ကိုဆိုဗိုနဲ့ ဆားဘီးယားနိုင်ငံက မော်တော်ယာဉ်လိုင်စင်နံပါတ်ပြားများ အငြင်းပွားမှု အဆုံးသတ်ရန် သဘောတူညီချက် လက်မှတ်ရေးထိုး

 523

ရောင်နီ (NP News) - နိုဝင်ဘာ ၂၄

ကိုဆိုဗိုနဲ့ ဆားဘီးယားနိုင်ငံတို့ဟာ လူမျိုးရေးအကြမ်းဖက်မှုဖြစ်စေနိုင်တယ်လို့ ဥရောပသမဂ္ဂက သတိပေးထားတဲ့ ယာဉ်လိုင်စင်နံပါတ်ပြားများနဲ့ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွားမှုများအဆုံးသတ်ရန် သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် က အဆိုပါသဘောတူညီချက်ကို နိုဝင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့က တွစ်တာမှာ ကြေညာခဲ့ပါတယ်။

ဘော်ရယ်လ် က အီးယူရဲ့ ပံ့ပိုးကူညီမှုအောက်မှာ ကိုဆိုဗိုနဲ့ ဆားဘီးယားရဲ့စေ့စပ်ညှိနှိုင်းရေးမှူးကြီးများနဲ့ နောက် ထပ် ယာဉ်လိုင်စင်နံပါတ်များနဲ့ပတ်သက်တဲ့အငြင်းပွားမှုများ တိုးမြင့်လာမှုကို ရှောင်ရှားဖို့အစီအမံများကို သဘော တူညီခဲ့ကြတဲ့အတွက် အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်က ဘဲလ်ဂရိတ်မှ ခွဲထွက် ကြောင်းကြေညာခဲ့တဲ့ ဆားဘီးယားနဲ့ ကိုဆိုဗိုတို့ဟာ အခုအခါ ၎င်းတို့ရဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အီးယူရဲ့အဆိုပြုချက်အပေါ် အာရုံစိုက်သွားမှာဖြစ်ကြောင်း ဘော်ရာလ် က ပြောကြားခဲ့ပါတယ်။

ကိုဆိုဗိုရဲ့ လွတ်လပ်ရေးကြေညာချက်ကို နိုင်ငံပေါင်း ၁၁ဝ ခန့်က အသိအမှတ်ပြုပေမယ့်လည်း ဆားဘီးယား၊ ရုရှား၊ တရုတ်နဲ့ အီးယူအဖွဲ့ဝင် ငါးနိုင်ငံတို့က အသိအမှတ်ပြုထားခြင်း မရှိသေးတာမျိုးဖြစ်ပါတယ်။ ကိုဆိုဗိုဟာ ဆားဘီးယားရဲ့အစိတ်အပိုင်းဖြစ်နေဆဲကာလ ၁၉၉၉ ခုနှစ်မတိုင်မီက ဆာ့ဘ်လူနည်းစုကို ကားနံပါတ်ပြားပြောင်း ရန်တောင်းဆိုရာမှ အနောက်ဘော်လကန် အိမ်နီးချင်းများအကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့ကြောင့် ကိုဆိုဗိုရဲ့အခွင့်အာဏာကိုအသိအမှတ်ပြုဖို့ ငြင်းဆန်ပြီး မိမိတို့ကိုယ်ကိုယ် ဆားဗီးယားရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ယူဆခဲ့တဲ့ ကိုဆိုဗိုမြောက်ပိုင်းရှိဆာ့ဘ်များဟာ တောင်းဆိုချက်ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်မှုလက္ခဏာတစ်ရပ်အနေနဲ့ ကိုဆိုဗိုရှိ ဆာ့ဘ်လူနည်းစုမှ ရဲအရာရှိ ၆ဝဝ နီးပါးနဲ့ တရားသူကြီးများ၊ အစိုးရ ရှေ့နေများ အခြားပြည်နယ်ဝန်ထမ်းများဟာ ယခုလအစောပိုင်းက အလုပ်မှ နှုတ်ထွက်ခဲ့ကြပါတယ်။

နိုဝင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့မှာ ဘော်ရယ်လ် က ဘရူဆဲလ် မှာ ကိုဆိုဗိုသမ္မတ အဲလ်ဘင်ကာတီ နဲ့ ဆာဘီယန်း သမ္မတ အဲလက်ဆန်ဒါဗူဆစ်တို့နဲ့ ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ပြီးနောက် ဗူဆစ်က အပေးအယူတစ်ရပ်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“နှစ်ဖွဲ့လုံးဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အာမခံချက်ပေးဖို့ အီးယူရဲ့ပံ့ပိုးကူညီမှုနဲ့အတူ ဒီနေ့မှာ ကြီးကျယ်တဲ့ခြေလှမ်းလှမ်းခဲ့ကြပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက် က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ကိုဆိုဗိုနဲ႔ ဆားဘီးယားႏိုင္ငံက ေမာ္ေတာ္ယာဥ္လိုင္စင္နံပါတ္ျပားမ်ား အျငင္းပြားမႈ အဆုံးသတ္ရန္ သေဘာတူညီခ်က္ လက္မွတ္ေရးထိုး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၄

ကိုဆိုဗိုနဲ႔ ဆားဘီးယားႏိုင္ငံတို႔ဟာ လူမ်ိဳးေရးအၾကမ္းဖက္မႈျဖစ္ေစႏိုင္တယ္လို႔ ဥေရာပသမဂၢက သတိေပးထားတဲ့ ယာဥ္လိုင္စင္နံပါတ္ျပားမ်ားနဲ႔ပတ္သက္ၿပီး ကာလၾကာရွည္ အျငင္းပြားမႈမ်ားအဆုံးသတ္ရန္ သေဘာတူညီခ်က္ တစ္ရပ္ လက္မွတ္ေရးထိုးခဲ့ပါတယ္။

အီးယူရဲ႕ ႏိုင္ငံျခားေရးမူဝါဒအႀကီးအကဲ ဂ်ိဳးဆက္ေဘာ္ရယ္လ္ က အဆိုပါသေဘာတူညီခ်က္ကို ႏိုဝင္ဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႔က တြစ္တာမွာ ေၾကညာခဲ့ပါတယ္။

ေဘာ္ရယ္လ္ က အီးယူရဲ႕ ပံ့ပိုးကူညီမႈေအာက္မွာ ကိုဆိုဗိုနဲ႔ ဆားဘီးယားရဲ႕ေစ့စပ္ညႇိႏႈိင္းေရးမႉးႀကီးမ်ားနဲ႔ ေနာက္ ထပ္ ယာဥ္လိုင္စင္နံပါတ္မ်ားနဲ႔ပတ္သက္တဲ့အျငင္းပြားမႈမ်ား တိုးျမင့္လာမႈကို ေရွာင္ရွားဖို႔အစီအမံမ်ားကို သေဘာ တူညီခဲ့ၾကတဲ့အတြက္ အလြန္ဝမ္းေျမာက္မိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ၂ဝဝ၈ ခုႏွစ္က ဘဲလ္ဂရိတ္မွ ခြဲထြက္ ေၾကာင္းေၾကညာခဲ့တဲ့ ဆားဘီးယားနဲ႔ ကိုဆိုဗိုတို႔ဟာ အခုအခါ ၎တို႔ရဲ႕ဆက္ဆံေရးကို ပုံမွန္ျဖစ္ေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတဲ့ အီးယူရဲ႕အဆိုျပဳခ်က္အေပၚ အာ႐ုံစိုက္သြားမွာျဖစ္ေၾကာင္း ေဘာ္ရာလ္ က ေျပာၾကားခဲ့ပါတယ္။

ကိုဆိုဗိုရဲ႕ လြတ္လပ္ေရးေၾကညာခ်က္ကို ႏိုင္ငံေပါင္း ၁၁ဝ ခန႔္က အသိအမွတ္ျပဳေပမယ့္လည္း ဆားဘီးယား၊ ႐ုရွား၊ တ႐ုတ္နဲ႔ အီးယူအဖြဲ႕ဝင္ ငါးႏိုင္ငံတို႔က အသိအမွတ္ျပဳထားျခင္း မရွိေသးတာမ်ိဳးျဖစ္ပါတယ္။ ကိုဆိုဗိုဟာ ဆားဘီးယားရဲ႕အစိတ္အပိုင္းျဖစ္ေနဆဲကာလ ၁၉၉၉ ခုႏွစ္မတိုင္မီက ဆာ့ဘ္လူနည္းစုကို ကားနံပါတ္ျပားေျပာင္း ရန္ေတာင္းဆိုရာမွ အေနာက္ေဘာ္လကန္ အိမ္နီးခ်င္းမ်ားအၾကား အျငင္းပြားမႈျဖစ္ပြားခဲ့ပါတယ္။

ဒါ့ေၾကာင့္ ကိုဆိုဗိုရဲ႕အခြင့္အာဏာကိုအသိအမွတ္ျပဳဖို႔ ျငင္းဆန္ၿပီး မိမိတို႔ကိုယ္ကိုယ္ ဆားဗီးယားရဲ႕ အစိတ္အပိုင္း ျဖစ္တယ္လို႔ယူဆခဲ့တဲ့ ကိုဆိုဗိုေျမာက္ပိုင္းရွိဆာ့ဘ္မ်ားဟာ ေတာင္းဆိုခ်က္ကို ျပင္းထန္စြာ ကန႔္ကြက္ခဲ့ပါတယ္။ ကန္႔ကြက္မႈလကၡဏာတစ္ရပ္အေနနဲ႔ ကိုဆိုဗိုရွိ ဆာ့ဘ္လူနည္းစုမွ ရဲအရာရွိ ၆ဝဝ နီးပါးနဲ႔ တရားသူႀကီးမ်ား၊ အစိုးရ ေရွ႕ေနမ်ား အျခားျပည္နယ္ဝန္ထမ္းမ်ားဟာ ယခုလအေစာပိုင္းက အလုပ္မွ ႏႈတ္ထြက္ခဲ့ၾကပါတယ္။

ႏိုဝင္ဘာလ ၂၈ ရက္၊ တနလၤာေန႔မွာ ေဘာ္ရယ္လ္ က ဘ႐ူဆဲလ္ မွာ ကိုဆိုဗိုသမၼတ အဲလ္ဘင္ကာတီ နဲ႔ ဆာဘီယန္း သမၼတ အဲလက္ဆန္ဒါဗူဆစ္တို႔နဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ ဗူဆစ္က အေပးအယူတစ္ရပ္ကို လက္ခံဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ႏွစ္ဖြဲ႕လုံးဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို အာမခံခ်က္ေပးဖို႔ အီးယူရဲ႕ပံ့ပိုးကူညီမႈနဲ႔အတူ ဒီေန႔မွာ ႀကီးက်ယ္တဲ့ေျခလွမ္းလွမ္းခဲ့ၾကပါတယ္” လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ နက္ပ႐ိုက္ က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.