အရှေ့တောင်အာရှရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အရှေ့အာရှလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုကြီးထွားလာနေဟု USIP အစီရင်ခံ

 691

Htay Oung (NP News) - မေ ၁၃

အုပ်ချုပ်မှုစနစ် ညံဖျင်းခြင်းအပေါ် အခွင့်ကောင်းယူခြင်း၊ ထိရောက်မှု မရှိတဲ့ ဥပဒေစိုးမိုးရေးနဲ့ စည်းမျဉ်းစည်းကမ်းကင်းမဲ့ခြင်းတို့ကို အသုံးချပြီး စနစ်တကျကျူးလွန်နေတဲ့ ရာဇဝတ်မှုခင်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ များရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်လာကြောင်း၊ အာရှရာဇဝတ်ဂိုဏ်းများဟာ မြန်မာနိုင်ငံမှ မြောက်ကိုရီ ယားအထိ အစိုးရ အကျင့်ပျက်ခြစားသူများကို ထောက်ခံအားပေးနေကြပြီး ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်း ခြောက်လျက်ရှိတယ်လို့ USIP က ယနေ့ (မေလ ၁၃ ရက်) အစီရင်ခံ တင်ပြလိုက်ပါတယ်။

USIP ခေါ် “အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းအင်စတီကျု့” ဟာ ၁၉၈၄-ခုနှစ် သမ္မတ ရော်နယ်ရေဂင်လက် မှတ်ရေးထိုး ခွင့်ပြုခဲ့တဲ့ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျှက်ရှိတဲ့ ပဋိပက္ခများကို ဖြေရှင်း-တားဆီးကာကွယ်ရာမှာ သံခင်းတမန်ခင်း၊ ကြားဝင်ဖျန်ဖြေရေးနဲ့ အခြားသော ငြိမ်းချမ်းမှုတည် ဆောက်ရေးအတွက် တစ်ခုချင်းစီကို သုတေသနပြု၊ ခွဲခြမ်းစိတ်ဖြာ လေ့လာရန် တာဝန်ရှိပါတယ်။ နိုင်ငံရေး ပါတီ ၂ ရပ်စလုံးမှ ကိုယ်စားလှယ်များ၊ အမေရိကန်ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ် ဥက္ကဌအပါအဝင် စုစုပေါင်း ၁၅ ဦးပါ ဘုတ်အဖွဲ့က အုပ်ချုပ်ပါတယ်။

၂၀၂၁ ခုနှစ်တည်းက USIP အနေနဲ့ တရုတ်နိုင်ငံမှ မြစ်ဖျားခံလာပြီး အရှေ့တောင်အာရှတစ်ခွင်ရှိ ရာဇဝတ် ကွန်ရက်များနဲ့ ၎င်းတို့ရဲ့ အွန်လိုင်းလိမ်လည်မှုများက နိုင်ငံတကာအရောက် ပျံ့နှံ့ပုံကို လေ့လာခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ရာဇဝတ်ကွန်ရက်တွေက လိမ်လည်လှည့်ဖျားရာမှာ ခေတ်မီနည်းပညာများနဲ့ အကျင့်ပျက် အစိုးရများကို အသုံးချခြင်းအားဖြင့် ကမ္ဘာ့လူသားမျိုးနွယ်တို့ရဲ့ လုံခြုံရေးနဲ့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံ ရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်လာနေကြောင်း၊ အဲဒီ ရာဇဝတ်ကွန်ရက်တွေက ၎င်းတို့ရဲ့ ဒုစရိုက်အင်ပါယာကို ချဲ့ထွင်ရာမှာ အွန်လိုင်း လိမ်လည်လှည့်ဖြားမှု၊ လုပ်အား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုနဲ့ ငွေကြေးခဝါချမှုတို့ကို အသုံးပြုဖို့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို တို့လို နိုင်ငံများမှာ လိမ်လည်လှည့်ဖြားတဲ့ ကွန်ရက်တစ်ခုကို ထူထောင်ထားကြောင်း၊ သူတို့ရဲ့ မသမာမှုများကို ဖုံးကွယ်ရန်အတွက် အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်ထိပ်သီးများနဲ့အတူ တရားဝင်ရော တရားမဝင် စီးပွားရေး လုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်လျှက်ရှိကြောင်း၊ အရှေ့တောင်အာရှမှာရှိတဲ့ အဲ့ဒီလို ရာဇဝတ်ကွန်ရက်များကို ဟန့်တား ဖျက်သိမ်းရန် ကြိုးပမ်းမယ်ဆိုရင် ညှိ နှိုင်းထားတဲ့ နိုင်ငံတကာပူးပေါင်းမှု လိုအပ်မှာဖြစ်ကြောင်း၊ အဆိုပါကွန်ရက်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များ အတွင်း သိသိသာသာကြီးထွားလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သန်းနဲ့ချီတဲ့ သားကောင်များကို ပစ်မှတ်ထားကာ အွန် လိုင်းဂိမ်းလောင်းကစားခြင်း၊ လိမ်လည်လှည့်ဖြားအားဖြင့် အမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူ ရရှိခဲ့ကြောင်းသိရသည်။

အရှေ့တောင်အာရှဒေသမှာ အခုလို ရာဇဝတ်မှုများ ပျံ့နှံ့လာရခြင်းဟာ အချို့သော အစိုးရများက ကာစီနို လောင်းကစားဝိုင်းများကို မြှင့်တင်ခွင့်ပြုခြင်းကြောင့် ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားခြင်းများကို တရုတ် နိုင်ငံမှာ တားမြစ်ထားခြင်းကြောင့် လောင်းကစားလိုတဲ့ တရုတ်လူမျိုးများကို ဆွဲဆောင်ရာမှ အစပြုခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါ ကျရောက်ခြင်း အတားအဆီးများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း ထိန်းသိမ်းကြီး ကြပ်မှု အားနည်းခြင်း၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခများနဲ့ ကမ္ဘောဒီးယား၊ လာအိုတို့လို နိုင်ငံများရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ဒေသအတွင်း အဲ့ဒီလို ရာဇဝတ်ကွန်ရက်များကို ကြီးထွားလာဖို့ အားပေးသလို ဖြစ်နေကြောင်း၊နိုင်ငံပေါင်း ၆၀ ကျော်မှ ရောက်ရှိလာပြီး အွန်လိုင်းလိမ်လည်မှုများကို ပြုလုပ်ပေးဖို့ အဓမ္မစေခိုင်းခံရသူများဟာ လက်နက်ကိုင်ဂိုဏ်းများရဲ့ ပိတ်လှောင်ထားခြင်း ခံနေရကြောင်း၊ အဲဒီလုပ်ငန်းများကို အဂတိလိုက်စားတဲ့ ထိပ် ပိုင်းပုဂ္ဂိုလ်တစ်စုက ပံ့ပိုးပေးထားပြီး အုပ်ချုပ်ရေး အားနည်းတဲ့ နယ်ပယ်များတွင် ရှင်သန်နေခြင်းအားဖြင့် ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေးအပေါ် သိသာထင်ရှားစွာ ခြိမ်းခြောက်မှုဖြစ်လာစေကြောင်း၊ ရိုးရိုးရှင်းရှင်း အတိုချုံးပြောရလျှင် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့လို နိုင်ငံများရှိ ရာဇဝတ်ဂိုဏ်းများဟာ နှစ်စဉ်ဒေါ်လာဘီလျံနဲ့ချီတဲ့ လိမ်လည်လှည့်ဖြားရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ အဲဒီလို အဖွဲ့ များကို အစိုးရအရာရှိအချို့က အကာအကွယ်ပေးထားအတွက် ၎င်းတို့လုပ်ငန်းကို ပိတ်ပစ်ဖွယ် အန္တရာယ်ကြုံ လာတဲ့ခါ နေရာအမျိုးမျိုးသို့ ရွှေ့ပြောင်းခြင်းအားဖြင့် ခြေရာဖျောက်လျှက်ရှိကြောင်း၊ ဒီလို လိမ်လည်လှည့်ဖြားမှုတွေဟာ သက်ဆိုင်ရာနိုင်ငံများအတွင်း ပဋိပက္ခများကို ဖြစ်ပေါ်စေပြီး အချို့သော အုပ်စုတွေဟာ အစိုးရကို ပုန်ကန်တဲ့အထိ အတင်းအကြပ် အကြမ်းဖက်မှုများကိုဖြစ်ပေါ်စေကြောင်း၊ အကျင့်ပျက်ခြစားတဲ့ အလေ့အကျင့်ဖြစ်လာစေဖို့ လိမ်လည်မှုများမှရရှိငွေများနဲ့ စစ်တပ်ကိုပင် ငွေကြေးထောက်ပံ့ရန်အတွက် အသုံးပြုလေ့ရှိကြောင်း၊ အဲ့ဒီ ရာဇဝတ်ဂိုဏ်းတွေဟာ ကမ္ဘာတဝှမ်းရှိ စီးပွားရေးလုပ်ငန်းများနဲ့ အိမ်ခြံ မြေရောင်းဝယ်ရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် သူတို့ရဲ့ မသမာတဲ့ ငွေမည်းအမြတ်အစွန်းများကို ခဝါချလျှက်ရှိကြောင်း၊ တရုတ်အစိုးရဟာ အဲ့ဒီလုပ်ရပ်အားလုံးကို ခရေစေ့တွင်းကျ သိရှိသော်လည်း ရာဇဝတ်မှု ကျူးလွန်သူအချို့ကိုသာ ပစ်မှတ်ထားလျက်ရှိကြောင်း၊အရှေ့တောင်အာရှမှ ပေါက်ဖွားလာတဲ့ မသမာမှုများနှင့် လိမ်လည်မှုများကြောင့် အမေရိကန်ဟာ နှစ်စဉ် ဒေါ် လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနေရကြောင်း၊ ယခုအခါ အဆိုပါ ရာဇဝတ်ကွန်ရက်များဟာ အမေရိကန် မြေ ပေါ်တွင် လည်ပတ်လုပ်ကိုင်နေပြီး အမေရိကန် နိုင်ငံသားများနဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း။ ဒီလို နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ နိုင်ငံတကာမိတ်ဖက်တွေ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ရေးမှာ အမေရိကန် အတွက် အရေးကြီးလာကြောင်း၊ ရာဇဝတ်မှုဆိုင်ရာ ကျူးလွန်မှုများရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းရန်နဲ့ သူတို့ရဲ့ လုပ်ငန်းများကို တားဆီးနှောင့်ယှက်ရန် အစိုးရအေဂျင်စီအတော်များများအချင်းချင်း ညှိနှိုင်းအားထုတ်မှု လို အပ်ကြောင်း၊ မိမိတို့ အသီးသီးရရှိထားတဲ့ သတင်းအချက်အလက်တို့ကို မျှဝေခြင်းနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများဟာ အဆိုပါ ရာဇဝတ်ကွန်ရက်များကို ထိထိရောက်ရောက် တိုက်ဖျက်ရန် အဓိက သော့ချက်ပင် ဖြစ်ပါကြောင်း သိရသည်။

ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများအတွင်း တရားဥပဒေစိုးမိုးရေး စွမ်းရည်များ အားကောင်းလာစေရန်၊ ရာဇဝတ်ကောင်များအပေါ် တာဝန်ယူတာဝန်ခံစေရန်၊ အမေရိကန်ပြည်သူများအား ယခုလို လိမ်လည်လှည့်ဖြား မှုရဲ့ သားကောင်မဖြစ်စေရေး ကာကွယ်ရန်အတွက် လူထုအတွင်း သိရှိနားလည်မှုကို ပညာပေး မြှင့်တင်ရန် ကြိုးပမ်းသင့်တယ်လို့ USIP တင်ပြအကြံပြုထားပါတယ်။

(USIP., 13 May 2024, “ Transnational Crime in Southeast Asia: A Growing Threat to Global Peace and Security. Transnational Crime in Southeast Asia: A Growing Threat to Global Peace and Security
USIP Senior Study Group Final Report ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားသည်။)

zawgyi version
အေရွ႕ေတာင္အာရွရွိ ႏိုင္ငံျဖတ္ေက်ာ္ရာဇဝတ္မႈမ်ားသည္ ကမာၻလုံးဆိုင္ရာ ၿငိမ္းခ်မ္းေရးႏွင့္ အေရွ႕အာရွလုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္မႈႀကီးထြားလာေနဟု USIP အစီရင္ခံ
Htay Oung (NP News) - ေမ ၁၃

အုပ္ခ်ဳပ္မႈစနစ္ ညံဖ်င္းျခင္းအေပၚ အခြင့္ေကာင္းယူျခင္း၊ ထိေရာက္မႈ မရွိတဲ့ ဥပေဒစိုးမိုးေရးနဲ႔ စည္းမ်ဥ္းစည္းကမ္းကင္းမဲ့ျခင္းတို႔ကို အသုံးခ်ၿပီး စနစ္တက်က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈခင္းေတြဟာ ကမာၻလုံးဆိုင္ရာ ပဋိပကၡ မ်ားရဲ႕ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္လာေၾကာင္း၊ အာရွရာဇဝတ္ဂိုဏ္းမ်ားဟာ ျမန္မာႏိုင္ငံမွ ေျမာက္ကိုရီ ယားအထိ အစိုးရ အက်င့္ပ်က္ျခစားသူမ်ားကို ေထာက္ခံအားေပးေနၾကၿပီး ေဒသတြင္းတည္ၿငိမ္ေရးကို ၿခိမ္း ေျခာက္လ်က္ရွိတယ္လို႔ USIP က ယေန႔ (ေမလ ၁၃ ရက္) အစီရင္ခံ တင္ျပလိုက္ပါတယ္။

USIP ေခၚ “အေမရိကန္ျပည္ေထာင္စု ၿငိမ္းခ်မ္းအင္စတီက်ဳ႕” ဟာ ၁၉၈၄-ခုႏွစ္ သမၼတ ေရာ္နယ္ေရဂင္လက္ မွတ္ေရးထိုး ခြင့္ျပဳခဲ့တဲ့ အစိုးရအဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ ကမာၻတစ္ဝွမ္းျဖစ္ပြားလွ်က္ရွိတဲ့ ပဋိပကၡမ်ားကို ေျဖရွင္း-တားဆီးကာကြယ္ရာမွာ သံခင္းတမန္ခင္း၊ ၾကားဝင္ဖ်န္ေျဖေရးနဲ႔ အျခားေသာ ၿငိမ္းခ်မ္းမႈတည္ ေဆာက္ေရးအတြက္ တစ္ခုခ်င္းစီကို သုေတသနျပဳ၊ ခြဲျခမ္းစိတ္ျဖာ ေလ့လာရန္ တာဝန္ရွိပါတယ္။ ႏိုင္ငံေရး ပါတီ ၂ ရပ္စလုံးမွ ကိုယ္စားလွယ္မ်ား၊ အေမရိကန္ကာကြယ္ေရး ဝန္ႀကီး၊ ႏိုင္ငံျခားေရးဝန္ႀကီး၊ ႏိုင္ငံေတာ္ကာ ကြယ္ေရးတကၠသိုလ္ ဥကၠဌအပါအဝင္ စုစုေပါင္း ၁၅ ဦးပါ ဘုတ္အဖြဲ႕က အုပ္ခ်ဳပ္ပါတယ္။

၂၀၂၁ ခုႏွစ္တည္းက USIP အေနနဲ႔ တ႐ုတ္ႏိုင္ငံမွ ျမစ္ဖ်ားခံလာၿပီး အေရွ႕ေတာင္အာရွတစ္ခြင္ရွိ ရာဇဝတ္ ကြန္ရက္မ်ားနဲ႔ ၎တို႔ရဲ႕ အြန္လိုင္းလိမ္လည္မႈမ်ားက ႏိုင္ငံတကာအေရာက္ ပ်ံ႕ႏွံ႔ပုံကို ေလ့လာခဲ့ေၾကာင္း၊ ယခုအခါ အဆိုပါ ရာဇဝတ္ကြန္ရက္ေတြက လိမ္လည္လွည့္ဖ်ားရာမွာ ေခတ္မီနည္းပညာမ်ားနဲ႔ အက်င့္ပ်က္ အစိုးရမ်ားကို အသုံးခ်ျခင္းအားျဖင့္ ကမာၻ႔လူသားမ်ိဳးႏြယ္တို႔ရဲ႕ လုံၿခဳံေရးနဲ႔ အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံ ေရးအေပၚ တိုက္႐ိုက္ၿခိမ္းေျခာက္လာေနေၾကာင္း၊ အဲဒီ ရာဇဝတ္ကြန္ရက္ေတြက ၎တို႔ရဲ႕ ဒုစ႐ိုက္အင္ပါယာကို ခ်ဲ႕ထြင္ရာမွာ အြန္လိုင္း လိမ္လည္လွည့္ျဖားမႈ၊ လုပ္အား ေခါင္းပုံျဖတ္ အျမတ္ထုတ္မႈနဲ႔ ေငြေၾကးခဝါခ်မႈတို႔ကို အသုံးျပဳဖို႔ ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအို တို႔လို ႏိုင္ငံမ်ားမွာ လိမ္လည္လွည့္ျဖားတဲ့ ကြန္ရက္တစ္ခုကို ထူေထာင္ထားေၾကာင္း၊ သူတို႔ရဲ႕ မသမာမႈမ်ားကို ဖုံးကြယ္ရန္အတြက္ အစိုးရမ်ား၊ စီးပြားေရးလုပ္ငန္းရွင္ထိပ္သီးမ်ားနဲ႔အတူ တရားဝင္ေရာ တရားမဝင္ စီးပြားေရး လုပ္ငန္းမ်ားမွာ ပါဝင္လုပ္ကိုင္လွ်က္ရွိေၾကာင္း၊ အေရွ႕ေတာင္အာရွမွာရွိတဲ့ အဲ့ဒီလို ရာဇဝတ္ကြန္ရက္မ်ားကို ဟန႔္တား ဖ်က္သိမ္းရန္ ႀကိဳးပမ္းမယ္ဆိုရင္ ညႇိ ႏႈိင္းထားတဲ့ ႏိုင္ငံတကာပူးေပါင္းမႈ လိုအပ္မွာျဖစ္ေၾကာင္း၊ အဆိုပါကြန္ရက္ေတြဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ား အတြင္း သိသိသာသာႀကီးထြားလာခဲ့ၿပီး ကမာၻတစ္ဝွမ္း သန္းနဲ႔ခ်ီတဲ့ သားေကာင္မ်ားကို ပစ္မွတ္ထားကာ အြန္ လိုင္းဂိမ္းေလာင္းကစားျခင္း၊ လိမ္လည္လွည့္ျဖားအားျဖင့္ အေမရိကန္ ေဒၚလာဘီလီယံေပါင္းမ်ားစြာကို ခိုးယူ ရရွိခဲ့ေၾကာင္းသိရသည္။

အေရွ႕ေတာင္အာရွေဒသမွာ အခုလို ရာဇဝတ္မႈမ်ား ပ်ံ႕ႏွံ႔လာရျခင္းဟာ အခ်ိဳ႕ေသာ အစိုးရမ်ားက ကာစီႏို ေလာင္းကစားဝိုင္းမ်ားကို ျမႇင့္တင္ခြင့္ျပဳျခင္းေၾကာင့္ ျဖစ္ေၾကာင္း၊ အြန္လိုင္းေလာင္းကစားျခင္းမ်ားကို တ႐ုတ္ ႏိုင္ငံမွာ တားျမစ္ထားျခင္းေၾကာင့္ ေလာင္းကစားလိုတဲ့ တ႐ုတ္လူမ်ိဳးမ်ားကို ဆြဲေဆာင္ရာမွ အစျပဳခဲ့ေၾကာင္း၊ COVID-19 ကပ္ေရာဂါ က်ေရာက္ျခင္း အတားအဆီးမ်ား၊ သက္ဆိုင္ရာ အစိုးရအဖြဲ႕အစည္း ထိန္းသိမ္းႀကီး ၾကပ္မႈ အားနည္းျခင္း၊ ျမန္မာႏိုင္ငံရဲ႕ လက္နက္ကိုင္ ပဋိပကၡမ်ားနဲ႔ ကေမာၻဒီးယား၊ လာအိုတို႔လို ႏိုင္ငံမ်ားရဲ႕ အက်င့္ပ်က္ျခစားမႈေတြဟာ ေဒသအတြင္း အဲ့ဒီလို ရာဇဝတ္ကြန္ရက္မ်ားကို ႀကီးထြားလာဖို႔ အားေပးသလို ျဖစ္ေနေၾကာင္း၊ႏိုင္ငံေပါင္း ၆၀ ေက်ာ္မွ ေရာက္ရွိလာၿပီး အြန္လိုင္းလိမ္လည္မႈမ်ားကို ျပဳလုပ္ေပးဖို႔ အဓမၼေစခိုင္းခံရသူမ်ားဟာ လက္နက္ကိုင္ဂိုဏ္းမ်ားရဲ႕ ပိတ္ေလွာင္ထားျခင္း ခံေနရေၾကာင္း၊ အဲဒီလုပ္ငန္းမ်ားကို အဂတိလိုက္စားတဲ့ ထိပ္ ပိုင္းပုဂၢိဳလ္တစ္စုက ပံ့ပိုးေပးထားၿပီး အုပ္ခ်ဳပ္ေရး အားနည္းတဲ့ နယ္ပယ္မ်ားတြင္ ရွင္သန္ေနျခင္းအားျဖင့္ ကမာၻ လုံးဆိုင္ရာ လုံၿခဳံေရးအေပၚ သိသာထင္ရွားစြာ ၿခိမ္းေျခာက္မႈျဖစ္လာေစေၾကာင္း၊ ႐ိုး႐ိုးရွင္းရွင္း အတိုခ်ဳံးေျပာရလွ်င္ ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအိုတို႔လို ႏိုင္ငံမ်ားရွိ ရာဇဝတ္ဂိုဏ္းမ်ားဟာ ႏွစ္စဥ္ေဒၚလာဘီလ်ံနဲ႔ခ်ီတဲ့ လိမ္လည္လွည့္ျဖားေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း၊ အဲဒီလို အဖြဲ႕ မ်ားကို အစိုးရအရာရွိအခ်ိဳ႕က အကာအကြယ္ေပးထားအတြက္ ၎တို႔လုပ္ငန္းကို ပိတ္ပစ္ဖြယ္ အႏၲရာယ္ႀကဳံ လာတဲ့ခါ ေနရာအမ်ိဳးမ်ိဳးသို႔ ေ႐ႊ႕ေျပာင္းျခင္းအားျဖင့္ ေျခရာေဖ်ာက္လွ်က္ရွိေၾကာင္း၊ ဒီလို လိမ္လည္လွည့္ျဖားမႈေတြဟာ သက္ဆိုင္ရာႏိုင္ငံမ်ားအတြင္း ပဋိပကၡမ်ားကို ျဖစ္ေပၚေစၿပီး အခ်ိဳ႕ေသာ အုပ္စုေတြဟာ အစိုးရကို ပုန္ကန္တဲ့အထိ အတင္းအၾကပ္ အၾကမ္းဖက္မႈမ်ားကိုျဖစ္ေပၚေစေၾကာင္း၊ အက်င့္ပ်က္ျခစားတဲ့ အေလ့အက်င့္ျဖစ္လာေစဖို႔ လိမ္လည္မႈမ်ားမွရရွိေငြမ်ားနဲ႔ စစ္တပ္ကိုပင္ ေငြေၾကးေထာက္ပံ့ရန္အတြက္ အသုံးျပဳေလ့ရွိေၾကာင္း၊ အဲ့ဒီ ရာဇဝတ္ဂိုဏ္းေတြဟာ ကမာၻတဝွမ္းရွိ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ အိမ္ၿခံ ေျမေရာင္းဝယ္ေရးလုပ္ငန္းမ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံျခင္းအားျဖင့္ သူတို႔ရဲ႕ မသမာတဲ့ ေငြမည္းအျမတ္အစြန္းမ်ားကို ခဝါခ်လွ်က္ရွိေၾကာင္း၊ တ႐ုတ္အစိုးရဟာ အဲ့ဒီလုပ္ရပ္အားလုံးကို ခေရေစ့တြင္းက် သိရွိေသာ္လည္း ရာဇဝတ္မႈ က်ဴးလြန္သူအခ်ိဳ႕ကိုသာ ပစ္မွတ္ထားလ်က္ရွိေၾကာင္း၊အေရွ႕ေတာင္အာရွမွ ေပါက္ဖြားလာတဲ့ မသမာမႈမ်ားႏွင့္ လိမ္လည္မႈမ်ားေၾကာင့္ အေမရိကန္ဟာ ႏွစ္စဥ္ ေဒၚ လာဘီလီယံေပါင္းမ်ားစြာ ဆုံးရႈံးေနရေၾကာင္း၊ ယခုအခါ အဆိုပါ ရာဇဝတ္ကြန္ရက္မ်ားဟာ အေမရိကန္ ေျမ ေပၚတြင္ လည္ပတ္လုပ္ကိုင္ေနၿပီး အေမရိကန္ ႏိုင္ငံသားမ်ားနဲ႔ အမ်ိဳးသားလုံၿခဳံေရး အက်ိဳးစီးပြားအတြက္ ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာေၾကာင္း။ ဒီလို ႏိုင္ငံျဖတ္ေက်ာ္ က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈေတြကို တိုက္ဖ်က္ဖို႔ ႏိုင္ငံတကာမိတ္ဖက္ေတြ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းလုပ္ေဆာင္ေရးမွာ အေမရိကန္ အတြက္ အေရးႀကီးလာေၾကာင္း၊ ရာဇဝတ္မႈဆိုင္ရာ က်ဴးလြန္မႈမ်ားရဲ႕ မူလဇစ္ျမစ္ကို ေျဖရွင္းရန္နဲ႔ သူတို႔ရဲ႕ လုပ္ငန္းမ်ားကို တားဆီးေႏွာင့္ယွက္ရန္ အစိုးရေအဂ်င္စီအေတာ္မ်ားမ်ားအခ်င္းခ်င္း ညႇိႏႈိင္းအားထုတ္မႈ လို အပ္ေၾကာင္း၊ မိမိတို႔ အသီးသီးရရွိထားတဲ့ သတင္းအခ်က္အလက္တို႔ကို မွ်ေဝျခင္းနဲ႔ ႏိုင္ငံတကာ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားဟာ အဆိုပါ ရာဇဝတ္ကြန္ရက္မ်ားကို ထိထိေရာက္ေရာက္ တိုက္ဖ်က္ရန္ အဓိက ေသာ့ခ်က္ပင္ ျဖစ္ပါေၾကာင္း သိရသည္။

ထို႔ျပင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအတြင္း တရားဥပေဒစိုးမိုးေရး စြမ္းရည္မ်ား အားေကာင္းလာေစရန္၊ ရာဇဝတ္ေကာင္မ်ားအေပၚ တာဝန္ယူတာဝန္ခံေစရန္၊ အေမရိကန္ျပည္သူမ်ားအား ယခုလို လိမ္လည္လွည့္ျဖား မႈရဲ႕ သားေကာင္မျဖစ္ေစေရး ကာကြယ္ရန္အတြက္ လူထုအတြင္း သိရွိနားလည္မႈကို ပညာေပး ျမႇင့္တင္ရန္ ႀကိဳးပမ္းသင့္တယ္လို႔ USIP တင္ျပအႀကံျပဳထားပါတယ္။

(USIP., 13 May 2024, “ Transnational Crime in Southeast Asia: A Growing Threat to Global Peace and Security. Transnational Crime in Southeast Asia: A Growing Threat to Global Peace and Security
USIP Senior Study Group Final Report ကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုထားသည္။)

Related news

© 2021. All rights reserved.