ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရယူမည့် နိုင်ငံခြားသားများ ရက်ပေါင်း (၆ဝ) အတွင်း ကြိုတင်လျှောက်ထားရမည်ဟု DICA အသိပေး

703

ထွန်း အမ်တီ (NP News) - နိုဝင်ဘာ ၉
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)က နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိနိုင်ရေးနှင့် စပ်လျဉ်း၍ ပြင်ဆင်အသိပေး ကြေညာချက်တစ်စောင်ကို ယခုလ နိုဝင်ဘာလ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။
၎င်းထုတ်ပြန်ချက်အရ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရယူမည့် နိုင်ငံခြားသားများ သည် ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆ဝ အတွင်း ကြိုတင်လျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည့် “ဗီဇာသက်တမ်းတိုးမည့် နိုင်ငံခြားသားများအနေဖြင့် ရက်ပေါင်း ၉ဝ မှ ၁၂ဝ အတွင်း ကြိုတင်လျှောက်ရမည်” အစား ယခုကဲ့သို့ ရက်ပေါင်း ၆ဝ အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ပြင်ဆင်ကြေညာလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားသား ဗီဇာသက်တမ်းတိုးရန် တင်ပြသည့် ကုမ္ပဏီသည် မှတ်ပုံတင်ကာလ (၁) နှစ် သက်တမ်းရှိရန် လိုအပ်ကြောင်းလည်း ထည့်သွင်းကြေငြာထားသည်။
ထို့ပြင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂ဝ၁၇) ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း ခံရသော ကုမ္ပဏီများသည် ဥပဒေနှင့်အညီ လိုက်နာဆောင် ရွက်ပြီးနောက် (၁) နှစ်ကြာပြီးမှသာ သက်တမ်းတိုး ထောက်ခံခြင်းများအား ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
လျှောက်ထားမည့် နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ် သက်တမ်းသည် အနည်းဆုံး (၆) လ သက်တမ်း ကျန်ရှိရမည် ဖြစ်ကြောင်းလည်း ထည့်သွင်းကြေငြာထားသည်။
၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ ပြည်နေထိုင်ခွင့်၊ ပြည်ပြန်ဝင်ခွင့်၊ ပြည်နေထိုင်ခွင့်နှင့်အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့် ဗီဇာ သက်တမ်းတိုးမြှင့်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပေးပို့ထောက်ခံပြီးသည့် ကုမ္ပဏီ (၁ဝဝ)ကျော်ရှိကြောင်း DICA ၏ အချက်အလက်များအရသိရသည်။

zawgyi version
ဗီဇာသက္တမ္းတိုး ေထာက္ခံခ်က္ရယူမည့္ ႏိုင္ငံျခားသားမ်ား ရက္ေပါင္း (၆ဝ) အတြင္း ႀကိဳတင္ေလွ်ာက္ထားရမည္ဟု DICA အသိေပး
ထြန္း အမ္တီ (NP News) - ႏိုဝင္ဘာ ၉
ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာန (DICA)က ႏိုင္ငံျခားသားမ်ား ဗီဇာသက္တမ္းတိုး ေထာက္ခံခ်က္ရရွိႏိုင္ေရးႏွင့္ စပ္လ်ဥ္း၍ ျပင္ဆင္အသိေပး ေၾကညာခ်က္တစ္ေစာင္ကို ယခုလ ႏိုဝင္ဘာလ အေစာပိုင္းက ထုတ္ျပန္ခဲ့သည္။
၎ထုတ္ျပန္ခ်က္အရ ဗီဇာသက္တမ္းတိုး ေထာက္ခံခ်က္ရယူမည့္ ႏိုင္ငံျခားသားမ်ား သည္ ဗီဇာသက္တမ္း မကုန္ဆုံးမီ အနည္းဆုံး ရက္ေပါင္း ၆ဝ အတြင္း ႀကိဳတင္ေလွ်ာက္ ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနအေနျဖင့္ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၂၄ ရက္က ထုတ္ျပန္ခဲ့သည့္ “ဗီဇာသက္တမ္းတိုးမည့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ ရက္ေပါင္း ၉ဝ မွ ၁၂ဝ အတြင္း ႀကိဳတင္ေလွ်ာက္ရမည္” အစား ယခုကဲ့သို႔ ရက္ေပါင္း ၆ဝ အတြင္း ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ျပင္ဆင္ေၾကညာလိုက္ျခင္းျဖစ္သည္။
ႏိုင္ငံျခားသား ဗီဇာသက္တမ္းတိုးရန္ တင္ျပသည့္ ကုမၸဏီသည္ မွတ္ပုံတင္ကာလ (၁) ႏွစ္ သက္တမ္းရွိရန္ လိုအပ္ေၾကာင္းလည္း ထည့္သြင္းေၾကျငာထားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ ကုမၸဏီမ်ားဥပေဒ (၂ဝ၁၇) ကို လိုက္နာရန္ ပ်က္ကြက္ျခင္းေၾကာင့္ ဆိုင္းငံ့ျခင္း၊ ပယ္ဖ်က္ျခင္း ခံရေသာ ကုမၸဏီမ်ားသည္ ဥပေဒႏွင့္အညီ လိုက္နာေဆာင္ ႐ြက္ၿပီးေနာက္ (၁) ႏွစ္ၾကာၿပီးမွသာ သက္တမ္းတိုး ေထာက္ခံျခင္းမ်ားအား ဆက္လက္ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
ေလွ်ာက္ထားမည့္ ႏိုင္ငံျခားသား၏ ႏိုင္ငံကူးလက္မွတ္ သက္တမ္းသည္ အနည္းဆုံး (၆) လ သက္တမ္း က်န္ရွိရမည္ ျဖစ္ေၾကာင္းလည္း ထည့္သြင္းေၾကျငာထားသည္။
၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ကုမၸဏီမ်ားမွ ႏိုင္ငံျခားသားမ်ား၏ ျပည္ေနထိုင္ခြင့္၊ ျပည္ျပန္ဝင္ခြင့္၊ ျပည္ေနထိုင္ခြင့္ႏွင့္အႀကိမ္ႀကိမ္ျပည္ျပန္ဝင္ခြင့္ ဗီဇာ သက္တမ္းတိုးျမႇင့္ႏိုင္ရန္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနသို႔ ေပးပို႔ေထာက္ခံၿပီးသည့္ ကုမၸဏီ (၁ဝဝ)ေက်ာ္ရွိေၾကာင္း DICA ၏ အခ်က္အလက္မ်ားအရသိရသည္။