"စိတ်ရောဂါဖြစ်ပြီး သေဆုံးသွားသူတွေရဲ့ ဦးနှောက်တွေကို ထုတ်ယူပြီး တစုတစည်းတည်း ပြသထားတဲ့နေရာ" (ထူးခြားသုတဆောင်းပါး)

868

ဝတီ (NP News) - နိုဝင်ဘာ ၁၉
စိတ်ရောဂါဖြစ်ပြီး သေဆုံးသွားသူတွေရဲ့ ဦးနှောက်တွေကို ဒိန်းမတ်မှာ စုစည်းပြသထားတာ ရှိပါတယ်။ ဒီဦးနှောက်တွေရဲ့ သမိုင်းကြောင်းကတော့ ဒီလိုပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီးလောက်မှာ တခြားနိုင်ငံတွေမှာလိုပဲ ဒိန်းမတ်နိုင်ငံမှာလည်း စိတ်ရောဂါဖြစ်သူတွေ များလာပါတယ်။ ဒါကြောင့် အစိုးရက စိတ်ရောဂါကုဆေးရုံတွေကို နိုင်ငံတလွှားမှာ အသည်းအသန် ဆောက်ရပါတော့တယ်။ ဒါပေမဲ့ အဲဒီခေတ်အခါတုန်းကတော့ ဦးနှောက်ထဲမှာဘာတွေ ဖြစ်သွားလို့ လူတွေရဲ့ ဦးနှောက်ကျန်း မာရေး ချို့ယွင်းသွားတာလဲဆိုတာ ဆရာဝန်တွေလည်း သိပ်မသိခဲ့ကြပါဘူး။ ဒါကြောင့် စိတ်ကျန်းမာရေး လူနာတွေဆုံးသွားတဲ့အခါ သူတို့ ဦးနှောက်ကို ထုတ်ယူထားလိုက်ရင် ဦးနှောက်အကြောင်း ပိုသိလာရနိုင်တယ်လို့ ဆရာဝန်နှစ်ယောက်က တွေးမိလာပါတယ်။ လူနာတွေ စိတ်ကျန်းမာရေးဆေးရုံမှာ သေဆုံးသွားခဲ့ရင် ရင်ခွဲ စစ်ဆေးရတာကြောင့် အဲဒီအချိန်မှာ ဦးနှောက်ကို တစ်ခါတည်း ထုတ်ယူထားလိုက်ဖို့ အဲဒီဆရာဝန်နှစ်ယောက်ကစိတ်ကူးရသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်အတွင်း စိတ်ကျန်းမာရေးဆေးရုံမှာ သေဆုံးသွားတဲ့ လူနာတွေထဲမှာထက်ဝက်ဟာ ဦးနှောက် ထုတ်ယူခံလိုက်ရတော့တယ်လို့ အာရပ်စ်တက္က သိုလ် (Aarhus University)မှာ ဆေးပညာသိပ္ပံသမိုင်းပညာရှင်လည်းဖြစ် သုတေသီလည်းဖြစ်တဲ့ သောမတ်စ်အာ့စ်လက်ဗ် (Thomas Erslev) က ပြောပြပါတယ်။
လူနာတွေဆီကဒါမှမဟုတ် လူနာရှင်တွေဆီက ကြိုတင်သဘောတူညီချက်မရဘဲ ဒါမှမဟုတ် ဒီလူတွေ သိတောင် မသိလိုက်ဘဲနဲ့ အဲဒီဆရာဝန်နှစ်ယောက်က
ဦးနှောက်တွေကို ထုတ်ယူသိမ်းဆည်းထားခဲ့တာပါ။ အဲဒီဆရာဝန်နှစ်ယောက်နာမည်ကတော့ အာရစ်ခ် စထရွမ်ဂရန်(Erik Stromgren) နဲ့ လာရပ်စ် အီနာဆင် (Larus Einarson)ဖြစ်ပါတယ်။ ဦးနှောက်တွေကို သူတို့နှစ်ယောက် ဒီလို ထုတ်ယူစုဆောင်းလာတာ ငါးနှစ်လောက် ကြာလာချိန်မှာတော့ အဲဒီအလုပ်ကိုကနုဒ်အေဂျီလော်ရန်ဇန် (Knud Aage Lorentzen) ဆိုသူကလွှဲပြောင်းယူလိုက်ပါတယ်။ လူနာတွေဆီက ဦးနှောက် ထုတ်ယူစုဆောင်းတာကို သူက အနှစ်သုံးဆယ် လုံးလုံး ဆက်လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ထုတ်ယူစုဆောင်းသိမ်းဆည်းထားတဲ့
ဦးနှောက်တွေဟာ များသထက်များလာပြီး ဦးနှောက်ရောဂါဗေဒအဖွဲ့အစည်း (Institute of Brain Pathology) ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒီအဖွဲ့အစည်းဟာ ဒိန်းမတ်နိုင်ငံ၊ အာရပ်စ်မြို့( Aarhus)မှာရှိတဲ့ ရစ်ကော့ဗ် စိတ်ကျန်းမာရေးဆေးရုံ
( isskov Psychiatri Hospital လက်အောက်မှာပါ။ ဒီလိုနှစ်ပေါင်းအကြာကြီး စုဆောင်းလာလိုက်တာ နောက်ဆုံးမှာတော့ ဦးနှောက်ပေါင်း (၉၄၇၉) ခုအထိ ရလာပါတယ်။ ဒါကြောင့် ဒါဟာ ကမ္ဘာပေါ်မှာအများပြားဆုံး လူသားဦးနှောက် စုစည်းမှုကြီး ဖြစ်တယ်လို့ အခိုင်အမာယူဆရပါတယ်။
၂ဝ၁၈ ခုနှစ်ထဲမှာတော့ အာရပ်စ်မြို့ (Aarhus)က ပိုက်ဆံမတတ်နိုင်တော့လို့ဆိုပြီး ဒါတွေကို ဆက်မထားနိုင်တော့ဘူးလို့ဆိုလာပါတယ်။ ဒါပေမဲ့ အိုဒန့်စ် (Odense) မြို့မှာရှိတဲ့ University of Southern Denmark က ဒါတွေကို လက်ခံပေးထားပါ
မယ်လို့ ကမ်းလှမ်းလာပါတယ်။ ဒါကြောင့် ဒီအရွှေ့အပြောင်းကိစ္စတွေကိုစီမံကြီးကြပ်ဖို့ ရောဂါဗေဒပညာရှင် ဒေါက်တာ မာတင် ဝါရန်ဖက်ဒ်နယ်ဆင်
(Dr. Martin Wirenfeldt Nielsen) က တာဝန်ယူလိုက်ပါတယ်။ ဦးနှောက်ပေါင်း တစ်သောင်းနီးပါးကို ဘယ်လိုရွှေ့ပြောင်းရမလဲဆိုပြီး ဒေါက်တာလည်း အတော် ဦး နှောက်ခြောက်လိုက်ရပါတယ်။ ဦးနှောက်တွေကို စိမ်းဝါရောင်ပလတ်စတစ်ပုံးတွေထဲမှာ တစ်ခုစီ ထည့်ထားတာဖြစ်ပြီး ဖော်မလင်နဲ့ စိမ်ထားတာပါ။ သူက သယ်ရပြုရ ပိုအဆင်ပြေအောင်ဆိုပြီး အဲဒါတွေကို ပိုပြီးခိုင်ခံ့တဲ့ ပုံးအဖြူတွေထဲ တစ်ခုချင်းစီ ထည့်လိုက်ပါတယ်။ ပြီးတော့ ပုံးတစ်ခုစီမှာ နံပါတ်တွေကို လက်နဲ့လိုက်ရေးထားလိုက်ပါသတဲ့။ ပြီးတော့မှ အဲဒါတွေကို University of Southern Denmark တက္ကသိုလ်ဝင်းကြီးထဲက မြေအောက်ခန်းကြီးဆီ ရွှေ့ရတာပါ။ အဲဒီဦးနှောက်ပေါင်း တစ်သောင်းနီးပါးထဲမှာ (၅၅ဝဝ) လောက်ကသက်ကြီးသတိမေ့ရောဂါသည်တွေရဲ့ ဦးနှောက်တွေ၊ (၁၄ဝဝ)လောက်က စိတ်ကစဉ့်ကလျား ဝေဒနာသည်တွေရဲ့ ဦးနှောက်တွေ၊ (၄ဝဝ)လောက်ကတော့ စိတ်တက်မြန်၊ ကျမြန် ဝေဒနာသည်တွေရဲ့
ဦးနှောက်တွေ ဖြစ်ပြီး (၃ဝဝ) လောက်ကတော့ စိတ်ကျရောဂါသည်တွေရဲ့ ဦး နှောက်တွေ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ တခြားစိတ်ရောဂါအမျိုးအစားတွေ စွဲကပ်ခဲ့တဲ့ လူနာတွေရဲ့ ဦးနှောက်တွေပါ။
လူနာတွေနဲ့ လူနာရှင်တွေဆီက ဘာခွင့်ပြုချက် မတောင်းဘဲဦးနှောက်တွေကို ထုတ်ယူစုဆောင်းထားတယ်ဆိုတဲ့ ကိစ္စဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေထဲမှာတော့ လူထုနားထဲ ပေါက်ကြားသွားပါတယ်။ ဒါကြောင့် အဲဒီတုန်းကဆိုရင် နှစ်တွေ အကြာကြီး ပွဲဆူလိုက်ပါသေးတယ်။ ကာယကံရှင်နဲ့ လူနာရှင်တွေဆီက ခွင့်ပြုချက်မတောင်းဘဲထုတ်ယူထားတာဖြစ်တဲ့အတွက် ဒါဟာ ကျင့်ဝတ်နဲ့မညီဘူး၊ ဒါကြောင့်ဒီဦးနှောက်တွေကို ဖျက်ဆီးပစ်သင့်တယ်ဆိုတဲ့လူတွေက တစ်ဖက်၊ ဖြစ်ပြီးနေပြီဆိုမှတော့ မထူးပါဘူး၊ ဒါတွေကို သုတေသန ကောင်းကောင်းလုပ်ပြီးတော့ပဲ အကျိုးရှိရှိ အသုံးချသင့်တယ်၊ ဒါမှ နောင်လာနောက်သားတွေအတွက် အကျိုးရှိမယ် ဆိုတဲ့ လူတွေက တစ်ဖက် အကြီးအကျယ်၊ အကြိတ်အနယ် ငြင်းခုံခဲ့ကြတာပါ။ နောက် ဆုံးမှာတော့ ဒါတွေကို သုတေသနလုပ်ပြီး ကောင်းကောင်း အသုံးချသင့်တယ်ဆိုတဲ့ဘက်က အလေးသာလာပါတယ်။ ဒါကြောင့် စိတ်ရောဂါဝေဒနာရှင်တွေရဲ့ ဦး နှောက်ပေါင်း တစ်သောင်းနီးပါးက အခုထက်ထိတက္ကသိုလ်မြေအောက်ခန်းကြီးထဲမှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။

zawgyi version
"စိတ္ေရာဂါျဖစ္ၿပီး ေသဆုံးသြားသူေတြရဲ႕ ဦးေႏွာက္ေတြကို ထုတ္ယူၿပီး တစုတစည္းတည္း ျပသထားတဲ့ေနရာ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ႏိုဝင္ဘာ ၁၉
စိတ္ေရာဂါျဖစ္ၿပီး ေသဆုံးသြားသူေတြရဲ႕ ဦးေႏွာက္ေတြကို ဒိန္းမတ္မွာ စုစည္းျပသထားတာ ရွိပါတယ္။ ဒီဦးေႏွာက္ေတြရဲ႕ သမိုင္းေၾကာင္းကေတာ့ ဒီလိုပါ။ ဒုတိယကမာၻစစ္ႀကီးအၿပီးေလာက္မွာ တျခားႏိုင္ငံေတြမွာလိုပဲ ဒိန္းမတ္ႏိုင္ငံမွာလည္း စိတ္ေရာဂါျဖစ္သူေတြ မ်ားလာပါတယ္။ ဒါေၾကာင့္ အစိုးရက စိတ္ေရာဂါကုေဆး႐ုံေတြကို ႏိုင္ငံတလႊားမွာ အသည္းအသန္ ေဆာက္ရပါေတာ့တယ္။ ဒါေပမဲ့ အဲဒီေခတ္အခါတုန္းကေတာ့ ဦးေႏွာက္ထဲမွာဘာေတြ ျဖစ္သြားလို႔ လူေတြရဲ႕ ဦးေႏွာက္က်န္း မာေရး ခ်ိဳ႕ယြင္းသြားတာလဲဆိုတာ ဆရာဝန္ေတြလည္း သိပ္မသိခဲ့ၾကပါဘူး။ ဒါေၾကာင့္ စိတ္က်န္းမာေရး လူနာေတြဆုံးသြားတဲ့အခါ သူတို႔ ဦးေႏွာက္ကို ထုတ္ယူထားလိုက္ရင္ ဦးေႏွာက္အေၾကာင္း ပိုသိလာရႏိုင္တယ္လို႔ ဆရာဝန္ႏွစ္ေယာက္က ေတြးမိလာပါတယ္။ လူနာေတြ စိတ္က်န္းမာေရးေဆး႐ုံမွာ ေသဆုံးသြားခဲ့ရင္ ရင္ခြဲ စစ္ေဆးရတာေၾကာင့္ အဲဒီအခ်ိန္မွာ ဦးေႏွာက္ကို တစ္ခါတည္း ထုတ္ယူထားလိုက္ဖို႔ အဲဒီဆရာဝန္ႏွစ္ေယာက္ကစိတ္ကူးရသြားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၁၉၄၅ ခုႏွစ္ကေန ၁၉၈၂ ခုႏွစ္အတြင္း စိတ္က်န္းမာေရးေဆး႐ုံမွာ ေသဆုံးသြားတဲ့ လူနာေတြထဲမွာထက္ဝက္ဟာ ဦးေႏွာက္ ထုတ္ယူခံလိုက္ရေတာ့တယ္လို႔ အာရပ္စ္တကၠ သိုလ္ (Aarhus University)မွာ ေဆးပညာသိပၸံသမိုင္းပညာရွင္လည္းျဖစ္ သုေတသီလည္းျဖစ္တဲ့ ေသာမတ္စ္အာ့စ္လက္ဗ္ (Thomas Erslev) က ေျပာျပပါတယ္။
လူနာေတြဆီကဒါမွမဟုတ္ လူနာရွင္ေတြဆီက ႀကိဳတင္သေဘာတူညီခ်က္မရဘဲ ဒါမွမဟုတ္ ဒီလူေတြ သိေတာင္ မသိလိုက္ဘဲနဲ႔ အဲဒီဆရာဝန္ႏွစ္ေယာက္က
ဦးေႏွာက္ေတြကို ထုတ္ယူသိမ္းဆည္းထားခဲ့တာပါ။ အဲဒီဆရာဝန္ႏွစ္ေယာက္နာမည္ကေတာ့ အာရစ္ခ္ စထ႐ြမ္ဂရန္(Erik Stromgren) နဲ႔ လာရပ္စ္ အီနာဆင္ (Larus Einarson)ျဖစ္ပါတယ္။ ဦးေႏွာက္ေတြကို သူတို႔ႏွစ္ေယာက္ ဒီလို ထုတ္ယူစုေဆာင္းလာတာ ငါးႏွစ္ေလာက္ ၾကာလာခ်ိန္မွာေတာ့ အဲဒီအလုပ္ကိုကႏုဒ္ေအဂ်ီေလာ္ရန္ဇန္ (Knud Aage Lorentzen) ဆိုသူကလႊဲေျပာင္းယူလိုက္ပါတယ္။ လူနာေတြဆီက ဦးေႏွာက္ ထုတ္ယူစုေဆာင္းတာကို သူက အႏွစ္သုံးဆယ္ လုံးလုံး ဆက္လုပ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ထုတ္ယူစုေဆာင္းသိမ္းဆည္းထားတဲ့
ဦးေႏွာက္ေတြဟာ မ်ားသထက္မ်ားလာၿပီး ဦးေႏွာက္ေရာဂါေဗဒအဖြဲ႕အစည္း (Institute of Brain Pathology) ဆိုၿပီး ျဖစ္လာပါေတာ့တယ္။ ဒီအဖြဲ႕အစည္းဟာ ဒိန္းမတ္ႏိုင္ငံ၊ အာရပ္စ္ၿမိဳ႕( Aarhus)မွာရွိတဲ့ ရစ္ေကာ့ဗ္ စိတ္က်န္းမာေရးေဆး႐ုံ
( isskov Psychiatri Hospital လက္ေအာက္မွာပါ။ ဒီလိုႏွစ္ေပါင္းအၾကာႀကီး စုေဆာင္းလာလိုက္တာ ေနာက္ဆုံးမွာေတာ့ ဦးေႏွာက္ေပါင္း (၉၄၇၉) ခုအထိ ရလာပါတယ္။ ဒါေၾကာင့္ ဒါဟာ ကမာၻေပၚမွာအမ်ားျပားဆုံး လူသားဦးေႏွာက္ စုစည္းမႈႀကီး ျဖစ္တယ္လို႔ အခိုင္အမာယူဆရပါတယ္။
၂ဝ၁၈ ခုႏွစ္ထဲမွာေတာ့ အာရပ္စ္ၿမိဳ႕ (Aarhus)က ပိုက္ဆံမတတ္ႏိုင္ေတာ့လို႔ဆိုၿပီး ဒါေတြကို ဆက္မထားႏိုင္ေတာ့ဘူးလို႔ဆိုလာပါတယ္။ ဒါေပမဲ့ အိုဒန႔္စ္ (Odense) ၿမိဳ႕မွာရွိတဲ့ University of Southern Denmark က ဒါေတြကို လက္ခံေပးထားပါ
မယ္လို႔ ကမ္းလွမ္းလာပါတယ္။ ဒါေၾကာင့္ ဒီအေ႐ႊ႕အေျပာင္းကိစၥေတြကိုစီမံႀကီးၾကပ္ဖို႔ ေရာဂါေဗဒပညာရွင္ ေဒါက္တာ မာတင္ ဝါရန္ဖက္ဒ္နယ္ဆင္
(Dr. Martin Wirenfeldt Nielsen) က တာဝန္ယူလိုက္ပါတယ္။ ဦးေႏွာက္ေပါင္း တစ္ေသာင္းနီးပါးကို ဘယ္လိုေ႐ႊ႕ေျပာင္းရမလဲဆိုၿပီး ေဒါက္တာလည္း အေတာ္ ဦး ေႏွာက္ေျခာက္လိုက္ရပါတယ္။ ဦးေႏွာက္ေတြကို စိမ္းဝါေရာင္ပလတ္စတစ္ပုံးေတြထဲမွာ တစ္ခုစီ ထည့္ထားတာျဖစ္ၿပီး ေဖာ္မလင္နဲ႔ စိမ္ထားတာပါ။ သူက သယ္ရျပဳရ ပိုအဆင္ေျပေအာင္ဆိုၿပီး အဲဒါေတြကို ပိုၿပီးခိုင္ခံ့တဲ့ ပုံးအျဖဴေတြထဲ တစ္ခုခ်င္းစီ ထည့္လိုက္ပါတယ္။ ၿပီးေတာ့ ပုံးတစ္ခုစီမွာ နံပါတ္ေတြကို လက္နဲ႔လိုက္ေရးထားလိုက္ပါသတဲ့။ ၿပီးေတာ့မွ အဲဒါေတြကို University of Southern Denmark တကၠသိုလ္ဝင္းႀကီးထဲက ေျမေအာက္ခန္းႀကီးဆီ ေ႐ႊ႕ရတာပါ။ အဲဒီဦးေႏွာက္ေပါင္း တစ္ေသာင္းနီးပါးထဲမွာ (၅၅ဝဝ) ေလာက္ကသက္ႀကီးသတိေမ့ေရာဂါသည္ေတြရဲ႕ ဦးေႏွာက္ေတြ၊ (၁၄ဝဝ)ေလာက္က စိတ္ကစဥ့္ကလ်ား ေဝဒနာသည္ေတြရဲ႕ ဦးေႏွာက္ေတြ၊ (၄ဝဝ)ေလာက္ကေတာ့ စိတ္တက္ျမန္၊ က်ျမန္ ေဝဒနာသည္ေတြရဲ႕
ဦးေႏွာက္ေတြ ျဖစ္ၿပီး (၃ဝဝ) ေလာက္ကေတာ့ စိတ္က်ေရာဂါသည္ေတြရဲ႕ ဦး ေႏွာက္ေတြ ျဖစ္ပါတယ္။ က်န္တာေတြကေတာ့ တျခားစိတ္ေရာဂါအမ်ိဳးအစားေတြ စြဲကပ္ခဲ့တဲ့ လူနာေတြရဲ႕ ဦးေႏွာက္ေတြပါ။
လူနာေတြနဲ႔ လူနာရွင္ေတြဆီက ဘာခြင့္ျပဳခ်က္ မေတာင္းဘဲဦးေႏွာက္ေတြကို ထုတ္ယူစုေဆာင္းထားတယ္ဆိုတဲ့ ကိစၥဟာ ၁၉၉ဝ ျပည့္လြန္ႏွစ္ေတြထဲမွာေတာ့ လူထုနားထဲ ေပါက္ၾကားသြားပါတယ္။ ဒါေၾကာင့္ အဲဒီတုန္းကဆိုရင္ ႏွစ္ေတြ အၾကာႀကီး ပြဲဆူလိုက္ပါေသးတယ္။ ကာယကံရွင္နဲ႔ လူနာရွင္ေတြဆီက ခြင့္ျပဳခ်က္မေတာင္းဘဲထုတ္ယူထားတာျဖစ္တဲ့အတြက္ ဒါဟာ က်င့္ဝတ္နဲ႔မညီဘူး၊ ဒါေၾကာင့္ဒီဦးေႏွာက္ေတြကို ဖ်က္ဆီးပစ္သင့္တယ္ဆိုတဲ့လူေတြက တစ္ဖက္၊ ျဖစ္ၿပီးေနၿပီဆိုမွေတာ့ မထူးပါဘူး၊ ဒါေတြကို သုေတသန ေကာင္းေကာင္းလုပ္ၿပီးေတာ့ပဲ အက်ိဳးရွိရွိ အသုံးခ်သင့္တယ္၊ ဒါမွ ေနာင္လာေနာက္သားေတြအတြက္ အက်ိဳးရွိမယ္ ဆိုတဲ့ လူေတြက တစ္ဖက္ အႀကီးအက်ယ္၊ အႀကိတ္အနယ္ ျငင္းခုံခဲ့ၾကတာပါ။ ေနာက္ ဆုံးမွာေတာ့ ဒါေတြကို သုေတသနလုပ္ၿပီး ေကာင္းေကာင္း အသုံးခ်သင့္တယ္ဆိုတဲ့ဘက္က အေလးသာလာပါတယ္။ ဒါေၾကာင့္ စိတ္ေရာဂါေဝဒနာရွင္ေတြရဲ႕ ဦး ေႏွာက္ေပါင္း တစ္ေသာင္းနီးပါးက အခုထက္ထိတကၠသိုလ္ေျမေအာက္ခန္းႀကီးထဲမွာ ဆက္ရွိေနတာ ျဖစ္ပါတယ္။