CB ဘဏ်နှင့် MAB ဘဏ်တို့မှ ငွေသားဖြင့် အပ်ငွေကျပ်သန်း (၄၈ဝဝ)ကျော် ထုတ်ယူမှုအတွက် စုံစမ်းမေးမြန်းခံနေရ

2336

NP News - နိုဝင်ဘာ ၂၁
CB Bank PCL နှင့် MAB ဘဏ် (မြန်မာ့ရှေ့ဆောင်ဘဏ်) တို့၏ ရွှေဘုံသာဘဏ်ခွဲများမှ ငွေသားဖြင့် အပ်ငွေအမြောက်အများထုတ်ယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထုတ်ယူသည့် ငွေသားစုစုပေါင်းသည် ငွေကျပ် ၄၈၇၇ ဒသမ ၁၅ သန်းရှိပြီး နာမည်တူသူတစ်ဦးအပါအဝင် လူ ၆ ဦးက အဆိုပါ ငွေကြေးများကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အလားတူ အဆိုပါငွေကြေးများကိုထုတ်ယူခဲ့သူတို့သည် ရွှေဈေးကွက်နှင့် ဆက်စပ်ပတ်သက်၍ ရွှေအရောင်းအဝယ်လုပ်ငန်းဆောင်ရွက်နေသူများ ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ရွှေအရောင်းအဝယ်ဈေးကွက်မှာကတော့ ရွှေထိငွေထိရော၊ ဘဏ်စနစ်နဲ့ရောအရောင်းအဝယ်လုပ်တယ်။ ဘဏ်စနစ်နဲ့ကလည်း special account ဆိုရင် ပမာဏကန့်သတ်ထားတာတော့မရှိဘူး။ ဒါပေမယ့် တစ်ရက်တစ်ရက် အများဆုံးအရောင်းအဝယ်လုပ်ရင်တောင်မှ ငွေကျပ်သိန်း ၅ဝဝဝ၊ သိန်းတစ်သောင်း လောက်ပဲရှိတယ်။ သန်းချီတော့ လုပ်တာတွေမရှိပါဘူး”ဟု ရွှေအရောင်းအဝယ်လုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီးလည်း လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန် ရွှေဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီက အကြောင်းကြားထားကြောင်းသိရသည်။
ရွှေဈေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီက ပြည်တွင်းရွှေဈေး ကွက်အတွင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ရောင်း၊ဝယ်မှုများကို စိစစ်ဖော်ထုတ်နိုင်ရေးအတွက် အရောင်းအဝယ်စာ ရင်းများကိုလိုအပ်သလို စစ်ဆေးခြင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ငွေပေးချေမှုစည်းမျဉ်းများကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်မှုကို ပျက်ပြားစေသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှုပြုသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ဖော်ထုတ်စေ၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြား ချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
CB ဘဏ္ႏွင့္ MAB ဘဏ္တို႔မွ ေငြသားျဖင့္ အပ္ေငြက်ပ္သန္း (၄၈ဝဝ)ေက်ာ္ ထုတ္ယူမႈအတြက္ စုံစမ္းေမးျမန္းခံေနရ
NP News - ႏိုဝင္ဘာ ၂၁
CB Bank PCL ႏွင့္ MAB ဘဏ္ (ျမန္မာ့ေရွ႕ေဆာင္ဘဏ္) တို႔၏ ေ႐ႊဘုံသာဘဏ္ခြဲမ်ားမွ ေငြသားျဖင့္ အပ္ေငြအေျမာက္အမ်ားထုတ္ယူမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ထုတ္ယူသည့္ ေငြသားစုစုေပါင္းသည္ ေငြက်ပ္ ၄၈၇၇ ဒသမ ၁၅ သန္းရွိၿပီး နာမည္တူသူတစ္ဦးအပါအဝင္ လူ ၆ ဦးက အဆိုပါ ေငြေၾကးမ်ားကို ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္းက ထုတ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။
အလားတူ အဆိုပါေငြေၾကးမ်ားကိုထုတ္ယူခဲ့သူတို႔သည္ ေ႐ႊေဈးကြက္ႏွင့္ ဆက္စပ္ပတ္သက္၍ ေ႐ႊအေရာင္းအဝယ္လုပ္ငန္းေဆာင္႐ြက္ေနသူမ်ား ျဖစ္ေၾကာင္းသိရသည္။
“ကြၽန္ေတာ္တို႔ေ႐ႊအေရာင္းအဝယ္ေဈးကြက္မွာကေတာ့ ေ႐ႊထိေငြထိေရာ၊ ဘဏ္စနစ္နဲ႔ေရာအေရာင္းအဝယ္လုပ္တယ္။ ဘဏ္စနစ္နဲ႔ကလည္း special account ဆိုရင္ ပမာဏကန႔္သတ္ထားတာေတာ့မရွိဘူး။ ဒါေပမယ့္ တစ္ရက္တစ္ရက္ အမ်ားဆုံးအေရာင္းအဝယ္လုပ္ရင္ေတာင္မွ ေငြက်ပ္သိန္း ၅ဝဝဝ၊ သိန္းတစ္ေသာင္း ေလာက္ပဲရွိတယ္။ သန္းခ်ီေတာ့ လုပ္တာေတြမရွိပါဘူး”ဟု ေ႐ႊအေရာင္းအဝယ္လုပ္ကိုင္သူလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီးလည္း လိုအပ္သလို အေရးယူေဆာင္႐ြက္ေပးႏိုင္ရန္ ေ႐ႊေဈးကြက္ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရးေကာ္မတီက အေၾကာင္းၾကားထားေၾကာင္းသိရသည္။
ေ႐ႊေဈးကြက္ေစာင့္ၾကည့္ ထိန္းသိမ္းၾကပ္မတ္ေရးေကာ္မတီက ျပည္တြင္းေ႐ႊေဈး ကြက္အတြင္း ေဈးကစားရန္ရည္႐ြယ္ခ်က္ျဖင့္ ေရာင္း၊ဝယ္မႈမ်ားကို စိစစ္ေဖာ္ထုတ္ႏိုင္ေရးအတြက္ အေရာင္းအဝယ္စာ ရင္းမ်ားကိုလိုအပ္သလို စစ္ေဆးျခင္း၊ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္မွ ထုတ္ျပန္ထားေသာ ေငြေပးေခ်မႈစည္းမ်ဥ္းမ်ားကို လိုက္နာမႈ ရွိ၊ မရွိ စစ္ေဆးျခင္းႏွင့္ ျပည္တြင္းေ႐ႊေဈးကြက္တည္ၿငိမ္မႈကို ပ်က္ျပားေစေသာရည္႐ြယ္ခ်က္ျဖင့္ ေဆာင္႐ြက္မႈျပဳသူမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စိစစ္ေဖာ္ထုတ္ေစ၍ တည္ဆဲဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ား၊ အမိန႔္ၫႊန္ၾကား ခ်က္မ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။