"ပြိုင်ပွဲဝင်တွေ ခွဲစိတ်ပြုပြင်ထားလို့ ရုပ်ချင်းဆင်တူနေကြတယ်ဆိုပြီး ဝေဖန်ခံရပြန်တဲ့ Miss Korea 2022" (ထူးခြားသုတဆောင်းပါး)

 779

ဝတီ (NP News) - နိုဝင်ဘာ ၈

၂ဝ၂၂ ခုနှစ် Miss Korea အလှမယ်ပြိုင်ပွဲကြီးကို အောက်တိုဘာလနှောင်းပိုင်းမှာ ဆိုးလ်မြို့မှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

(၆၆)ကြိမ်မြောက် ကျင်းပသွားတဲ့ နိုင်ငံတော်အဆင့် အလှမယ်ပြိုင်ပွဲကြီးမှာ လီဆန်ဟီအွန် (Lee Seung Hyeon)က သရဖူဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။ နိုင်ငံတလွှားက ထိပ်တန်းအလှမယ်ပေါင်း (၃ဝ)ဝင်ပြိုင်ကြတဲ့အထဲမှာ အသက် ၂၃ နှစ်အရွယ် သူမက သရဖူကိုဆွတ်ခူးသွားပြီး နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ခွင့် ရသွားတာပါ။ သူမက ကိုရီးယားတက္ကသိုလ်မှာ ဘောဂဗေဒပညာရပ် သင်ယူဆည်းပူးနေတဲ့ ကျောင်းသူလေးပေါ့။ သူမက ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုထူထောင်နိုင်သူဖြစ်ချင်ပြီး လက်ရှိမှာတော့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုဖြစ်အောင် စလုပ်နေပြီ၊ အဲဒီအမှတ်တံဆိပ် လူသိများထင်ရှားလာအောင်နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတယ်လို့ ပြိုင်ပွဲမှာသူ့အကြောင်းသူမိတ်ဆက်ပြောပြသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ယိုဆီအွန်း (Yoo Si Eun)ကတော့ ဒီပြိုင်ပွဲကြီးမှာ ဒုတိယဆုနဲ့ ကျေနပ်လိုက်ရပြီး သူလေးက လေကြောင်းဝန်ဆောင်မှုဌာနကပါ။ တတိယဆုကိုတော့ အသက် ၂၂ နှစ်အရွယ် ကင်မ်ဂိုအွန်း (Kim Go Eun)က ဆွတ်ခူးသွားပါတယ်။ သူလေးကတော့ လေကြောင်းအင်ဂျင်နီယာဌာနကပါ။ ဆုရသွားတဲ့ ဒီသုံးယောက်ရဲ့ ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာတော့ ဝေဖန်သံတွေ အတော်လေး ညံသွားပါတယ်။ ဝေဖန်ပုံကတော့ ဒီလိုပါ။

"သူတို့တွေကို ကြည့်ရတာ လူအစစ်နဲ့ သိပ်မတူဘဲ ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ လူပုံစံ အန်နီမေးရှင်း အရုပ်မတွေနဲ့ ပိုတူနေတယ်။ ပြောရရင်တော့ ပလတ်စတစ် အရုပ်မတွေနဲ့ တူနေတာပေါ့။ ဒိုင်တွေကသဘာဝကျကျလှတဲ့ ပြိုင်ပွဲဝင်ကိုပဲ ရွေးပြီး ဆု ပေးသင့်တယ်။ ဒီသုံးယောက်ကတော့ ဘယ်လိုမှ သဘာဝမကျဘူး။ ရုပ်တွေကလည်းညီအစ်မတွေလိုပဲ အတော်ကြီးဆင်နေတယ်။ ကြည့်ရတာ ဒီသုံးယောက်လုံးက အလှအပ ခွဲစိတ်ဆရာဝန် တစ်ယောက်တည်းဆီမှာခွဲစိတ်ခဲ့ကြပုံပဲ"လို့ လူတွေက အွန်လိုင်းမှာ ရေးသားကြပါတယ်။

နောက်လူတွေကလည်း "ဒီပြိုင်ပွဲကို ကိုရီးယားအလှမယ်ပြိုင်ပွဲလို့ခေါ်မယ့်အစား အလှအပ ခွဲစိတ်ပြုပြင်ထားသူများ ပြိုင်ပွဲလို့ ပြောင်းခေါ်သင့်တယ်။ ပြိုင်ပွဲဝင်တွေကလည်း တစ်ရုပ်တည်းတွေချည်းပဲ။ ဒီပွဲကိုအခုထက်ထိ လုပ်နေသေးမှန်း အခုမှပဲ သိတော့တယ်"လို့မှတ်ချက်ရေးကြပါတယ်။

ဒါပေမဲ့ ကိုရီးယားအလှမယ်ပြိုင်ပွဲဝင်တွေ အခုလိုမျိုး ဝေဖန်ခံရတာ ဒါ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ၂ဝ၁၃ ခုနှစ် Miss Korea ပြိုင်ပွဲတုန်းကလည်း ဆန်ခါတင် ပြိုင်ပွဲဝင်တွေရဲ့ပုံတွေ အွန်လိုင်းပေါ် ရောက်လာတော့ အားလုံးရုပ်တွေက တစ်ရုပ်တည်းဖြစ်နေလို့ အကြီးအကျယ်ဝေဖန်ခံခဲ့ရပါသေးတယ်။ အားလုံးက မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ မျက်နှာသွယ်သွယ်၊ အသားဖြူဖြူတွေချည်းပဲလေ။ ဒါကြောင့် အားလုံးက ခွဲစိတ်ပြုပြင်ပြီးလှအောင် လုပ်ထားတော့ အကုန်လုံး ဒီရုပ်ချည်းပဲ ထွက်နေတော့တာပေါ့လို့ ဝေဖန်သံတွေ ညံသွားခဲ့တာပါ။ ၂ဝ၁၂ ခုနှစ် Miss Korea သရဖူ ဆုရှင် ကင်မ်ယူမီ (Kim Yu-Mi)ရဲ့ ကျောင်းတုန်းက ပုံတွေလည်းလိုင်းပေါ် ပျံ့လာခဲ့ပါသေးတယ်။ ကျောင်းတုန်းက ရုပ်နဲ့ အလှမယ်ပြိုင်ပွဲဝင်ပြိုင်တဲ့ ရုပ်က တစ်စက်မှ မတူဘူးလေ။ ဘယ်လိုမှ ငြင်းလို့ မရတော့တဲ့ အဆုံးမှာမှသူက ကျွန်မက အမေမွေးကတည်းက လှတာပါလို့ တစ်ခါမှ မပြောဖူးပါဘူးလို့ ပြောသွားပါတယ်။ တကယ်လည်း တောင်ကိုရီးယားကကမ္ဘာပေါ်မှာ အလှအပ ခွဲစိတ်ပြုပြင်မှု အများဆုံးလုပ်တဲ့နိုင်ငံ ဖြစ်နေပါတယ်။

အထူးသဖြင့် အသက် ၁၉ နှစ်နဲ့ ၄၉ နှစ်ကြားတွေက အလှအပခွဲစိတ်ပြုပြင်မှု
အလုပ်ဆုံး အသက်အရွယ်အပိုင်းအခြားပါ။ တခြားနိုင်ငံက အမျိုးသမီးတွေလည်း နှုတ်ခမ်း ပြည့်ဖူးအောင်၊ ရင်သား၊တင်ပါး ကြီးအောင် စသဖြင့် ခွဲစိတ်ပြုပြင်မှုကြပေမယ့် တောင်ကိုရီးယားကိုတော့ မမီပါဘူး။ တောင်ကိုရီးယားမှာတော့ အလှအပခွဲစိတ်ပြုပြင်တာက အရမ်းကိုမှ များပါတယ်။ ဘယ်လောက်အထိအလှအပကို အလေးထားသလဲဆိုရင် အမျိုးသားတွေတောင်အတော်လေး ခွဲစိတ်ပြုပြင်ကြပါသတဲ့။ ဆေးပညာခေတ်မီထွန်းကားလွန်းတော့ သူတို့ဆီမှာ ပိုက်ဆံသာ တတ်နိုင်ရင်ခွဲစိတ်ဖို့ လွယ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက အလှအပခွဲစိတ်ပြုပြင်မှုနဲ့နာမည်ကြီးလွန်းတဲ့အတွက် တရုတ်အပါအဝင် တခြားနိုင်ငံက လူတွေတောင် တောင်ကိုရီးယားအထိ သွားပြီး ခွဲစိတ်ပြုပြင်လေ့ရှိကြပါတယ်။

ဒါပေမဲ့ ဒီလို ခွဲစိတ်ပြုပြင်လိုက်လို့ လူတကာငေးရလောက်အောင် အရုပ်မလေးလို လှပတင့်တယ်၊ ရှုမငြီးစဖွယ် ဖြစ်သွားသူတွေ ရှိသလိုခွဲစိတ်ပြုပြင်လိုက်မှ ဘဝပျက်သွားရသူတွေလည်း မနည်းပါဘူး။ ဥပမာအားဖြင့် ပြောရရင် ၁၉၈ဝ ပြည့်လွန်နှစ်တွေတုန်းက Miss Korea ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဟာ ၂ဝဝ၈ ခုနှစ်မှာရင်သားကြီးအောင် ခွဲစိတ်ပြုပြင်လိုက်တာ တတ်ယောင်ကား ဆရာဝန်နဲ့တွေ့သွားလို့ ရင်သားက ဆိုးဆိုးဝါးဝါး ပုံပျက်ပန်းပျက်ဖြစ်သွားပါတော့တယ်။ ခွဲစိတ်အပြီးမှာ ပိုးဝင်လို့ နောက်ဆုံးမှာ သူ့ညာဘက်ရင်သားက ဘယ်ဘက် ရင်သားအရွယ်အစားရဲ့ ထက်ဝက်ပဲ ရှိတော့တယ်လေ။ သူကတော့ သူ့နာမည်အပြည့်အစုံကို ထည့်မပြောဘဲ ပတ်ခ် (Park)လို့ပဲ လူသိခံပြီး သူ့အဖြစ်ကို ထုတ်ပြောသွားတာပါ။ "ကျွန်မဖြင့် နောင်တရလို့ မဆုံးပါဘူးရှင်။ စိတ်တွေညစ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ နှစ်ကြိမ် ကြိုးစားခဲ့သေးတယ်"လို့ သူက ပြောပြပါတယ်။

zawgyi version
"ၿပိဳင္ပြဲဝင္ေတြ ခြဲစိတ္ျပဳျပင္ထားလို႔ ႐ုပ္ခ်င္းဆင္တူေနၾကတယ္ဆိုၿပီး ေဝဖန္ခံရျပန္တဲ့ Miss Korea 2022" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ႏိုဝင္ဘာ ၈

၂ဝ၂၂ ခုႏွစ္ Miss Korea အလွမယ္ၿပိဳင္ပြဲႀကီးကို ေအာက္တိုဘာလေႏွာင္းပိုင္းမွာ ဆိုးလ္ၿမိဳ႕မွာ ၿခိမ့္ၿခိမ့္သဲသဲ က်င္းပျပဳလုပ္သြားခဲ့ပါတယ္။

(၆၆)ႀကိမ္ေျမာက္ က်င္းပသြားတဲ့ ႏိုင္ငံေတာ္အဆင့္ အလွမယ္ၿပိဳင္ပြဲႀကီးမွာ လီဆန္ဟီအြန္ (Lee Seung Hyeon)က သရဖူဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။ ႏိုင္ငံတလႊားက ထိပ္တန္းအလွမယ္ေပါင္း (၃ဝ)ဝင္ၿပိဳင္ၾကတဲ့အထဲမွာ အသက္ ၂၃ ႏွစ္အ႐ြယ္ သူမက သရဖူကိုဆြတ္ခူးသြားၿပီး ႏိုင္ငံကို ကိုယ္စားျပဳယွဥ္ၿပိဳင္ခြင့္ ရသြားတာပါ။ သူမက ကိုရီးယားတကၠသိုလ္မွာ ေဘာဂေဗဒပညာရပ္ သင္ယူဆည္းပူးေနတဲ့ ေက်ာင္းသူေလးေပါ့။ သူမက ကမာၻေက်ာ္ ဖက္ရွင္အမွတ္တံဆိပ္တစ္ခုထူေထာင္ႏိုင္သူျဖစ္ခ်င္ၿပီး လက္ရွိမွာေတာ့ ကိုယ္ပိုင္အမွတ္တံဆိပ္တစ္ခုျဖစ္ေအာင္ စလုပ္ေနၿပီ၊ အဲဒီအမွတ္တံဆိပ္ လူသိမ်ားထင္ရွားလာေအာင္နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးပမ္းေနတယ္လို႔ ၿပိဳင္ပြဲမွာသူ႔အေၾကာင္းသူမိတ္ဆက္ေျပာျပသြားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ယိုဆီအြန္း (Yoo Si Eun)ကေတာ့ ဒီၿပိဳင္ပြဲႀကီးမွာ ဒုတိယဆုနဲ႔ ေက်နပ္လိုက္ရၿပီး သူေလးက ေလေၾကာင္းဝန္ေဆာင္မႈဌာနကပါ။ တတိယဆုကိုေတာ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ကင္မ္ဂိုအြန္း (Kim Go Eun)က ဆြတ္ခူးသြားပါတယ္။ သူေလးကေတာ့ ေလေၾကာင္းအင္ဂ်င္နီယာဌာနကပါ။ ဆုရသြားတဲ့ ဒီသုံးေယာက္ရဲ႕ ပုံေတြ အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔လာေတာ့ ေဝဖန္သံေတြ အေတာ္ေလး ညံသြားပါတယ္။ ေဝဖန္ပုံကေတာ့ ဒီလိုပါ။

"သူတို႔ေတြကို ၾကည့္ရတာ လူအစစ္နဲ႔ သိပ္မတူဘဲ ကြန္ပ်ဴတာနဲ႔ဖန္တီးထားတဲ့ လူပုံစံ အန္နီေမးရွင္း အ႐ုပ္မေတြနဲ႔ ပိုတူေနတယ္။ ေျပာရရင္ေတာ့ ပလတ္စတစ္ အ႐ုပ္မေတြနဲ႔ တူေနတာေပါ့။ ဒိုင္ေတြကသဘာဝက်က်လွတဲ့ ၿပိဳင္ပြဲဝင္ကိုပဲ ေ႐ြးၿပီး ဆု ေပးသင့္တယ္။ ဒီသုံးေယာက္ကေတာ့ ဘယ္လိုမွ သဘာဝမက်ဘူး။ ႐ုပ္ေတြကလည္းညီအစ္မေတြလိုပဲ အေတာ္ႀကီးဆင္ေနတယ္။ ၾကည့္ရတာ ဒီသုံးေယာက္လုံးက အလွအပ ခြဲစိတ္ဆရာဝန္ တစ္ေယာက္တည္းဆီမွာခြဲစိတ္ခဲ့ၾကပုံပဲ"လို႔ လူေတြက အြန္လိုင္းမွာ ေရးသားၾကပါတယ္။

ေနာက္လူေတြကလည္း "ဒီၿပိဳင္ပြဲကို ကိုရီးယားအလွမယ္ၿပိဳင္ပြဲလို႔ေခၚမယ့္အစား အလွအပ ခြဲစိတ္ျပဳျပင္ထားသူမ်ား ၿပိဳင္ပြဲလို႔ ေျပာင္းေခၚသင့္တယ္။ ၿပိဳင္ပြဲဝင္ေတြကလည္း တစ္႐ုပ္တည္းေတြခ်ည္းပဲ။ ဒီပြဲကိုအခုထက္ထိ လုပ္ေနေသးမွန္း အခုမွပဲ သိေတာ့တယ္"လို႔မွတ္ခ်က္ေရးၾကပါတယ္။

ဒါေပမဲ့ ကိုရီးယားအလွမယ္ၿပိဳင္ပြဲဝင္ေတြ အခုလိုမ်ိဳး ေဝဖန္ခံရတာ ဒါ ပထမဦးဆုံးအႀကိမ္ မဟုတ္ပါဘူး။ ၂ဝ၁၃ ခုႏွစ္ Miss Korea ၿပိဳင္ပြဲတုန္းကလည္း ဆန္ခါတင္ ၿပိဳင္ပြဲဝင္ေတြရဲ႕ပုံေတြ အြန္လိုင္းေပၚ ေရာက္လာေတာ့ အားလုံး႐ုပ္ေတြက တစ္႐ုပ္တည္းျဖစ္ေနလို႔ အႀကီးအက်ယ္ေဝဖန္ခံခဲ့ရပါေသးတယ္။ အားလုံးက မ်က္လုံးဝိုင္းဝိုင္း၊ ႏွာတံေပၚေပၚ၊ မ်က္ႏွာသြယ္သြယ္၊ အသားျဖဴျဖဴေတြခ်ည္းပဲေလ။ ဒါေၾကာင့္ အားလုံးက ခြဲစိတ္ျပဳျပင္ၿပီးလွေအာင္ လုပ္ထားေတာ့ အကုန္လုံး ဒီ႐ုပ္ခ်ည္းပဲ ထြက္ေနေတာ့တာေပါ့လို႔ ေဝဖန္သံေတြ ညံသြားခဲ့တာပါ။ ၂ဝ၁၂ ခုႏွစ္ Miss Korea သရဖူ ဆုရွင္ ကင္မ္ယူမီ (Kim Yu-Mi)ရဲ႕ ေက်ာင္းတုန္းက ပုံေတြလည္းလိုင္းေပၚ ပ်ံ႕လာခဲ့ပါေသးတယ္။ ေက်ာင္းတုန္းက ႐ုပ္နဲ႔ အလွမယ္ၿပိဳင္ပြဲဝင္ၿပိဳင္တဲ့ ႐ုပ္က တစ္စက္မွ မတူဘူးေလ။ ဘယ္လိုမွ ျငင္းလို႔ မရေတာ့တဲ့ အဆုံးမွာမွသူက ကြၽန္မက အေမေမြးကတည္းက လွတာပါလို႔ တစ္ခါမွ မေျပာဖူးပါဘူးလို႔ ေျပာသြားပါတယ္။ တကယ္လည္း ေတာင္ကိုရီးယားကကမာၻေပၚမွာ အလွအပ ခြဲစိတ္ျပဳျပင္မႈ အမ်ားဆုံးလုပ္တဲ့ႏိုင္ငံ ျဖစ္ေနပါတယ္။

အထူးသျဖင့္ အသက္ ၁၉ ႏွစ္နဲ႔ ၄၉ ႏွစ္ၾကားေတြက အလွအပခြဲစိတ္ျပဳျပင္မႈ
အလုပ္ဆုံး အသက္အ႐ြယ္အပိုင္းအျခားပါ။ တျခားႏိုင္ငံက အမ်ိဳးသမီးေတြလည္း ႏႈတ္ခမ္း ျပည့္ဖူးေအာင္၊ ရင္သား၊တင္ပါး ႀကီးေအာင္ စသျဖင့္ ခြဲစိတ္ျပဳျပင္မႈၾကေပမယ့္ ေတာင္ကိုရီးယားကိုေတာ့ မမီပါဘူး။ ေတာင္ကိုရီးယားမွာေတာ့ အလွအပခြဲစိတ္ျပဳျပင္တာက အရမ္းကိုမွ မ်ားပါတယ္။ ဘယ္ေလာက္အထိအလွအပကို အေလးထားသလဲဆိုရင္ အမ်ိဳးသားေတြေတာင္အေတာ္ေလး ခြဲစိတ္ျပဳျပင္ၾကပါသတဲ့။ ေဆးပညာေခတ္မီထြန္းကားလြန္းေတာ့ သူတို႔ဆီမွာ ပိုက္ဆံသာ တတ္ႏိုင္ရင္ခြဲစိတ္ဖို႔ လြယ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံက အလွအပခြဲစိတ္ျပဳျပင္မႈနဲ႔နာမည္ႀကီးလြန္းတဲ့အတြက္ တ႐ုတ္အပါအဝင္ တျခားႏိုင္ငံက လူေတြေတာင္ ေတာင္ကိုရီးယားအထိ သြားၿပီး ခြဲစိတ္ျပဳျပင္ေလ့ရွိၾကပါတယ္။

ဒါေပမဲ့ ဒီလို ခြဲစိတ္ျပဳျပင္လိုက္လို႔ လူတကာေငးရေလာက္ေအာင္ အ႐ုပ္မေလးလို လွပတင့္တယ္၊ ရႈမၿငီးစဖြယ္ ျဖစ္သြားသူေတြ ရွိသလိုခြဲစိတ္ျပဳျပင္လိုက္မွ ဘဝပ်က္သြားရသူေတြလည္း မနည္းပါဘူး။ ဥပမာအားျဖင့္ ေျပာရရင္ ၁၉၈ဝ ျပည့္လြန္ႏွစ္ေတြတုန္းက Miss Korea ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ခဲ့ဖူးတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ၂ဝဝ၈ ခုႏွစ္မွာရင္သားႀကီးေအာင္ ခြဲစိတ္ျပဳျပင္လိုက္တာ တတ္ေယာင္ကား ဆရာဝန္နဲ႔ေတြ႕သြားလို႔ ရင္သားက ဆိုးဆိုးဝါးဝါး ပုံပ်က္ပန္းပ်က္ျဖစ္သြားပါေတာ့တယ္။ ခြဲစိတ္အၿပီးမွာ ပိုးဝင္လို႔ ေနာက္ဆုံးမွာ သူ႔ညာဘက္ရင္သားက ဘယ္ဘက္ ရင္သားအ႐ြယ္အစားရဲ႕ ထက္ဝက္ပဲ ရွိေတာ့တယ္ေလ။ သူကေတာ့ သူ႔နာမည္အျပည့္အစုံကို ထည့္မေျပာဘဲ ပတ္ခ္ (Park)လို႔ပဲ လူသိခံၿပီး သူ႔အျဖစ္ကို ထုတ္ေျပာသြားတာပါ။ "ကြၽန္မျဖင့္ ေနာင္တရလို႔ မဆုံးပါဘူးရွင္။ စိတ္ေတြညစ္လြန္းလို႔ ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ ႏွစ္ႀကိမ္ ႀကိဳးစားခဲ့ေသးတယ္"လို႔ သူက ေျပာျပပါတယ္။

Related news

© 2021. All rights reserved.