အာရှလမ်း တောနော်ရေတံခွန်အနီး၌ ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၇) ဦးလုံးသေဆုံး

914

NP News - နိုဝင်ဘာ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းမပေါ်မှ တောနော်ရေတံခွန်အနီး၌ ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ(၇)ဦးလုံးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၉ ရက်)၊ နံနက် ၈ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် အာရှလမ်းမပေါ် တောနော်ရေတံခွန်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်သည် မြဝတီမြို့ဘက်မှ ကုန်ပစ္စည်းနှင့် လူများတင်ဆောင်လာကာ မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး တောနော်ရေတံခွန်းအနီးတွင် အရှိန်မထိန်းနိုင်ဖြစ်ကာ ကွန်ကရစ်ပြားများကိုဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြဝတီက ဆင်းလာတာဆိုတော့ ယိုးဒယားပစ္စည်းတွေပါလာတာပေါ့။ ဆပ်ပြာမှုန့်တို့၊ ပဲနို့တို့ အစုံပေါ့။အထဲမှာ လူတွေပါတယ်။ အဲဒီအဆင်းမှာ လမ်းတားတဲ့ ကွန်ကရစ်အပြားကြီးရှိတယ်ဗျ။ အရှိန်တော်တော်များလို့ အဲဒီအကွေ့မှာ မကွေ့နိုင်တော့ဘဲ တည့်တည့်ကြီး သွားတိုက်လိုက်တဲ့သဘောပါ။ ကားက လမ်းမပေါ်မှာမလဲဘဲ အဲဒီကွန်ကရစ်အပြားကြီးကို ကျော်သွားပြီးတော့ လမ်းဘေးမှာရှိတဲ့ Taw Naw Water Fall အင်္ဂလိပ်ဆိုင်းဘုတ်ကြီးကို တိုက်ချလိုက်သေးတယ်။ တိုက်ပြီးတော့မှ ကားက ပက်လက်လန်သွားတယ်။ အရှိန်ဘယ်လောက်ပြင်းလဲဆိုရင် မြန်မာလိုရေး ထားတဲ့ တောနော်ဆိုင်း ဘုတ်အောက်က ကွန်ကရစ်ကို ပက်လက်အနေအထားနဲ့ ထပ်တိုက်လိုက်တယ်”ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြော သည်။
ထိုကဲ့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းအပါအဝင် စုစုပေါင်း (၇) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
“တော်တော်ပြင်းပြင်းထန်ထန်းဖြစ်တာဗျ။ ယာဉ်ပေါ်မှာပါတဲ့ ယာဉ်မောင်းအပါအ ဝင် အမျိုးသား(၅)ဦး၊ အမျိုးသမီး (၂)ဦး အားလုံး(၇)ဦးသေသွားတယ်ဗျ။ ယာဉ်ပေါ်မှာပါတဲ့လူ အကုန်လုံးဆုံးသွားတယ်။ တစ်ယောက်မှ အသက် မရှင်ဘူး။ နှစ်ယောက်လောက်ကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သော ရုပ်အလောင်းများကို ပုလဲဖြူလူမှုကယ် ဆယ်ရေးအဖွဲ့အနေဖြင့် ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
အာရွလမ္း ေတာေနာ္ေရတံခြန္အနီး၌ ယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ ယာဥ္ေပၚတြင္ လိုက္ပါလာသူ (၇) ဦးလုံးေသဆုံး
NP News - ႏိုဝင္ဘာ ၉
ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ အာရွလမ္းမေပၚမွ ေတာေနာ္ေရတံခြန္အနီး၌ ယာဥ္တစ္စီးတိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ လူ(၇)ဦးလုံးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာလ ၉ ရက္)၊ နံနက္ ၈ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္တြင္ အာရွလမ္းမေပၚ ေတာေနာ္ေရတံခြန္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္သည္ ျမဝတီၿမိဳ႕ဘက္မွ ကုန္ပစၥည္းႏွင့္ လူမ်ားတင္ေဆာင္လာကာ ေမာင္းႏွင္လာခဲ့ျခင္းျဖစ္ၿပီး ေတာေနာ္ေရတံခြန္းအနီးတြင္ အရွိန္မထိန္းႏိုင္ျဖစ္ကာ ကြန္ကရစ္ျပားမ်ားကိုဝင္တိုက္ၿပီး တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျမဝတီက ဆင္းလာတာဆိုေတာ့ ယိုးဒယားပစၥည္းေတြပါလာတာေပါ့။ ဆပ္ျပာမႈန႔္တို႔၊ ပဲႏို႔တို႔ အစုံေပါ့။အထဲမွာ လူေတြပါတယ္။ အဲဒီအဆင္းမွာ လမ္းတားတဲ့ ကြန္ကရစ္အျပားႀကီးရွိတယ္ဗ်။ အရွိန္ေတာ္ေတာ္မ်ားလို႔ အဲဒီအေကြ႕မွာ မေကြ႕ႏိုင္ေတာ့ဘဲ တည့္တည့္ႀကီး သြားတိုက္လိုက္တဲ့သေဘာပါ။ ကားက လမ္းမေပၚမွာမလဲဘဲ အဲဒီကြန္ကရစ္အျပားႀကီးကို ေက်ာ္သြားၿပီးေတာ့ လမ္းေဘးမွာရွိတဲ့ Taw Naw Water Fall အဂၤလိပ္ဆိုင္းဘုတ္ႀကီးကို တိုက္ခ်လိုက္ေသးတယ္။ တိုက္ၿပီးေတာ့မွ ကားက ပက္လက္လန္သြားတယ္။ အရွိန္ဘယ္ေလာက္ျပင္းလဲဆိုရင္ ျမန္မာလိုေရး ထားတဲ့ ေတာေနာ္ဆိုင္း ဘုတ္ေအာက္က ကြန္ကရစ္ကို ပက္လက္အေနအထားနဲ႔ ထပ္တိုက္လိုက္တယ္”ဟု ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူက ေျပာ သည္။
ထိုကဲ့သို႔ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ယာဥ္ေမာင္းအပါအဝင္ စုစုေပါင္း (၇) ဦးလုံး ေသဆုံးခဲ့ေၾကာင္း သိရသည္။
“ေတာ္ေတာ္ျပင္းျပင္းထန္ထန္းျဖစ္တာဗ်။ ယာဥ္ေပၚမွာပါတဲ့ ယာဥ္ေမာင္းအပါအ ဝင္ အမ်ိဳးသား(၅)ဦး၊ အမ်ိဳးသမီး (၂)ဦး အားလုံး(၇)ဦးေသသြားတယ္ဗ်။ ယာဥ္ေပၚမွာပါတဲ့လူ အကုန္လုံးဆုံးသြားတယ္။ တစ္ေယာက္မွ အသက္ မရွင္ဘူး။ ႏွစ္ေယာက္ေလာက္ကေတာ့ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆုံးခဲ့ေသာ ႐ုပ္အေလာင္းမ်ားကို ပုလဲျဖဴလူမႈကယ္ ဆယ္ေရးအဖြဲ႕အေနျဖင့္ ေကာ့ကရိတ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။