ကူဝိတ်အစိုးရက ထုတ်ပြန်ထားသည့် အချက်များကို လိုက်နာရန် မြန်မာသံရုံးအသိပေး

 4881

Pearl (NP News) - မတ် ၅
ဥပဒေအရ အရေးယူခံရမှုများမှ ကင်းဝေးစေရန် ကူဝိတ်အစိုးရက ထုတ်ပြန်ထားသည့် အချက်များကို တိကျစွာ လိုက်နာရန် ကူဝိတ် မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
စစ်တပ် (သို့မဟုတ်) လုံခြုံရေးအဆောက်အအုံများ၊ ကန့်သတ်နယ်မြေများ(သို့မဟုတ်) အရေးကြီးသည့်နေရာများ အနီးသို့မကပ်ပါရန် ၊ ယင်းတို့ကို ဓါတ်ပုံ (သို့မဟုတ်) ဗီဒီယိုရိုက်ကူးခြင်း၊ ယင်းတို့ကို ရိုက်ကူးထားသည့် ဓါတ်ပုံ (သို့မဟုတ်) ဗီဒီယိုတို့ကို Facebook, TikTok (သို့မဟုတ်) အခြား လူမှုကွန်ရက်များပေါ်သို့ တင်ခြင်း၊ တစ်ဆင့်ပြန်လည်ဖြန့်ဝေခြင်း (Forward/Share) များ မပြုလုပ်ကြပါရန် သံရုံးက သိပေးထားသည်။
ထို့ပြင် ဒုံးကျည်ပစ်ခတ်မှုများကို ဗီဒီယိုရိုက်ကူးခြင်း ၊ ကောင်းကင်ယံတွင် ဒုံးကျည်များအား ကြားဖြတ်ဟန့်တားပစ်ခတ်နေသည့် မြင်ကွင်းများကို ဗီဒီယိုရိုက်ကူးခြင်း (သို့မဟုတ်) ဓာတ်ပုံရိုက်ခြင်း လုံးဝ မပြုလုပ်ကြရန်လည်း အသိပေးထားသည်။
ထို့အတူ လုံခြုံရေးဆိုင်ရာ အသံဖိုင်များကို Facebook, TikTok (သို့မဟုတ်) အခြားလူမှုကွန်ရက် များပေါ်သို့ တင်ခြင်း၊ တစ်ဆင့်ပြန်လည်ဖြန့်ဝေခြင်း (Forward/Share) များ မပြုလုပ်ရန် နှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များကို မရိုက်ကူးရန် ၊ တာဝန်ဝတ္တရားများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ လှုပ်ရှားမှုများကို ရိုက်ကူးခြင်း (သို့မဟုတ်) ထုတ်လွှင့်ခြင်း မပြုရန် လည်း သတိပေးထားသည်။
ကောလာဟလများကို ဖြန့်ဝေခြင်းသည် လုံခြုံရေး လုပ်ငန်းစဉ်များကို အနှောင့်အယှက် ဖြစ်စေသဖြင့် တရားဝင် သတင်းရင်းမြစ်များမှ ထုတ်ပြန်ချက်များကိုသာဖတ်ရှုပါရန်နှင့် အရေးပေါ်အခြေအနေများ (သို့မဟုတ် ) မသင်္ကာဖွယ်ရာများတွေ့ရှိပါက Hotline 112 သို့ ဆက်သွယ်ရန်လည်း မြန်မာသံရုံးက သတိပေးထုတ်ပြန်ထားသည်။


ထို့ပြင် ကူဝိတ်သို့ဝင်ရောက်ရာ၌ ကြန့်ကြာနေသူများအဆင်ပြေစေရန်အတွက် လက်ရှိထုတ် ပေးထားသည့် ခရီးသွားဗီဇာသက်တမ်းကို အချိန်(၁)လနှင့်၊ ကူဝိတ်မှပြည်ပသို့ ယာယီ သွားရောက်နေသူနိုင်ငံခြားသားများ၏ ပြည်ပတွင်နေထိုင်ခွင့်သက်တမ်းကို အချိန် (၃) လအထိ တိုးပေးမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေများအတွင်း သက်တမ်းကုန်သွားပြီးသော သို့မဟုတ် မကြာမီ သက်တမ်းကုန်တော့မည့် Visit Visa အမျိုးအစားအားလုံးကို ၁ လ တိုးပေးမည် ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် (စနေနေ့) မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ ယင်း သို့ သက်တမ်းတိုးမှုကို အီလက်ထရောနစ်စနစ်မှတစ်ဆင့် အလိုအလျောက်လုပ် ဆောင်ပေးမည်ဖြစ်ပြီး Residency Affairs ဌာနသို့ ကိုယ်တိုင်သွားရောက်ရန် လိုအပ် ခြင်း မရှိကြောင်းလည်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ယခုကာလအတွင်း ပေးဆောင်ရမည့် အခကြေးငွေများနှင့် ဖြစ်ပေါ်လာနိုင်သော ဒဏ် ကြေးများကိုလည်း အပြည့်အဝ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိ ကူဝိတ်နိုင်ငံပြင်ပတွင် ရှိနေပြီး ခွင့်ပြုထားသော အပြင်ထွက်နေခွင့်ကာလကို ကျော်လွန်သွားသော နေထိုင်ခွင့်ရှိသူများအတွက် ၃ လ အပြင်ထွက်နေခွင့်ကို အလို အလျောက် ထပ်မံခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သက်တမ်းတိုးမှုကို အီလက် ထရောနစ် စနစ်မှတစ်ဆင့် အလိုအလျောက် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ကိုယ်တိုင် သွားရောက်လုပ်ဆောင်ရန် မလိုအပ်သလို အခကြေးငွေများလည်း ကင်းလွတ်ခွင့် ရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ကူဝိတ္အစိုးရက ထုတ္ျပန္ထားသည့္ အခ်က္မ်ားကို လိုက္နာရန္ ျမန္မာသံ႐ုံးအသိေပး
Pearl (NP News) - မတ္ ၅
ဥပေဒအရ အေရးယူခံရမႈမ်ားမွ ကင္းေဝးေစရန္ ကူဝိတ္အစိုးရက ထုတ္ျပန္ထားသည့္ အခ်က္မ်ားကို တိက်စြာ လိုက္နာရန္ ကူဝိတ္ ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။
စစ္တပ္ (သို႔မဟုတ္) လုံၿခဳံေရးအေဆာက္အအုံမ်ား၊ ကန႔္သတ္နယ္ေျမမ်ား(သို႔မဟုတ္) အေရးႀကီးသည့္ေနရာမ်ား အနီးသို႔မကပ္ပါရန္ ၊ ယင္းတို႔ကို ဓါတ္ပုံ (သို႔မဟုတ္) ဗီဒီယို႐ိုက္ကူးျခင္း၊ ယင္းတို႔ကို ႐ိုက္ကူးထားသည့္ ဓါတ္ပုံ (သို႔မဟုတ္) ဗီဒီယိုတို႔ကို Facebook, TikTok (သို႔မဟုတ္) အျခား လူမႈကြန္ရက္မ်ားေပၚသို႔ တင္ျခင္း၊ တစ္ဆင့္ျပန္လည္ျဖန႔္ေဝျခင္း (Forward/Share) မ်ား မျပဳလုပ္ၾကပါရန္ သံ႐ုံးက သိေပးထားသည္။
ထို႔ျပင္ ဒုံးက်ည္ပစ္ခတ္မႈမ်ားကို ဗီဒီယို႐ိုက္ကူးျခင္း ၊ ေကာင္းကင္ယံတြင္ ဒုံးက်ည္မ်ားအား ၾကားျဖတ္ဟန႔္တားပစ္ခတ္ေနသည့္ ျမင္ကြင္းမ်ားကို ဗီဒီယို႐ိုက္ကူးျခင္း (သို႔မဟုတ္) ဓာတ္ပုံ႐ိုက္ျခင္း လုံးဝ မျပဳလုပ္ၾကရန္လည္း အသိေပးထားသည္။
ထို႔အတူ လုံၿခဳံေရးဆိုင္ရာ အသံဖိုင္မ်ားကို Facebook, TikTok (သို႔မဟုတ္) အျခားလူမႈကြန္ရက္ မ်ားေပၚသို႔ တင္ျခင္း၊ တစ္ဆင့္ျပန္လည္ျဖန႔္ေဝျခင္း (Forward/Share) မ်ား မျပဳလုပ္ရန္ ႏွင့္ လုံၿခဳံေရးဆိုင္ရာတာဝန္ရွိသူမ်ား၏ လုပ္ေဆာင္ခ်က္မ်ားကို မ႐ိုက္ကူးရန္ ၊ တာဝန္ဝတၱရားမ်ား ေဆာင္႐ြက္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ား၏ လႈပ္ရွားမႈမ်ားကို ႐ိုက္ကူးျခင္း (သို႔မဟုတ္) ထုတ္လႊင့္ျခင္း မျပဳရန္ လည္း သတိေပးထားသည္။
ေကာလာဟလမ်ားကို ျဖန႔္ေဝျခင္းသည္ လုံၿခဳံေရး လုပ္ငန္းစဥ္မ်ားကို အေႏွာင့္အယွက္ ျဖစ္ေစသျဖင့္ တရားဝင္ သတင္းရင္းျမစ္မ်ားမွ ထုတ္ျပန္ခ်က္မ်ားကိုသာဖတ္ရႈပါရန္ႏွင့္ အေရးေပၚအေျခအေနမ်ား (သို႔မဟုတ္ ) မသကၤာဖြယ္ရာမ်ားေတြ႕ရွိပါက Hotline 112 သို႔ ဆက္သြယ္ရန္လည္း ျမန္မာသံ႐ုံးက သတိေပးထုတ္ျပန္ထားသည္။
ထို႔ျပင္ ကူဝိတ္သို႔ဝင္ေရာက္ရာ၌ ၾကန႔္ၾကာေနသူမ်ားအဆင္ေျပေစရန္အတြက္ လက္ရွိထုတ္ ေပးထားသည့္ ခရီးသြားဗီဇာသက္တမ္းကို အခ်ိန္(၁)လႏွင့္၊ ကူဝိတ္မွျပည္ပသို႔ ယာယီ သြားေရာက္ေနသူႏိုင္ငံျခားသားမ်ား၏ ျပည္ပတြင္ေနထိုင္ခြင့္သက္တမ္းကို အခ်ိန္ (၃) လအထိ တိုးေပးမည္ျဖစ္ေၾကာင္း၊ လက္ရွိအေျခအေနမ်ားအတြင္း သက္တမ္းကုန္သြားၿပီးေသာ သို႔မဟုတ္ မၾကာမီ သက္တမ္းကုန္ေတာ့မည့္ Visit Visa အမ်ိဳးအစားအားလုံးကို ၁ လ တိုးေပးမည္ ျဖစ္ၿပီး၊ ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၈ ရက္ (စေနေန႔) မွ စတင္အသက္ဝင္မည္ျဖစ္ေၾကာင္း၊ ယင္း သို႔ သက္တမ္းတိုးမႈကို အီလက္ထေရာနစ္စနစ္မွတစ္ဆင့္ အလိုအေလ်ာက္လုပ္ ေဆာင္ေပးမည္ျဖစ္ၿပီး Residency Affairs ဌာနသို႔ ကိုယ္တိုင္သြားေရာက္ရန္ လိုအပ္ ျခင္း မရွိေၾကာင္းလည္း ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
ယခုကာလအတြင္း ေပးေဆာင္ရမည့္ အခေၾကးေငြမ်ားႏွင့္ ျဖစ္ေပၚလာႏိုင္ေသာ ဒဏ္ ေၾကးမ်ားကိုလည္း အျပည့္အဝ ကင္းလြတ္ခြင့္ေပးမည္ျဖစ္ေၾကာင္း၊ လက္ရွိ ကူဝိတ္ႏိုင္ငံျပင္ပတြင္ ရွိေနၿပီး ခြင့္ျပဳထားေသာ အျပင္ထြက္ေနခြင့္ကာလကို ေက်ာ္လြန္သြားေသာ ေနထိုင္ခြင့္ရွိသူမ်ားအတြက္ ၃ လ အျပင္ထြက္ေနခြင့္ကို အလို အေလ်ာက္ ထပ္မံခြင့္ျပဳမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔သက္တမ္းတိုးမႈကို အီလက္ ထေရာနစ္ စနစ္မွတစ္ဆင့္ အလိုအေလ်ာက္ ေဆာင္႐ြက္ေပးမည္ ျဖစ္ၿပီး ကိုယ္တိုင္ သြားေရာက္လုပ္ေဆာင္ရန္ မလိုအပ္သလို အခေၾကးေငြမ်ားလည္း ကင္းလြတ္ခြင့္ ရွိမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.