"ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆူနက်ခ် အပါအဝင် ထူးချွန်ထင်ရှားလှတဲ့ အိန္ဒိယနွယ်ဖွားတွေ" (ထူးခြားသုတဆောင်းပါး)

 686

ဝတီ (NP News) - အောက်တိုဘာ ၂၉

လစ်ဇ်ထရပ်စ် (Liz Truss)ဟာ ဗြိတိသျှ ဝန်ကြီးချုပ်နေရာမှာတာဝန်ထမ်းဆောင်တာ နှစ်လတောင် မပြည့်သေးချိန်မှာပဲ ရာထူးကနုတ်ထွက်လိုက်လို့ ရီရှီဆူနက်ခ် (Rishi Sunak) က ဝန်ကြီးချုပ်အသစ်ဖြစ်လာပါပြီ။ ဗြိတိသျှ ဝန်ကြီးချုပ်နေရာအတွက် ရီရှီဆူနက်ခ် နဲ့ လစ်ဇ်ထရပ်စ်စက်တင်ဘာလမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြတုန်းက ရီရှီဆူနက်ခ် ရှုံးသွားခဲ့တာပါ။ ဒါပေမဲ့ လစ်ဇ်ထရပ်စ် နုတ်ထွက်တော့မယ်ဆိုတော့ အဲဒီနေရာအတွက် သူထပ်ပြိုင်တာ ပါတီဝင် အမတ်တွေရဲ့ ထောက်ခံမှုကို အချိန်တိုအတွင်း ရသွားပြီးဝန်ကြီးချုပ် ဖြစ်လာတော့တာပါ။ ဝန်ကြီးချုပ် ဖြစ် လာဖို့အတွက်ဆိုရင် အာဏာရပါတီက ပါတီဝင် အမတ်ပေါင်း အနည်းဆုံး ၁ဝဝ ရဲ့ ထောက်ခံမှုလိုပါတယ်။ အရင်က လစ်ဇ်ထရပ်စ်ကို မဲပေးထောက်ခံခဲ့ကြတဲ့ အမတ်တွေကပါ ဒီတစ်ကြိမ်မှာတော့ သူ့ကို ထောက်ခံခဲ့ကြတာပါ။ ငွေကြေးဖောင်းပွနေ တဲ့ ကာလမှာ ချေးငွေယူဖို့ လစ်ဇ်ထရပ်စ်က စီစဉ်ခဲ့ပြီး ဒီအစီအစဉ်ကြောင့် တိုင်း ပြည်စီးပွားရေး ကမောက်ကမ ဖြစ်သွားလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ရီရှီဆူနက်ခ် (Rishi Sunak)က ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် လစ်ဇ်ထရပ်စ်နဲ့ သူ အဲဒီတုန်းကအတော်လေး ငြင်းခုံခဲ့ရပါတယ်။

ရီရှီဆူနက်ခ်ရဲ့ မိဘတွေကတော့ အိန္ဒိယနွယ်ဖွားတွေဖြစ်ပြီး အရှေ့အာဖရိကကနေ ယူကေကို ပြောင်းလာခဲ့ကြသူတွေပါ။ သူဟာ ၁၉၈ဝ ခုနှစ်မှာ ဗြိတိန်မှာ မွေးတာပါ။ သူ့ဖခင်က ဆရာဝန်ဖြစ်ပြီး အမေက အရင်တုန်းကတော့ ဆေးဆိုင် ဖွင့်ပါတယ်။ သူဟာ ဝင်ချက်စ်တာကောလိပ်မှာ ဘော်ဒါဆောင်နေရင်း ပညာဆည်းပူးခဲ့ပြီး အဲဒီ နောက်မှာတော့ ကမ္ဘာကျော် အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီးမှာ ဒဿနိက ဗေဒ၊ နိုင်ငံ ရေးနဲ့ ဘောဂဗေဒ လေ့လာခဲ့ပါတယ်။ ဒါတင်မကအမေရိကက စတန်းဖို့ဒ်တက္က သိုလ် (Stanford University)မှာလည်း စီးပွားရေးပညာရပ်ကို သင်ယူခဲ့ပါသေးတယ်။ အခုတော့ သူကပထမဦးဆုံး အာရှနွယ်ဖွား ဗြိတိသျှ ဝန်ကြီးချုပ် ဖြစ်နေပါပြီ။ ဝန်ကြီးချုပ်သာ ဖြစ်နေပြီဆိုပေမယ့် သူ့ရဲ့ လွှတ်တော်အမတ် သက်တမ်းဟာ
အခုမှ ၇ နှစ်ပဲ ရှိသေးတာပါ။ သူဟာ အင်မတန် ထူးချွန်ထက်မြက်သူဖြစ်လို့
အမတ်သက်တမ်း ငါးနှစ်အတွင်းမှာပဲ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဖြစ်နေပြီဖြစ်တဲ့ ဘောရစ်ဂျွန်ဆင် (Boris Johnson) က ၂ဝ၂ဝ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သူ့ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ ဘောရစ်ဂျွန်ဆင်ရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမှုထမ်းတုန်းကဆိုရင် သူက လော့ခ်ဒေါင်းကာလ ငွေကြေးထောက်ပံ့မှုတွေအတွက် အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကုမ္ပဏီတွေက စီးပွားရေး မကောင်းလို့ ဝန်ထမ်း အင် အား ခေတ္တလျှော့တဲ့အနေနဲ့ ဝန်ထမ်းကို အချိန်ကာလတစ်ခုအထိ အလုပ် မဆင်းခိုင်းဘူးဆိုရင် အဲဒီအတွက် ဝန်ထမ်းက ထောက်ပံ့ကြေးရဖို့၊ ကိုဗစ်ကာလမှာလူတွေ က ကိုဗစ်ကြောက်ပြီး ဆိုင်မှာလာမစားကြလို့ "စားသောက်ဆိုင်တွေဆက်လက် ရပ်တည်နိုင်ဖို့ အပြင်ထွက်စားကြစို့" ဆိုတဲ့ လှုပ်ရှားမှုလုပ်ပေးတာ အစရှိတာတွေပါ။

အခုဆိုရင် နယ်ပယ်အစုံမှာ အိန္ဒိယနိုင်ငံသားတွေ၊ အိန္ဒိယနွယ်ဖွားတွေထိပ်တန်း ရောက်နေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်က ကမ္ဘာ့အဆင့်မီတာကြောင့်တစ်ကြောင်း၊ အိန္ဒိယနိုင်ငံသားတွေက အင်မတန် ကြိုးစားကြတာကြောင့်တစ်ကြောင်းတို့ကြောင့် အိန္ဒိယနိုင်ငံသားတွေ အခုလို ကမ္ဘာ့အလယ်မှာ ဝင့်ထည်နိုင်ကြတာပါ။ ထူးချွန်ထင်ရှားပြီး ထိပ်တန်းရောက်နေတဲ့ တခြား အိန္ဒိယနိုင်ငံသားတွေကို ကြည့်မယ် ဆိုရင်တော့ ဝေးဝေးလံလံ ကြည့်နေစရာ မလိုပါဘူး။ ရီရှီဆူနက်ခ် (Rishi Sunak)ဇနီးရဲ့ ဖခင် နရန်ယာနာ မာသီ(Narayana Murthy) ဟာ ဧရာမ အိန္ဒိယ နည်းပညာကုမ္ပဏီကြီးအင်ဖိုဆက်စ် (Infosys)ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်လို့
အခုဆိုရင် သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံလောက်ရှိပါတယ်။ သူ့သားမက် ပထမဦးဆုံး အာရှနွယ်ဖွား ဗြိတိသျှ ဝန်ကြီးချုပ်ဖြစ်လာလို့ သိပ်ဂုဏ်ယူတယ်လို့ သူက ဆိုပါတယ်။ ပူပူနွေးနွေး ဗြိတိသျှ ဝန်ကြီးချုပ်သစ်ရဲ့ဇနီးကတော့ ဒီအိန္ဒိယ ဘီလျံနာသူဋ္ဌေးကြီးရဲ့ သမီးပဲပေါ့။ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဘဏ်ကြီးတစ်ခုမှာ ထိပ်တန်းရာထူး ယူထားခဲ့သူဖြစ်တော့ အင်မတန်ချမ်းသာကြွယ်ဝပါတယ်။ ဒါကြောင့် သူနဲ့သူ့ဇနီး အင်ခ်ရှာတာ မာသီ(Akshata Murthy)ရဲ့ စုစုပေါင်း ချမ်းသာကြွယ်ဝမှုဟာ ပေါင် သန်း ၇၃ဝ လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်သူ ဟာ လွှတ်တော်အမတ်ဘဝကတည်းက အချမ်းသာဆုံးလွှတ်တော်အမတ်တွေထဲမှာ ပါတာပါ။

တခြား ထူးချွန်ထင်ရှားလှတဲ့ အိန္ဒိယနွယ်ဖွားတွေကို ပြောရမယ်ဆိုရင်တော့ ဆန်ဒါ ပီချိုင်(Sunder Pichai) ပါပဲ။ သူက ၂ဝ၁၅ ခုနှစ်မှာ ဂူဂဲလ်ရဲ့စီအီးအို ဖြစ်လာပြီး ၂ဝ၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ ဂူဂဲလ်ရဲ့မိခင်ကုမ္ပဏီ အယ်လ်ဖာဘက်တ် (Alphabet)ရဲ့ စီအီးအိုဖြစ်လာပါတော့တယ်။

မိုက်ခရိုဆော့ဖ်ရဲ့ စီအီးအိုကလည်းအိန္ဒိယနွယ်ဖွား ဆက်တ်ယာနဒယ်လာ (Satya Nadella) ဖြစ်ပြီး တွစ်တာရဲ့ စီအီးအိုဖြစ်ခဲ့တဲ့ ပရာ့ဂ်အက်ဂ်ရာဝယ်လ် (Parag Agrawal) ကလည်း အိန္ဒိယနွယ်ဖွားပဲဆိုပေမယ့် Chanel ကုမ္ပဏီကြီးရဲ့ စီအီးအို လီနာနဲ (Leena Nair)ကတော့ ပိုလို့တောင် အားကျစရာ၊ စိတ်ဝင်စားစရာ ကောင်းပါသေးတယ်။သူ က အမျိုးသမီး ဖြစ်နေပေမယ့် ဒီလိုကုမ္ပဏီကြီးမှာ စီအီးအိုဖြစ်လာတာလေ။ သူက Chanel ကုမ္ပဏီကြီးရဲ့ အသက်အငယ်ဆုံး၊ပထမဦးဆုံး အမျိုးသမီး စီအီးအို ဖြစ်လာတာပါ။

zawgyi version
"ၿဗိတိန္ဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ ဆူနက္ခ္ အပါအဝင္ ထူးခြၽန္ထင္ရွားလွတဲ့ အိႏၵိယႏြယ္ဖြားေတြ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေအာက္တိုဘာ ၂၉

လစ္ဇ္ထရပ္စ္ (Liz Truss)ဟာ ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ေနရာမွာတာဝန္ထမ္းေဆာင္တာ ႏွစ္လေတာင္ မျပည့္ေသးခ်ိန္မွာပဲ ရာထူးကႏုတ္ထြက္လိုက္လို႔ ရီရွီဆူနက္ခ္ (Rishi Sunak) က ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာပါၿပီ။ ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ရီရွီဆူနက္ခ္ နဲ႔ လစ္ဇ္ထရပ္စ္စက္တင္ဘာလမွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ၾကတုန္းက ရီရွီဆူနက္ခ္ ရႈံးသြားခဲ့တာပါ။ ဒါေပမဲ့ လစ္ဇ္ထရပ္စ္ ႏုတ္ထြက္ေတာ့မယ္ဆိုေတာ့ အဲဒီေနရာအတြက္ သူထပ္ၿပိဳင္တာ ပါတီဝင္ အမတ္ေတြရဲ႕ ေထာက္ခံမႈကို အခ်ိန္တိုအတြင္း ရသြားၿပီးဝန္ႀကီးခ်ဳပ္ ျဖစ္လာေတာ့တာပါ။ ဝန္ႀကီးခ်ဳပ္ ျဖစ္ လာဖို႔အတြက္ဆိုရင္ အာဏာရပါတီက ပါတီဝင္ အမတ္ေပါင္း အနည္းဆုံး ၁ဝဝ ရဲ႕ ေထာက္ခံမႈလိုပါတယ္။ အရင္က လစ္ဇ္ထရပ္စ္ကို မဲေပးေထာက္ခံခဲ့ၾကတဲ့ အမတ္ေတြကပါ ဒီတစ္ႀကိမ္မွာေတာ့ သူ႔ကို ေထာက္ခံခဲ့ၾကတာပါ။ ေငြေၾကးေဖာင္းပြေန တဲ့ ကာလမွာ ေခ်းေငြယူဖို႔ လစ္ဇ္ထရပ္စ္က စီစဥ္ခဲ့ၿပီး ဒီအစီအစဥ္ေၾကာင့္ တိုင္း ျပည္စီးပြားေရး ကေမာက္ကမ ျဖစ္သြားလိမ့္မယ္လို႔ ဘ႑ာေရးဝန္ႀကီးျဖစ္တဲ့ ရီရွီဆူနက္ခ္ (Rishi Sunak)က ေဟာကိန္းထုတ္ခဲ့ပါတယ္။ ဒါေၾကာင့္ လစ္ဇ္ထရပ္စ္နဲ႔ သူ အဲဒီတုန္းကအေတာ္ေလး ျငင္းခုံခဲ့ရပါတယ္။

ရီရွီဆူနက္ခ္ရဲ႕ မိဘေတြကေတာ့ အိႏၵိယႏြယ္ဖြားေတြျဖစ္ၿပီး အေရွ႕အာဖရိကကေန ယူေကကို ေျပာင္းလာခဲ့ၾကသူေတြပါ။ သူဟာ ၁၉၈ဝ ခုႏွစ္မွာ ၿဗိတိန္မွာ ေမြးတာပါ။ သူ႔ဖခင္က ဆရာဝန္ျဖစ္ၿပီး အေမက အရင္တုန္းကေတာ့ ေဆးဆိုင္ ဖြင့္ပါတယ္။ သူဟာ ဝင္ခ်က္စ္တာေကာလိပ္မွာ ေဘာ္ဒါေဆာင္ေနရင္း ပညာဆည္းပူးခဲ့ၿပီး အဲဒီ ေနာက္မွာေတာ့ ကမာၻေက်ာ္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ႀကီးမွာ ဒႆနိက ေဗဒ၊ ႏိုင္ငံ ေရးနဲ႔ ေဘာဂေဗဒ ေလ့လာခဲ့ပါတယ္။ ဒါတင္မကအေမရိကက စတန္းဖို႔ဒ္တကၠ သိုလ္ (Stanford University)မွာလည္း စီးပြားေရးပညာရပ္ကို သင္ယူခဲ့ပါေသးတယ္။ အခုေတာ့ သူကပထမဦးဆုံး အာရွႏြယ္ဖြား ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ ျဖစ္ေနပါၿပီ။ ဝန္ႀကီးခ်ဳပ္သာ ျဖစ္ေနၿပီဆိုေပမယ့္ သူ႔ရဲ႕ လႊတ္ေတာ္အမတ္ သက္တမ္းဟာ
အခုမွ ၇ ႏွစ္ပဲ ရွိေသးတာပါ။ သူဟာ အင္မတန္ ထူးခြၽန္ထက္ျမက္သူျဖစ္လို႔
အမတ္သက္တမ္း ငါးႏွစ္အတြင္းမွာပဲ ဘ႑ာေရးဝန္ႀကီး ျဖစ္လာခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္ေနၿပီျဖစ္တဲ့ ေဘာရစ္ဂြၽန္ဆင္ (Boris Johnson) က ၂ဝ၂ဝ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ သူ႔ကို ဘ႑ာေရးဝန္ႀကီးအျဖစ္ ခန႔္အပ္လိုက္တာျဖစ္ပါတယ္။ ေဘာရစ္ဂြၽန္ဆင္ရဲ႕ ဘ႑ာေရးဝန္ႀကီးအျဖစ္ အမႈထမ္းတုန္းကဆိုရင္ သူက ေလာ့ခ္ေဒါင္းကာလ ေငြေၾကးေထာက္ပံ့မႈေတြအတြက္ အဓိကထားလုပ္ေဆာင္ခဲ့ပါတယ္။ ဥပမာအားျဖင့္ဆိုရင္ ကုမၸဏီေတြက စီးပြားေရး မေကာင္းလို႔ ဝန္ထမ္း အင္ အား ေခတၱေလွ်ာ့တဲ့အေနနဲ႔ ဝန္ထမ္းကို အခ်ိန္ကာလတစ္ခုအထိ အလုပ္ မဆင္းခိုင္းဘူးဆိုရင္ အဲဒီအတြက္ ဝန္ထမ္းက ေထာက္ပံ့ေၾကးရဖို႔၊ ကိုဗစ္ကာလမွာလူေတြ က ကိုဗစ္ေၾကာက္ၿပီး ဆိုင္မွာလာမစားၾကလို႔ "စားေသာက္ဆိုင္ေတြဆက္လက္ ရပ္တည္ႏိုင္ဖို႔ အျပင္ထြက္စားၾကစို႔" ဆိုတဲ့ လႈပ္ရွားမႈလုပ္ေပးတာ အစရွိတာေတြပါ။

အခုဆိုရင္ နယ္ပယ္အစုံမွာ အိႏၵိယႏိုင္ငံသားေတြ၊ အိႏၵိယႏြယ္ဖြားေတြထိပ္တန္း ေရာက္ေနၾကပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ ပညာေရးစနစ္က ကမာၻ႔အဆင့္မီတာေၾကာင့္တစ္ေၾကာင္း၊ အိႏၵိယႏိုင္ငံသားေတြက အင္မတန္ ႀကိဳးစားၾကတာေၾကာင့္တစ္ေၾကာင္းတို႔ေၾကာင့္ အိႏၵိယႏိုင္ငံသားေတြ အခုလို ကမာၻ႔အလယ္မွာ ဝင့္ထည္ႏိုင္ၾကတာပါ။ ထူးခြၽန္ထင္ရွားၿပီး ထိပ္တန္းေရာက္ေနတဲ့ တျခား အိႏၵိယႏိုင္ငံသားေတြကို ၾကည့္မယ္ ဆိုရင္ေတာ့ ေဝးေဝးလံလံ ၾကည့္ေနစရာ မလိုပါဘူး။ ရီရွီဆူနက္ခ္ (Rishi Sunak)ဇနီးရဲ႕ ဖခင္ နရန္ယာနာ မာသီ(Narayana Murthy) ဟာ ဧရာမ အိႏၵိယ နည္းပညာကုမၸဏီႀကီးအင္ဖိုဆက္စ္ (Infosys)ကို ပူးတြဲတည္ေထာင္ခဲ့သူျဖစ္လို႔
အခုဆိုရင္ သူ႔ပိုင္ဆိုင္မႈဟာ ေဒၚလာ ၄ ဒသမ ၅ ဘီလ်ံေလာက္ရွိပါတယ္။ သူ႔သားမက္ ပထမဦးဆုံး အာရွႏြယ္ဖြား ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္ျဖစ္လာလို႔ သိပ္ဂုဏ္ယူတယ္လို႔ သူက ဆိုပါတယ္။ ပူပူေႏြးေႏြး ၿဗိတိသွ် ဝန္ႀကီးခ်ဳပ္သစ္ရဲ႕ဇနီးကေတာ့ ဒီအိႏၵိယ ဘီလ်ံနာသူေ႒းႀကီးရဲ႕ သမီးပဲေပါ့။ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ကလည္း ဘဏ္ႀကီးတစ္ခုမွာ ထိပ္တန္းရာထူး ယူထားခဲ့သူျဖစ္ေတာ့ အင္မတန္ခ်မ္းသာႂကြယ္ဝပါတယ္။ ဒါေၾကာင့္ သူနဲ႔သူ႔ဇနီး အင္ခ္ရွာတာ မာသီ(Akshata Murthy)ရဲ႕ စုစုေပါင္း ခ်မ္းသာႂကြယ္ဝမႈဟာ ေပါင္ သန္း ၇၃ဝ ေလာက္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါေၾကာင့္သူ ဟာ လႊတ္ေတာ္အမတ္ဘဝကတည္းက အခ်မ္းသာဆုံးလႊတ္ေတာ္အမတ္ေတြထဲမွာ ပါတာပါ။

တျခား ထူးခြၽန္ထင္ရွားလွတဲ့ အိႏၵိယႏြယ္ဖြားေတြကို ေျပာရမယ္ဆိုရင္ေတာ့ ဆန္ဒါ ပီခ်ိဳင္(Sunder Pichai) ပါပဲ။ သူက ၂ဝ၁၅ ခုႏွစ္မွာ ဂူဂဲလ္ရဲ႕စီအီးအို ျဖစ္လာၿပီး ၂ဝ၁၉ ခုႏွစ္၊ ႏွစ္ကုန္ပိုင္းမွာေတာ့ ဂူဂဲလ္ရဲ႕မိခင္ကုမၸဏီ အယ္လ္ဖာဘက္တ္ (Alphabet)ရဲ႕ စီအီးအိုျဖစ္လာပါေတာ့တယ္။

မိုက္ခ႐ိုေဆာ့ဖ္ရဲ႕ စီအီးအိုကလည္းအိႏၵိယႏြယ္ဖြား ဆက္တ္ယာနဒယ္လာ (Satya Nadella) ျဖစ္ၿပီး တြစ္တာရဲ႕ စီအီးအိုျဖစ္ခဲ့တဲ့ ပရာ့ဂ္အက္ဂ္ရာဝယ္လ္ (Parag Agrawal) ကလည္း အိႏၵိယႏြယ္ဖြားပဲဆိုေပမယ့္ Chanel ကုမၸဏီႀကီးရဲ႕ စီအီးအို လီနာနဲ (Leena Nair)ကေတာ့ ပိုလို႔ေတာင္ အားက်စရာ၊ စိတ္ဝင္စားစရာ ေကာင္းပါေသးတယ္။သူ က အမ်ိဳးသမီး ျဖစ္ေနေပမယ့္ ဒီလိုကုမၸဏီႀကီးမွာ စီအီးအိုျဖစ္လာတာေလ။ သူက Chanel ကုမၸဏီႀကီးရဲ႕ အသက္အငယ္ဆုံး၊ပထမဦးဆုံး အမ်ိဳးသမီး စီအီးအို ျဖစ္လာတာပါ။

Related news

© 2021. All rights reserved.