ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုများက ပိုမိုကြီးထွားလာနေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဆို

 326

Pika (NP News) - နိုဝင်ဘာ ၂၄

ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ လုံခြုံရေးခြိမ်းခြောက်မှုနှင့် သံတမန်ရေးရာဖိအားပေးမှုများသည် ဆက်လက် ကြီးထွားလာနေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ထုတ်ပြန်ပြောဆိုခဲ့သည်။

မကြာသေးမီက ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးတွင် ထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သက်ပြီး ထိုင်ဝမ်နိုင်ငံ ခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂနှင့်နိုင်ငံပေါင်း(၂ဝ)မှ နိုင်ငံရေးခေါင်းဆောင်များပါဝင်သော ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲဖြစ်သည့် G20 အဖွဲ့ဝင်နိုင်ငံများတွင် ထိုင်ဝမ် မပါဝင်ကြောင်းလည်း သိရသည်။ သို့သော်လည်း ထိုင်ဝမ်သည် အမေရိကန်နှင့် ဂျပန် အပါအဝင် အဖွဲ့ဝင်နိုင်ငံအများအပြားနှင့် ခိုင်မာသောဆက်ဆံရေးများရှိသည်။

အမေရိကန် နှင့် ဂျပန်တို့ကဲ့သို့သော ဒီမိုကရေစီနိုင်ငံများသည် ထိုင်ဝမ်ရေလက်ကြားဒေသအတွက် ငြိမ်းချမ်း‌ရေးကို ဆက်လက်တန်ဖိုးထားနေဆဲဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ ရွေးကောက်ပွဲများကို ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံရေးကို လွှမ်းမိုးရန် ကြိုးပမ်းနေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ပြောကြားခဲ့သည်။ ထိုင်ဝမ်ရွေးကောက်ပွဲကို နိုဝင်ဘာ(၂၆)ရက်တွင် ကျင်းပတော့မည်ဖြစ်ပြီး အခြေအနေများကို ထိုင်ဝမ်အာဏာပိုင်များက ဆက်လက်စောင့် ကြည့်နေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သြဂုတ်လ အစောပိုင်းတွင် တရုတ်စစ်တပ်သည် ကြီးမားသောစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
နန်စီပီလိုစီလာရောက်ပြီးနောက် တရုတ်အစိုးရသည် ထိုင်ဝမ်နားတွင် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုလုပ်ဆောင် လာခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားရှိ အလယ် စည်းမျဥ်းကိုဖြတ်ကျော်၍ စစ်လေယာဥ်များနှင့် သင်္ဘောများကို စေလွှတ် ခြင်းများကို လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရ ရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး လိုအပ်လျှင် အင်အားသုံး ဖြေရှင်းသွား မည်ဖြစ်ကြောင်း မကြာသေးမီက ပြောဆိုခဲ့သည်။

Zawgyi Version;
ထိုင္ဝမ္အေပၚ တ႐ုတ္၏ ၿခိမ္းေျခာက္မႈမ်ားက ပိုမိုႀကီးထြားလာေနေၾကာင္း ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးဆို
Pika (NP News) - ႏိုဝင္ဘာ ၂၄

ထိုင္ဝမ္အေပၚ တ႐ုတ္ႏိုင္ငံ၏ လုံၿခဳံေရးၿခိမ္းေျခာက္မႈႏွင့္ သံတမန္ေရးရာဖိအားေပးမႈမ်ားသည္ ဆက္လက္ ႀကီးထြားလာေနေၾကာင္း ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳးဇက္ဝူက ထုတ္ျပန္ေျပာဆိုခဲ့သည္။

မၾကာေသးမီက က်င္းပခဲ့ေသာ G20 ထိပ္သီးအစည္းအေဝးတြင္ ထိုင္ဝမ္အေရးကိစၥႏွင့္ပတ္သက္ၿပီး ထိုင္ဝမ္ႏိုင္ငံ ျခားေရးဝန္ႀကီး ဂ်ိဳးဇက္ဝူက ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဥေရာပသမဂၢႏွင့္ႏိုင္ငံေပါင္း(၂ဝ)မွ ႏိုင္ငံေရးေခါင္းေဆာင္မ်ားပါဝင္ေသာ ကမာၻလုံးဆိုင္ရာေဆြးေႏြးပြဲျဖစ္သည့္ G20 အဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ ထိုင္ဝမ္ မပါဝင္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ထိုင္ဝမ္သည္ အေမရိကန္ႏွင့္ ဂ်ပန္ အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံအမ်ားအျပားႏွင့္ ခိုင္မာေသာဆက္ဆံေရးမ်ားရွိသည္။

အေမရိကန္ ႏွင့္ ဂ်ပန္တို႔ကဲ့သို႔ေသာ ဒီမိုကေရစီႏိုင္ငံမ်ားသည္ ထိုင္ဝမ္ေရလက္ၾကားေဒသအတြက္ ၿငိမ္းခ်မ္း‌ေရးကို ဆက္လက္တန္ဖိုးထားေနဆဲျဖစ္ေၾကာင္း ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳးဇက္ဝူက ေျပာဆိုခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ ကမာၻတစ္ဝွမ္းရွိ ေ႐ြးေကာက္ပြဲမ်ားကို ဝင္ေရာက္စြက္ဖက္ျခင္းျဖင့္ ကမာၻ႔ႏိုင္ငံေရးကို လႊမ္းမိုးရန္ ႀကိဳးပမ္းေနေၾကာင္း ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳးဇက္ဝူက ေျပာၾကားခဲ့သည္။ ထိုင္ဝမ္ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ(၂၆)ရက္တြင္ က်င္းပေတာ့မည္ျဖစ္ၿပီး အေျခအေနမ်ားကို ထိုင္ဝမ္အာဏာပိုင္မ်ားက ဆက္လက္ေစာင့္ ၾကည့္ေနဆဲျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳးဇက္ဝူက ေျပာၾကားခဲ့သည္။

ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီ သြားေရာက္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ၾသဂုတ္လ အေစာပိုင္းတြင္ တ႐ုတ္စစ္တပ္သည္ ႀကီးမားေသာစစ္ေရးေလ့က်င့္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္။
နန္စီပီလိုစီလာေရာက္ၿပီးေနာက္ တ႐ုတ္အစိုးရသည္ ထိုင္ဝမ္နားတြင္ စစ္ေရးေလ့က်င့္မႈမ်ားကို ပိုမိုလုပ္ေဆာင္ လာခဲ့ၿပီး ထိုင္ဝမ္ေရလက္ၾကားရွိ အလယ္ စည္းမ်ဥ္းကိုျဖတ္ေက်ာ္၍ စစ္ေလယာဥ္မ်ားႏွင့္ သေဘၤာမ်ားကို ေစလႊတ္ ျခင္းမ်ားကို လုပ္ေဆာင္လာခဲ့ေၾကာင္း သိရသည္။ တ႐ုတ္အစိုးရ ရွီက်င့္ဖ်င္က ထိုင္ဝမ္ႏွင့္ ၿငိမ္းခ်မ္းစြာ ျပန္လည္ ေပါင္းစည္းႏိုင္ရန္ အတတ္ႏိုင္ဆုံးလုပ္ေဆာင္သြားမည္ဟု ေျပာၾကားခဲ့ၿပီး လိုအပ္လွ်င္ အင္အားသုံး ေျဖရွင္းသြား မည္ျဖစ္ေၾကာင္း မၾကာေသးမီက ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.