တံတားပေါ်မှာ ခုန်ချသတ်သေရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ အောင်မြင်စွာကယ်တင်

 631

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တံတားပေါ်မှ ခုန်ချပြီး သေကြောင်းကြံစည်သတ်သေရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံ သားတစ်ဦးကို ပြီးခဲ့သောရက်ပိုင်းတွင်လျင်မြန်စွာ ကယ်တင်ပေးနိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များထံမှ သိရသည်။

အဆိုပါမြန်မာနိုင်ငံသားသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြို့လယ်ခေါင်ရှိ Petch Uthai တံတား၏ထိပ်ဆုံးကို တက်ရာက်ခဲ့ပြီး သေကြောင်းကြံရန်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားသည်။

Adee အမည်ရှိ အဆိုပါမြန်မာနိုင်ငံသားသည် အလုပ်လက်မဲ့ဖြစ်နေသလို ငွေကြေးလည်း မရှိသည့်အတွက် စိတ်ကျ ရောဂါခံစားနေရာမှ သတ်သေရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တံတားပေါ်မှ တဆင့်ခုန်ချကာ သတ်သေရန်ကြံစည်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

၎င်းသည် မိခင်မြန်မာနိုင်ငံသို့ ပြန်ရန်ဆန္ဒရှိနေသော်လည်း ပြန်ရန်လုံလောက်သော ငွေကြေးမရှိသည့်အတွက် စိတ်ပျက်လျက်ရှိနေကြောင်း၊ မျှော်လင့်ချက်မဲ့သလိုမျိုးဖြစ်နေသည့်အတွက် တံတားပေါ်မှခုန်ချကာ သတ်သေရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားတစ်ဦး သေကြောင်းကြံစည်မည့်ရည်ရွယ်ချက်ကို သိရှိခဲ့ပြီးနောက် ကြားဖြတ် ဟန့်တားနိုင်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် တံတားထိပ်တွင် သေကြောင်းကြံစည်ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားကို အောက်တွင် ဆွေးနွေးရန် စည်းရုံးပြောဆိုခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့သည် စိတ်ကျသလိုမျိုးဖြစ်နေသည့် မြန်မာနိုင်ငံသားကို ကြင်နာမှုအပြည့်ဖြင့်ပြောဆိုခဲ့ပြီး ရဲယူနီဖောင်းကိုချွတ်ကာ တံတားပေါ်တွင် အေးဆေးထိုင်ကာ ဆွေးနွေးပြောဆိုခဲ့ကြောင်း ထိုင်းသတင်းတွေက ဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့သည် သတ်သေရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားကို မသတ်သေရန် အောင်မြင်စွာစည်းရုံးနိုင်ခဲ့ပြီး ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါမြန်မာနိုင်ငံသားသည် သတ်သေရန် ကြိုးပမ်းသည့် အတွက် စွဲချက်တင်ခံရဖွယ်ရှိနေကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားသည်။

Zawgyi Version;
တံတားေပၚမွာ ခုန္ခ်သတ္ေသရန္ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသားကို ထိုင္းရဲတပ္ဖြဲ႕ ေအာင္ျမင္စြာကယ္တင္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ တံတားေပၚမွ ခုန္ခ်ၿပီး ေသေၾကာင္းႀကံစည္သတ္ေသရန္ ႀကိဳးပမ္းခဲ့ေသာ ျမန္မာႏိုင္ငံ သားတစ္ဦးကို ၿပီးခဲ့ေသာရက္ပိုင္းတြင္လ်င္ျမန္စြာ ကယ္တင္ေပးႏိုင္ခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားထံမွ သိရသည္။

အဆိုပါျမန္မာႏိုင္ငံသားသည္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ၿမိဳ႕လယ္ေခါင္ရွိ Petch Uthai တံတား၏ထိပ္ဆုံးကို တက္ရာက္ခဲ့ၿပီး ေသေၾကာင္းႀကံရန္ရန္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားသည္။

Adee အမည္ရွိ အဆိုပါျမန္မာႏိုင္ငံသားသည္ အလုပ္လက္မဲ့ျဖစ္ေနသလို ေငြေၾကးလည္း မရွိသည့္အတြက္ စိတ္က် ေရာဂါခံစားေနရာမွ သတ္ေသရန္ စီစဥ္ခဲ့ျခင္းျဖစ္ၿပီး တံတားေပၚမွ တဆင့္ခုန္ခ်ကာ သတ္ေသရန္ႀကံစည္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

၎သည္ မိခင္ျမန္မာႏိုင္ငံသို႔ ျပန္ရန္ဆႏၵရွိေနေသာ္လည္း ျပန္ရန္လုံေလာက္ေသာ ေငြေၾကးမရွိသည့္အတြက္ စိတ္ပ်က္လ်က္ရွိေနေၾကာင္း၊ ေမွ်ာ္လင့္ခ်က္မဲ့သလိုမ်ိဳးျဖစ္ေနသည့္အတြက္ တံတားေပၚမွခုန္ခ်ကာ သတ္ေသရန္ ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာသည္။

ထိုင္းရဲတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံသားတစ္ဦး ေသေၾကာင္းႀကံစည္မည့္ရည္႐ြယ္ခ်က္ကို သိရွိခဲ့ၿပီးေနာက္ ၾကားျဖတ္ ဟန႔္တားႏိုင္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။ ထိုင္းရဲတပ္ဖြဲ႕သည္ တံတားထိပ္တြင္ ေသေၾကာင္းႀကံစည္ရန္ ႀကိဳးပမ္းခဲ့ေသာ ျမန္မာႏိုင္ငံသားကို ေအာက္တြင္ ေဆြးေႏြးရန္ စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း၊ ထိုင္းရဲတပ္ဖြဲ႕သည္ စိတ္က်သလိုမ်ိဳးျဖစ္ေနသည့္ ျမန္မာႏိုင္ငံသားကို ၾကင္နာမႈအျပည့္ျဖင့္ေျပာဆိုခဲ့ၿပီး ရဲယူနီေဖာင္းကိုခြၽတ္ကာ တံတားေပၚတြင္ ေအးေဆးထိုင္ကာ ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပသည္။

ထိုင္းရဲတပ္ဖြဲ႕သည္ သတ္ေသရန္ႀကိဳးပမ္းခဲ့ေသာ ျမန္မာႏိုင္ငံသားကို မသတ္ေသရန္ ေအာင္ျမင္စြာစည္း႐ုံးႏိုင္ခဲ့ၿပီး ရဲစခန္းကို ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။ အဆိုပါျမန္မာႏိုင္ငံသားသည္ သတ္ေသရန္ ႀကိဳးပမ္းသည့္ အတြက္ စြဲခ်က္တင္ခံရဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.