စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းအပါအဝင် နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်ပြီး ထင်ရှားကျော်ကြားသူ (၆)ဦးကို ယခုရက်ပိုင်းအတွင်း နစက ပြန်လွှတ်ပေး

 1180

NP News - အောက်တိုဘာ ၂၉

NLD အစိုးရလက်ထက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း အပါအဝင် နိုင်ငံ ရေးနှင့်ပတ်သက်ဆက်နွယ်ပြီး ထင်ရှားကျော်ကြားသူ(၆)ဦးကို ယခုရက်ပိုင်းအတွင်း နစကမှ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သော NLD အစိုးရလက်ထက်တွင် နိုင်ငံရေးအရ ထင်ရှားကျော်ကြားသူ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့ကို နစကမှ အောက်တိုဘာလ ၂၆ ရက်တွင် ပြန်လည်လွှတ် ပေးလိုက်ကြောင်း သိရသည်။

ဦးလှသိန်းနှင့် ဦးမြင့်နိုင်တို့သည် ၂ဝ၂၂ ခုနှစ် ဇူလိုင်လအတွင်းက မဲမသမာမှုများနှင့်ပတ်သက်၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃ဝ(က)ဖြင့် ထောင်ဒဏ်(၃)နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

ဦးလှသိန်းနှင့် ဦးမြင့်နိုင်တို့သည် မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှပြန် လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင်တို့ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း မကြာခင်အချိန်တွင် NLD အစိုးရလက်ထက်၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးစိုးဝင်းကိုလည်း နစကမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“ဦးလှသိန်း၊ ဦးမြင့်နိုင်တို့ လွှတ်ပေးပြီး နောက်ပိုင်း စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းကို လွှတ်ပေးလိုက်တာ ဖြစ်တယ်။ ရှေ့မှာလည်း လွှတ်ပေးလိုက်တာတွေရှိတယ်။ ဒီလိုလွှတ်ပေးလိုက်တာရဲ့ အလားအလာက နစကအနေနဲ့ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း လွှတ်သင့်တဲ့သူတွေကို လွှတ်ပေးနေတယ်လို့ ယူဆရတယ်။ လွှတ် ပေးနေတဲ့ကိစ္စဟာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်တယ်။ နောက်ထပ်ကျန်တဲ့သူတွေကို လွှတ်ပေးဖို့ အလားအလာရှိတယ်လို့ ယူဆရတယ်” ဟု ပြည်တွင်းရှိ NLD ပါတီမှ အမာခံခေါင်းဆောင်တစ်ဦးက NP News ကို ပြောသည်။

စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းသည် ပြီးခဲ့သော စက်တင်ဘာလ ၂၉ ရက်တွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ်မချမှတ်မီအချိန်က အာမခံဖြင့် ဆေးကုသမှုခံယူနေရသူတစ် ဦးလည်းဖြစ်သည်။

အလားတူ နစကမှ အောက်တိုဘာလ ၂၈ ရက်တွင် ထင်းရှားကျော်ကြားသည့် အနု ပညာရှင်များဖြစ်သော အဆိုတော် ပိုပို၊ Social Influencer ဝင်းမင်းသန်းနှင့် ဒါရိုက် တာမိုက်တီးတို့ကိုလည်း အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါအနုပညာရှင်(၃)ဦးသည် အာဏာရှင်စနစ်ဆန့်ကျင်ရေးတို့တွင် တက်ကြွစွာပါဝင်ခဲ့သူများဖြစ်ပြီး ၂ဝ၂၁ ခုနှစ်အတွင်း နစက၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက်ပိုင်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅ (က)ဖြင့် ထောင်ဒဏ်(၃)နှစ် စီ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

နစကအနေဖြင့် ယခုရက်ပိုင်းအတွင်း နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်ပြီး ထင်ရှားကျော်ကြားသူ(၆)ဦးကို ပြန်လည်လွှတ်ပေးထားခြင်းဖြစ်သည်။

“သူတို့အမှုတွေက ချမယ်ဆိုရင် အကြာကြီး ချလို့ရတယ်။ ဒါပေမယ့် မချဘဲနဲ့တမင်ပြန်လွှတ်ပေးလိုက်တယ်။ ဒါက ဘာလဲဆိုရင် အာဆီယံသဘောတူညီချက်(၅)ရပ်ထဲမှာပါတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေကို ပြန်လွှတ်ပေးရမယ်ဆိုတာပါတယ်။ နစက က သူ့ဟာနဲ့သူ လွှတ်စရာရှိတာတွေကို လွှတ်ပေးနေတယ်။ သူ့အလုပ် သူလုပ်နေတယ်လို့ အဓိပ္ပါယ်သက် ရောက်နေတယ်” ဟု NLD ပါတီမှ အမာခံခေါင်း ဆောင်တစ်ဦးက ဆက်လက်ပြောသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် နစကအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးလာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

zawgyi version
စီမံ/ဘ႑ာဝန္ႀကီးေဟာင္းအပါအဝင္ ႏိုင္ငံေရးႏွင့္ပတ္သက္ဆက္ႏြယ္ၿပီး ထင္ရွားေက်ာ္ၾကားသူ (၆)ဦးကို ယခုရက္ပိုင္းအတြင္း နစက ျပန္လႊတ္ေပး
NP News - ေအာက္တိုဘာ ၂၉

NLD အစိုးရလက္ထက္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးဝင္း အပါအဝင္ ႏိုင္ငံ ေရးႏွင့္ပတ္သက္ဆက္ႏြယ္ၿပီး ထင္ရွားေက်ာ္ၾကားသူ(၆)ဦးကို ယခုရက္ပိုင္းအတြင္း နစကမွ ျပန္လႊတ္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့ေသာ NLD အစိုးရလက္ထက္တြင္ ႏိုင္ငံေရးအရ ထင္ရွားေက်ာ္ၾကားသူ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ေဟာင္း ဦးလွသိန္းႏွင့္ ေကာ္မရွင္အဖြဲ႕ဝင္ေဟာင္း ဦးျမင့္ႏိုင္တို႔ကို နစကမွ ေအာက္တိုဘာလ ၂၆ ရက္တြင္ ျပန္လည္လႊတ္ ေပးလိုက္ေၾကာင္း သိရသည္။

ဦးလွသိန္းႏွင့္ ဦးျမင့္ႏိုင္တို႔သည္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လအတြင္းက မဲမသမာမႈမ်ားႏွင့္ပတ္သက္၍ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၁၃ဝ(က)ျဖင့္ ေထာင္ဒဏ္(၃)ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရသည္။

ဦးလွသိန္းႏွင့္ ဦးျမင့္ႏိုင္တို႔သည္ မႏၲေလးတိုင္း၊ ရမည္းသင္းအက်ဥ္းေထာင္မွျပန္ လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ေဟာင္းႏွင့္ အဖြဲ႕ဝင္တို႔ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ပိုင္း မၾကာခင္အခ်ိန္တြင္ NLD အစိုးရလက္ထက္၌ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဦးစိုးဝင္းကိုလည္း နစကမွ ျပန္လည္လႊတ္ေပးလိုက္ေၾကာင္း သိရသည္။

“ဦးလွသိန္း၊ ဦးျမင့္ႏိုင္တို႔ လႊတ္ေပးၿပီး ေနာက္ပိုင္း စီမံဘ႑ာဝန္ႀကီးေဟာင္း ဦးစိုးဝင္းကို လႊတ္ေပးလိုက္တာ ျဖစ္တယ္။ ေရွ႕မွာလည္း လႊတ္ေပးလိုက္တာေတြရွိတယ္။ ဒီလိုလႊတ္ေပးလိုက္တာရဲ႕ အလားအလာက နစကအေနနဲ႔ တစ္ဆင့္ျခင္း တစ္ဆင့္ျခင္း လႊတ္သင့္တဲ့သူေတြကို လႊတ္ေပးေနတယ္လို႔ ယူဆရတယ္။ လႊတ္ ေပးေနတဲ့ကိစၥဟာ ႀကိဳဆိုရမယ့္ကိစၥ ျဖစ္တယ္။ ေနာက္ထပ္က်န္တဲ့သူေတြကို လႊတ္ေပးဖို႔ အလားအလာရွိတယ္လို႔ ယူဆရတယ္” ဟု ျပည္တြင္းရွိ NLD ပါတီမွ အမာခံေခါင္းေဆာင္တစ္ဦးက NP News ကို ေျပာသည္။

စီမံ/ဘ႑ာဝန္ႀကီးေဟာင္း ဦးစိုးဝင္းသည္ ၿပီးခဲ့ေသာ စက္တင္ဘာလ ၂၉ ရက္တြင္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒျဖင့္ ေထာင္ဒဏ္(၃)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရျခင္းျဖစ္ၿပီး ေထာင္ဒဏ္မခ်မွတ္မီအခ်ိန္က အာမခံျဖင့္ ေဆးကုသမႈခံယူေနရသူတစ္ ဦးလည္းျဖစ္သည္။

အလားတူ နစကမွ ေအာက္တိုဘာလ ၂၈ ရက္တြင္ ထင္းရွားေက်ာ္ၾကားသည့္ အႏု ပညာရွင္မ်ားျဖစ္ေသာ အဆိုေတာ္ ပိုပို၊ Social Influencer ဝင္းမင္းသန္းႏွင့္ ဒါ႐ိုက္ တာမိုက္တီးတို႔ကိုလည္း အင္းစိန္အက်ဥ္းေထာင္မွ ျပန္လည္လႊတ္ေပးလိုက္ေၾကာင္း သိရသည္။

အဆိုပါအႏုပညာရွင္(၃)ဦးသည္ အာဏာရွင္စနစ္ဆန႔္က်င္ေရးတို႔တြင္ တက္ႂကြစြာပါဝင္ခဲ့သူမ်ားျဖစ္ၿပီး ၂ဝ၂၁ ခုႏွစ္အတြင္း နစက၏ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီးေနာက္ပိုင္းတြင္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅ဝ၅ (က)ျဖင့္ ေထာင္ဒဏ္(၃)ႏွစ္ စီ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရသည္။

နစကအေနျဖင့္ ယခုရက္ပိုင္းအတြင္း ႏိုင္ငံေရးႏွင့္ပတ္သက္ဆက္ႏြယ္ၿပီး ထင္ရွားေက်ာ္ၾကားသူ(၆)ဦးကို ျပန္လည္လႊတ္ေပးထားျခင္းျဖစ္သည္။

“သူတို႔အမႈေတြက ခ်မယ္ဆိုရင္ အၾကာႀကီး ခ်လို႔ရတယ္။ ဒါေပမယ့္ မခ်ဘဲနဲ႔တမင္ျပန္လႊတ္ေပးလိုက္တယ္။ ဒါက ဘာလဲဆိုရင္ အာဆီယံသေဘာတူညီခ်က္(၅)ရပ္ထဲမွာပါတဲ့ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့သူေတြကို ျပန္လႊတ္ေပးရမယ္ဆိုတာပါတယ္။ နစက က သူ႔ဟာနဲ႔သူ လႊတ္စရာရွိတာေတြကို လႊတ္ေပးေနတယ္။ သူ႔အလုပ္ သူလုပ္ေနတယ္လို႔ အဓိပၸါယ္သက္ ေရာက္ေနတယ္” ဟု NLD ပါတီမွ အမာခံေခါင္း ေဆာင္တစ္ဦးက ဆက္လက္ေျပာသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားဖမ္းဆီးခံခဲ့ရၿပီး လက္ရွိတြင္ နစကအေနျဖင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ထပ္မံလႊတ္ေပးလာဖြယ္ရွိေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.