိုယ် လုပ်ရတာပဲ။ အစစအရာရာ ဘာမှရယ်ဒီမိတ်ဆိုတာ မရှိဘူး။ ကိုယ့်အိမ်မှာပဲ အကုန် ကိုယ့်ဘာသာ လုပ်ရတာ"လို့ သူတို့က ပြောပြသွားပါသေးတယ်။

အခုတော့ သူတို့မျိုးဆက်တုန်းက လူတွေရဲ့ ကောင်းမှုနဲ့သူတို့မြို့လေး အင်မတန် တိုးတက်ဖွံ့ဖြိုးနေပါပြီ။

zawgyi version
"ဘိုးဘိုးဘြားဘြား (၁၂)ေယာက္က စုစုေပါင္းအသက္ (၁ဝ၅၈)ႏွစ္နဲ႔ ကမာၻ႔အသက္အႀကီးဆုံး ေမာင္ႏွမေတြအျဖစ္ စံခ်ိန္တင္" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေအာက္တိုဘာ ၂၅

စပိန္ႏိုင္ငံ၊ ဂရန္ကနာရီယာကြၽန္း (Gran Canaria) ေပၚက မိုယာ(Moya) ဆိုတဲ့ၿမိဳ႕ ေလးမွာ အင္မတန္ကိုမွ ထူးျခားတဲ့မိသားစုႀကီးတစ္စု ေနထိုင္ပါတယ္။ ဟာနန္ဒက္ဇ္ ပီရက္ဇ္ (Hernandez-Perez)ဆိုတဲ့မိသားစုႀကီးက ေမာင္ႏွမရင္းခ်ာ(၁၂)ေယာက္ လုံးဟာ အခုထက္ထိသက္ရွိထင္ရွား ရွိေနၾကတုန္းျဖစ္ၿပီး သူတို႔ (၁၂)ေယာက္ရဲ႕
စုစုေပါင္းအသက္ဟာ (၁ဝ၅၈)ႏွစ္ပါ။ သူတို႔ အခုတင္လိုက္တဲ့ စံခ်ိန္ဟာအရင္ စံခ်ိန္ရွင္ေဟာင္း မိသားစုထက္ (၁၆) ႏွစ္ေတာင္မ်ားပါတယ္။

ဒီစပိန္ ေမာင္ႏွမ (၁၂)ေယာက္ဟာ မိုဒက္စ္တိုဟာနန္ဒက္ဇ္ (Modesto Hernandez) နဲ႔ မာတီနာ ပါရက္ဇ္ (Martina Perez) ဆိုတဲ့မိဘႏွစ္ပါးကေန ေမြးဖြားလာၾကတာပါ။ သူတို႔ရဲ႕မိဘႏွစ္ပါးဟာလည္း အခု သူတို႔ (၁၂)ေယာက္လုံးေန ထိုင္ေနၾကတဲ့ မိုယာ (Moya)ဆိုတဲ့ ၿမိဳ႕ေလးကပါပဲ။ ဒီေမာင္ႏွမ (၁၂)ေယာက္အုပ္စုႀကီးထဲမွာ ေယာက္်ားေလး(၇)ေယာက္၊ မိန္းကေလး (၅)ေယာက္ပါ။ အခုဆိုရင္ေတာ့ သူတို႔အသက္ေတြဟာ (၇၆) ႏွစ္ကေန (၉၈)ႏွစ္ၾကားေပါ့။ အသက္ေတြသာ အင္မတန္ႀကီးရင့္ေနၾကၿပီဆိုေပမယ့္ သူတို႔ဟာ အခုထက္ထိ ခ်စ္ခ်စ္ခင္ခင္ရွိေနတုန္းပါပဲ။ သူတို႔ထဲမွာအႀကီးဆုံးျဖစ္တဲ့ ဂ်ိဳ႕စ္နန္ဒက္ဇ္ပီရက္ဇ္ (Jose Hernandez-Perez)ဟာ ၁၉၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ၃ဝ ရက္မွာ ေမြးတာပါ။ သူတို႔အေမေဒၚ ရွင္ေမြးလြန္းဟာ ဂ်ိဳ႕စ္ နန္ဒက္ဇ္ပီရက္ဇ္ ကေနစလို႔ တစ္ႏွစ္တစ္ေယာက္၊
ႏွစ္ႏွစ္ တစ္ေယာက္၊ သုံးႏွစ္တစ္ေယာက္နဲ႔ မွန္မွန္ႀကီး ေမြးလာလိုက္တာ ၁၉၄၆ ခုႏွစ္၊ ဧၿပီလ ၄ ရက္ ေနာက္ပိုင္းက်မွ ကေလးေမြးတာ ရပ္သြားပါေတာ့သတဲ့။

သူတို႔အေမက အငယ္ဆုံးသား လူးဝစ္ (Luis)ကို ၁၉၄၆ ခုႏွစ္၊ ဧၿပီလ ၄ ရက္မွာ ေမြးခဲ့တာေလ။ အခုဆိုရင္ အဲဒီအငယ္ဆုံးေတာင္ အသက္ (၇၆)ႏွစ္ရွိသြားပါၿပီ။ သူတို႔ေမာင္ႏွမ (၁၂)ေယာက္ဟာ ကမာၻ႔အသက္အႀကီးဆုံး ေမာင္ႏွမေတြအျဖစ္ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလထဲမွာ တရားဝင္ အသိအမွတ္ျပဳခံရတာပါ။ ဒီလို ကမာၻ႔စံခ်ိန္ခ်ိဳးလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့မိဘူးလို႔သူတို႔ေတြက ဆိုပါတယ္။

"ပါကစၥတန္ႏိုင္ငံက သက္ရွိထင္ရွား ေမာင္ႏွမ ၁၂ ေယာက္ရဲ႕စုစုေပါင္းအသက္က ႏွစ္ေပါင္း ၁ဝဝဝ ေက်ာ္တယ္လို႔ သတင္းစာထဲမွာဖတ္လိုက္ရေတာ့ ငါတို႔ေမာင္ႏွမေတြဆိုရင္ ဒီ့ထက္ အသက္အမ်ားႀကီးႀကီးတာပဲဆိုၿပီး ဂင္းနစ္ကမာၻ႔မွတ္တမ္းျပဳစုေရးအဖြဲ႕ကိုဆက္သြယ္လိုက္တယ္ သူတို႔က ျပန္ေျပာျပပါတယ္။ အခုဒီလိုကမာၻ႔ စံခ်ိန္တင္ႏိုင္သြားေတာ့ ေမာင္ႏွမေတြ ပိုလို႔ေတာင္ စည္းလုံးသြားၾကေသးတယ္"လို႔ သူတို႔က ဆက္ေျပာသြားပါေသးတယ္။

ဒါေပမဲ့ဒီကမာၻ႔စံခ်ိန္ဟာ သူတို႔ေမာင္ႏွမေတြနဲ႔တင္ ဆိုင္တာမဟုတ္ဘဲဒီၿမိဳ႕ေပၚက ေမာင္ႏွမ (၈)ေယာက္အထက္ မိသားစုတိုင္းနဲ႔ ဆိုင္တယ္လို႔ သူတို႔က ဆိုပါတယ္။ သူတို႔ၿမိဳ႕ေလး အခုလိုအထက္တန္းက်က်၊ မ်က္ႏွာပန္း လွလာေစေရးအတြက္ သူတို႔မ်ိဳးဆက္ကအမ်ားႀကီး စြန႔္လႊတ္အနစ္နာခံ ေဆာင္႐ြက္ေပးခဲ့ၾကလို႔ အဲဒီမ်ိဳးဆက္
အားလုံးကို ဒီဂုဏ္ပုဒ္နဲ႔ ဂုဏ္ျပဳခ်င္တယ္လို႔ သူတို႔က ေျပာျပပါတယ္။ ဒီေမာင္ႏွမေတြဟာ အသက္ေတြလည္း ႀကီးလွၿပီဆိုေတာ့ေအာက္ေမ့ အမွတ္ရစရာေတြလည္း အမ်ားႀကီးရွိတာေပါ့။ ငယ္ငယ္တုန္းကဆိုရင္ စာေတြ အတူက်က္ၾက၊ အလုပ္ေတြ အတူလုပ္ၾကပါသတဲ့။ ပြဲေတာ္ေတြ၊ အကပြဲေတြဟာ သူတို႔ငယ္ဘဝမေမ့ႏိုင္စရာ အမွတ္တရေတြပါတဲ့။

"ဟိုးငယ္ငယ္တုန္းကဆိုရင္ဒီကြၽန္းရဲ႕ ၿမိဳ႕ေတာ္ လပမ္မာ (La Palma) ကို ေမာင္ႏွမ တေတြအတူသြားခဲ့တာ ေပ်ာ္စရာႀကီးပဲ။ မွတ္မွတ္ရရ အဲဒီတုန္းကဆိုရင္ႏို႔စားႏြားမႀကီးေတြကိုပါ ေခၚသြားခဲ့ၾကတာ။ ၿမိဳ႕တက္ရင္းနဲ႔ လမ္းမွာလည္းတစ္အိမ္ဝင္၊ တစ္အိမ္ထြက္ ႏြားႏို႔ညႇစ္ေရာင္းၾကတာေလ"လို႔ ကမာၻ႔စံခ်ိန္တင္ ဘိုးဘိုးဘြားဘြားေတြက ေျပာျပပါတယ္။

"ကေလးဘဝတုန္းကဆိုရင္ ညစာလည္း အၿမဲအတူစားၾကတယ္။ လယ္ထဲဆင္းၿပီး အလုပ္လုပ္ရင္လည္း အတူတူပဲ။ ဘယ္သူမွ ေရသာမခိုဘူး။ ဒီလိုဘာလုပ္လုပ္အတူ လုပ္တဲ့ အက်င့္က ႀကီးတဲ့အထိပါလာတယ္။ အဘိုးတို႔ေမာင္ႏွမေတြတစ္ခါမွ ခြန္း ႀကီးခြန္းငယ္ ရန္မျဖစ္ဖူးဘူး။ တစ္ေယာက္ကိုတစ္ေယာက္အခုထက္ထိ ခ်စ္ခ်စ္ခင္ခင္ပဲ။ တစ္ေယာက္ကိုတစ္ေယာက္ အၿမဲေဖးမကူညီၾကတယ္"လို႔ သူတို႔က ေျပာျပသြားပါေသးတယ္။

"ဟိုး အဘြားတို႔ငယ္ငယ္တုန္းကဆို နည္းပညာကလည္း မရွိ၊အမ်ားျပည္သူသုံး ဘတ္စ္ကားေတြ၊ ရထားေတြလည္း မရွိ၊ဆရာဝန္ဆိုတာလည္း အင္မတန္ ရွားေတာ့ အေတာ္ ဒုကၡမ်ားခဲ့ရတာေပါ့။ သြားေရးလာေရး သိပ္ခက္ေတာ့ ေက်ာင္းေလး တစ္ခါ တက္ရဖို႔၊ စားစရာေလးတစ္ခု သြားဝယ္ရဖို႔ဆိုတာ သိပ္ခက္တာပဲ"လို႔ သူတို႔က ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေဖာက္သည္ခ်သြားပါေသးတယ္။ "အဲဒီတုန္းကဆိုရင္
ဂ်ဳံပင္ေတြ ကိုယ့္ဟာကိုယ္ စိုက္၊ ကိုယ့္ဟာကိုယ္ ရိတ္ၿပီး ဂ်ဳံစက္ကိုသြားပို႔ခဲ့ရတာ။ ၿပီးေတာ့မွ အိမ္မွာ ေပါင္မုန႔္ ဖုတ္စားရတာ။ အဝတ္အစားဆိုရင္လည္း ကိုယ့္ဟာကိုယ္ လုပ္ရတာပဲ။ အစစအရာရာ ဘာမွရယ္ဒီမိတ္ဆိုတာ မရွိဘူး။ ကိုယ့္အိမ္မွာပဲ အကုန္ ကိုယ့္ဘာသာ လုပ္ရတာ"လို႔ သူတို႔က ေျပာျပသြားပါေသးတယ္။

အခုေတာ့ သူတို႔မ်ိဳးဆက္တုန္းက လူေတြရဲ႕ ေကာင္းမႈနဲ႔သူတို႔ၿမိဳ႕ေလး အင္မတန္ တိုးတက္ဖြံ႕ၿဖိဳးေနပါၿပီ။

Related news

© 2021. All rights reserved.