တွစ်တာကို ဝယ်ယူရတဲ့အကြောင်းအရင်းအား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ် ထုတ်ဖော်ပြောဆို

1348

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၉
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်က ဒီဂျစ်တယ် လူမှုကွန်ရက်ပလက်ဖောင်းတွေဟာ ယာဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအနာဂတ်အတွက် အဓိကအရေးပါတဲ့ အရာဖြစ်လာတာကြောင့် တွစ်တာ လူမှုကွန်ရက်ကို ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုလိုက်ပါတယ်။
ကမ္ဘာကျော်လူမှုကွန်ရက်တွစ်တာကို ဝယ်ယူလိုက်ခြင်းကြောင့် ကြော်ငြာလုပ်ငန်းရှင်များ စိုးရိမ်မှုမရှိအောင် ကြိုးပမ်းလျက်ရှိနေကြောင်း အီလွန်မတ်ကပြောပါတယ်။အီလွန်မတ်က ၄င်းဟာလူ့အဖွဲ့အစည်းကို ကယ်တင်နိုင်အောင် ကူညီပေးဖို့ ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ၄င်းရဲ့လူမှုကွန်ရက်မှာ လူအားလုံးကိုဘေးဒုက္ခအခက်အခဲများ၊ ငရဲကျရောက်စေနိုင်မယ့်ကိစ္စများကို လုပ်ခွင့်ပေးမှာမဟုတ်ကြောင်း ဆိုပါတယ်။
လျှပ်စစ်ကားများ ထုတ်လုပ်နေတဲ့ Tesla ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် အီလွန်မတ်ဟာ ကမ္ဘာကျော်လူမှုကွန်ရက်ကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့အောက်တို ဘာလ ၂၈ ရက်မှာအပြီးသတ်ဝယ်ယူလိုက်ပါတယ်။ အီလွန်မတ်က "တွစ်တာကို ဝယ်ယူလိုက်တာက ငွေကြေးအများအပြား ရအောင်လုပ်ဖို့ မဟုတ်ဘူး၊ ကျွန်တော် ချစ်ခင်နှစ်သက်တဲ့ လူ့အဖွဲ့အစည်းကိုကူညီပေးနိုင်အောင် ကြိုးစားဖို့ ဝယ်ယူလိုက်တာပါ၊ကျွန်တော်ဟာ လူသားပီသတဲ့လုပ်ရပ်အပြုအမူတွေကို လုပ်ခွင့်ပေးသွားမှာပါ"လို့ပြောပါတယ်။
အီလွန်မတ်ဟာ ကမ္ဘာ့လူသားတွေထဲ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂၁ ဘီလျံကျော် ကြွယ်ဝချမ်းသာသူဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းဖော်ပြထားပါတယ်။ အီလွန်မတ်က ၄င်းရဲ့တွစ်တာလူမှုကွန်ရက်မှာ အငြင်း ပွားဖွယ်ရာဖြစ်စေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဆင်ဆာပိတ်ပင်ကန့်သတ်တာမျိုးတွေကိုလည်း အဆုံးသတ်မှာဖြစ်ကြောင်း၊ လွတ်လပ်စွာပြောဆိုခွင့်တွေဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီးအရေးကြီးကြောင်း ဆိုပါတယ်။
အီလွန်မတ်က လက်ရှိအချိန်မှာ လူမူကွန်ရက်တွေဟာ လူ့အဖွဲ့အစည်းအတွင်း ခွဲ ခြားဆက်ဆံမှုတွေ၊ အမုန်းတရားများဖြစ်လာစေဖို့ လက်ဝဲစွန်း နိုင်ငံရေးအယူအဆသမား နဲ့လက်ယာစွန်း နိုင်ငံရေးအယူအဆသမားတွေရဲ့လှုံ့ဆော်မှုတွေနဲ့ရင်ဆိုင်နေရကြောင်း ဆိုပါတယ်။ ၄င်းက "တွစ်တာကို ကျွန်တော် ဝယ်ယူရတဲ့အဓိကအ ကြောင်းအရင်းက အနာဂတ်လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်စေဖို့ရည်ရွယ်တာမျိုးဖြစ်တယ်။ လူမှုကွန်ရက်တွေဟာ အနာဂတ်လူ့အဖွဲ့အစည်းတွေမှာ အဓိကအရေးပါလာတယ်။ လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုတွေ ဖြစ်အောင်အားမပေးဘဲ အပြုအမူကောင်းတွေ၊ ယာဉ်ကျေးတဲ့ပုံစံမျိုးတွေဖြစ်လာအောင် လူမှုကွန်ရက်တွေကိုအသုံးပြုရမှာလည်းဖြစ်တယ်"လို့ပြောပါတယ်။

zawgyi version
တြစ္တာကို ဝယ္ယူရတဲ့အေၾကာင္းအရင္းအား ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၉
ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္ အီလြန္မတ္က ဒီဂ်စ္တယ္ လူမႈကြန္ရက္ပလက္ေဖာင္းေတြဟာ ယာဥ္ေက်းတဲ့ လူ႔အဖြဲ႕အစည္းအနာဂတ္အတြက္ အဓိကအေရးပါတဲ့ အရာျဖစ္လာတာေၾကာင့္ တြစ္တာ လူမႈကြန္ရက္ကို ဝယ္ယူလိုက္ျခင္းျဖစ္ေၾကာင္း ထုတ္ ေဖာ္ေျပာဆိုလိုက္ပါတယ္။
ကမာၻေက်ာ္လူမႈကြန္ရက္တြစ္တာကို ဝယ္ယူလိုက္ျခင္းေၾကာင့္ ေၾကာ္ျငာလုပ္ငန္းရွင္မ်ား စိုးရိမ္မႈမရွိေအာင္ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း အီလြန္မတ္ကေျပာပါတယ္။အီလြန္မတ္က ၄င္းဟာလူ႔အဖြဲ႕အစည္းကို ကယ္တင္ႏိုင္ေအာင္ ကူညီေပးဖို႔ ဝယ္ယူလိုက္ျခင္းျဖစ္ၿပီး ၄င္းရဲ႕လူမႈကြန္ရက္မွာ လူအားလုံးကိုေဘးဒုကၡအခက္အခဲမ်ား၊ ငရဲက်ေရာက္ေစႏိုင္မယ့္ကိစၥမ်ားကို လုပ္ခြင့္ေပးမွာမဟုတ္ေၾကာင္း ဆိုပါတယ္။
လွ်ပ္စစ္ကားမ်ား ထုတ္လုပ္ေနတဲ့ Tesla ကုမၸဏီရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ အီလြန္မတ္ဟာ ကမာၻေက်ာ္လူမႈကြန္ရက္ကို အေမရိကန္ေဒၚလာ ၄၄ ဘီလ်ံနဲ႔ေအာက္တို ဘာလ ၂၈ ရက္မွာအၿပီးသတ္ဝယ္ယူလိုက္ပါတယ္။ အီလြန္မတ္က "တြစ္တာကို ဝယ္ယူလိုက္တာက ေငြေၾကးအမ်ားအျပား ရေအာင္လုပ္ဖို႔ မဟုတ္ဘူး၊ ကြၽန္ေတာ္ ခ်စ္ခင္ႏွစ္သက္တဲ့ လူ႔အဖြဲ႕အစည္းကိုကူညီေပးႏိုင္ေအာင္ ႀကိဳးစားဖို႔ ဝယ္ယူလိုက္တာပါ၊ကြၽန္ေတာ္ဟာ လူသားပီသတဲ့လုပ္ရပ္အျပဳအမူေတြကို လုပ္ခြင့္ေပးသြားမွာပါ"လို႔ေျပာပါတယ္။
အီလြန္မတ္ဟာ ကမာၻ႔လူသားေတြထဲ အခ်မ္းသာဆုံးပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး အေမရိကန္ေဒၚလာ ၂၂၁ ဘီလ်ံေက်ာ္ ႂကြယ္ဝခ်မ္းသာသူျဖစ္ေၾကာင္း Forbes မဂၢဇင္းက ခန႔္မွန္းေဖာ္ျပထားပါတယ္။ အီလြန္မတ္က ၄င္းရဲ႕တြစ္တာလူမႈကြန္ရက္မွာ အျငင္း ပြားဖြယ္ရာျဖစ္ေစတဲ့ကိစၥေတြနဲ႔ပတ္သက္ၿပီး ဆင္ဆာပိတ္ပင္ကန႔္သတ္တာမ်ိဳးေတြကိုလည္း အဆုံးသတ္မွာျဖစ္ေၾကာင္း၊ လြတ္လပ္စြာေျပာဆိုခြင့္ေတြဟာ ဒီမိုကေရစီနဲ႔ပတ္သက္ၿပီးအေရးႀကီးေၾကာင္း ဆိုပါတယ္။
အီလြန္မတ္က လက္ရွိအခ်ိန္မွာ လူမူကြန္ရက္ေတြဟာ လူ႔အဖြဲ႕အစည္းအတြင္း ခြဲ ျခားဆက္ဆံမႈေတြ၊ အမုန္းတရားမ်ားျဖစ္လာေစဖို႔ လက္ဝဲစြန္း ႏိုင္ငံေရးအယူအဆသမား နဲ႔လက္ယာစြန္း ႏိုင္ငံေရးအယူအဆသမားေတြရဲ႕လႈံ႕ေဆာ္မႈေတြနဲ႔ရင္ဆိုင္ေနရေၾကာင္း ဆိုပါတယ္။ ၄င္းက "တြစ္တာကို ကြၽန္ေတာ္ ဝယ္ယူရတဲ့အဓိကအ ေၾကာင္းအရင္းက အနာဂတ္လူ႔အဖြဲ႕အစည္း ပိုမိုေကာင္းမြန္ေစဖို႔ရည္႐ြယ္တာမ်ိဳးျဖစ္တယ္။ လူမႈကြန္ရက္ေတြဟာ အနာဂတ္လူ႔အဖြဲ႕အစည္းေတြမွာ အဓိကအေရးပါလာတယ္။ လူ႔အဖြဲ႕အစည္းအတြင္း အၾကမ္းဖက္မႈေတြ ျဖစ္ေအာင္အားမေပးဘဲ အျပဳအမူေကာင္းေတြ၊ ယာဥ္ေက်းတဲ့ပုံစံမ်ိဳးေတြျဖစ္လာေအာင္ လူမႈကြန္ရက္ေတြကိုအသုံးျပဳရမွာလည္းျဖစ္တယ္"လို႔ေျပာပါတယ္။