တောင်ကိုရီးယားနိုင်ငံကို ကမ္ဘာ့စတုတ္ထလက်နက်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ရန် လုပ်ဆောင်မည်ဟု သမ္မတယွန်ဆက်ယိုလ် ပြော

 442

Pika (NP News) - နိုဝင်ဘာ ၂၄

တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က တောင်ကိုရီးယားနိုင်ငံကို ပြည်ပနိုင်ငံများထံ လက်နက်တင်ပို့ရာတွင် ကမ္ဘာ့စတုတ္ထလက်နက်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် တည်ဆောက်ရန်ရည်ရွယ်ထားကြောင်း ပြည်ပနိုင်ငံများ သို့လက်နက်တင်ပို့မှုများကို တိုးမြှင့်ရန်နှင့် ခေတ်မီကာကွယ်ရေးနည်းပညာများ လုံခြုံစေရန်အတွက် ကြိုးပမ်း အားထုတ်မှုများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

မေလတွင် သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော သမ္မတယွန်ဆက်ယိုလ်သည် ကာကွယ်ရေးဆိုင်ရာ ပို့ကုန်မြှင့်တင် ရေးအစည်းအဝေးကို ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီးနောက် စက်မှုလုပ်ငန်း၏အဓိကကျသော ပြည်တွင်းထောက်ပံ့မှု များကို ပို့ကုန်အဖြစ်သို့ပြောင်းလဲရန်အတွက် နည်းလမ်းများကို ရှာဖွေခဲ့ကြောင်းလည်း သိရသည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က "ကာကွယ်ရေးလုပ်ငန်းဟာ အနာဂတ်သစ်တိုးတက်မှုအတွက် အင်ဂျင် တစ်ခုဖြစ်ပြီး နည်းပညာမြင့်စက်မှုလုပ်ငန်းရဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမှုနဲ့အတူ အနာဂတ်စစ်ပွဲတွေအတွက် လက်နက်စနစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာပိုင်းဆိုင်ရာ ယှဥ်ပြိုင်မှုတွေကို လုံခြုံအောင်ထားဖို့လိုအပ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် ပိုလန်တို့သည် တင့်ကားများနှင့်ဟောင်ဝစ်ဇာအမြောက်တင်ပို့မှုများ အပါအဝင် အမေရိကန် ဒေါ်လာ(၁၅)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများတင်ပို့ရန် သဘောတူစာချုပ်ကိုချုပ်ဆိုပြီးနောက် လေးလ အကြာတွင် အဆိုပါအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်းသိ ရသည်။

အမေရိကန်၊ ရုရှားနှင့် ပြင်သစ် တို့ပြီးလျှင် တောင်ကိုရီးယားကို ကမ္ဘာ့စတုတ္ထ လက်နက်အများဆုံးတင်ပို့သည့်နိုင်ငံ အဖြစ် ပြုလုပ်မည့်ရည်ရွယ်ချက်ကို တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်သည် သြဂုတ်လတွင် စတင်ကြေညာခဲ့ ကြောင်းလည်း သိရသည်။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ပြန်လည်တုံ့ပြန်ရန်အတွက် သြစတြေးလျနှင့် နော်ဝေး အပါအဝင် နိုင်ငံအများအပြားသည် တောင်ကိုရီးယား၏ စစ်‌ရေးစွမ်းရည်ကိုမြှင့်တင်ရန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် ကြိုးပမ်းနေကြကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် က ပြောကြားခဲ့သည်။

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံကို ကမာၻ႔စတုတၳလက္နက္အမ်ားဆုံးတင္ပို႔သည့္ႏိုင္ငံျဖစ္ရန္ လုပ္ေဆာင္မည္ဟု သမၼတယြန္ဆက္ယိုလ္ ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၄

ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က ေတာင္ကိုရီးယားႏိုင္ငံကို ျပည္ပႏိုင္ငံမ်ားထံ လက္နက္တင္ပို႔ရာတြင္ ကမာၻ႔စတုတၳလက္နက္အမ်ားဆုံးတင္ပို႔သည့္ႏိုင္ငံအျဖစ္ တည္ေဆာက္ရန္ရည္႐ြယ္ထားေၾကာင္း ျပည္ပႏိုင္ငံမ်ား သို႔လက္နက္တင္ပို႔မႈမ်ားကို တိုးျမႇင့္ရန္ႏွင့္ ေခတ္မီကာကြယ္ေရးနည္းပညာမ်ား လုံၿခဳံေစရန္အတြက္ ႀကိဳးပမ္း အားထုတ္မႈမ်ားကို ပိုမိုလုပ္ေဆာင္မည္ျဖစ္ေၾကာင္း ကတိျပဳေျပာဆိုခဲ့သည္။

ေမလတြင္ သမၼတအျဖစ္ စတင္တာဝန္ယူခဲ့ေသာ သမၼတယြန္ဆက္ယိုလ္သည္ ကာကြယ္ေရးဆိုင္ရာ ပို႔ကုန္ျမႇင့္တင္ ေရးအစည္းအေဝးကို ပထမဆုံးအႀကိမ္က်င္းပခဲ့ၿပီးေနာက္ စက္မႈလုပ္ငန္း၏အဓိကက်ေသာ ျပည္တြင္းေထာက္ပံ့မႈ မ်ားကို ပို႔ကုန္အျဖစ္သို႔ေျပာင္းလဲရန္အတြက္ နည္းလမ္းမ်ားကို ရွာေဖြခဲ့ေၾကာင္းလည္း သိရသည္။

ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္က "ကာကြယ္ေရးလုပ္ငန္းဟာ အနာဂတ္သစ္တိုးတက္မႈအတြက္ အင္ဂ်င္ တစ္ခုျဖစ္ၿပီး နည္းပညာျမင့္စက္မႈလုပ္ငန္းရဲ႕ အဓိကအခ်က္ပဲျဖစ္ပါတယ္။ နည္းပညာပိုင္းဆိုင္ရာ ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္လာမႈနဲ႔အတူ အနာဂတ္စစ္ပြဲေတြအတြက္ လက္နက္စနစ္ေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ နည္းပညာပိုင္းဆိုင္ရာ ယွဥ္ၿပိဳင္မႈေတြကို လုံၿခဳံေအာင္ထားဖို႔လိုအပ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ေတာင္ကိုရီးယားႏွင့္ ပိုလန္တို႔သည္ တင့္ကားမ်ားႏွင့္ေဟာင္ဝစ္ဇာအေျမာက္တင္ပို႔မႈမ်ား အပါအဝင္ အေမရိကန္ ေဒၚလာ(၁၅)ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ားတင္ပို႔ရန္ သေဘာတူစာခ်ဳပ္ကိုခ်ဳပ္ဆိုၿပီးေနာက္ ေလးလ အၾကာတြင္ အဆိုပါအစည္းအေဝးကို က်င္းပခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိ ရသည္။

အေမရိကန္၊ ႐ုရွားႏွင့္ ျပင္သစ္ တို႔ၿပီးလွ်င္ ေတာင္ကိုရီးယားကို ကမာၻ႔စတုတၳ လက္နက္အမ်ားဆုံးတင္ပို႔သည့္ႏိုင္ငံ အျဖစ္ ျပဳလုပ္မည့္ရည္႐ြယ္ခ်က္ကို ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္သည္ ၾသဂုတ္လတြင္ စတင္ေၾကညာခဲ့ ေၾကာင္းလည္း သိရသည္။ ေျမာက္ကိုရီးယား၏ ၿခိမ္းေျခာက္မႈမ်ားကို ျပန္လည္တုံ႔ျပန္ရန္အတြက္ ၾသစေၾတးလ်ႏွင့္ ေနာ္ေဝး အပါအဝင္ ႏိုင္ငံအမ်ားအျပားသည္ ေတာင္ကိုရီးယား၏ စစ္‌ေရးစြမ္းရည္ကိုျမႇင့္တင္ရန္ ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုလုပ္ေဆာင္ရန္ ႀကိဳးပမ္းေနၾကေၾကာင္း ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.