ဘားအံမြို့နယ်၊ ထီးဖိုးကလုံးကျေးရွာအနီးတွင် တန်(၁ဝဝ) ဆန်စက် တည်ဆောက်မည်

979

NP News - နိုဝင်ဘာ ၁၆
ဘားအံမြိုနယ်၊ ထီးဖိုးကလုံးကျေးရွာအနီးတွင် ငွေကျပ်သန်း (၁၅ဝဝ) ခန့် ရင်းနှီးမြှုပ်နှံ၍ တန် (၁ဝဝ) ဆန်စက် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တန် ၁ဝဝ ဆန်စက်တည်ဆောက်ရေးနှင့်ပတ်သက်၍ တည်ဆောက်လိုသော ပြည်နယ်အတွင်းမှ ဆန်စက် လုပ်ငန်းရှင်များနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ရာသီစပါးများအား ဆန်ချောအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် လယ်ယာထွက်ကုန်ရောင်းချမှုကဏ္ဍတိုးမြှင့်လာစေရေး ရည်ရွယ်တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဆန်စက်လုပ်ငန်းရှင်းများမှ တာဝန်ရှိသူတစ်ဦးက တန် (၁ဝဝ) ဆန်စက် တည်ဆောက်လိုသောရည်ရွယ်ချက်၊ ပြည်နယ်၏ စိုက်ပျိုးဧကဆိုင်ရာအချက် အလက်များ၊ ဆန်စက် တည်ဆောက်မည့် အဆိုပြုနေရာ၊ တည်ဆောက်မည့် ဆန်စက်အဆောက်အဦဒီဇိုင်း၊ ငွေကျပ် သန်း (၁၅ဝဝ) ခန့် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းဆောင်ရွက်မည့် စီမံချက်များကို ပြည်နယ်ဝန်ကြီးချုပ်ထံ ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကာ လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်တွင်လည်း တန်(၆ဝ)ဆန်ကြိတ်ခွဲစက်ကို လာမည့်(၂ဝ၂၃)ခုနှစ် မိုးစပါးအမှီ ကြိတ်ခွဲနိုင်အောင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

Zawgyi Version;
ဘားအံၿမိဳ႕နယ္၊ ထီးဖိုးကလုံးေက်း႐ြာအနီးတြင္ တန္(၁ဝဝ) ဆန္စက္ တည္ေဆာက္မည္
NP News - ႏိုဝင္ဘာ ၁၆
ဘားအံၿမိဳနယ္၊ ထီးဖိုးကလုံးေက်း႐ြာအနီးတြင္ ေငြက်ပ္သန္း (၁၅ဝဝ) ခန႔္ ရင္းႏွီးျမႇဳပ္ႏွံ၍ တန္ (၁ဝဝ) ဆန္စက္ တည္ေဆာက္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
တန္ ၁ဝဝ ဆန္စက္တည္ေဆာက္ေရးႏွင့္ပတ္သက္၍ တည္ေဆာက္လိုေသာ ျပည္နယ္အတြင္းမွ ဆန္စက္ လုပ္ငန္းရွင္မ်ားႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေစာျမင့္ဦးတို႔က ျပည္နယ္အစိုးရအဖြဲ႕႐ုံးဧည့္ခန္းမ၌ ႏိုဝင္ဘာလ ၁၅ ရက္ေန႔ နံနက္ ၁၁ နာရီခန႔္တြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။
ျပည္နယ္အတြင္း စိုက္ပ်ိဳးထြက္ရွိသည့္ ရာသီစပါးမ်ားအား ဆန္ေခ်ာအျဖစ္ ထုတ္လုပ္ေရာင္းခ်ျခင္းျဖင့္ လယ္ယာထြက္ကုန္ေရာင္းခ်မႈက႑တိုးျမႇင့္လာေစေရး ရည္႐ြယ္တည္ ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ဆန္စက္လုပ္ငန္းရွင္းမ်ားမွ တာဝန္ရွိသူတစ္ဦးက တန္ (၁ဝဝ) ဆန္စက္ တည္ေဆာက္လိုေသာရည္႐ြယ္ခ်က္၊ ျပည္နယ္၏ စိုက္ပ်ိဳးဧကဆိုင္ရာအခ်က္ အလက္မ်ား၊ ဆန္စက္ တည္ေဆာက္မည့္ အဆိုျပဳေနရာ၊ တည္ေဆာက္မည့္ ဆန္စက္အေဆာက္အဦဒီဇိုင္း၊ ေငြက်ပ္ သန္း (၁၅ဝဝ) ခန႔္ ရင္းႏွီးျမႇဳပ္ႏွံ၍ လုပ္ငန္းေဆာင္႐ြက္မည့္ စီမံခ်က္မ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ ရွင္းလင္းတင္ျပခဲ့ၿပီး ဝန္ႀကီးခ်ဳပ္က လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏွိင္းေဆာင္႐ြက္ေပးခဲ့ကာ လုပ္ငန္းမ်ားအျမန္ဆုံး အေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ မြန္ျပည္နယ္တြင္လည္း တန္(၆ဝ)ဆန္ႀကိတ္ခြဲစက္ကို လာမည့္(၂ဝ၂၃)ခုႏွစ္ မိုးစပါးအမွီ ႀကိတ္ခြဲႏိုင္ေအာင္ အျမန္ဆုံးအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ျပည္နယ္အစိုးရထံမွ သိရသည္။