"ခရီးသည်တင်လေယာဉ်ကြီးတွေ ကိုယ်တိုင်ထုတ်လုပ်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံ" (ထူးခြားသုတဆောင်းပါး)

 730

ဝတီ (NP News) - နိုဝင်ဘာ ၈

စီနိုင်းဝမ်းနိုင်း (C919) ဆိုတာကတော့ ကောမက်ခ် (Comac)လို့ အတိုကောက်ခေါ်တဲ့ လေယာဉ်စီးပွားဖြစ်ထုတ်လုပ်ရေး တရုတ်ကော်ပိုရေးရှင်းက ထုတ်လုပ်ထားတဲ့ခရီးသည်တင်လေယာဉ်ပါ။ ကောမက်ခ်ဆိုတဲ့ လေယာဉ်ထုတ်လုပ်ရေးကော်ပိုရေး ရှင်းဟာ တရုတ်အစိုးရပိုင် ဖြစ်ပါတယ်။

ကမ္ဘာ့လေယာဉ်ထုတ်လုပ်ရေးလောကမှာ ထိပ်သီးဖြစ်တဲ့ Boeing နဲ့ Airbus တို့ကို တုပြိုင်နိုင်ဖို့အတွက် တရုတ်က လေယာဉ်ကိုပါပြည်တွင်းမှာ ကြိုးစားပမ်းစားနဲ့ အောင်အောင်မြင်မြင် တည်ဆောက်ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ဒီလေယာဉ်ကြီး ဖြစ်လာဖို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ပထမဦးဆုံး C919 လေယာဉ်ကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ ဒီလေယာဉ်ကြီးဟာ ၂ဝ၁၇ ခုနှစ်၊ မေလမှာတော့ ရှန်ဟိုင်းမှာ ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ပါတယ်။

လေယာဉ် ထုတ်လုပ်ရတာဟာ တကယ်ကို ခက်ခဲလှတဲ့ လုပ်ငန်းစဉ်ပါ။ အင်ဂျင်နှစ်လုံးတပ် ဒီလေယာဉ်ကို ၂ဝ၁၆ ခုနှစ်ထဲမှာဈေးကွက်ထဲ စဝင်နိုင်လိမ့်မယ်လို့ ထုတ် လုပ်သူတွေက အစပိုင်းမှာမျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ လေယာဉ် ထုတ်လုပ်ရတာဟာတကယ်ကို မလွယ်ကူလို့ ထုတ်လုပ်ရေးလုပ်ငန်းဟာ မျှော်မှန်းထားသလိုဖြစ်မလာဘဲ နောက်ဆုတ်ပြီးရင်း ဆုတ်သွားရပါတော့တယ်။ လေယာဉ်ထုတ်လုပ်သူတွေ နှစ်တွေနဲ့ချီ အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲကတော့နည်းပညာ အခက်အခဲ၊ လိုအပ်တဲ့ လေယာဉ် အစိတ်အပိုင်းတွေ ရရှိဖို့အခက်အခဲတွေပဲ ဖြစ်ပါတယ်။ အထူး သဖြင့် အမေရိကန်သမ္မတ ထရမ့်(Trump) လက်ထက်မှာပါ။ တရုတ်ကိုလေယာဉ် မောင်းနှင်ထိန်းချုပ်ရေးကိရိယာတွေနဲ့ ဂျက်အင်ဂျင်တွေမရောင်းချရဘူးဆိုတဲ့ ထရမ့်အမိန့်ကြောင့် တရုတ်ရဲ့ လေယာဉ်တည်ဆောက်ရေး စီမံကိန်း အတော်နှောင့်နှေးသွားခဲ့ရတာပါ။

ဒီလေယာဉ်မှာ သုံးထားတဲ့ အစိတ်အပိုင်းတွေထဲမှာ ၆ဝ ရာခိုင်နှုန်းလောက်က အမေရိကန်ကလာတဲ့ ပစ္စည်းတွေလေ။ ဒါကြောင့် ကောမက်ခ်(Comac)ဟာ လိုချင်တဲ့ အင်ဂျင်တွေ၊ အစိတ်အပိုင်းတွေ ရဖို့အတွက် General Electric နဲ့ Honeywell ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းခဲ့ရပါတယ်။ ဒီလိုအခက်အခဲအမျိုးမျိုးကြားက မရ ရအောင်လုပ်ခဲ့ပေမယ့် C919 ဆိုတဲ့ လေယာဉ်ကြီးဟာ ၂ဝ၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာလည်း တရုတ်အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (CAAC)ကနေ စီးပွားဖြစ် ပျံသန်းခွင့်လက်မှတ် မရလိုက်ပါဘူး။

C919 လေယာဉ်က သတ်မှတ်ထားတဲ့ စမ်းသပ်ပျံသန်းမှု အကြိမ်ရေမပြည့်သေးဘူး၊ ဒါကြောင့် ပျံသန်းခွင့်လက်မှတ်ထုတ်မပေးသေးတာလို့ အဲဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိ သူက ဆိုခဲ့ပါတယ်။ စမ်းသပ်ပျံသန်းမှု အကြိမ်ရေ ၂၇၆ ကြိမ်လုပ်ရမှာဆိုပေမယ့်လေယာဉ်က အဲဒီတုန်းကဆိုရင် ၃၄ ကြိမ်ပဲ စမ်းသပ်ပျံသန်းရသေးတာပါတဲ့။ ဒီလေယာဉ်အမျိုးအစားအတွက် စည်းကမ်းတွေ တင်းကျပ်ထားတာကြောင့်လည်း ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူက အဲဒီတုန်းက ထည့်ပြောသွားခဲ့ပါသေးတယ်။ ဥပမာအားဖြင့်ဆိုရင် လေယာဉ်မှာ ရှိရှိသမျှအစိတ်အပိုင်းတွေ၊ အကြောင်းအချက်တွေကို လူသားဝန်ထမ်းတွေက ရက်ပေါင်း ၄ဝဝဝဝ ကျော် စစ်ဆေးသုံးသပ်ရမယ်ဆိုတဲ့အချက်ပေါ့။

ဒါကြောင့် ဒီလေယာဉ် စီမံကိန်း စတင်တာ ၁၄ နှစ် အကြာ၊ ၂ဝ၂၂ ခုနှစ်၊စက်တင် ဘာလကုန်ပိုင်းလောက်ကျမှပဲ Comac C919 လေယာဉ်ကြီးဟာ တရုတ်အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (CAAC)ဆီကနေပျံသန်းခွင့်လက်မှတ်ရသွားပါတော့တယ်။ လေယာဉ်စီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ စတင်ခဲ့တာပါ။ ဒီလေယာဉ်အမျိုးအစားရဲ့ ပထမဦးဆုံး ဖောက်သည်ကတော့ တရုတ်အရှ့လေကြောင်းလိုင်း (China Eastern Airlines) ပါ။ ဒါပေမဲ့ C919 လေယာဉ်ကို နောက်နှစ်ထဲလောက်ကျမှသာ စတင်အသုံးပြုမှာပါ။ လက်ရှိမှာတော့ ဒီလေကြောင်းလိုင်းက C919 လေယာဉ်ငါး စင်းမှာထားပါတယ်။ သူက သူ့လက်အောက်ခံ လေကြောင်းလိုင်းခွဲဖြစ်တဲ့ OTT Airlines မှာ ထည့်သုံးဖို့မှာတာဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းက လက်ရှိမှာလည်း Comac ကထုတ်ထားတဲ့ ARJ 21 ဆိုတဲ့လေယာဉ်ကို သုံးနေပါပြီ။ အဲဒီလေ ယာဉ်က အင်ဂျင်နှစ်လုံးတပ် လေယာဉ် အသေးစားဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှာ ချန်ဒူးလေကြောင်းလိုင်း (Chengdu Airlines)ကနေ ပွဲဦးထွက်လာတာပါ။ C919 လေယာဉ်ကိုရှန်ဟိုင်းမှာပဲ အခြေချထားမှာဖြစ်ပြီး အဲဒီကနေမှ ပြည်တွင်းခရီးစဉ်တွေပြေးဆွဲမယ်လို့ OTT Airlines က ဆိုပါတယ်။

China Eastern Airlines အပါအဝင် အဖွဲ့အစည်းပေါင်း ၂၈ ခုက C919 လေယာဉ်အမျိုးအစားအတွက် စုစုပေါင်း အမှာစာ ၈၁၅ ခုတင်ထားပြီးပါပြီတဲ့။ အမှာစာပို့ထားတဲ့ အဖွဲ့အစည်းအများစုက တရုတ်လေကြောင်းလိုင်းတွေ ဆိုပေမယ့် နိုင်ငံခြားလေကြောင်းလိုင်းတချို့ကလည်း အမှာစာတင်ထားပါတယ်။ C919 လေယာဉ်အမျိုးအစားဟာ ခရီးတိုနဲ့ ခရီးလတ် လေယာဉ်ခရီးစဉ်တွေအတွက် အဆင်ပြေလိမ့်မယ်လို့ ထုတ်လုပ်သူ Comac က မျှော်မှန်းထားပါတယ်။ ရောင်းဈေးကတော့ တစ်စင်းကို ဒေါ်လာ ၉၁ သန်းနီးပါးပါတဲ့။ ဒီဈေးအတိုင်းသာဆိုရင် Boeing နဲ့ Airbus တို့ကထုတ်တဲ့ တချို့လေယာဉ်အမျိုးအစားတွေနဲ့ ဈေး သိပ်မကွာတော့ပါဘူး။ C919 လေယာဉ်ပေါ်မှာ ခရီးသည်ပေါင်း ၁၅၈ ယောက်ကနေ ၁၆၈ ယောက်အထိ ဆန့်မှာပါ။ တရုတ်ဟာ လေယာဉ်အတွက် ပြည်ပကိုအားမကိုးချင်လို့ ပြည်တွင်းမှာပဲလေ ယာဉ်ထုတ်နိုင်အောင် အသည်းအသန် ကြိုးစားနေတာ နှစ်ပေါင်း အများကြီး ရှိနေပါပြီ။ လေယာဉ်ထုတ်နိုင်သွားပြီဆိုပေမယ့် ဒီလောက်နဲ့ ကျေနပ်မနေဘဲ လေယာဉ်အစိတ်အပိုင်းတွေကိုပါ ပြည်တွင်းမှာပဲ အကုန်လုံးနီးပါး ထုတ်နိုင်အောင် ဆက်ပြီး အားသွန်ခွန်စိုက်ကြိုးပမ်းနေပါတယ်။

zawgyi version
"ခရီးသည္တင္ေလယာဥ္ႀကီးေတြ ကိုယ္တိုင္ထုတ္လုပ္ေနၿပီျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ႏိုဝင္ဘာ ၈

စီႏိုင္းဝမ္းႏိုင္း (C919) ဆိုတာကေတာ့ ေကာမက္ခ္ (Comac)လို႔ အတိုေကာက္ေခၚတဲ့ ေလယာဥ္စီးပြားျဖစ္ထုတ္လုပ္ေရး တ႐ုတ္ေကာ္ပိုေရးရွင္းက ထုတ္လုပ္ထားတဲ့ခရီးသည္တင္ေလယာဥ္ပါ။ ေကာမက္ခ္ဆိုတဲ့ ေလယာဥ္ထုတ္လုပ္ေရးေကာ္ပိုေရး ရွင္းဟာ တ႐ုတ္အစိုးရပိုင္ ျဖစ္ပါတယ္။

ကမာၻ႔ေလယာဥ္ထုတ္လုပ္ေရးေလာကမွာ ထိပ္သီးျဖစ္တဲ့ Boeing နဲ႔ Airbus တို႔ကို တုၿပိဳင္ႏိုင္ဖို႔အတြက္ တ႐ုတ္က ေလယာဥ္ကိုပါျပည္တြင္းမွာ ႀကိဳးစားပမ္းစားနဲ႔ ေအာင္ေအာင္ျမင္ျမင္ တည္ေဆာက္ထုတ္လုပ္လိုက္တာျဖစ္ပါတယ္။ ဒီေလယာဥ္ႀကီး ျဖစ္လာဖို႔ ၂ဝ၁၁ ခုႏွစ္ ဒီဇင္ဘာလကတည္းက စတင္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး၂ဝ၁၅ ခုႏွစ္၊ ႏိုဝင္ဘာလမွာေတာ့ ပထမဦးဆုံး C919 ေလယာဥ္ကိုထုတ္ေဖာ္ျပသႏိုင္ခဲ့ပါတယ္။ ဒီေလယာဥ္ႀကီးဟာ ၂ဝ၁၇ ခုႏွစ္၊ ေမလမွာေတာ့ ရွန္ဟိုင္းမွာ ပထမဦးဆုံးအႀကိမ္ စမ္းသပ္ပ်ံသန္းခဲ့ပါတယ္။

ေလယာဥ္ ထုတ္လုပ္ရတာဟာ တကယ္ကို ခက္ခဲလွတဲ့ လုပ္ငန္းစဥ္ပါ။ အင္ဂ်င္ႏွစ္လုံးတပ္ ဒီေလယာဥ္ကို ၂ဝ၁၆ ခုႏွစ္ထဲမွာေဈးကြက္ထဲ စဝင္ႏိုင္လိမ့္မယ္လို႔ ထုတ္ လုပ္သူေတြက အစပိုင္းမွာေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ေလယာဥ္ ထုတ္လုပ္ရတာဟာတကယ္ကို မလြယ္ကူလို႔ ထုတ္လုပ္ေရးလုပ္ငန္းဟာ ေမွ်ာ္မွန္းထားသလိုျဖစ္မလာဘဲ ေနာက္ဆုတ္ၿပီးရင္း ဆုတ္သြားရပါေတာ့တယ္။ ေလယာဥ္ထုတ္လုပ္သူေတြ ႏွစ္ေတြနဲ႔ခ်ီ အဓိက ရင္ဆိုင္ရတဲ့ အခက္အခဲကေတာ့နည္းပညာ အခက္အခဲ၊ လိုအပ္တဲ့ ေလယာဥ္ အစိတ္အပိုင္းေတြ ရရွိဖို႔အခက္အခဲေတြပဲ ျဖစ္ပါတယ္။ အထူး သျဖင့္ အေမရိကန္သမၼတ ထရမ့္(Trump) လက္ထက္မွာပါ။ တ႐ုတ္ကိုေလယာဥ္ ေမာင္းႏွင္ထိန္းခ်ဳပ္ေရးကိရိယာေတြနဲ႔ ဂ်က္အင္ဂ်င္ေတြမေရာင္းခ်ရဘူးဆိုတဲ့ ထရမ့္အမိန႔္ေၾကာင့္ တ႐ုတ္ရဲ႕ ေလယာဥ္တည္ေဆာက္ေရး စီမံကိန္း အေတာ္ေႏွာင့္ေႏွးသြားခဲ့ရတာပါ။

ဒီေလယာဥ္မွာ သုံးထားတဲ့ အစိတ္အပိုင္းေတြထဲမွာ ၆ဝ ရာခိုင္ႏႈန္းေလာက္က အေမရိကန္ကလာတဲ့ ပစၥည္းေတြေလ။ ဒါေၾကာင့္ ေကာမက္ခ္(Comac)ဟာ လိုခ်င္တဲ့ အင္ဂ်င္ေတြ၊ အစိတ္အပိုင္းေတြ ရဖို႔အတြက္ General Electric နဲ႔ Honeywell ဆိုတဲ့ အဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းခဲ့ရပါတယ္။ ဒီလိုအခက္အခဲအမ်ိဳးမ်ိဳးၾကားက မရ ရေအာင္လုပ္ခဲ့ေပမယ့္ C919 ဆိုတဲ့ ေလယာဥ္ႀကီးဟာ ၂ဝ၂၁ ခုႏွစ္၊ ႏွစ္ကုန္ပိုင္းမွာလည္း တ႐ုတ္အရပ္ဘက္ေလေၾကာင္းစီမံခန႔္ခြဲေရးအဖြဲ႕ (CAAC)ကေန စီးပြားျဖစ္ ပ်ံသန္းခြင့္လက္မွတ္ မရလိုက္ပါဘူး။

C919 ေလယာဥ္က သတ္မွတ္ထားတဲ့ စမ္းသပ္ပ်ံသန္းမႈ အႀကိမ္ေရမျပည့္ေသးဘူး၊ ဒါေၾကာင့္ ပ်ံသန္းခြင့္လက္မွတ္ထုတ္မေပးေသးတာလို႔ အဲဒီအဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိ သူက ဆိုခဲ့ပါတယ္။ စမ္းသပ္ပ်ံသန္းမႈ အႀကိမ္ေရ ၂၇၆ ႀကိမ္လုပ္ရမွာဆိုေပမယ့္ေလယာဥ္က အဲဒီတုန္းကဆိုရင္ ၃၄ ႀကိမ္ပဲ စမ္းသပ္ပ်ံသန္းရေသးတာပါတဲ့။ ဒီေလယာဥ္အမ်ိဳးအစားအတြက္ စည္းကမ္းေတြ တင္းက်ပ္ထားတာေၾကာင့္လည္း ပါတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက အဲဒီတုန္းက ထည့္ေျပာသြားခဲ့ပါေသးတယ္။ ဥပမာအားျဖင့္ဆိုရင္ ေလယာဥ္မွာ ရွိရွိသမွ်အစိတ္အပိုင္းေတြ၊ အေၾကာင္းအခ်က္ေတြကို လူသားဝန္ထမ္းေတြက ရက္ေပါင္း ၄ဝဝဝဝ ေက်ာ္ စစ္ေဆးသုံးသပ္ရမယ္ဆိုတဲ့အခ်က္ေပါ့။

ဒါေၾကာင့္ ဒီေလယာဥ္ စီမံကိန္း စတင္တာ ၁၄ ႏွစ္ အၾကာ၊ ၂ဝ၂၂ ခုႏွစ္၊စက္တင္ ဘာလကုန္ပိုင္းေလာက္က်မွပဲ Comac C919 ေလယာဥ္ႀကီးဟာ တ႐ုတ္အရပ္ဘက္ေလေၾကာင္းစီမံခန႔္ခြဲေရးအဖြဲ႕ (CAAC)ဆီကေနပ်ံသန္းခြင့္လက္မွတ္ရသြားပါေတာ့တယ္။ ေလယာဥ္စီမံကိန္းကို ၂ဝဝ၈ ခုႏွစ္မွာ စတင္ခဲ့တာပါ။ ဒီေလယာဥ္အမ်ိဳးအစားရဲ႕ ပထမဦးဆုံး ေဖာက္သည္ကေတာ့ တ႐ုတ္အရွ႕ေလေၾကာင္းလိုင္း (China Eastern Airlines) ပါ။ ဒါေပမဲ့ C919 ေလယာဥ္ကို ေနာက္ႏွစ္ထဲေလာက္က်မွသာ စတင္အသုံးျပဳမွာပါ။ လက္ရွိမွာေတာ့ ဒီေလေၾကာင္းလိုင္းက C919 ေလယာဥ္ငါး စင္းမွာထားပါတယ္။ သူက သူ႔လက္ေအာက္ခံ ေလေၾကာင္းလိုင္းခြဲျဖစ္တဲ့ OTT Airlines မွာ ထည့္သုံးဖို႔မွာတာျဖစ္ပါတယ္။ ဒီေလေၾကာင္းလိုင္းက လက္ရွိမွာလည္း Comac ကထုတ္ထားတဲ့ ARJ 21 ဆိုတဲ့ေလယာဥ္ကို သုံးေနပါၿပီ။ အဲဒီေလ ယာဥ္က အင္ဂ်င္ႏွစ္လုံးတပ္ ေလယာဥ္ အေသးစားျဖစ္ၿပီး ၂ဝ၁၆ ခုႏွစ္မွာ ခ်န္ဒူးေလေၾကာင္းလိုင္း (Chengdu Airlines)ကေန ပြဲဦးထြက္လာတာပါ။ C919 ေလယာဥ္ကိုရွန္ဟိုင္းမွာပဲ အေျခခ်ထားမွာျဖစ္ၿပီး အဲဒီကေနမွ ျပည္တြင္းခရီးစဥ္ေတြေျပးဆြဲမယ္လို႔ OTT Airlines က ဆိုပါတယ္။

China Eastern Airlines အပါအဝင္ အဖြဲ႕အစည္းေပါင္း ၂၈ ခုက C919 ေလယာဥ္အမ်ိဳးအစားအတြက္ စုစုေပါင္း အမွာစာ ၈၁၅ ခုတင္ထားၿပီးပါၿပီတဲ့။ အမွာစာပို႔ထားတဲ့ အဖြဲ႕အစည္းအမ်ားစုက တ႐ုတ္ေလေၾကာင္းလိုင္းေတြ ဆိုေပမယ့္ ႏိုင္ငံျခားေလေၾကာင္းလိုင္းတခ်ိဳ႕ကလည္း အမွာစာတင္ထားပါတယ္။ C919 ေလယာဥ္အမ်ိဳးအစားဟာ ခရီးတိုနဲ႔ ခရီးလတ္ ေလယာဥ္ခရီးစဥ္ေတြအတြက္ အဆင္ေျပလိမ့္မယ္လို႔ ထုတ္လုပ္သူ Comac က ေမွ်ာ္မွန္းထားပါတယ္။ ေရာင္းေဈးကေတာ့ တစ္စင္းကို ေဒၚလာ ၉၁ သန္းနီးပါးပါတဲ့။ ဒီေဈးအတိုင္းသာဆိုရင္ Boeing နဲ႔ Airbus တို႔ကထုတ္တဲ့ တခ်ိဳ႕ေလယာဥ္အမ်ိဳးအစားေတြနဲ႔ ေဈး သိပ္မကြာေတာ့ပါဘူး။ C919 ေလယာဥ္ေပၚမွာ ခရီးသည္ေပါင္း ၁၅၈ ေယာက္ကေန ၁၆၈ ေယာက္အထိ ဆန႔္မွာပါ။ တ႐ုတ္ဟာ ေလယာဥ္အတြက္ ျပည္ပကိုအားမကိုးခ်င္လို႔ ျပည္တြင္းမွာပဲေလ ယာဥ္ထုတ္ႏိုင္ေအာင္ အသည္းအသန္ ႀကိဳးစားေနတာ ႏွစ္ေပါင္း အမ်ားႀကီး ရွိေနပါၿပီ။ ေလယာဥ္ထုတ္ႏိုင္သြားၿပီဆိုေပမယ့္ ဒီေလာက္နဲ႔ ေက်နပ္မေနဘဲ ေလယာဥ္အစိတ္အပိုင္းေတြကိုပါ ျပည္တြင္းမွာပဲ အကုန္လုံးနီးပါး ထုတ္ႏိုင္ေအာင္ ဆက္ၿပီး အားသြန္ခြန္စိုက္ႀကိဳးပမ္းေနပါတယ္။

Picture

Htun Aung Kyaw

11/11/2022 09:10

တရုတ်အတွက် ဒီလေယာဉ်တွေရဲ့ Turbo prop အင်ဂျင်နည်းပညာတွေကိုသာ ရသွားခဲ့ရင် လုပ်နိုင်ခဲ့ရင် Boeing နံ့ Airbus တို့ ခေါင်းစားရမှာသေချာတယ်။

Related news

© 2021. All rights reserved.