တရုတ်မှာ Covid - 19 ကူးစက်ပျံ့နှံ့မှုများကြောင့် ကျွံကျိုးမြို့ကို လော့ဒေါင်းချ

 446

ရောင်နီ (NP News) - နိုဝင်ဘာ ၂၄

တရုတ်နိုင်ငံအလယ်ပိုင်း၊ ကျွံကျိုးမြို့ရှိ iPhone ရင်းနှီးမြုပ်နှံမှုစက်ရုံမှာ ဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ခရိုင်အများအပြားမှာ ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုများပြုလုပ်ဖို့ အမိန့်ထုတ်လိုက်တယ်လို့ သိရပါတယ်။

ကျွံကျိုးမြို့လယ်ခေါင်မှာ နေထိုင်သူများကို COVID-19 negative ရလဒ် စစ်ဆေးမှုနဲ့ အာဏာပိုင်များထံမှ ခွင့်ပြု ချက်မရပါက ယင်းဧရိယာမှ ထွက်ခွာသွားလာခြင်း မပြုလုပ်ဖို့နဲ့ မလိုအပ်ပါက နေအိမ်မှ မထွက်ခွာဖို့ အကြံပြုထား ကြောင်း ဒေသခံအစိုးရက ပြောကြားပါတယ်။

နိုဝင်ဘာလ ၂၅ ရက်၊ သောကြာနေ့ သန်းခေါင်ယံမှစတင်မှာဖြစ်ပြီး၊ ငါးရက်အထိ ကြာမြင့်မယ့် အဆိုပါ ကန့်သတ်ချက်များဟာ လူဦးရေ ၆ သန်းကျော်ရှိတဲ့ မြို့တော်ရဲ့လူဦးရေ ထက်ဝက်ခန့်ကို ထိခိုက်စေနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၃ ရက်) နှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့အစိုးရသတိပေးချက်မှာ ခရိုင်ရှစ်ခုမှ နေထိုင်သူများအား ငါးရက်တာကာလအတွင်း နေ့စဉ် nucleic acid စစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

မြို့ရဲ့စက်ရုံကြီးတစ်ခုဖြစ်တဲ့ iPhone စက်ရုံမှာ ဆူပူဆန္ဒပြမှုများဖြစ်ပွားပြီးနောက် အဆိုပါပိတ်ဆို့ကန့်သတ်မှု အမိန့်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ထိုင်ဝမ်နည်းပညာကုမ္ပဏီ Foxconn ပိုင်ဆိုင်တဲ့ ယင်းစက်ရုံဟာ ၎င်းရဲ့အလုပ်သမားအဆောင်များကြား ကူးစက် ပျံ့နှံ့နေတဲ့ကိုဗစ်ရောဂါဖြစ်ပွားမှုများကြောင့် တစ်လကျော်ကြာ COVID-19 ကန့်သတ်ချက်များအောက်မှာ ရှိခဲ့ဖူး ပါတယ်။ စက်ရုံတွင်း လုံခြုံမှုအခြေအနေညံ့ဖျင်းတယ်ဆိုတဲ့စွပ်စွဲမှုများကြောင့် စက်ရုံမှ အလုပ်သမားများ အထိတ် တလန့်ဖြစ်ကာ ပြီးခဲ့တဲ့လက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံရဲ့နေ့စဉ် COVID-19 ဖြစ်ပွားမှုအရေအတွက်ဟာ ကြသပတေးနေ့မှာ ပြည်တွင်းဖြစ်ပွားမှု ၃၁၄၅၄ မှုထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ လူဦးရေ ၁.၄ ဘီလျံနဲ့နှိုင်းယှဉ်ရင် အနည်းငယ် နည်းပါးပေမယ့်လည်း ရှန်ဟိုင်း အသွားအလာကန့်သတ်မှုအောက် ဧပြီလလယ်က မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံးကူးစက်မှုပမာဏကို ကျော်လွန် သွားခဲ့ပါတယ်။ ကျွံကျိုးမှာ နိုဝင်ဘာလ ၂၄ ရက်၊ ကြသပတေးနေ့က COVID-19 ကူးစက်မှုအသစ် ၆၇၅ ဦး ထပ်တိုးခဲ့ ပြီး အများစုမှာ ရောဂါလက္ခဏာပြခြင်း မရှိဘူးလို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္မွာ Covid - 19 ကူးစက္ပ်ံ႕ႏွံ႔မႈမ်ားေၾကာင့္ ကြၽံက်ိဳးၿမိဳ႕ကို ေလာ့ေဒါင္းခ်
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၄

တ႐ုတ္ႏိုင္ငံအလယ္ပိုင္း၊ ကြၽံက်ိဳးၿမိဳ႕ရွိ iPhone ရင္းႏွီးျမဳပ္ႏွံမႈစက္႐ုံမွာ ဆူပူဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ခ႐ိုင္အမ်ားအျပားမွာ ထိေရာက္တဲ့ ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ဖို႔ အမိန႔္ထုတ္လိုက္တယ္လို႔ သိရပါတယ္။

ကြၽံက်ိဳးၿမိဳ႕လယ္ေခါင္မွာ ေနထိုင္သူမ်ားကို COVID-19 negative ရလဒ္ စစ္ေဆးမႈနဲ႔ အာဏာပိုင္မ်ားထံမွ ခြင့္ျပဳ ခ်က္မရပါက ယင္းဧရိယာမွ ထြက္ခြာသြားလာျခင္း မျပဳလုပ္ဖို႔နဲ႔ မလိုအပ္ပါက ေနအိမ္မွ မထြက္ခြာဖို႔ အႀကံျပဳထား ေၾကာင္း ေဒသခံအစိုးရက ေျပာၾကားပါတယ္။

ႏိုဝင္ဘာလ ၂၅ ရက္၊ ေသာၾကာေန႔ သန္းေခါင္ယံမွစတင္မွာျဖစ္ၿပီး၊ ငါးရက္အထိ ၾကာျမင့္မယ့္ အဆိုပါ ကန႔္သတ္ခ်က္မ်ားဟာ လူဦးေရ ၆ သန္းေက်ာ္ရွိတဲ့ ၿမိဳ႕ေတာ္ရဲ႕လူဦးေရ ထက္ဝက္ခန႔္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဗုဒၶဟူးေန႔ (ႏိုဝင္ဘာ ၂၃ ရက္) ေႏွာင္းပိုင္းက ထုတ္ျပန္ခဲ့တဲ့အစိုးရသတိေပးခ်က္မွာ ခ႐ိုင္ရွစ္ခုမွ ေနထိုင္သူမ်ားအား ငါးရက္တာကာလအတြင္း ေန႔စဥ္ nucleic acid စစ္ေဆးမည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ၿမိဳ႕ရဲ႕စက္႐ုံႀကီးတစ္ခုျဖစ္တဲ့ iPhone စက္႐ုံမွာ ဆူပူဆႏၵျပမႈမ်ားျဖစ္ပြားၿပီးေနာက္ အဆိုပါပိတ္ဆို႔ကန္႔သတ္မႈ အမိန႔္ထြက္ေပၚလာတာျဖစ္ပါတယ္။
ထိုင္ဝမ္နည္းပညာကုမၸဏီ Foxconn ပိုင္ဆိုင္တဲ့ ယင္းစက္႐ုံဟာ ၎ရဲ႕အလုပ္သမားအေဆာင္မ်ားၾကား ကူးစက္ ပ်ံ႕ႏွံ႔ေနတဲ့ကိုဗစ္ေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ တစ္လေက်ာ္ၾကာ COVID-19 ကန႔္သတ္ခ်က္မ်ားေအာက္မွာ ရွိခဲ့ဖူး ပါတယ္။ စက္႐ုံတြင္း လုံၿခဳံမႈအေျခအေနညံ့ဖ်င္းတယ္ဆိုတဲ့စြပ္စြဲမႈမ်ားေၾကာင့္ စက္႐ုံမွ အလုပ္သမားမ်ား အထိတ္ တလန႔္ျဖစ္ကာ ၿပီးခဲ့တဲ့လက ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။

ႏိုင္ငံရဲ႕ေန႔စဥ္ COVID-19 ျဖစ္ပြားမႈအေရအတြက္ဟာ ၾကသပေတးေန႔မွာ ျပည္တြင္းျဖစ္ပြားမႈ ၃၁၄၅၄ မႈထိ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံ လူဦးေရ ၁.၄ ဘီလ်ံနဲ႔ႏႈိင္းယွဥ္ရင္ အနည္းငယ္ နည္းပါးေပမယ့္လည္း ရွန္ဟိုင္း အသြားအလာကန႔္သတ္မႈေအာက္ ဧၿပီလလယ္က မွတ္တမ္းတင္ထားတဲ့ အျမင့္ဆုံးကူးစက္မႈပမာဏကို ေက်ာ္လြန္ သြားခဲ့ပါတယ္။ ကြၽံက်ိဳးမွာ ႏိုဝင္ဘာလ ၂၄ ရက္၊ ၾကသပေတးေန႔က COVID-19 ကူးစက္မႈအသစ္ ၆၇၅ ဦး ထပ္တိုးခဲ့ ၿပီး အမ်ားစုမွာ ေရာဂါလကၡဏာျပျခင္း မရွိဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.