နစကအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီးများကို စည်သူဘွဲ့များ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာထူးချွန်သူ ၁ဝဝဝ ကျော်ကို ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်

 1483

NP News - နိုဝင်ဘာ ၁၇

နစကအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီးများကို စည်သူဘွဲ့များ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ထူးချွန်သူ လူပုဂ္ဂိုလ် ၁ဝဝဝ ကျော်ကို ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း နစက၏ နိုဝင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမှာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် နစက က ယခုကဲ့သို့ ချီးမြှင့်ခြင်းမျိုးလည်း ဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်မှုအဖြစ် ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို မဟာသရေစည်သူဘွဲ့ ချီးမြှင့်ခဲ့ပြီး ကောင်စီဝင်များဖြစ်သည့် မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် (၄၁) ဦးကို စည်သူဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူး‌ဆောင်ဘွဲ့များအဖြစ် သီရိပျံချီဘွဲ့ (၄၅) ဦး၊ ဇေယျကျော်ထင့်(၁၉)ဦး၊ အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်) (၁၂) ဦး၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) (၄၆) ဦး၊ အနုပညာ ထူးချွန်တံဆိပ်(တတိယအဆင့်) (၄ဝ) ဦး တို့ကို ချီးမြှင့်ခဲ့သည်။

ထို့အပြင် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်များအဖြစ် ဝဏ္ဏကျော်ထင်ဘွဲ့ (၆၅) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၇)ဦး၊ သိပ္ပကျော်စွာဘွဲ့ (၈) ဦး၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူး ဆောင်တံဆိပ် သူရဲကောင်းမှတ်တမ်းဝင် (၃) ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသီဟတံဆိပ်(၁)ဦး၊ ရဲသူရတံဆိပ် (၂၁)ဦး၊ ရဲဗလတံဆိပ် (၁၅၅) ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များတွင် ရဲသူရိန်တံဆိပ် (၁) ဦး၊ ရဲကျော်စွာတံဆိပ် (၁) ဦး၊ ရဲကျော်သူတံဆိပ် (၅) ဦး၊ စီမံထူးချွန်တံဆိပ်(ပထမအဆင့်) (၁၈၈) ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်) (၈) ဦး၊ စီမံထူးချွန်တံဆိပ်(တတိယအဆင့်) (၂ဝ) ဦး ၊လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) (၄၉) ဦး၊ လူမှုထူးချွန်တံဆိပ်( ဒုတိယအဆင့်) (၄၃) ဦး၊ လူမှုထူးချွန်တံဆိပ်( တတိယအဆင့်) (၉၃) ဦး တို့ကို ချီးမြှင့်ခဲ့သည်။

စီးပွားထူးချွန်တံဆိပ်များအဖြစ် လယ်ယာစီးပွားထူးချွန်တံဆိပ် (ပထမအဆင့်) (၁၁)ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ် (ပထမအဆင့်) (၂၃) ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(ဒုတိယအဆင့်) ( ၄) ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) (၈ဝ) ဦးနှင့် ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များအဖြစ် သိပ္ပပညာထူးချွန်တံဆိပ်(ပထမအဆင့်) (၂ )ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်) (၁) ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(တတိယအဆင့်)(၁) ဦး၊ နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်) (၁၂) ဦး၊ စာပေပညာထူးချွန်တံဆိပ်(ပထမအဆင့်) ( ၅ ) ဦး၊ စာပေပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ( ၃ ) ဦး၊ စာပေပညာထူးချွန်တံဆိပ်(တတိယအဆင့်) ( ၂ ) ဦး တို့ကို အသီးသီး ချီးမြှင့်ခဲ့သည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင်လည်း (၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား (၅ဝ၉၈)ဦး၊ အကျဉ်းသူ (၆၇၆) ဦး စုစုပေါင်း (၅၇၇၄) ဦးကို စည်းကမ်းသတ်မှတ်ချက်များနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
နစကအဖြဲ႕ဝင္မ်ား၊ ကာကြယ္ေရးဝန္ႀကီးဌာန ဗိုလ္ခ်ဳပ္ႀကီးမ်ားကို စည္သူဘြဲ႕မ်ား ေပးအပ္ခဲ့ၿပီး သက္ဆိုင္ရာထူးခြၽန္သူ ၁ဝဝဝ ေက်ာ္ကို ဘြဲ႕တံဆိပ္မ်ား ေပးအပ္ခ်ီးျမႇင့္
NP News - ႏိုဝင္ဘာ ၁၇

နစကအဖြဲ႕ဝင္မ်ား၊ ကာကြယ္ေရးဝန္ႀကီးဌာန ဗိုလ္ခ်ဳပ္ႀကီးမ်ားကို စည္သူဘြဲ႕မ်ား ေပးအပ္ခဲ့ၿပီး သက္ဆိုင္ရာ ထူးခြၽန္သူ လူပုဂၢိဳလ္ ၁ဝဝဝ ေက်ာ္ကို ဘြဲ႕တံဆိပ္မ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း နစက၏ ႏိုဝင္ဘာ ၁၇ ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းမွာ ဒီကေန႔ ႏိုဝင္ဘာလ ၁၇ ရက္ေန႔တြင္ က်ေရာက္သည့္ (၁ဝ၂)ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ နစက က ယခုကဲ့သို႔ ခ်ီးျမႇင့္ျခင္းမ်ိဳးလည္း ျဖစ္သည္။

ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္မႈအျဖစ္ ျပည္ေထာင္စု စည္သူသဂၤဟဘြဲ႕မ်ားတြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးဝင္းကို မဟာသေရစည္သူဘြဲ႕ ခ်ီးျမႇင့္ခဲ့ၿပီး ေကာင္စီဝင္မ်ားျဖစ္သည့္ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္ႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းအပါအဝင္ (၄၁) ဦးကို စည္သူဘြဲ႕ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ စြမ္းေဆာင္မႈဆိုင္ရာဂုဏ္ထူး‌ေဆာင္ဘြဲ႕မ်ားအျဖစ္ သီရိပ်ံခ်ီဘြဲ႕ (၄၅) ဦး၊ ေဇယ်ေက်ာ္ထင့္(၁၉)ဦး၊ အႏုပညာထူးခြၽန္တံဆိပ္(ပထမအဆင့္) (၁၂) ဦး၊ အႏုပညာထူးခြၽန္တံဆိပ္(ဒုတိယအဆင့္) (၄၆) ဦး၊ အႏုပညာ ထူးခြၽန္တံဆိပ္(တတိယအဆင့္) (၄ဝ) ဦး တို႔ကို ခ်ီးျမႇင့္ခဲ့သည္။

ထို႔အျပင္ စြမ္းေဆာင္မႈဆိုင္ရာ ဘြဲ႕တံဆိပ္မ်ားအျဖစ္ ဝဏၰေက်ာ္ထင္ဘြဲ႕ (၆၅) ဦး၊ အလကၤာေက်ာ္စြာဘြဲ႕ (၇)ဦး၊ သိပၸေက်ာ္စြာဘြဲ႕ (၈) ဦး၊ တပ္မေတာ္ဆိုင္ရာ စြမ္းရည္သတၱိဂုဏ္ထူး ေဆာင္တံဆိပ္ သူရဲေကာင္းမွတ္တမ္းဝင္ (၃) ဦး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဆိုင္ရာ စြမ္းရည္သတၱိဂုဏ္ထူးေဆာင္တံဆိပ္မ်ား၊ ရဲသီဟတံဆိပ္(၁)ဦး၊ ရဲသူရတံဆိပ္ (၂၁)ဦး၊ ရဲဗလတံဆိပ္ (၁၅၅) ဦးႏွင့္ စြမ္းေဆာင္မႈဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားတြင္ ရဲသူရိန္တံဆိပ္ (၁) ဦး၊ ရဲေက်ာ္စြာတံဆိပ္ (၁) ဦး၊ ရဲေက်ာ္သူတံဆိပ္ (၅) ဦး၊ စီမံထူးခြၽန္တံဆိပ္(ပထမအဆင့္) (၁၈၈) ဦး၊ စီမံထူးခြၽန္တံဆိပ္(ဒုတိယအဆင့္) (၈) ဦး၊ စီမံထူးခြၽန္တံဆိပ္(တတိယအဆင့္) (၂ဝ) ဦး ၊လူမႈထူးခြၽန္တံဆိပ္ (ပထမအဆင့္) (၄၉) ဦး၊ လူမႈထူးခြၽန္တံဆိပ္( ဒုတိယအဆင့္) (၄၃) ဦး၊ လူမႈထူးခြၽန္တံဆိပ္( တတိယအဆင့္) (၉၃) ဦး တို႔ကို ခ်ီးျမႇင့္ခဲ့သည္။

စီးပြားထူးခြၽန္တံဆိပ္မ်ားအျဖစ္ လယ္ယာစီးပြားထူးခြၽန္တံဆိပ္ (ပထမအဆင့္) (၁၁)ဦး၊ စက္မႈစီးပြားထူးခြၽန္တံဆိပ္ (ပထမအဆင့္) (၂၃) ဦး၊ ဝန္ေဆာင္စီးပြားထူးခြၽန္တံဆိပ္(ဒုတိယအဆင့္) ( ၄) ဦး၊ ဝန္ေဆာင္စီးပြားထူးခြၽန္တံဆိပ္ (တတိယအဆင့္) (၈ဝ) ဦးႏွင့္ ပညာရပ္ဆိုင္ရာထူးခြၽန္တံဆိပ္မ်ားအျဖစ္ သိပၸပညာထူးခြၽန္တံဆိပ္(ပထမအဆင့္) (၂ )ဦး၊ ဝိဇၨာပညာထူးခြၽန္တံဆိပ္(ပထမအဆင့္) (၁) ဦး၊ ဝိဇၨာပညာထူးခြၽန္တံဆိပ္(တတိယအဆင့္)(၁) ဦး၊ နည္းပညာထူးခြၽန္တံဆိပ္(တတိယအဆင့္) (၁၂) ဦး၊ စာေပပညာထူးခြၽန္တံဆိပ္(ပထမအဆင့္) ( ၅ ) ဦး၊ စာေပပညာထူးခြၽန္တံဆိပ္(ဒုတိယအဆင့္) ( ၃ ) ဦး၊ စာေပပညာထူးခြၽန္တံဆိပ္(တတိယအဆင့္) ( ၂ ) ဦး တို႔ကို အသီးသီး ခ်ီးျမႇင့္ခဲ့သည္။

အလားတူ ယေန႔ ႏိုဝင္ဘာလ ၁၇ ရက္ နံနက္ပိုင္းတြင္လည္း (၁ဝ၂)ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ျမန္မာႏိုင္ငံရွိ အက်ဥ္းေထာင္အသီးသီးမွ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသား (၅ဝ၉၈)ဦး၊ အက်ဥ္းသူ (၆၇၆) ဦး စုစုေပါင္း (၅၇၇၄) ဦးကို စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.