မြန်မာနိုင်ငံတွင် တတိယမြောက်ဖြစ်လာမည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မှု (၉၅)ရာခိုင်နှုန်းပြီးစီး

1198

ယွန်း (NP News) - အောက်တိုဘာ ၂၇
မြေဧက(၈ဝ)ပေါ်တွင်တည်ဆောက်နေသည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်း အင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၉၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အောက်တို ဘာလ(၂၅)ရက်တွင် အဆိုပါနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံအား သွားရောက်စဉ်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်နိုင်ကြောင်း ဒေါက်တာအောင်ဇေယျမှ ဆိုသည်။
တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေး တိုင်း၊ မြစ်သားမြို့နယ်၊ သံရွာအနီးရှိ မြေဧရိယာ ဧက(၂ဝဝ)အနက်မှ ဧက(၈ဝ)ပေါ်တွင် Green Power Energy Co., Ltd. ကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာနမှသိရသည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည်ဖော်ပြီးစီးမည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံတစ်ရုံလည်းဖြစ်သည်။
၎င်းဓာတ်အားပေးစက်ရုံကို ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ တည်ဆောက်ခဲ့ပြီး လက်ရှိတွင် စီမံကိန်းပြီးစီးမှုမှာ (၉၅) ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မကြာမီအချိန်အတွင်း စက်ရုံစတင်လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း(၄၅)သန်း ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်ဇေယျမှဆိုသည်။
ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို (၃၃)ကေဗွီကောင်းကင် ဓာတ်အားလိုင်းဖြင့် (၁၃၂) ကေဗွီ တောင်တော်ကွင်းဓာတ်အားရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြေဧက(၂ဝဝ)အနက်မှ ကျန်ရှိနေသည့် မြေနေရာများတွင် ထပ်မံတိုးချဲ့တပ်ဆင်မှုများ ရှိလာနိုင်ခြင်းကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားရန် ဒေါက်တာအောင်ဇေယျမှ ပြောသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ၂ဝ၁၉ ခုနှစ် ဇွန်လ(၂၇)ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ တတိယေျမာက္ျဖစ္လာမည့္ ေတာင္ေတာ္ကြင္း ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံ စီမံကိန္းတည္ေဆာက္မႈ (၉၅)ရာခိုင္ႏႈန္းၿပီးစီး
ယြန္း (NP News) - ေအာက္တိုဘာ ၂၇
ေျမဧက(၈ဝ)ေပၚတြင္တည္ေဆာက္ေနသည့္ ေတာင္ေတာ္ကြင္း ေနေရာင္ျခည္စြမ္း အင္သုံးဓာတ္အားေပးစက္႐ုံ စီမံကိန္း (၉၅)ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ေဇယ်က ေအာက္တို ဘာလ(၂၅)ရက္တြင္ အဆိုပါေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံအား သြားေရာက္စဥ္က အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္အရင္းအျမစ္မ်ားမွ လွ်ပ္စစ္ဓာတ္အား ထုတ္ယူသုံးစြဲျခင္းသည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား၏ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဖာ္ေဆာင္ႏိုင္ေၾကာင္း ေဒါက္တာေအာင္ေဇယ်မွ ဆိုသည္။
ေတာင္ေတာ္ကြင္း ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံသည္ မႏၲေလး တိုင္း၊ ျမစ္သားၿမိဳ႕နယ္၊ သံ႐ြာအနီးရွိ ေျမဧရိယာ ဧက(၂ဝဝ)အနက္မွ ဧက(၈ဝ)ေပၚတြင္ Green Power Energy Co., Ltd. ကအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ စီမံကိန္းတစ္ခုျဖစ္ေၾကာင္း ဝန္ႀကီးဌာနမွသိရသည္။
အဆိုပါစီမံကိန္းသည္ ျမန္မာႏိုင္ငံတြင္ တတိယေျမာက္ အေကာင္အထည္ေဖာ္ၿပီးစီးမည့္ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပး စက္႐ုံတစ္႐ုံလည္းျဖစ္သည္။
၎ဓာတ္အားေပးစက္႐ုံကို ၂ဝ၂၁ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္၍ တည္ေဆာက္ခဲ့ၿပီး လက္ရွိတြင္ စီမံကိန္းၿပီးစီးမႈမွာ (၉၅) ရာခိုင္ႏႈန္းရွိၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မၾကာမီအခ်ိန္အတြင္း စက္႐ုံစတင္လည္ပတ္ႏိုင္မည္ျဖစ္ၿပီး တစ္ႏွစ္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီ သန္းေပါင္း(၄၅)သန္း ထုတ္လုပ္ေပးသြားမည္ျဖစ္ေၾကာင္း ေဒါက္တာေအာင္ေဇယ်မွဆိုသည္။
ထြက္ရွိလာသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို (၃၃)ေကဗြီေကာင္းကင္ ဓာတ္အားလိုင္းျဖင့္ (၁၃၂) ေကဗြီ ေတာင္ေတာ္ကြင္းဓာတ္အား႐ုံမွတစ္ဆင့္ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ပို႔လႊတ္ျဖန႔္ျဖဴးေပးသြားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေျမဧက(၂ဝဝ)အနက္မွ က်န္ရွိေနသည့္ ေျမေနရာမ်ားတြင္ ထပ္မံတိုးခ်ဲ႕တပ္ဆင္မႈမ်ား ရွိလာႏိုင္ျခင္းေၾကာင့္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စီမံေဆာင္႐ြက္သြားရန္ ေဒါက္တာေအာင္ေဇယ်မွ ေျပာသည္။
ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကို မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္တြင္ ၂ဝ၁၉ ခုႏွစ္ ဇြန္လ(၂၇)ရက္က စတင္ဖြင့္လွစ္ခဲ့ၿပီး ဒုတိယေျမာက္ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံကို မႏၲေလး တိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၊ သေျပဝေက်း႐ြာအနီးတြင္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ (၅)ရက္က စတင္ဖြင့္လွစ္ခဲ့သည္။