ယူကရိန်းကို ရဟတ်ယာဥ်များ ပထမဆုံးအကြိမ် ပံ့ပိုးကူညီပေးမည်ဟု ဗြိတိန်အစိုးရဆို

 591

Pika (NP News) - နိုဝင်ဘာ ၂၅

ရုရှားနှင့် ယူကရိန်းတို့ စစ်ပွဲစတင်ပြီးနောက်ပိုင်း ဗြိတိန်သည် ယူကရိန်းသို့ ရဟတ်ယာဥ်များ ပထမဆုံးအကြိမ် ပံ့ပိုး ကူညီပေးမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ(၂၃)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ယူကရိန်း၏ အင်ဂျင်နီယာတပ်ဖွဲ့ဝင်(၁ဝ)ဦးသည် ဗြိတိန်မှ ယူကရိန်းသို့ လှူဒါန်းခဲ့သော ပထမဆုံးရဟတ်ယာဥ်၏ စွမ်းရည်များကို စမ်းသပ်လေ့ကျင့်ရန်အတွက် ဗြိတိန်တွင် ခြောက်ပတ်ကြာ လေ့ကျင့်ရေးအစီအစဥ်ကို ပြုလုပ်ခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဗြိတိန်သည် ယူကရိန်းကို Sea King ရဟတ်ယာဉ်သုံးစီးအပြင် နောက်ထပ် အမြောက်ကျည် (၁ဝဝဝဝ) ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က "ယူကရိန်းအတွက် ကျွန်တော်တို့ရဲ့ပံ့ပိုးမှုတွေက နည်းနေပါသေးတယ်၊၊ ဒါပေမယ့် ဒီအမြောက်ကျည်တွေက ရုရှားလက်ကနေ မကြာသေးမီက ပြန်လည်သိမ်းယူထားတဲ့နယ်မြေကိုကာကွယ်ဖို့အတွက် ယူကရိန်းကို အကူအညီဖြစ်စေမှာပါ" ဟု ပြောဆိုခဲ့သည်၊၊

ရုရှားကို အီရန်မှထောက်ပံ့ပေးထားသော ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရန် လေယာဥ်ပစ်သေနတ်(၁၂၅)လက် နှင့် ပေါင်သန်း(၅ဝ)တန်ဖိုးရှိ ကာကွယ်ရေးအကူအညီများပေးရန်အတွက် ဗြိတိန်ဝန်ကြီးချုပ်ဆူနက်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် ယူကရိန်းသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းလည်း သိရသည်။

ဗြိတိန်သည် ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် ဆောင်းရာသီတွင် အသုံးပြုရန် အသုံးအဆောင်ပစ္စည်းကိရိယာများ ကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။ ရုရှားတပ်ဖွဲ့များကို ဖယ်ရှားရန်ကြိုးပမ်းနေသည့် ယူကရိန်း တပ်ဖွဲ့များသည် ဆောင်းရာသီတိုက်ပွဲများအတွင်း အအေးဒဏ်များနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ယူကရိန်း၏ အားအကိုးရဆုံးသော မိတ်ဖက်တစ်ဦးဖြစ်ပြီး ကီယက်ဗ်မြို့သို့ သုံးကြိမ်သွား‌ရောက်ကာ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ ရန်ပုံငွေများနှင့် လေ့ကျင့်ရေး ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးခဲ့ဖူးသည်။

Zawgyi Version;
ယူကရိန္းကို ရဟတ္ယာဥ္မ်ား ပထမဆုံးအႀကိမ္ ပံ့ပိုးကူညီေပးမည္ဟု ၿဗိတိန္အစိုးရဆို
Pika (NP News) - ႏိုဝင္ဘာ ၂၅

႐ုရွားႏွင့္ ယူကရိန္းတို႔ စစ္ပြဲစတင္ၿပီးေနာက္ပိုင္း ၿဗိတိန္သည္ ယူကရိန္းသို႔ ရဟတ္ယာဥ္မ်ား ပထမဆုံးအႀကိမ္ ပံ့ပိုး ကူညီေပးမည္ျဖစ္ေၾကာင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ(၂၃)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

ယူကရိန္း၏ အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္(၁ဝ)ဦးသည္ ၿဗိတိန္မွ ယူကရိန္းသို႔ လႉဒါန္းခဲ့ေသာ ပထမဆုံးရဟတ္ယာဥ္၏ စြမ္းရည္မ်ားကို စမ္းသပ္ေလ့က်င့္ရန္အတြက္ ၿဗိတိန္တြင္ ေျခာက္ပတ္ၾကာ ေလ့က်င့္ေရးအစီအစဥ္ကို ျပဳလုပ္ခဲ့ ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ၿဗိတိန္သည္ ယူကရိန္းကို Sea King ရဟတ္ယာဥ္သုံးစီးအျပင္ ေနာက္ထပ္ အေျမာက္က်ည္ (၁ဝဝဝဝ) ကိုလည္း ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး ဘန္ေဝါေလ့စ္က "ယူကရိန္းအတြက္ ကြၽန္ေတာ္တို႔ရဲ႕ပံ့ပိုးမႈေတြက နည္းေနပါေသးတယ္၊၊ ဒါေပမယ့္ ဒီအေျမာက္က်ည္ေတြက ႐ုရွားလက္ကေန မၾကာေသးမီက ျပန္လည္သိမ္းယူထားတဲ့နယ္ေျမကိုကာကြယ္ဖို႔အတြက္ ယူကရိန္းကို အကူအညီျဖစ္ေစမွာပါ" ဟု ေျပာဆိုခဲ့သည္၊၊

႐ုရွားကို အီရန္မွေထာက္ပံ့ေပးထားေသာ ဒ႐ုန္းမ်ားကို တန္ျပန္တိုက္ခိုက္ရန္ ေလယာဥ္ပစ္ေသနတ္(၁၂၅)လက္ ႏွင့္ ေပါင္သန္း(၅ဝ)တန္ဖိုးရွိ ကာကြယ္ေရးအကူအညီမ်ားေပးရန္အတြက္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဆူနက္သည္ ၿပီးခဲ့သည့္ သီတင္းပတ္တြင္ ယူကရိန္းသို႔ သြားေရာက္လည္ပတ္ခဲ့ေၾကာင္းလည္း သိရသည္။

ၿဗိတိန္သည္ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားအတြက္ ေဆာင္းရာသီတြင္ အသုံးျပဳရန္ အသုံးအေဆာင္ပစၥည္းကိရိယာမ်ား ကိုလည္း ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။ ႐ုရွားတပ္ဖြဲ႕မ်ားကို ဖယ္ရွားရန္ႀကိဳးပမ္းေနသည့္ ယူကရိန္း တပ္ဖြဲ႕မ်ားသည္ ေဆာင္းရာသီတိုက္ပြဲမ်ားအတြင္း အေအးဒဏ္မ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္းသိရသည္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဘာရစ္ဂြၽန္ဆင္သည္ ယူကရိန္း၏ အားအကိုးရဆုံးေသာ မိတ္ဖက္တစ္ဦးျဖစ္ၿပီး ကီယက္ဗ္ၿမိဳ႕သို႔ သုံးႀကိမ္သြား‌ေရာက္ကာ စစ္ဘက္ဆိုင္ရာပစၥည္းကိရိယာမ်ား၊ ရန္ပုံေငြမ်ားႏွင့္ ေလ့က်င့္ေရး ပစၥည္းကိရိယာမ်ားကို ေထာက္ပံ့ေပးခဲ့ဖူးသည္။

Related news

© 2021. All rights reserved.