ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ရေးဆိုင်ကို လူ(၂)ဦးမှ သေနတ်ဖြင့် ခြိမ်းခြောက် ဓါးပြတိုက်

720

NP News - နိုဝင်ဘာ ၁၃
ရန်ကုန်မြို့၊ သိဖ်ဖြူလမ်းရှိ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ရေးဆိုင်ကို လူ(၂)ဦးမှ သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဝင်ရောက် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီကျော်အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၌ ဖွင့်လှစ်ထားသော YE MIN AUNG Money Changer ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိမ်ဖြူလမ်းရှိသတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ဓါးပြတိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍လည်း CCTV တစ်ခုမှာ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံလျက်ရှိနေသည်ကို တွေ့ရှိရသည်။
အဆိုပါဆိုင်တွင် ပထမဦးစွာ အမျိုးသားနှစ်ဦးသည် နိုင်ငံခြားငွေအချို့ ရောင်းဝယ်လဲလှယ်မှုများပြုလုပ်နေစဉ်အချိန်နောက်မှ အမျိုးသား(၂)နှစ်ဦး ထပ်မံဝင်ရောက်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ကာ ရှိသည့်ငွေအကုန်ထုတ်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်မှုများပြုလုပ်နေသည့် အမျိုးသား(၂)ဦးထံမှလည်း ဓါးပြတိုက်သူများက ခြိမ်းခြောက်လုယက်ခဲ့သည်ကို CCTV မှတ်တမ်းအရ တွေ့မြင်ခဲ့ရသည်။
ထို့နောက်ပိုင်း ဓါးပြတိုက်သူ(၂)ဦးသည် Money Changer ဆိုင်၏ မှန်များကို ရိုက်ခွဲကာ ဆိုင်အတွင်းဝင်ရောက်ခဲ့ပြီး ငွေလဲ ကောင်တာရှိ ငွေသားကျပ်သိန်း (၃ဝဝ)ဝန်းကျင်နှင့် Iphone 12 Pro တစ်လုံးကိုယူဆောင်ကာ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်ကလည်း အတည်ပြုပြောဆိုထားသည်။
နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ရေးဆိုင်အား ဓါးပြတိုက်ခဲ့သူသည့် အမျိုးသား(၂)ဦးမှာ ကားတစ်စီးဖြင့် ပြန်လည်ထွက်ခွာသည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕၊ သိမ္ျဖဴလမ္းရွိ ႏိုင္ငံျခားေငြေရာင္းဝယ္လဲလွယ္ေရးဆိုင္ကို လူ(၂)ဦးမွ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ ဓါးျပတိုက္
NP News - ႏိုဝင္ဘာ ၁၃
ရန္ကုန္ၿမိဳ႕၊ သိဖ္ျဖဴလမ္းရွိ ႏိုင္ငံျခားေငြေရာင္းဝယ္လဲလွယ္ေရးဆိုင္ကို လူ(၂)ဦးမွ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ကာ ဝင္ေရာက္ ဓါးျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၁၂ ရက္ ညေန ၃ နာရီေက်ာ္အခ်ိန္ခန႔္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ဖို႔ေျမရပ္ကြက္၊ သိမ္ျဖဴလမ္း၌ ဖြင့္လွစ္ထားေသာ YE MIN AUNG Money Changer ဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိမ္ျဖဴလမ္းရွိသတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ဓါးျပတိုက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍လည္း CCTV တစ္ခုမွာ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံလ်က္ရွိေနသည္ကို ေတြ႕ရွိရသည္။
အဆိုပါဆိုင္တြင္ ပထမဦးစြာ အမ်ိဳးသားႏွစ္ဦးသည္ ႏိုင္ငံျခားေငြအခ်ိဳ႕ ေရာင္းဝယ္လဲလွယ္မႈမ်ားျပဳလုပ္ေနစဥ္အခ်ိန္ေနာက္မွ အမ်ိဳးသား(၂)ႏွစ္ဦး ထပ္မံဝင္ေရာက္ကာ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ကာ ရွိသည့္ေငြအကုန္ထုတ္ေပးရန္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံျခားေငြေရာင္းဝယ္လဲလွယ္မႈမ်ားျပဳလုပ္ေနသည့္ အမ်ိဳးသား(၂)ဦးထံမွလည္း ဓါးျပတိုက္သူမ်ားက ၿခိမ္းေျခာက္လုယက္ခဲ့သည္ကို CCTV မွတ္တမ္းအရ ေတြ႕ျမင္ခဲ့ရသည္။
ထို႔ေနာက္ပိုင္း ဓါးျပတိုက္သူ(၂)ဦးသည္ Money Changer ဆိုင္၏ မွန္မ်ားကို ႐ိုက္ခြဲကာ ဆိုင္အတြင္းဝင္ေရာက္ခဲ့ၿပီး ေငြလဲ ေကာင္တာရွိ ေငြသားက်ပ္သိန္း (၃ဝဝ)ဝန္းက်င္ႏွင့္ Iphone 12 Pro တစ္လုံးကိုယူေဆာင္ကာ ျပန္လည္ထြက္ေျပးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္ကလည္း အတည္ျပဳေျပာဆိုထားသည္။
ႏိုင္ငံျခားေငြေရာင္းဝယ္လဲလွယ္ေရးဆိုင္အား ဓါးျပတိုက္ခဲ့သူသည့္ အမ်ိဳးသား(၂)ဦးမွာ ကားတစ္စီးျဖင့္ ျပန္လည္ထြက္ခြာသည္ကို ေတြ႕ျမင္ခဲ့ရေၾကာင္း ၎က ဆက္လက္ေျပာသည္။