အေပက်ထိပ်သီးအစည်းအဝေးကျင်းပချိန်အတွင်း ဆန္ဒပြမှုတွေလုပ်ခဲ့သူ (၂၅)ဦးကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော

 397

ဂျန်ဇက် (NP News)- နိုဝင်ဘာ ၂ဝ

ထိုင်းရဲတပ်ဖွဲ့ဟာ အေပက်ထိပ်သီးအစည်းအဝေးကျင်းပချိန်အတွင်း ထိုင်းအစိုးရ ဆန့်ကျင့်ရေးဆန္ဒပြပွဲများမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ ဆန္ဒပြသူ (၂၅)ဦးကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်ကြောင်း ဘန်ကောက်ပိုစ့်သတင်းကဖော်ပြပါတယ်။

“Citizens Stop Apec 2022” အမည်ရှိဆန္ဒပြလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့တဲ့ သူတွေဟာ နိုဝင်ဘာလ ၁၈ ရက် အေပက်ထိပ်သီးအစည်းအဝေးကျင်းပနေတဲ့နေရာ (၇) ကီလီမီတာ အကွာမှာ ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ပြီး ရဲများနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ရာ လူအများအပြားဖမ်ဆီးခဲ့ရကြောင်းသိရပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြအုပ်စုတွေကို အေပက်ထိပ်သီးအစည်းအဝေးကျင်းပနေတဲ့နေရာကိုမသွားဖို့ နဲ့လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေအသုံးပြုဖြိုခွင်းခဲ့ကြောင်းသိရပါတယ်။

ဆန္ဒပြအုပ်စုတွေဟာ ရဲများနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လူပေါင်း (၂၅)ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရပါတယ်။ ရဲတပ်ဖွဲ့ဟာ ဖမ်ဆီးထိန်းသိမ်းထားသူတွေကို နာရီအတန်ကြာ စစ်ဆေးမေးမြန်းခဲ့ပြီး တစ်ဦးကိုဘတ်ငွေ ၂ သောင်းနဲ့အာမခံပေးကာ ပြန်လွှတ်ပေးဖို့သဘောတူညီခဲ့ကြောင်းသိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ပြန်လွှတ်ပေးခဲ့ သူတွေဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ နောက်ထပ်ပါဝင်တာမျိုးမလုပ်တော့ဘူးဆိုတဲ့အချက် အပါအဝင် သဘောတူညီမှုများကိုလက်မှတ်ရေးထိုးပြီးအာမခံရယူခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

အဆိုပါအာမခံနဲ့ပြန်လွှတ်ပေးခဲ့သူတွေဟာ တရားမဝင်လုပ်ဆောင်တဲ့ ဆန္ဒပြပွဲတွေအပြင် မတည်ငြိမ်မှုများ ဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုတွေမှာမပါဝင်တော့ဘူးဆိုတဲ့ ခံဝန်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဆန္ဒပြပွဲများအတွင်းရဲတပ်ဖွဲ့ရဲ့ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူအနည်းဆုံး (၁ဝ)ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကတော့ ဆန္ဒပြပွဲနဲ့ ဆက်နွယ်တဲ့အဖွဲ့အားလုံးကို အကြမ်းဖက်တာမျိုးတွေမလုပ်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံမှာကျင်းပတဲ့ အေပက်ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ၊ အမေရိကန်ဒုတိယသမ္မတအပါအဝင် အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ခဲ့ပြီး အစည်းအဝေးပိတ်ပွဲအခမ်းအနားမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အေပက်အဖွဲ့ရဲ့အထိမ်းအမှတ်ပစ္စည်းကို အမေရိကန်ကို လွှဲပြောင်းခဲ့ကြောင်း၊ အမေရိကန်ဟာလာမယ့် အေပက်ထိပ်သီးအစည်းအဝေးကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမှာဖြစ်ကြောင်းသိရပါတယ်။

zawgyi version
ေအပက္ထိပ္သီးအစည္းအေဝးက်င္းပခ်ိန္အတြင္း ဆႏၵျပမႈေတြလုပ္ခဲ့သူ (၂၅)ဦးကို အာမခံနဲ႔ျပန္လႊတ္ေပးခဲ့ဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News)- ႏိုဝင္ဘာ ၂ဝ

ထိုင္းရဲတပ္ဖြဲ႕ဟာ ေအပက္ထိပ္သီးအစည္းအေဝးက်င္းပခ်ိန္အတြင္း ထိုင္းအစိုးရ ဆန႔္က်င့္ေရးဆႏၵျပပြဲမ်ားမွာ ပါဝင္ခဲ့တဲ့အတြက္ ဖမ္ဆီးထိန္းသိမ္းခံထားရတဲ့ ဆႏၵျပသူ (၂၅)ဦးကို အာမခံနဲ႔ျပန္လႊတ္ေပးလိုက္ေၾကာင္း ဘန္ေကာက္ပိုစ့္သတင္းကေဖာ္ျပပါတယ္။

“Citizens Stop Apec 2022” အမည္ရွိဆႏၵျပလႈပ္ရွားမႈတစ္ခုကို ျပဳလုပ္ခဲ့တဲ့ သူေတြဟာ ႏိုဝင္ဘာလ ၁၈ ရက္ ေအပက္ထိပ္သီးအစည္းအေဝးက်င္းပေနတဲ့ေနရာ (၇) ကီလီမီတာ အကြာမွာ ဆႏၵျပပြဲမ်ားလုပ္ေဆာင္ခဲ့ၿပီး ရဲမ်ားနဲ႔ထိပ္တိုက္ေတြ႕ဆုံခဲ့ရာ လူအမ်ားအျပားဖမ္ဆီးခဲ့ရေၾကာင္းသိရပါတယ္။ ရဲတပ္ဖြဲ႕ဟာ ဆႏၵျပအုပ္စုေတြကို ေအပက္ထိပ္သီးအစည္းအေဝးက်င္းပေနတဲ့ေနရာကိုမသြားဖို႔ နဲ႔လူစုခြဲဖို႔ မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ဆံေတြအသုံးျပဳၿဖိဳခြင္းခဲ့ေၾကာင္းသိရပါတယ္။

ဆႏၵျပအုပ္စုေတြဟာ ရဲမ်ားနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး လူေပါင္း (၂၅)ဦး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေၾကာင္းသိရပါတယ္။ ရဲတပ္ဖြဲ႕ဟာ ဖမ္ဆီးထိန္းသိမ္းထားသူေတြကို နာရီအတန္ၾကာ စစ္ေဆးေမးျမန္းခဲ့ၿပီး တစ္ဦးကိုဘတ္ေငြ ၂ ေသာင္းနဲ႔အာမခံေပးကာ ျပန္လႊတ္ေပးဖို႔သေဘာတူညီခဲ့ေၾကာင္းသိရပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕အဆိုအရ ျပန္လႊတ္ေပးခဲ့ သူေတြဟာ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ လႈပ္ရွားမႈေတြမွာ ေနာက္ထပ္ပါဝင္တာမ်ိဳးမလုပ္ေတာ့ဘူးဆိုတဲ့အခ်က္ အပါအဝင္ သေဘာတူညီမႈမ်ားကိုလက္မွတ္ေရးထိုးၿပီးအာမခံရယူခဲ့ျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။

အဆိုပါအာမခံနဲ႔ျပန္လႊတ္ေပးခဲ့သူေတြဟာ တရားမဝင္လုပ္ေဆာင္တဲ့ ဆႏၵျပပြဲေတြအျပင္ မတည္ၿငိမ္မႈမ်ား ျဖစ္ေအာင္ ဖန္တီးလႈံ႕ေဆာ္မႈေတြမွာမပါဝင္ေတာ့ဘူးဆိုတဲ့ ခံဝန္ကိုလည္း လက္မွတ္ေရးထိုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာပါတယ္။ ဆႏၵျပပြဲမ်ားအတြင္းရဲတပ္ဖြဲ႕ရဲ႕ၿဖိဳခြင္းမႈေၾကာင့္ ဆႏၵျပသူအနည္းဆုံး (၁ဝ)ဦး ဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းလူ႔အခြင့္အေရးေကာ္မရွင္ကေတာ့ ဆႏၵျပပြဲနဲ႔ ဆက္ႏြယ္တဲ့အဖြဲ႕အားလုံးကို အၾကမ္းဖက္တာမ်ိဳးေတြမလုပ္ဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းႏိုင္ငံမွာက်င္းပတဲ့ ေအပက္ထိပ္သီးအစည္းအေဝးကို တ႐ုတ္သမၼတ၊ အေမရိကန္ဒုတိယသမၼတအပါအဝင္ အာရွ-ပစိဖိတ္ေဒသမွ ႏိုင္ငံ့ေခါင္းေဆာင္မ်ားတက္ေရာက္ခဲ့ၿပီး အစည္းအေဝးပိတ္ပြဲအခမ္းအနားမွာ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ေအပက္အဖြဲ႕ရဲ႕အထိမ္းအမွတ္ပစၥည္းကို အေမရိကန္ကို လႊဲေျပာင္းခဲ့ေၾကာင္း၊ အေမရိကန္ဟာလာမယ့္ ေအပက္ထိပ္သီးအစည္းအေဝးကိုအိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရမွာျဖစ္ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.