ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ တရုတ်နဲ့အမေရိကန်တို့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်အောင် နည်းလမ်းရှာရမယ်လို့ သမ္မတရှီကျင့်ဖျင့်ပြော

 655

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂၇

တရုတ်သမ္မတရှီကျင့်ဖျင့်က တရုတ် နဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ရရှိအောင် အတူတကွလုပ်ဆောင်နိုင်ဖို့ နည်းလမ်းရှာသွားရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ဟာ ရှင်ကျန်းဒေသရှိ လူအခွင့်အရေးအခြေအနေများ၊ ဟောင်ကောင်ရှိ ဒီမိုကရေစီလှုပ်ရှား မှုများကို ဖြိုခွင်းမှုများ၊ ထိုင်ဝမ်ရဲ့ကိုယ်ပိုင်လွတ်လပ်ရေးကြိုးပမ်းမှုများနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမှုများ ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ရှီကျင့်ဖျင့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် တတိယအကြိမ် မြောက် ထပ်မံရွေးချယ်ခံရပြီး သမ္မတအဖြစ် နောက်ထပ် ငါးနှစ် တာဝန်ယူခွင့်ရမှာလည်းဖြစ်ပါတယ်။

တရုတ်သမ္မတက "ယနေ့ ကမ္ဘာကြီးဟာ ငြိမ်းချမ်းတာမျိုး မရှိပါဘူး။ တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန်ဆက်ဆံရေးတိုးတက်ကောင်းမွန်ခြင်းဟာ ကမ္ဘာကြီးတည်ငြိမ်ရေး၊ ကမ္ဘာငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ရေးကို အကူအညီပေးနိုင်ဖွယ်ရှိပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်ကို အပြန်အလှန်လေးစားမှုနဲ့ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံဟာ ခေတ်သစ်မှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ပိုမိုကောင်းမွန်အောင် နည်းလမ်းရှာသွားရ မယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ ကောင်းမွန်ခြင်းက နှစ်နိုင်ငံစလုံး အတွက် အကျိုးစီးပွားဖြစ်ရုံသာမက ကမ္ဘာနိုင်ငံတွေလည်းအကျိုးစီးပွားဖြစ်လာမှာဖြစ်တယ်" လို့ပြောပါတယ်။

အမေရိကန်အစိုးရအဖွဲ့က တရုတ်နိုင်ငံဟာ နိုင်ငံတကာရေးရာကိစ္စများ၊ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေးနဲ့ နည်းပညာပိုင်းကဏ္ဍတွေမှာ အမေရိကန်နိုင်ငံရဲ့တစ်ခုတည်းသော ပြိုင်ဘက်နိုင်ငံဖြစ်နေကြောင်း ဒီလ အစောပိုင်းတုန်းက ပြောခဲ့ဖူးပါတယ်။

Zawgyi Version;
ကမာၻႀကီးၿငိမ္းခ်မ္းေစဖို႔ တ႐ုတ္နဲ႔အေမရိကန္တို႔ အတူတကြပူးေပါင္းေဆာင္႐ြက္ႏိုင္ေအာင္ နည္းလမ္းရွာရမယ္လို႔ သမၼတရွီက်င့္ဖ်င့္ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာလ ၂၇

တ႐ုတ္သမၼတရွီက်င့္ဖ်င့္က တ႐ုတ္ နဲ႔ အေမရိကန္တို႔ဟာ ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ ရရွိေအာင္ အတူတကြလုပ္ေဆာင္ႏိုင္ဖို႔ နည္းလမ္းရွာသြားရမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္တို႔ဟာ ရွင္က်န္းေဒသရွိ လူအခြင့္အေရးအေျခအေနမ်ား၊ ေဟာင္ေကာင္ရွိ ဒီမိုကေရစီလႈပ္ရွား မႈမ်ားကို ၿဖိဳခြင္းမႈမ်ား၊ ထိုင္ဝမ္ရဲ႕ကိုယ္ပိုင္လြတ္လပ္ေရးႀကိဳးပမ္းမႈမ်ားနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကား တင္းမႈမ်ား ထိပ္တိုက္ေတြ႕ဆုံမႈမ်ား ရွိေနခဲ့တယ္လို႔ သိရပါတယ္။

ရွီက်င့္ဖ်င့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ေခါင္းေဆာင္အျဖစ္ တတိယအႀကိမ္ ေျမာက္ ထပ္မံေ႐ြးခ်ယ္ခံရၿပီး သမၼတအျဖစ္ ေနာက္ထပ္ ငါးႏွစ္ တာဝန္ယူခြင့္ရမွာလည္းျဖစ္ပါတယ္။

တ႐ုတ္သမၼတက "ယေန႔ ကမာၻႀကီးဟာ ၿငိမ္းခ်မ္းတာမ်ိဳး မရွိပါဘူး။ တ႐ုတ္နဲ႔ အေမရိကန္ၾကား ပူးေပါင္း ေဆာင္႐ြက္မႈ၊ အျပန္အလွန္ဆက္ဆံေရးတိုးတက္ေကာင္းမြန္ျခင္းဟာ ကမာၻႀကီးတည္ၿငိမ္ေရး၊ ကမာၻၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး တိုးျမႇင့္ေရးကို အကူအညီေပးႏိုင္ဖြယ္ရွိပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ကို အျပန္အလွန္ေလးစားမႈနဲ႔ေဆာင္႐ြက္သြားဖို႔ ဆႏၵရွိပါတယ္။ အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံဟာ ေခတ္သစ္မွာ အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ေရး ပိုမိုေကာင္းမြန္ေအာင္ နည္းလမ္းရွာသြားရ မယ္။ တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကား အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈေတြ ေကာင္းမြန္ျခင္းက ႏွစ္ႏိုင္ငံစလုံး အတြက္ အက်ိဳးစီးပြားျဖစ္႐ုံသာမက ကမာၻႏိုင္ငံေတြလည္းအက်ိဳးစီးပြားျဖစ္လာမွာျဖစ္တယ္" လို႔ေျပာပါတယ္။

အေမရိကန္အစိုးရအဖြဲ႕က တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံတကာေရးရာကိစၥမ်ား၊ စီးပြားေရး၊ သံတမန္ေရး၊ စစ္ေရးနဲ႔ နည္းပညာပိုင္းက႑ေတြမွာ အေမရိကန္ႏိုင္ငံရဲ႕တစ္ခုတည္းေသာ ၿပိဳင္ဘက္ႏိုင္ငံျဖစ္ေနေၾကာင္း ဒီလ အေစာပိုင္းတုန္းက ေျပာခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.