အမေရိကန်နဲ့ ဆက်သွယ်မှုတွေလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ တရုတ်အစိုးရပြော

248

Pika (NP News)-မတ် ၅
တရုတ်နိုင်ငံဟာ အနီရောင်မျဉ်းတွေနဲ့မူတွေကို ဆက်လက်ထိန်းသိမ်းထားပြီး အဆင့်အားလုံးမှာ ဆက်သွယ်ရေးတွေကို မြှင့်တင်ဖို့အတွက် အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။လာမယ့်မတ်လကုန်မှာ ဘေဂျင်းမြို့မှာကျင်းပမယ့် အလားအလာရှိတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ရဲ့ ထိပ်
သီးအစည်းအဝေးမတိုင်ခင် နှစ်နိုင်စလုံးက ဆက်ဆံရေးကို တည်ငြိမ်အောင်ကြိုးစားနေချိန်မှာပဲ ယခုလိုမှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်က ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရို ဖမ်းဆီးထိန်းသိမ်းခဲ့တာနဲ့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီကို သတ်ဖြတ်ခဲ့တာတွေကြောင့် အမေရိကန်နဲ့တရုတ်ကြား တင်းမာမှုတွေက ပိုမိုမြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ဗင်နီဇွဲလားနဲ့အီရန် နှစ်နိုင်ငံစလုံးကို ရေရှည်ရေနံထောက်ပံ့တဲ့နိုင်ငံတွေနဲ့ ရင်းနှီးတဲ့မိတ်ဖက်နိုင်ငံတွေအဖြစ် တရုတ်က ရှုမြင်ထားတာလည်းဖြစ်ပါတယ်။အီရန်ရဲ့ အချုပ်အခြာအာဏာကို လေးစားကြဖို့နဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲကြဖို့ တရုတ်အစိုးရက နိုင်ငံအားလုံးကို တိုက်တွန်းတောင်းဆိုထားတယ်လို့လည်း သိရပါတယ်။တရုတ်အစိုးရက”နိုင်ငံတကာရေးရာတွေကို ထိန်းချုပ်ပိုင်ခွင့်၊အခြားနိုင်ငံတွေရဲ့ ကံကြမ္မာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအားသာချက်တွေကို ဘယ်နိုင်ငံကမှ လက်ဝါးကြီးအုပ်ပိုင်ခွင့်မရှိပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ ဆက္သြယ္မႈေတြလုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika(NP News)-မတ္ ၅
တ႐ုတ္ႏိုင္ငံဟာ အနီေရာင္မ်ဥ္းေတြနဲ႔မူေတြကို ဆက္လက္ထိန္းသိမ္းထားၿပီး အဆင့္အားလုံးမွာ ဆက္သြယ္ေရးေတြကို ျမႇင့္တင္ဖို႔အတြက္ အေမရိကန္နဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵရွိတယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။လာမယ့္မတ္လကုန္မွာ ေဘဂ်င္းၿမိဳ႕မွာက်င္းပမယ့္ အလားအလာရွိတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ရဲ႕ ထိပ္သီးအစည္းအေဝးမတိုင္ခင္ ႏွစ္ႏိုင္စလုံးက ဆက္ဆံေရးကို တည္ၿငိမ္ေအာင္ႀကိဳးစားေနခ်ိန္မွာပဲ ယခုလိုမွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အေမရိကန္က ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ို ဖမ္းဆီးထိန္းသိမ္းခဲ့တာနဲ႔ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီကို သတ္ျဖတ္ခဲ့တာေတြေၾကာင့္ အေမရိကန္နဲ႔တ႐ုတ္ၾကား တင္းမာမႈေတြက ပိုမိုျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ဗင္နီဇြဲလားနဲ႔အီရန္ ႏွစ္ႏိုင္ငံစလုံးကို ေရရွည္ေရနံေထာက္ပံ့တဲ့ႏိုင္ငံေတြနဲ႔ ရင္းႏွီးတဲ့မိတ္ဖက္ႏိုင္ငံေတြအျဖစ္ တ႐ုတ္က ရႈျမင္ထားတာလည္းျဖစ္ပါတယ္။အီရန္ရဲ႕ အခ်ဳပ္အျခာအာဏာကို ေလးစားၾကဖို႔နဲ႔ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲၾကဖို႔ တ႐ုတ္အစိုးရက ႏိုင္ငံအားလုံးကို တိုက္တြန္းေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။တ႐ုတ္အစိုးရက”ႏိုင္ငံတကာေရးရာေတြကို ထိန္းခ်ဳပ္ပိုင္ခြင့္၊အျခားႏိုင္ငံေတြရဲ႕ ကံၾကမၼာနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈအားသာခ်က္ေတြကို ဘယ္ႏိုင္ငံကမွ လက္ဝါးႀကီးအုပ္ပိုင္ခြင့္မရွိပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။