အနောက်အုပ်စုရဲ့ပိတ်ဆို့မှုခံထားရပေမယ့် မြန်မာနိုင်ငံရဲ့ကားထုတ်လုပ်မှုအရေအတွက် မြင့်တက်လာခဲ့

 1234

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃

မြန်မာနိုင်ငံရဲ့ကားထုတ်လုပ်မှုအရေအတွက် ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

အာဆီယံ မော်တော်ကား ဖက်ဒရက်ရေးရှင်း (AAF) ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဆီယံဒေသအတွင်းရှိ နိုင်ငံများရဲ့ကားထုတ်လုပ်မှု၊ရောင်းချမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ကားထုတ်လုပ်မှုဟာ ၁၂၉ ဒသမ ရ ရာခိုင်နှုန်းမြင့်တက်လျက်ရှိနေခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကားအစီးရေပေါင်း ၁ဝ၅၅ စီးသာ ထုတ်လုပ်နိုင်ခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်း ကားအစီးရေပေါင်း ၃ဝ၈၈ စီး ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဒီနှစ်အတွင်း ကားထုတ်လုပ်မှုတိုးလာခဲ့ပေမယ့် ကားရောင်းချရမှုအရေ အတွက် လျော့ကျခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်းကား အစီးရေ ၆၇၇၂ စီးရောင်းချနိုင်ခဲ့ပေမယ့် ဒီနှစ် ၈ လအတွင်းမှာတော့ ကားအစီးရေ ၆၅၇၉ စီးသာ ရောင်းချနိုင်ခဲ့ကြောင်း (AAF) က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရယူပြီးနောက်ပိုင်း နိုင်ငံတကာလူအခွင့်အရေးအဖွဲ့များရဲ့ဖိအားပေးမှုများကြောင့် ပြည်ပအခြေစိုက်ကုမ္ပဏီကြီးအချို့ဟာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများလုပ်ကိုင်မှုကနေ ပြန်ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရယူပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများဟာ နစကကို ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့ကြပါတယ်။ AAF ရဲ့ထုတ်ပြန်ချက်အရ အာဆီယံဒေသအတွင်းရှိ နိုင်ငံများရဲ့ကားထုတ်လုပ်မှုအရေအတွက် ဒီနှစ် ၈ လအတွင်းမှာ ၂၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ကားထုတ်လုပ်မှုနှုန်းကတော့ ဒေသအတွင်းနိုင်ငံများထဲမှာ မြင့်တက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အာဆီယံဒေသဟာ ဒီနှစ်၈လအတွင်း ကားအစီးရေ စုစုပေါင်း ၂၈ဝ၄၃၈၆ စီး ထုတ်လုပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ပထမ ၈ လအတွင်းမှာတော့ ၂၁၈၈၃၁၁ စီးသာ ထုတ်လုပ်နိုင်ခဲ့ရာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ၂၈ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေနာက္အုပ္စုရဲ႕ပိတ္ဆို႔မႈခံထားရေပမယ့္ ျမန္မာႏိုင္ငံရဲ႕ကားထုတ္လုပ္မႈအေရအတြက္ ျမင့္တက္လာခဲ့
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃

ျမန္မာႏိုင္ငံရဲ႕ကားထုတ္လုပ္မႈအေရအတြက္ ၿပီးခဲ့တဲ့ႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

အာဆီယံ ေမာ္ေတာ္ကား ဖက္ဒရက္ေရးရွင္း (AAF) ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားရဲ႕ကားထုတ္လုပ္မႈ၊ေရာင္းခ်မႈနဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္ခဲ့ရာမွာ ျမန္မာႏိုင္ငံရဲ႕ကားထုတ္လုပ္မႈဟာ ၁၂၉ ဒသမ ရ ရာခိုင္ႏႈန္းျမင့္တက္လ်က္ရွိေနခဲ့ေၾကာင္းသိရပါတယ္။

ျမန္မာႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္က ကားအစီးေရေပါင္း ၁ဝ၅၅ စီးသာ ထုတ္လုပ္ႏိုင္ခဲ့ေပမယ့္ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလကေန ၾသဂုတ္လအတြင္း ကားအစီးေရေပါင္း ၃ဝ၈၈ စီး ထုတ္လုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံဟာ ဒီႏွစ္အတြင္း ကားထုတ္လုပ္မႈတိုးလာခဲ့ေပမယ့္ ကားေရာင္းခ်ရမႈအေရ အတြက္ ေလ်ာ့က်ခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလကေန ၾသဂုတ္လအတြင္းကား အစီးေရ ၆၇၇၂ စီးေရာင္းခ်ႏိုင္ခဲ့ေပမယ့္ ဒီႏွစ္ ၈ လအတြင္းမွာေတာ့ ကားအစီးေရ ၆၅၇၉ စီးသာ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း (AAF) က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာရယူၿပီးေနာက္ပိုင္း ႏိုင္ငံတကာလူအခြင့္အေရးအဖြဲ႕မ်ားရဲ႕ဖိအားေပးမႈမ်ားေၾကာင့္ ျပည္ပအေျခစိုက္ကုမၸဏီႀကီးအခ်ိဳ႕ဟာ ျမန္မာႏိုင္ငံအတြင္း လုပ္ငန္းမ်ားလုပ္ကိုင္မႈကေန ျပန္႐ုတ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာရယူၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားဟာ နစကကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ၾကပါတယ္။ AAF ရဲ႕ထုတ္ျပန္ခ်က္အရ အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားရဲ႕ကားထုတ္လုပ္မႈအေရအတြက္ ဒီႏွစ္ ၈ လအတြင္းမွာ ၂၈ ဒသမ ၂ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ေပမယ့္ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ကားထုတ္လုပ္မႈႏႈန္းကေတာ့ ေဒသအတြင္းႏိုင္ငံမ်ားထဲမွာ ျမင့္တက္လာျခင္းမရွိေသးဘူးလို႔ သိရပါတယ္။

အာဆီယံေဒသဟာ ဒီႏွစ္၈လအတြင္း ကားအစီးေရ စုစုေပါင္း ၂၈ဝ၄၃၈၆ စီး ထုတ္လုပ္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ ပထမ ၈ လအတြင္းမွာေတာ့ ၂၁၈၈၃၁၁ စီးသာ ထုတ္လုပ္ႏိုင္ခဲ့ရာ ၿပီးခဲ့တဲ့ႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ ၂၈ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.