မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ထံမှ သိမ်းဆည်းရမိသည့်ပစ္စည်းများကို ထိုင်းရဲတပ်ဖွဲ့နှင့် သတင်းပေးသူကို ဆုကြေးပေးမည်ဟုဆို

 2684

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄

ထိုင်းတရားရေးဝန်ကြီး သက်ဆူတင် ဆိုနက်က မြန်မာမူးယစ်ရာဇာဖြစ်သည့် ဦးထွန်းမင်းလတ်၏အမှုကို စုံစမ်း ဖမ်ဆီးရာတွင် ပါဝင်ခဲ့သော ရဲများကို သိမ်းဆည်းရမိသည့် တန်ဖိုးအားလုံး၏ ၂၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပေးသွားမည်ဖြစ်သလို သတင်ပေးခဲ့သူကိုလည်း သိမ်းဆည်းရမိသည့်ပစ္စည်းတန်ဖိုး ၅ ရာခိုင်နှုန်း ဆုကြေးပေးမည် ဟု ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB သည် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ် ပိုင်ဆိုင်သည့် ထိုင်းဘတ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးကွန်ရက်မှ ပိုင်ဆိုင်မှုများကို ပူးပေါင်းစုံစမ်းစစ်ဆေးပြီး သိမ်းဆည်းခဲ့ကြောင်းသိရသည်။ ထိုင်းတရားရေးဝန်ကြီး သက်ဆူတင်က မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်၏အမှုသည် ထိုင်းရဲတပ်ဖွဲ့က ၂ဝ၁၉ ခုနှစ်နောက်ပိုင်းတည်းက စုံစမ်း စစ်ဆေးနေသည့် အမှုတစ်မှုဖြစ်ကြောင်းဆိုသည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ် ဂျင်တာကာနွန်က ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် နောက်ပိုင်း ကတည်းက မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်၏ ငွေကြေး၊ ဘဏ္ဍာရေး လွှဲပြောင်းမှုများကိုခြေခံရာ စောင့်ကြည့်နေခဲ့ကြောင်းဆိုသည်။

ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် ဦးထွန်းမင်းလတ် ပိုင်ဆိုင်သည့် ငွေကြေး၊ ကား၊ ဇိမ်ခံပစ္စည်းများ၊ ဟိုတယ်၊ အပန်းဖြေကမ်းခြေများကို သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းခဲ့သော ပစ္စည်းများ တန်ဖိုးက ထိုင်းဘတ် ၁ ဒသမ ၈ ဘီလျံ ကျော်ရှိကြောင်း ရဲဗိုလ်ချုပ် ဂျင်တာကာနွန် က ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ နံနက်ပိုင်းတွင် မြန်မာမူးယစ်ရာဇာဖြစ်သော ဦးထွန်းမင်းလတ် နေထိုင်နေသည့် ထိုင်းနိုင်ငံအတွင်းရှိ အိမ်ကို စီးနင်းခဲ့ရာ ထိုင်းနိုင်ငံသားများနှင့် ဖမ်းမိခဲ့ကြောင်းသိရသည်။ ဦးထွန်းမင်းလတ်သည် မြန်မာစစ်တပ်ကို ကူညီထောက်ပံ့ပေးလျက်ရှိနေသူဖြစ်သလို မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းများ လုပ်ကိုင်နေသလို ငွေကြေးခဝါချမှုများလည်း လုပ်ကိုင်ပေးနေသူဖြစ်ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ က ဆိုသည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် မြန်မာစီးပွားရေးလုပ်ငန်းရှင်နှင့်အတူ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေသော
ထိုင်းနိုင်ငံသားနှစ်ဦးရှိနေပြီး ၄င်းတို့သည် လက်ရှိအချိန်တွင် ထွက်ပြေးနေကာ မည့်သည့်နေရာတွင် ပုန်းနေသည့်အချက်ကိုမသိသေးဘဲ ဖမ်းဝရမ်း ထုတ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

Zawgyi Version;
ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ထြန္းမင္းလတ္ထံမွ သိမ္းဆည္းရမိသည့္ပစၥည္းမ်ားကို ထိုင္းရဲတပ္ဖြဲ႕ႏွင့္ သတင္းေပးသူကို ဆုေၾကးေပးမည္ဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၄

ထိုင္းတရားေရးဝန္ႀကီး သက္ဆူတင္ ဆိုနက္က ျမန္မာမူးယစ္ရာဇာျဖစ္သည့္ ဦးထြန္းမင္းလတ္၏အမႈကို စုံစမ္း ဖမ္ဆီးရာတြင္ ပါဝင္ခဲ့ေသာ ရဲမ်ားကို သိမ္းဆည္းရမိသည့္ တန္ဖိုးအားလုံး၏ ၂၅ ရာခိုင္ႏႈန္းကို ဆုေၾကးအျဖစ္ ေပးသြားမည္ျဖစ္သလို သတင္ေပးခဲ့သူကိုလည္း သိမ္းဆည္းရမိသည့္ပစၥည္းတန္ဖိုး ၅ ရာခိုင္ႏႈန္း ဆုေၾကးေပးမည္ ဟု ဆိုသည္။

ထိုင္းရဲတပ္ဖြဲ႕ႏွင့္ ထိုင္းမူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအဖြဲ႕ ONCB သည္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ဦးထြန္းမင္းလတ္ ပိုင္ဆိုင္သည့္ ထိုင္းဘတ္ ၁ ဒသမ ၈ ဘီလ်ံတန္ဖိုးရွိ မူးယစ္ေဆးဝါးကြန္ရက္မွ ပိုင္ဆိုင္မႈမ်ားကို ပူးေပါင္းစုံစမ္းစစ္ေဆးၿပီး သိမ္းဆည္းခဲ့ေၾကာင္းသိရသည္။ ထိုင္းတရားေရးဝန္ႀကီး သက္ဆူတင္က ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ထြန္းမင္းလတ္၏အမႈသည္ ထိုင္းရဲတပ္ဖြဲ႕က ၂ဝ၁၉ ခုႏွစ္ေနာက္ပိုင္းတည္းက စုံစမ္း စစ္ေဆးေနသည့္ အမႈတစ္မႈျဖစ္ေၾကာင္းဆိုသည္။

ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕မွ ရဲဗိုလ္ခ်ဳပ္ ဂ်င္တာကာႏြန္က ထိုင္းရဲတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ ၂ဝ၁၉ ခုႏွစ္ ေနာက္ပိုင္း ကတည္းက ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ဦးထြန္းမင္းလတ္၏ ေငြေၾကး၊ ဘ႑ာေရး လႊဲေျပာင္းမႈမ်ားကိုေျခခံရာ ေစာင့္ၾကည့္ေနခဲ့ေၾကာင္းဆိုသည္။

ထိုင္းရဲတပ္ဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ ဦးထြန္းမင္းလတ္ ပိုင္ဆိုင္သည့္ ေငြေၾကး၊ ကား၊ ိမ္ခံပစၥည္းမ်ား၊ ဟိုတယ္၊ အပန္းေျဖကမ္းေျခမ်ားကို သိမ္းဆည္းခဲ့ၿပီး သိမ္းဆည္းခဲ့ေသာ ပစၥည္းမ်ား တန္ဖိုးက ထိုင္းဘတ္ ၁ ဒသမ ၈ ဘီလ်ံ ေက်ာ္ရွိေၾကာင္း ရဲဗိုလ္ခ်ဳပ္ ဂ်င္တာကာႏြန္ က ဆိုသည္။

ထိုင္းရဲတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ စက္တင္ဘာလ နံနက္ပိုင္းတြင္ ျမန္မာမူးယစ္ရာဇာျဖစ္ေသာ ဦးထြန္းမင္းလတ္ ေနထိုင္ေနသည့္ ထိုင္းႏိုင္ငံအတြင္းရွိ အိမ္ကို စီးနင္းခဲ့ရာ ထိုင္းႏိုင္ငံသားမ်ားႏွင့္ ဖမ္းမိခဲ့ေၾကာင္းသိရသည္။ ဦးထြန္းမင္းလတ္သည္ ျမန္မာစစ္တပ္ကို ကူညီေထာက္ပံ့ေပးလ်က္ရွိေနသူျဖစ္သလို မူးယစ္ေဆးဝါး ေမွာင္ခို လုပ္ငန္းမ်ား လုပ္ကိုင္ေနသလို ေငြေၾကးခဝါခ်မႈမ်ားလည္း လုပ္ကိုင္ေပးေနသူျဖစ္ေၾကာင္း ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕ က ဆိုသည္။

ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕သည္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ႏွင့္အတူ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္လ်က္ရွိေနေသာ
ထိုင္းႏိုင္ငံသားႏွစ္ဦးရွိေနၿပီး ၄င္းတို႔သည္ လက္ရွိအခ်ိန္တြင္ ထြက္ေျပးေနကာ မည့္သည့္ေနရာတြင္ ပုန္းေနသည့္အခ်က္ကိုမသိေသးဘဲ ဖမ္းဝရမ္း ထုတ္သြားမည္ျဖစ္ေၾကာင္း ဆိုသည္။

Picture

Htun Aung Kyaw

04/11/2022 19:34

ထိုင်းက တနည်းပြောရရင် လူပါး၀တာပဲ🥴

Related news

© 2021. All rights reserved.