ငါ့သရောက်နယ်မြေရဲစခန်းအား PDF အဖွဲ့မှ လာရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကြား ထိခိုက်သေဆုံးသူ(၁၁)ဦး ထက်မနည်းရှိနေ
 1465
NP News - အောက်တိုဘာ ၃ဝ
ငါ့သရောက်နယ်မြေရဲစခန်းအား PDF အဖွဲ့မှ လာရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကြား ထိခိုက်သေဆုံးသူ(၁၁)ဦး ထက်မနည်းရှိနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက်၊ ညနေပိုင်းအချိန်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ ငါ့သရောက်နယ်မြေရဲစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ရဲစခန်းအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
ငါ့သရောက်နယ်မြေရဲစခန်းသို့ PDF အဖွဲ့ဝင်ဦးရေ(၂ဝ)ကျော်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။
ထို့နောက် PDF အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မိနစ် ၃ဝ နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“တိုက်ပွဲဖြစ်တယ်လို့ပဲ ပြောရမှာပေါ့။ မိနစ် ၃ဝ လောက်ကြာတယ်။ အကျအဆုံးက ရဲဘက်က များတယ်လို့ သိရတယ်။ နယ်မြေရဲစခန်းမှူးလည်း သေတယ်လို့ ကြားတယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်းပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် အမျိုးသမီးတစ်ဦးလည်း ဆုံးသွားတယ်လို့ သိရတယ်။ PDF ဘက်က အလောင်းတစ်လောင်းလည်း ရလိုက်တယ်လို့ ကြားလိုက်တယ်” ဟု ရဲစခန်းအနီးရှိ သတင်းအရင်း အမြစ်တစ်ဦးက ဆိုသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ငါ့သရောက်နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူအပါအဝင် စုစုပေါင်း ၁ဝ ဦးသေဆုံးခဲ့ကြောင်းသိရပြီး PDF အဖွဲ့ဝင်များဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
zawgyi version
NP News - အောက်တိုဘာ ၃ဝ
Picture
09887700021
30/10/2022 19:49
ငါ့အသိရဲတွေပါသွားတယ် မအေလိုး pdf တွေကို ရှင်းမနိုင်ဘူးလား
Picture
09887700021
30/10/2022 19:50
တကကတူမပါသတ်သွားတာ ဆိုင်ကယ်တွေကေယမသွားတယ် မအေလို pdfတွေ
Picture
Htun Aung Kyaw
31/10/2022 08:18
😤😤
Related news
© 2021. All rights reserved.