ပန်းဘဲတန်းမြို့နယ်ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်တွင် လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသား(၃)ဦးအား ဖမ်းဆီးရမိကြောင်း နစကထုတ်ပြန်

983

NP News - နိုဝင်ဘာ ၂ဝ
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်အား လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသား (၃)ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
နစကမှ ပြီးခဲသည့် နိုဝင်ဘာလ(၁၉)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ(၂)ရက်၊ ညနေ(၆)နာရီ (၃၈)မိနစ်အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကုန်သည်လမ်း နှင့် (၂၆)လမ်းထိပ်၊ အမှတ် (၇၁၈/၇၂ဝ)ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်း နှင့် ၎င်း၏မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့အတူရှိနေစဉ် အသက်(၃ဝ)ခန့်ရှိ အမျိုးသား(၃)ဦးမှ ဓားမြှောင်များကိုင်ဆောင်၍ ဆိုင်အတွင်းဝင် လာပြီး ရန်ပြုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း(၂၈ဝ)၊ Toyota Allion ခဲရောင်မော်တော်ယာဉ်နှင့် I phone (၂)လုံးတို့အား လုယက်ယူ ဆောင်သွားခဲ့ကြောင်း နစကမှဆိုသည်။
ထို့ကြောင့် လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ သတင်းရယူ စုံစမ်းခြင်းများ ဆောင် ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ(၃)ဦးအနက်မှ တစ်ဦးမှာ“သစ္စာ”ကုန်မာဆိုင်တွင် ယခင်က ယာဉ်မောင်းအဖြစ် လုပ်ကိုင်ဖူးသော ကိုသီဟအောင်ဆိုသူ ဖြစ်ကြောင်း သိခဲ့ရပြီး ၎င်းတို့လုယက်ယူဆောင်သွားသည့် မော်တော်ယာဉ်အား နိုဝင်ဘာလ (၃)ရက်၊ နံနက်(၁၁)နာရီအချိန်တွင် ရန်ကင်းကလေးဆေးရုံးအနီး ကန်ဘဲ့လမ်းမပေါ်တွင် ပြန်လည်တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ(၁၈)ရက်၊ နေ့လည်(၃)နာရီ (၅၅)မိနစ်အချိန်တွင် လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ စဉ့်အိုးတန်းလမ်း၊ အမှတ်(၆)တွင်နေထိုင်သူ ကိုသီဟအောင်အား ဒဂုံဧရာအဝေးပြေးကားဝင်းရှိ “အင်ကြင်း”စားသောက်ဆိုင်တွင် လုယက်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ထားသည့် ရွှေလက်စွပ်(၂)ကွင်း၊ VIVO Y16 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း၊ Digitech အမျိုးအစား နာရီတစ်လုံး၊ အနက်ရောင် ပိုက်ဆံအိတ်တစ်လုံးနှင့် ငွေကျပ်(၆၄ဝဝဝဝ)ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။
ဖမ်းဆီးရမိသူ ကိုသီဟအောင်၏ ထွက်ဆိုချက်အရ လုယက်မှုတွင်အတူပါဝင်သူများဖြစ်သည့် မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဉာဏရပ်ကွက်၊ မဉ္ဇူ(၂)လမ်းတွင် နေထိုင်သူ ကိုမျိုးဇော်ထွန်းအား အဆိုပါနေ့ည(၉)နာရီတွင် လုယက်ရာမှရရှိသည့် ငွေများဖြင့်ဝယ်ယူထားသည့် Redmi Note 11 Pro Prime အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ လုယက်မှုတွင်ပါဝင်သည့် မရမ်ကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြစံပယ်လမ်း၊ အမှတ်(၉၃)တွင်နေထိုင်သူ ကိုဘိုဘိုအား လုယက်ရာမှရရှိသည့် ငွေများဖြင့်ဝယ်ယူထားသည့် ရွှေနားကပ်တစ်ရံ၊ VIVO Y17 အမျိုးအစား နက်/ပြာရောင်ဖုန်းတစ်လုံး၊ Techno Spark 7 အမျိုးအစား အစိမ်းရောင်ဖုန်းတစ်လုံးဖြင့် နိုဝင်ဘာလ (၁၈)ရက်၊ ည(၁ဝ)နာရီအချိန်တွင် ၎င်း၏နေအိမ်၌ လုယက်မှုကျူးလွန်ရာတွင် ဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်နှင့် နက်ပြာရောင်တီရှပ်လက်တိုတစ်ထည်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက မှထုတ်ပြန်ထားသည်။
ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်ခဲ့သူ(၃)ဦးအား ငွေစက္ကူရောရာ (၆၄ဝဝဝဝ)ကျပ်၊ ဖုန်းမျိုးစုံ(၄)လုံး၊ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေနားကပ်တစ်ရံ၊ နာရီတစ်လုံး၊ ပိုက်ဆံအိတ်တစ်လုံး၊ လုယက်မှုကျူးလွန်စဉ် ကိုဘိုဘိုဝင်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်နှင့် နက်ပြာရောင်တီရှပ်လက်တိုတစ်ထည်တို့နှင့် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှသိရသည်။

zawgyi version
ပန္းဘဲတန္းၿမိဳ႕နယ္ရွိ “သစၥာ”ကုန္မာႏွင့္ အိမ္အလွဆင္ပစၥည္းအေရာင္းဆိုင္တြင္ လုယက္မႈက်ဴးလြန္ခဲ့သည့္ အမ်ိဳးသား(၃)ဦးအား ဖမ္းဆီးရမိေၾကာင္း နစကထုတ္ျပန္
NP News - ႏိုဝင္ဘာ ၂ဝ
ရန္ကုန္တိုင္း၊ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ “သစၥာ”ကုန္မာႏွင့္ အိမ္အလွဆင္ပစၥည္းအေရာင္းဆိုင္အား လုယက္မႈက်ဴးလြန္ခဲ့သည့္ အမ်ိဳးသား (၃)ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။
နစကမွ ၿပီးခဲသည့္ ႏိုဝင္ဘာလ(၁၉)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
အဆိုပါျဖစ္စဥ္မွာ ႏိုဝင္ဘာလ(၂)ရက္၊ ညေန(၆)နာရီ (၃၈)မိနစ္အခ်ိန္ခန႔္တြင္ ပန္းဘဲတန္းၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ ကုန္သည္လမ္း ႏွင့္ (၂၆)လမ္းထိပ္၊ အမွတ္ (၇၁၈/၇၂ဝ)ရွိ “သစၥာ”ကုန္မာႏွင့္ အိမ္အလွဆင္ပစၥည္းအေရာင္းဆိုင္တြင္ ဆိုင္ရွင္ျဖစ္သူ ဦးေမာင္ေမာင္ထြန္း ႏွင့္ ၎၏မိတ္ေဆြျဖစ္သူ ဦးျမင့္ၾကည္တို႔အတူရွိေနစဥ္ အသက္(၃ဝ)ခန႔္ရွိ အမ်ိဳးသား(၃)ဦးမွ ဓားေျမႇာင္မ်ားကိုင္ေဆာင္၍ ဆိုင္အတြင္းဝင္ လာၿပီး ရန္ျပဳၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မီးခံေသတၱာအတြင္းမွ ေငြက်ပ္သိန္း(၂၈ဝ)၊ Toyota Allion ခဲေရာင္ေမာ္ေတာ္ယာဥ္ႏွင့္ I phone (၂)လုံးတို႔အား လုယက္ယူ ေဆာင္သြားခဲ့ေၾကာင္း နစကမွဆိုသည္။
ထို႔ေၾကာင့္ လုယက္မႈက်ဴးလြန္ခဲ့သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပည္သူမ်ားႏွင့္ ပူးေပါင္း၍ သတင္းရယူ စုံစမ္းျခင္းမ်ား ေဆာင္ ႐ြက္ခဲ့ရာ လုယက္မႈက်ဴးလြန္ခဲ့သူ(၃)ဦးအနက္မွ တစ္ဦးမွာ“သစၥာ”ကုန္မာဆိုင္တြင္ ယခင္က ယာဥ္ေမာင္းအျဖစ္ လုပ္ကိုင္ဖူးေသာ ကိုသီဟေအာင္ဆိုသူ ျဖစ္ေၾကာင္း သိခဲ့ရၿပီး ၎တို႔လုယက္ယူေဆာင္သြားသည့္ ေမာ္ေတာ္ယာဥ္အား ႏိုဝင္ဘာလ (၃)ရက္၊ နံနက္(၁၁)နာရီအခ်ိန္တြင္ ရန္ကင္းကေလးေဆး႐ုံးအနီး ကန္ဘဲ့လမ္းမေပၚတြင္ ျပန္လည္ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ႏိုဝင္ဘာလ(၁၈)ရက္၊ ေန႔လည္(၃)နာရီ (၅၅)မိနစ္အခ်ိန္တြင္ လသာၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ စဥ့္အိုးတန္းလမ္း၊ အမွတ္(၆)တြင္ေနထိုင္သူ ကိုသီဟေအာင္အား ဒဂုံဧရာအေဝးေျပးကားဝင္းရွိ “အင္ၾကင္း”စားေသာက္ဆိုင္တြင္ လုယက္ရာမွရရွိသည့္ ေငြမ်ားျဖင့္ ဝယ္ထားသည့္ ေ႐ႊလက္စြပ္(၂)ကြင္း၊ VIVO Y16 အမ်ိဳးအစား အနက္ေရာင္လက္ကိုင္ဖုန္း၊ Digitech အမ်ိဳးအစား နာရီတစ္လုံး၊ အနက္ေရာင္ ပိုက္ဆံအိတ္တစ္လုံးႏွင့္ ေငြက်ပ္(၆၄ဝဝဝဝ)က်ပ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။
ဖမ္းဆီးရမိသူ ကိုသီဟေအာင္၏ ထြက္ဆိုခ်က္အရ လုယက္မႈတြင္အတူပါဝင္သူမ်ားျဖစ္သည့္ မဂၤလာဒုံၿမိဳ႕နယ္၊ ေပါင္းကူးဉာဏရပ္ကြက္၊ မၪၨဴ(၂)လမ္းတြင္ ေနထိုင္သူ ကိုမ်ိဳးေဇာ္ထြန္းအား အဆိုပါေန႔ည(၉)နာရီတြင္ လုယက္ရာမွရရွိသည့္ ေငြမ်ားျဖင့္ဝယ္ယူထားသည့္ Redmi Note 11 Pro Prime အမ်ိဳးအစား အနက္ေရာင္ဖုန္းတစ္လုံးႏွင့္အတူ ၎၏ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ လုယက္မႈတြင္ပါဝင္သည့္ မရမ္ကုန္းၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ျမစံပယ္လမ္း၊ အမွတ္(၉၃)တြင္ေနထိုင္သူ ကိုဘိုဘိုအား လုယက္ရာမွရရွိသည့္ ေငြမ်ားျဖင့္ဝယ္ယူထားသည့္ ေ႐ႊနားကပ္တစ္ရံ၊ VIVO Y17 အမ်ိဳးအစား နက္/ျပာေရာင္ဖုန္းတစ္လုံး၊ Techno Spark 7 အမ်ိဳးအစား အစိမ္းေရာင္ဖုန္းတစ္လုံးျဖင့္ ႏိုဝင္ဘာလ (၁၈)ရက္၊ ည(၁ဝ)နာရီအခ်ိန္တြင္ ၎၏ေနအိမ္၌ လုယက္မႈက်ဴးလြန္ရာတြင္ ဝတ္ဆင္ခဲ့သည့္ ပေလကပ္ပုဆိုးတစ္ထည္ႏွင့္ နက္ျပာေရာင္တီရွပ္လက္တိုတစ္ထည္တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစက မွထုတ္ျပန္ထားသည္။
ျဖစ္စဥ္တြင္ လုယက္မႈက်ဴးလြန္ခဲ့သူ(၃)ဦးအား ေငြစကၠဴေရာရာ (၆၄ဝဝဝဝ)က်ပ္၊ ဖုန္းမ်ိဳးစုံ(၄)လုံး၊ ေ႐ႊလက္စြပ္(၂)ကြင္း၊ ေ႐ႊနားကပ္တစ္ရံ၊ နာရီတစ္လုံး၊ ပိုက္ဆံအိတ္တစ္လုံး၊ လုယက္မႈက်ဴးလြန္စဥ္ ကိုဘိုဘိုဝင္ဆင္ခဲ့သည့္ ပေလကပ္ပုဆိုးတစ္ထည္ႏွင့္ နက္ျပာေရာင္တီရွပ္လက္တိုတစ္ထည္တို႔ႏွင့္ ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရမိသူမ်ားအား ဥပေဒႏွင့္အညီထိေရာက္စြာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွသိရသည္။