တောင်ကိုရီးယားနိုင်ငံ Halloween ပွဲတော်မှာ အုပ်စုလိုက် အလန့်တကြားတိုးဝှေ့ရာမှ လူနင်းခံရ၍ သေဆုံးသူ ၁၅ဝ ကျော်အထိဖြစ်လာ

849

Htay Oung (NP News) - အောက်တိုဘာ ၃ဝ
အောက်တိုဘာလ ၃၁ ရက်မှာ ကျရောက်မယ့် Halloween အကြိုပွဲတော်အဖြစ် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေစဉ် စနေနေ့ (အောက်တိုဘာလ ၂၉ ရက်) ညက ဆိုးလ်မြို့ လမ်းကြားတစ်ခုထဲကို အုပ်စုလိုက် အလန့်တကြားတိုးဝှေ့ရာမှ လူနင်းခံရပြီး ဆယ်ကျော် သက် နဲ့ အသက် ၂ဝ ဝန်းကျင်အရွယ်အများစု ၁၄၉ ဦးထက်မနည်းသေဆုံးသွားခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုကြောင်း Reuters က ယနေ့ (အောက်တိုဘာလ ၃ဝ ရက်) မှာရေးသားပါတယ်။
ဆိုးလ်မြို့တော် အိထယ်ဝန်ခရိုင်မှာ လူအုပ်လိုက် လုံးထွေးနင်းမိကြရာ နောက်ထပ် လူ ၆၅ ဦး ဒဏ်ရာရရှိကြောင်း အခင်းဖြစ်ပွားရာနေ ရာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယောင်ဆမ်မီးသတ်အကြီးအကဲက ပြောပြပါတယ်။ ဒဏ်ရာရရှိသူများအနက် ၁၉ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး အရေးပေါ်ကုသမှု ခံယူနေရကြောင်း၊ သေဆုံးသူဦးရေ တိုးမြင့်လာနိုင်ကြောင်း တာဝန်ရှိသူများထံမှ သိရှိရပါတယ်။
“ကွယ်လွန်သူတို့ရဲ့ ဝိညာဉ်တွေ သင်္ချိုင်းဂူမှ နိုးထလာခြင်း အထိန်းအမှတ် သူတော်စင်များ၊ သူရဲကောင်းများအပါအဝင် ကွယ်လွန်သူတို့ကို အောက်မေ့သတိရခြင်း" Halloween ပွဲတော်ကို အနောက်တိုင်း ခရစ်ယာန် သာသာဝင်များသာမက ကမ္ဘာအရပ်ရပ် လူငယ်အများစုတို့အနေနဲ့ ကျီစယ်နောက်ပြောင်တဲ့သဘော ပျော်ရွှင်စွာ ကျင်းပလေ့ရှိကြပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ COVID ကပ်ရောဂါဖြစ်ပွားမှုကြောင့် တား ဆီးမှုများနဲ့ လူချင်းနီးကပ်မှု ကန့်သတ်ချက်များကို ရုပ်သိမ်းပြီးနောက် သုံးနှစ်အတွင်း ဆိုးလ်မြို့ရဲ့ပထမဆုံး Halloween ပွဲတော်ဖြစ်ပါတယ်။ ပါတီပွဲ လာရောက်သူအများစုတို့ဟာ အသွင်သဏ္ဍာန်မျိုးစုံ မျက်နှာဖုံးများနဲ့ ဟယ်လိုဝင်းဝတ်စုံများကို ဝတ်ဆင်ထား ကြကြောင်း တွေ့ရှိရပါတယ်။
ညနေပိုင်း ညဉ့်နက်လာသည်နဲ့အမျှ လူစုလူဝေးဟာ ပိုမိုများပြား၊ ပိုပြီး ထိန်းမနိုင် သိမ်းမရ ရမ်းကားလာခဲ့တယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရသူအချို့က ဖော်ပြကြပါတယ်။ အခင်းဖြစ်ရပ်ဟာ ဒေသစံတော်ချိန် ည ၁ဝ နာရီ မိနစ် ၂ဝ ခန့်မှာ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ လူအချို့ဟာ ပွဲခင်းထဲမှာပဲ လဲကျသွားခဲ့ပြီး နေရာမှာတင် သေကြေဒဏ်ရာ ရရှိသူ အများအပြားရှိကြောင်း၊ သေဆုံးသူ အများအစုဟာ နိုက်ကလပ်တစ်ခုအနီးမှာဖြစ်ပြီး အသက် ၂ဝ ဝန်းကျင် မိန်းကလေးများဖြစ်ကြောင်း ကိုယ်တွေ့ကြုံလိုက်ရသူတစ်ဦးက ပြောပါတယ်။
အလန့်တကြား စုပြုံတိုးဝှေ့ကြခြင်း မတိုင်မီ ပွဲတော်တာဝန်ကျ ရဲများအနေနဲ့ ပရမ်းပတာဖြစ်နေတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းဖို့အတွက် အခက်တွေ့နေရပုံကို မြင်နေရကြောင်း၊ လမ်းကြားတွေထဲမှာ ပြဿ နာဖြစ်နေပုံကိုတွေ့ရှိလာရပြီး ယခုနှစ် Halloween ပွဲတော်ဟာ ပုံမှန်ထက် ၁ဝ ဆမက စည်ကားခဲ့ကြောင်း ပွဲတော်လာ လူငယ်တစ်ဦးက ရှင်းပြပါတယ်။
ကျဉ်းမြောင်းတဲ့ ဆင်ခြေလျှောလမ်းကြားမှာ လူရာနဲ့ချီ ပြည့်ကျပ်နေပြီး မလှူပ်သာအောင် ကြပ်ညပ်နေသူများကို အရေးပေါ်ကယ်ဆယ်ရေးတာဝန်ရှိသူများနဲ့ ရဲများက လွတ်မြောက်ရန် ကြိုးပမ်းနေကြပုံကို လူမှုကွန်ရက် ဗွီဒီယိုများမှာ တွေ့မြင်နေရပါတယ်။ သေဆုံးမှု အများစုဟာ မတော်တဆဖြစ်နိုင်စရာရှိတယ်လို့ ယောင်ဆမ်မီးသတ်အကြီး အကဲက ပြောပါတယ်။
အခြား လူမှုကွန်ရက် ဗီဒီယိုများမှာ သတိလစ်နေပုံရတဲ့ လူဒါဇင်ပေါင်းများစွာတို့ကို မီးသတ်တပ်ဖွဲ့ဝင်များနဲ့ အနီးအနားရှိသူနေသူ များက ကုသပေးနေရပုံ ဖရိုဖရဲမြင်ကွင်းများကို ပါဝင်နေပါတယ်။ ကျဉ်းမြောင်းတဲ့လမ်းကြားမှာ အထပ်ထပ်ဖြစ်နေတဲ့ လူတွေကြားထဲ လူအုပ်ကြီးဟာ ဆက်ကာ ဆက်ကာ တိုးဝင်နေကြတဲ့အတွက် ရှေ့ကလူတွေဟာ ဆင်ခြေလျော လမ်းထိပ်မှာ လဲကျသွားကြရပြီး အဲ့ဒီအပေါ်ကို အခြားသူတွေ ဆက်တိုက် ပြိုလဲသွားကြတယ်လို့ ဆိုပါတယ်။
ပြည့်ကျပ်နေတဲ့ လမ်းကြားမှာ ညပ်နေသူများကို ဆွဲထုတ်ခြင်းမခံရမီ သူ့သမီးနဲ့ အခြားသူအချို့ဟာ လူအုပ်ကြီး ကြားထဲ တစ်နာရီကျော် ပိတ်မိနေခဲ့ကြောင်း အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦးရဲ့ အမည်မဖော်လိုသူ မိခင်က ပြောပြပါတယ်။
အခင်းဖြစ်ပွားရာနေရာနဲ့ ကပ်လျက် အဆောက်အအုံတစ်ခုမှာ အ လောင်းများ ယာယီထားရှိခဲ့ကြောင်း တွေ့ရှိရပြီး နောက်ပိုင်းမှာ ရုပ်အလောင်းပေါင်း ငါးဆယ်ခန့်ကို ဘီးတပ်ထမ်းစင်များနဲ့ သယ်ထုတ်သွားခဲ့ကြောင်း သေဆုံးသူများကို အမည်နာမ ဖော်ထုတ်ဖို့အတွက် အစိုးရဌာနထံ ပြောင်းရွှေ့ပေးခဲ့ကြောင်း ကြားသိရပါတယ်။
တောင်ကိုရီးယားလူငယ်များနဲ့ ပြည်ပမှ လာရောက်သူတို့အကြား ရေပန်းစားတဲ့ အိထယ်ဝန်ခရိုင်ဟာ ကပ်ရောဂါကြီးရဲ့ သုံးနှစ်တာကာလအတွင်း စီးပွားရေး လုပ်ငန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့ စနေနေ့ ညနေမှာတော့ အဲ့ဒီနယ်မြေ ဘားများနဲ့ စားသောက်ဆိုင် ဒါဇင်များစွာမှာ Halloween ပွဲတော်လာရောက်သူများနဲ့ ပြည့်ကျပ်တိုးဝှေ့နေကြပါတယ်။ လူအုပ်ကြီးဟာ ပုံမှန်ကျင်းပနေကျ ပွဲတော်များထက် ဆယ်ဆမက များပြားတယ်လို့ ဆိုကြပါတယ်။
သေဆုံးသူများထဲမှာ နိုင်ငံခြားသား နှစ်ဦးပါဝင်ပြီး အခြားရုပ်အ လောင်းများကိုတော့ နီးစပ်ရာ ဆေးရုံများထံ လွှဲပြောင်းပေးခဲ့ပါတယ်။
အခင်းဖြစ်ရပ်အတွက် ကိုရီးယားသမ္မတနိုင်ငံနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း၊ ဒဏ်ရာရရှိသူတွေအားလုံး အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဇနီးတို့အပြင် ဗြိတိန်ဝန်ကြီးချုပ် ရာရှီဆူနက်ကလည်း သူတို့ရဲ့ Twitters စာမျက်နှာမှာ ရေးသားထားကြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ COVID ကူးစက်ရောဂါကျရောက်မှုကြောင့် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ရုတ်သိမ်းပြီး တား ဆီးကန့်သတ်ချက်များကို ဖြေလျော့ပေးခြင်းနဲ့အတူ အရက်ဆိုင် စားသောက်ဆိုင်များနဲ့ သီးသန့်စုဝေးပွဲများအတွက် လူ ၁ဝ ဦးထက် မပိုရ ကန့်သတ်ချက်ကို ဧပြီလမှာ ရုတ်သိမ်းခဲ့ပါတယ်။ ပြင်ပဝန်း ကျင် သွားလာရာမှာ မဖြစ်မနေ Mask ဝတ်ဆင်ရမယ့် ပြဋ္ဌာန်းချက်ကို မေလမှာ ရုပ်သိမ်းခဲ့ပါတယ်။
အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ အထက် တန်းကျောင်းသူ အများစုအပါဝင် လူပေါင်း ၃ဝ၄ ဦး သေဆုံးခဲ့ရတဲ့ ကူးတို့နစ်မြုပ်မှု နောက်ပိုင်း ယခုဖြစ်ရပ်ဟာ လူအသေအပျောက် အများဆုံး ဘေးဒုက္ခကြီး ဖြစ်ပါတယ်။ ဆူဝေါ ကူးတို့သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများနဲ့ တာဝန်ရှိသူတို့ရဲ့ လျော့တိလျော့ရဲ ကိုင်တွယ်ဆောင်ရွက်ပုံတို့ဟာ တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းတုန်လှုပ်ခဲ့ရပါတယ်။ စနေနေ့ အိထယ်ဝန် ဟဲလိုဝင်းပွဲတော်အ ဖြစ်အပျက်ဟာ နိုင်ငံအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများအတွက် ကျယ်ကျယ်ပြန့်ပြန့် နည်းလမ်းရှာဖွေကြ စိတ်ကူးကြဖို့ လှုံ့ဆော်ပေးနေသလို ရှိနေပါတယ်။
ယခုနောက်ဆုံးသတင်းများအရ အရေးပေါ်အစည်းအဝေး ဆင့်ခေါ်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုက အခင်းဖြစ်ရပ်မှာ ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ အသေးစိတ်ကိုသိရှိဖို့အတွက် အကြီးတန်းအရာရှိများပါဝင်တဲ့ အထူးတာဝန်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သေဆုံးသူ ၁၅၁ ဦးဖြစ်လာခဲ့ပြီး တနင်္ဂနွေနေ့ကို နိုင်ငံတစ်ဝှမ်း ဝမ်းနည်းကြေကွဲခြင်းနေ့ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရပါတယ်။

zawgyi version
ေတာင္ကိုရီးယားႏိုင္ငံ Halloween ပြဲေတာ္မွာ အုပ္စုလိုက္ အလန႔္တၾကားတိုးေဝွ႔ရာမွ လူနင္းခံရ၍ ေသဆုံးသူ ၁၅ဝ ေက်ာ္အထိျဖစ္လာ
Htay Oung (NP News) - ေအာက္တိုဘာ ၃ဝ
ေအာက္တိုဘာလ ၃၁ ရက္မွာ က်ေရာက္မယ့္ Halloween အႀကိဳပြဲေတာ္အျဖစ္ ေတာင္ကိုရီးယားႏိုင္ငံမွာ က်င္းပေနစဥ္ စေနေန႔ (ေအာက္တိုဘာလ ၂၉ ရက္) ညက ဆိုးလ္ၿမိဳ႕ လမ္းၾကားတစ္ခုထဲကို အုပ္စုလိုက္ အလန႔္တၾကားတိုးေဝွ႔ရာမွ လူနင္းခံရၿပီး ဆယ္ေက်ာ္ သက္ နဲ႔ အသက္ ၂ဝ ဝန္းက်င္အ႐ြယ္အမ်ားစု ၁၄၉ ဦးထက္မနည္းေသဆုံးသြားခဲ့တယ္လို႔ အေရးေပၚ ကယ္ဆယ္ေရးဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာဆိုေၾကာင္း Reuters က ယေန႔ (ေအာက္တိုဘာလ ၃ဝ ရက္) မွာေရးသားပါတယ္။
ဆိုးလ္ၿမိဳ႕ေတာ္ အိထယ္ဝန္ခ႐ိုင္မွာ လူအုပ္လိုက္ လုံးေထြးနင္းမိၾကရာ ေနာက္ထပ္ လူ ၆၅ ဦး ဒဏ္ရာရရွိေၾကာင္း အခင္းျဖစ္ပြားရာေန ရာမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေယာင္ဆမ္မီးသတ္အႀကီးအကဲက ေျပာျပပါတယ္။ ဒဏ္ရာရရွိသူမ်ားအနက္ ၁၉ ဦးဟာ စိုးရိမ္ရတဲ့ အေျခအေနမွာရွိၿပီး အေရးေပၚကုသမႈ ခံယူေနရေၾကာင္း၊ ေသဆုံးသူဦးေရ တိုးျမင့္လာႏိုင္ေၾကာင္း တာဝန္ရွိသူမ်ားထံမွ သိရွိရပါတယ္။
“ကြယ္လြန္သူတို႔ရဲ႕ ဝိညာဥ္ေတြ သခ်ႋဳင္းဂူမွ ႏိုးထလာျခင္း အထိန္းအမွတ္ သူေတာ္စင္မ်ား၊ သူရဲေကာင္းမ်ားအပါအဝင္ ကြယ္လြန္သူတို႔ကို ေအာက္ေမ့သတိရျခင္း" Halloween ပြဲေတာ္ကို အေနာက္တိုင္း ခရစ္ယာန္ သာသာဝင္မ်ားသာမက ကမာၻအရပ္ရပ္ လူငယ္အမ်ားစုတို႔အေနနဲ႔ က်ီစယ္ေနာက္ေျပာင္တဲ့သေဘာ ေပ်ာ္႐ႊင္စြာ က်င္းပေလ့ရွိၾကပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ COVID ကပ္ေရာဂါျဖစ္ပြားမႈေၾကာင့္ တား ဆီးမႈမ်ားနဲ႔ လူခ်င္းနီးကပ္မႈ ကန႔္သတ္ခ်က္မ်ားကို ႐ုပ္သိမ္းၿပီးေနာက္ သုံးႏွစ္အတြင္း ဆိုးလ္ၿမိဳ႕ရဲ႕ပထမဆုံး Halloween ပြဲေတာ္ျဖစ္ပါတယ္။ ပါတီပြဲ လာေရာက္သူအမ်ားစုတို႔ဟာ အသြင္သ႑ာန္မ်ိဳးစုံ မ်က္ႏွာဖုံးမ်ားနဲ႔ ဟယ္လိုဝင္းဝတ္စုံမ်ားကို ဝတ္ဆင္ထား ၾကေၾကာင္း ေတြ႕ရွိရပါတယ္။
ညေနပိုင္း ညဥ့္နက္လာသည္နဲ႔အမွ် လူစုလူေဝးဟာ ပိုမိုမ်ားျပား၊ ပိုၿပီး ထိန္းမႏိုင္ သိမ္းမရ ရမ္းကားလာခဲ့တယ္လို႔ မ်က္ျမင္ႀကဳံေတြ႕ခဲ့ရသူအခ်ိဳ႕က ေဖာ္ျပၾကပါတယ္။ အခင္းျဖစ္ရပ္ဟာ ေဒသစံေတာ္ခ်ိန္ ည ၁ဝ နာရီ မိနစ္ ၂ဝ ခန႔္မွာ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ လူအခ်ိဳ႕ဟာ ပြဲခင္းထဲမွာပဲ လဲက်သြားခဲ့ၿပီး ေနရာမွာတင္ ေသေၾကဒဏ္ရာ ရရွိသူ အမ်ားအျပားရွိေၾကာင္း၊ ေသဆုံးသူ အမ်ားအစုဟာ ႏိုက္ကလပ္တစ္ခုအနီးမွာျဖစ္ၿပီး အသက္ ၂ဝ ဝန္းက်င္ မိန္းကေလးမ်ားျဖစ္ေၾကာင္း ကိုယ္ေတြ႕ႀကဳံလိုက္ရသူတစ္ဦးက ေျပာပါတယ္။
အလန႔္တၾကား စုၿပဳံတိုးေဝွ႔ၾကျခင္း မတိုင္မီ ပြဲေတာ္တာဝန္က် ရဲမ်ားအေနနဲ႔ ပရမ္းပတာျဖစ္ေနတဲ့ လူအုပ္ႀကီးကို ထိန္းသိမ္းဖို႔အတြက္ အခက္ေတြ႕ေနရပုံကို ျမင္ေနရေၾကာင္း၊ လမ္းၾကားေတြထဲမွာ ျပႆ နာျဖစ္ေနပုံကိုေတြ႕ရွိလာရၿပီး ယခုႏွစ္ Halloween ပြဲေတာ္ဟာ ပုံမွန္ထက္ ၁ဝ ဆမက စည္ကားခဲ့ေၾကာင္း ပြဲေတာ္လာ လူငယ္တစ္ဦးက ရွင္းျပပါတယ္။
က်ဥ္းေျမာင္းတဲ့ ဆင္ေျခေလွ်ာလမ္းၾကားမွာ လူရာနဲ႔ခ်ီ ျပည့္က်ပ္ေနၿပီး မလႉပ္သာေအာင္ ၾကပ္ညပ္ေနသူမ်ားကို အေရးေပၚကယ္ဆယ္ေရးတာဝန္ရွိသူမ်ားနဲ႔ ရဲမ်ားက လြတ္ေျမာက္ရန္ ႀကိဳးပမ္းေနၾကပုံကို လူမႈကြန္ရက္ ဗြီဒီယိုမ်ားမွာ ေတြ႕ျမင္ေနရပါတယ္။ ေသဆုံးမႈ အမ်ားစုဟာ မေတာ္တဆျဖစ္ႏိုင္စရာရွိတယ္လို႔ ေယာင္ဆမ္မီးသတ္အႀကီး အကဲက ေျပာပါတယ္။
အျခား လူမႈကြန္ရက္ ဗီဒီယိုမ်ားမွာ သတိလစ္ေနပုံရတဲ့ လူဒါဇင္ေပါင္းမ်ားစြာတို႔ကို မီးသတ္တပ္ဖြဲ႕ဝင္မ်ားနဲ႔ အနီးအနားရွိသူေနသူ မ်ားက ကုသေပးေနရပုံ ဖ႐ိုဖရဲျမင္ကြင္းမ်ားကို ပါဝင္ေနပါတယ္။ က်ဥ္းေျမာင္းတဲ့လမ္းၾကားမွာ အထပ္ထပ္ျဖစ္ေနတဲ့ လူေတြၾကားထဲ လူအုပ္ႀကီးဟာ ဆက္ကာ ဆက္ကာ တိုးဝင္ေနၾကတဲ့အတြက္ ေရွ႕ကလူေတြဟာ ဆင္ေျခေလ်ာ လမ္းထိပ္မွာ လဲက်သြားၾကရၿပီး အဲ့ဒီအေပၚကို အျခားသူေတြ ဆက္တိုက္ ၿပိဳလဲသြားၾကတယ္လို႔ ဆိုပါတယ္။
ျပည့္က်ပ္ေနတဲ့ လမ္းၾကားမွာ ညပ္ေနသူမ်ားကို ဆြဲထုတ္ျခင္းမခံရမီ သူ႔သမီးနဲ႔ အျခားသူအခ်ိဳ႕ဟာ လူအုပ္ႀကီး ၾကားထဲ တစ္နာရီေက်ာ္ ပိတ္မိေနခဲ့ေၾကာင္း အသက္ရွင္လြတ္ေျမာက္ခဲ့သူတစ္ဦးရဲ႕ အမည္မေဖာ္လိုသူ မိခင္က ေျပာျပပါတယ္။
အခင္းျဖစ္ပြားရာေနရာနဲ႔ ကပ္လ်က္ အေဆာက္အအုံတစ္ခုမွာ အ ေလာင္းမ်ား ယာယီထားရွိခဲ့ေၾကာင္း ေတြ႕ရွိရၿပီး ေနာက္ပိုင္းမွာ ႐ုပ္အေလာင္းေပါင္း ငါးဆယ္ခန႔္ကို ဘီးတပ္ထမ္းစင္မ်ားနဲ႔ သယ္ထုတ္သြားခဲ့ေၾကာင္း ေသဆုံးသူမ်ားကို အမည္နာမ ေဖာ္ထုတ္ဖို႔အတြက္ အစိုးရဌာနထံ ေျပာင္းေ႐ႊ႕ေပးခဲ့ေၾကာင္း ၾကားသိရပါတယ္။
ေတာင္ကိုရီးယားလူငယ္မ်ားနဲ႔ ျပည္ပမွ လာေရာက္သူတို႔အၾကား ေရပန္းစားတဲ့ အိထယ္ဝန္ခ႐ိုင္ဟာ ကပ္ေရာဂါႀကီးရဲ႕ သုံးႏွစ္တာကာလအတြင္း စီးပြားေရး လုပ္ငန္းမ်ား သိသိသာသာ က်ဆင္းသြားခဲ့ပါတယ္။ အခင္းျဖစ္ပြားတဲ့ စေနေန႔ ညေနမွာေတာ့ အဲ့ဒီနယ္ေျမ ဘားမ်ားနဲ႔ စားေသာက္ဆိုင္ ဒါဇင္မ်ားစြာမွာ Halloween ပြဲေတာ္လာေရာက္သူမ်ားနဲ႔ ျပည့္က်ပ္တိုးေဝွ႔ေနၾကပါတယ္။ လူအုပ္ႀကီးဟာ ပုံမွန္က်င္းပေနက် ပြဲေတာ္မ်ားထက္ ဆယ္ဆမက မ်ားျပားတယ္လို႔ ဆိုၾကပါတယ္။
ေသဆုံးသူမ်ားထဲမွာ ႏိုင္ငံျခားသား ႏွစ္ဦးပါဝင္ၿပီး အျခား႐ုပ္အ ေလာင္းမ်ားကိုေတာ့ နီးစပ္ရာ ေဆး႐ုံမ်ားထံ လႊဲေျပာင္းေပးခဲ့ပါတယ္။
အခင္းျဖစ္ရပ္အတြက္ ကိုရီးယားသမၼတႏိုင္ငံနဲ႔ ထပ္တူ ဝမ္းနည္းေၾကကြဲရပါေၾကာင္း၊ ဒဏ္ရာရရွိသူေတြအားလုံး အျမန္ဆုံး ျပန္လည္က်န္းမာလာပါေစလို႔ ဆုေတာင္းေမတၱာ ပို႔သပါေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ဇနီးတို႔အျပင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ရာရွီဆူနက္ကလည္း သူတို႔ရဲ႕ Twitters စာမ်က္ႏွာမွာ ေရးသားထားၾကပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံမွာ COVID ကူးစက္ေရာဂါက်ေရာက္မႈေၾကာင့္ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန႔္ကို ႐ုတ္သိမ္းၿပီး တား ဆီးကန႔္သတ္ခ်က္မ်ားကို ေျဖေလ်ာ့ေပးျခင္းနဲ႔အတူ အရက္ဆိုင္ စားေသာက္ဆိုင္မ်ားနဲ႔ သီးသန႔္စုေဝးပြဲမ်ားအတြက္ လူ ၁ဝ ဦးထက္ မပိုရ ကန႔္သတ္ခ်က္ကို ဧၿပီလမွာ ႐ုတ္သိမ္းခဲ့ပါတယ္။ ျပင္ပဝန္း က်င္ သြားလာရာမွာ မျဖစ္မေန Mask ဝတ္ဆင္ရမယ့္ ျပ႒ာန္းခ်က္ကို ေမလမွာ ႐ုပ္သိမ္းခဲ့ပါတယ္။
အခင္းျဖစ္ပြားရတဲ့ အေၾကာင္းရင္းကို အေသးစိတ္ စုံစမ္းစစ္ေဆးေနတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ၂ဝ၁၄ ခုႏွစ္မွာ အထက္ တန္းေက်ာင္းသူ အမ်ားစုအပါဝင္ လူေပါင္း ၃ဝ၄ ဦး ေသဆုံးခဲ့ရတဲ့ ကူးတို႔နစ္ျမဳပ္မႈ ေနာက္ပိုင္း ယခုျဖစ္ရပ္ဟာ လူအေသအေပ်ာက္ အမ်ားဆုံး ေဘးဒုကၡႀကီး ျဖစ္ပါတယ္။ ဆူေဝါ ကူးတို႔သေဘၤာ နစ္ျမဳပ္မႈနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈမ်ားနဲ႔ တာဝန္ရွိသူတို႔ရဲ႕ ေလ်ာ့တိေလ်ာ့ရဲ ကိုင္တြယ္ေဆာင္႐ြက္ပုံတို႔ဟာ ေတာင္ကိုရီးယားႏိုင္ငံတစ္ဝွမ္းတုန္လႈပ္ခဲ့ရပါတယ္။ စေနေန႔ အိထယ္ဝန္ ဟဲလိုဝင္းပြဲေတာ္အ ျဖစ္အပ်က္ဟာ ႏိုင္ငံအတြင္း ေဘးအႏၲရာယ္ကင္းရွင္းေရး အစီအမံမ်ားအတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ နည္းလမ္းရွာေဖြၾက စိတ္ကူးၾကဖို႔ လႈံ႕ေဆာ္ေပးေနသလို ရွိေနပါတယ္။
ယခုေနာက္ဆုံးသတင္းမ်ားအရ အေရးေပၚအစည္းအေဝး ဆင့္ေခၚခဲ့တဲ့ ေတာင္ကိုရီးယားသမၼတ ယြန္ဆတ္ယိုက အခင္းျဖစ္ရပ္မွာ ကိုင္တြယ္ေဆာင္႐ြက္ဖို႔နဲ႔ အေသးစိတ္ကိုသိရွိဖို႔အတြက္ အႀကီးတန္းအရာရွိမ်ားပါဝင္တဲ့ အထူးတာဝန္အဖြဲ႕ကို ဖြဲ႕စည္းလိုက္ပါတယ္။ ေသဆုံးသူ ၁၅၁ ဦးျဖစ္လာခဲ့ၿပီး တနဂၤေႏြေန႔ကို ႏိုင္ငံတစ္ဝွမ္း ဝမ္းနည္းေၾကကြဲျခင္းေန႔ရက္အျဖစ္ သတ္မွတ္ေၾကာင္း သိရွိရပါတယ္။