မဟာမြိုင်ကားလမ်း၌ နွံနစ် ကားဆွဲခသိန်း (၂ဝ)အထိ ပေးနေရသဖြင့် ကလေးမြို့တွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေ

457

သန့်ဇင် (NP News) - သြဂုတ် ၂၅
စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့သို့လာသော မန္တလေးမြို့မှကုန်ကားများသည် မဟာမြိုင်ကားလမ်းပျက်စီးနေ သည့်အတွက် ကားဆွဲခ သိန်း(၂၀)အထိပေးဆောင်ရသောကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ဒေသခံ များထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
မန္တလေးမြို့မှကလေးမြို့သို့သွားသော ကုန်ကားများသည် မဟာမြိုင်တောသို့ဖြတ်သန်းသွား လာရာ၌ မိုးတွင်း ကာလဖြစ်သည့်အတွက် လမ်းပျက် စီးခြင်းများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
" ကားတွေက မဟာမြိုင်တောကို ဖြတ်ရ တယ်။ အဲဒီမှာ မိုးတွင်းနွံနစ်တဲ့အတွက် အဲဒီကား တွေကို ထွန်စက်နဲ့ဆွဲခတင်ပဲ (၁၅)သိန်းကနေ သိန်း (၂၀) အထိပေးရတယ်။ အဲဒါကြောင့် ကလေးမှာက စားသုံးဆီတစ်ပိဿာကို (၂၃၀ဝဝ)ကျပ်၊ မီးသွေး တစ်အိတ်ကို (၂၂၀ဝဝ)ကျပ်နဲ့ တခြား ချဉ်ပေါင်ရွက် တို့ဘာရွက်တို့ အသီးအနှံတွေက ဘာမှမပြောနဲ့ တစ် စည်းကို (၁၀ဝဝ)ပေးရတယ်။ အသီးအနှံတွေက အကုန် (၁၀ဝဝ)ချည်းပဲ။ နောက်ပြီး ပြညောမေ ဘီ ယာနဲ့ ဗဃြ က တစ်ဘူးကို (၉၀ဝဝ)၊ ဃ့ညေါ တစ် လုံးကို (၆၅၀ဝ)ပေးရတယ်။ ဓာတ်ဆီက တစ်လီ တာကို (၅၉၀ဝ)ကျပ် အဲဒါကို (၉၂) နဲ့ (၉၅) အသန့် မရဘူး။ ကြက်သားတစ်ပိဿာ(၃၅၀ဝဝ)ကျပ်၊ ဝက် သားက တစ်ပိဿာ(၄၀ဝဝဝ)ကျပ်}}ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် အဆိုပါလမ်းတစ်လျှောက် PDF အဖွဲ့များသို့ ဂိတ်ကြေးမြောက်မြားစွာပေးရခြင်းမှာ လည်း ဈေးတက်သောအကြောင်းတစ်ခုဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ " ကားတွေကတော့ပေါ တယ်။ Chang ဘီယာတစ်ဖာကို မန္တလေးကနေ ကလေးကိုရောက်ဖို့ တန်ဆာခက ကျပ် (၂၀ဝဝဝ) ပေးရတယ်။ အဓိက လမ်းပန်းဆက်သွယ်ရေး ခက်ခဲ လို့။ သူတို့က မဟာမြိုင်တောထဲကနေပဲ သွားရတာ။ ကွင်းလမ်းကနေပဲသွားရတာမို့ ကုန်ဈေးနှုန်းတက်တာ။ အဲဒီလမ်းမှာလည်း ထမင်းဆိုင်တွေရှိတယ်။ အဲဒီထ မင်းဆိုင်တွေကလည်း PDF ခေါင်းဆောင်တွေ ဖွင့် ထားတဲ့ဆိုင်တွေ။ ကျွန်တော့်ကို ကားသမားက ပြောပြ တာ။ လမ်းကြေးလည်းပေးရတယ်။ လမ်းကြေးက (၁၀ဝဝဝ)ပေးရတာလည်းရှိတယ်။ (၂၀ဝဝဝ) ပေးရ တာလည်းရှိတယ်။ အခု ဒီကောင်တွေညစ်လာပြီ။ သွားမရဘူးဆိုပြီး ပိုက်ဆံ (၃၀ဝဝဝ)လောက်ပေးရရင် ဖြတ်လို့ရတယ်}}ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
အလားတူ ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလကလည်း မဟာမြိုင်ကားလမ်းပျက် စီးမှုကြောင့် မိုင်တိုင် (၅၆)နှင့် (၅၇)မိုင်ကြားတွင် ကားအစီးရေ (၂၀ဝ)နီးပါး ပိတ်မိခဲ့သည့်ဖြစ်စဉ်ဖြစ် ပွားခဲ့ဖူးကြောင်း သိရသည်။ မဟာမြိုင်လမ်းသည် တောင်ပေါ်လမ်းဖြစ်သောကြောင့် နွေရာသီနှင့် လမ်းကောင်းမွန်ချိန်တွင် အတက်ကားနှင့် အဆင်းကား များကို တစ်လှည့်စီခွဲကာခွင့်ပြုရကြောင်း သိရသည်။ ကလေးမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်ခြင်းအပြင် ကာလကြာရှည် လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် ဆက်သွယ်ရေးလိုင်းများ အဆင်မပြေခြင်းတို့ကြောင့် လူနေမှုဘဝများလည်းထိခိုက်နေကြောင်း အထက်ပါဒေသခံဆိုသည်။
" အခုလည်း ကလေးမှာ ဏြွှ ဖုန်းလိုင်း မရတာက (၁)လကျော်လောက်ရှိပြီ။ အဲဒါကြောင့် MPT နဲ့ MPT ဖွင့်ထားတဲ့လူတွေတိုင်ပတ်ပြီး Kpay ဘဏ်မှာ လူတွေကြိတ်ကြိတ်တိုးနေတာပဲ။ ဖုန်းနံပါတ်ပြောင်းဖို့လေ။ တခြားဖုန်းလိုင်းတွေက လည်း ရတစ်ချက်မရတစ်ချက်ပါပဲ။ လျှပ်စစ်မီးက လည်း မရတာ(၅)လကျော်ပြီ။ ဆိုလာကိုပဲ အဓိက ထား သုံးရတယ်။ ဆိုလာသုံးတာကလည်း ရပ်ကွက်ထဲ မှာရှိတဲ့ အိမ်တွေ ဆိုင်တွေကိုသွားပြီး ဖုန်းအားသွင်း ရင် (၁၀ဝဝ)ပေးရတယ်။ ဏသတနမဘညေု ဆိုရင် (၂၀ဝဝ)ပေးရတယ်" ဟု ၎င်းက ပြောသည်။

Zawgyi Version:
မဟာၿမိဳင္ကားလမ္း၌ ႏြံနစ္ ကားဆြဲခသိန္း (၂ဝ)အထိ ေပးေနရသျဖင့္ ကေလးၿမိဳ႕တြင္ ကုန္ေဈးႏႈန္းအဆမတန္ ျမင့္တက္ေန
သန႔္ဇင္ (NP News) - ၾသဂုတ္ ၂၅
စစ္ကိုင္းတိုင္းအထက္ပိုင္း ကေလးၿမိဳ႕သို႔လာေသာ မႏၲေလးၿမိဳ႕မွကုန္ကားမ်ားသည္ မဟာၿမိဳင္ကားလမ္းပ်က္စီးေန သည့္အတြက္ ကားဆြဲခ သိန္း(၂၀)အထိေပးေဆာင္ရေသာေၾကာင့္ ကုန္ေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္ေနေၾကာင္း ေဒသခံ မ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
မႏၲေလးၿမိဳ႕မွကေလးၿမိဳ႕သို႔သြားေသာ ကုန္ကားမ်ားသည္ မဟာၿမိဳင္ေတာသို႔ျဖတ္သန္းသြား လာရာ၌ မိုးတြင္း ကာလျဖစ္သည့္အတြက္ လမ္းပ်က္ စီးျခင္းမ်ားႏွင့္ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
" ကားေတြက မဟာၿမိဳင္ေတာကို ျဖတ္ရ တယ္။ အဲဒီမွာ မိုးတြင္းႏြံနစ္တဲ့အတြက္ အဲဒီကား ေတြကို ထြန္စက္နဲ႔ဆြဲခတင္ပဲ (၁၅)သိန္းကေန သိန္း (၂၀) အထိေပးရတယ္။ အဲဒါေၾကာင့္ ကေလးမွာက စားသုံးဆီတစ္ပိႆာကို (၂၃၀ဝဝ)က်ပ္၊ မီးေသြး တစ္အိတ္ကို (၂၂၀ဝဝ)က်ပ္နဲ႔ တျခား ခ်ဥ္ေပါင္႐ြက္ တို႔ဘာ႐ြက္တို႔ အသီးအႏွံေတြက ဘာမွမေျပာနဲ႔ တစ္ စည္းကို (၁၀ဝဝ)ေပးရတယ္။ အသီးအႏွံေတြက အကုန္ (၁၀ဝဝ)ခ်ည္းပဲ။ ေနာက္ၿပီး ျပေညာေမ ဘီ ယာနဲ႔ ဗၾဃ က တစ္ဘူးကို (၉၀ဝဝ)၊ ဃ့ေညါ တစ္ လုံးကို (၆၅၀ဝ)ေပးရတယ္။ ဓာတ္ဆီက တစ္လီ တာကို (၅၉၀ဝ)က်ပ္ အဲဒါကို (၉၂) နဲ႔ (၉၅) အသန႔္ မရဘူး။ ၾကက္သားတစ္ပိႆာ(၃၅၀ဝဝ)က်ပ္၊ ဝက္ သားက တစ္ပိႆာ(၄၀ဝဝဝ)က်ပ္}}ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ထို႔ျပင္ အဆိုပါလမ္းတစ္ေလွ်ာက္ PDF အဖြဲ႕မ်ားသို႔ ဂိတ္ေၾကးေျမာက္ျမားစြာေပးရျခင္းမွာ လည္း ေဈးတက္ေသာအေၾကာင္းတစ္ခုျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။ " ကားေတြကေတာ့ေပါ တယ္။ Chang ဘီယာတစ္ဖာကို မႏၲေလးကေန ကေလးကိုေရာက္ဖို႔ တန္ဆာခက က်ပ္ (၂၀ဝဝဝ) ေပးရတယ္။ အဓိက လမ္းပန္းဆက္သြယ္ေရး ခက္ခဲ လို႔။ သူတို႔က မဟာၿမိဳင္ေတာထဲကေနပဲ သြားရတာ။ ကြင္းလမ္းကေနပဲသြားရတာမို႔ ကုန္ေဈးႏႈန္းတက္တာ။ အဲဒီလမ္းမွာလည္း ထမင္းဆိုင္ေတြရွိတယ္။ အဲဒီထ မင္းဆိုင္ေတြကလည္း PDF ေခါင္းေဆာင္ေတြ ဖြင့္ ထားတဲ့ဆိုင္ေတြ။ ကြၽန္ေတာ့္ကို ကားသမားက ေျပာျပ တာ။ လမ္းေၾကးလည္းေပးရတယ္။ လမ္းေၾကးက (၁၀ဝဝဝ)ေပးရတာလည္းရွိတယ္။ (၂၀ဝဝဝ) ေပးရ တာလည္းရွိတယ္။ အခု ဒီေကာင္ေတြညစ္လာၿပီ။ သြားမရဘူးဆိုၿပီး ပိုက္ဆံ (၃၀ဝဝဝ)ေလာက္ေပးရရင္ ျဖတ္လို႔ရတယ္}}ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
အလားတူ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ စက္တင္ဘာလကလည္း မဟာၿမိဳင္ကားလမ္းပ်က္ စီးမႈေၾကာင့္ မိုင္တိုင္ (၅၆)ႏွင့္ (၅၇)မိုင္ၾကားတြင္ ကားအစီးေရ (၂၀ဝ)နီးပါး ပိတ္မိခဲ့သည့္ျဖစ္စဥ္ျဖစ္ ပြားခဲ့ဖူးေၾကာင္း သိရသည္။ မဟာၿမိဳင္လမ္းသည္ ေတာင္ေပၚလမ္းျဖစ္ေသာေၾကာင့္ ေႏြရာသီႏွင့္ လမ္းေကာင္းမြန္ခ်ိန္တြင္ အတက္ကားႏွင့္ အဆင္းကား မ်ားကို တစ္လွည့္စီခြဲကာခြင့္ျပဳရေၾကာင္း သိရသည္။ ကေလးၿမိဳ႕တြင္ အေျခခံစားေသာက္ကုန္ေဈးႏႈန္း ျမင့္တက္ျခင္းအျပင္ ကာလၾကာရွည္ လွ်ပ္စစ္မီး ျပတ္ေတာက္ျခင္းႏွင့္ ဆက္သြယ္ေရးလိုင္းမ်ား အဆင္မေျပျခင္းတို႔ေၾကာင့္ လူေနမႈဘဝမ်ားလည္းထိခိုက္ေနေၾကာင္း အထက္ပါေဒသခံဆိုသည္။
" အခုလည္း ကေလးမွာ ႂဏႊ ဖုန္းလိုင္း မရတာက (၁)လေက်ာ္ေလာက္ရွိၿပီ။ အဲဒါေၾကာင့္ MPT နဲ႔ MPT ဖြင့္ထားတဲ့လူေတြတိုင္ပတ္ၿပီး Kpay ဘဏ္မွာ လူေတြႀကိတ္ႀကိတ္တိုးေနတာပဲ။ ဖုန္းနံပါတ္ေျပာင္းဖို႔ေလ။ တျခားဖုန္းလိုင္းေတြက လည္း ရတစ္ခ်က္မရတစ္ခ်က္ပါပဲ။ လွ်ပ္စစ္မီးက လည္း မရတာ(၅)လေက်ာ္ၿပီ။ ဆိုလာကိုပဲ အဓိက ထား သုံးရတယ္။ ဆိုလာသုံးတာကလည္း ရပ္ကြက္ထဲ မွာရွိတဲ့ အိမ္ေတြ ဆိုင္ေတြကိုသြားၿပီး ဖုန္းအားသြင္း ရင္ (၁၀ဝဝ)ေပးရတယ္။ ဏသတနမဘေညဳ ဆိုရင္ (၂၀ဝဝ)ေပးရတယ္" ဟု ၎က ေျပာသည္။