တောင်အာဖရိကမှာ ၃ လတာ ကာလအတွင်း လူပေါင်း ၇ဝဝဝ ကျော် အသတ်ခံခဲ့ရ

 418

ရောင်နီ (NP News) - နိုဝင်ဘာ ၂၅

တောင်အာဖရိကမှာ သုံးလအတွင်း လူပေါင်း ၇ဝဝဝ ကျော် အသတ်ခံခဲ့ရပြီး ယမန်နှစ် အလားတူကာလ ကထက် အကြမ်းဖက်မှုခင်းများ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့ရဲ့စာရင်းဇယားများအရ သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့က တောင်အာဖရိက ရဲများဆိုင်ရာ ပါလီမန်လွှတ်တော်ကော်မတီဟာ ရာဇဝတ်မှု စာရင်းအင်း အသေးစိတ်အချက်အလက်များကို ကြားနာခဲ့တာဖြစ်ပြီး အဆိုပါစာရင်းဇယားဟာ တောင်အာဖရိက ရဲဌာန (SAPS) ထံ ဇူလိုင် ၁ ရက်မှ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့အထိ မှတ်တမ်းတင်ထားခဲ့တဲ့ အချက်အလက်တွေဖြစ်ပါတယ်။

လူပေါင်း ၆၁၆၃ ဦး သေဆုံးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင်တောင် ဇူလိုင်လမှ စက်တင်ဘာလ အတွင်း လူသတ်မှုနှုန်းဟာ ၁၄ ရာခိုင်နှုန်း မြင့်တက်နေကြောင်း သုံးလပတ် ကိန်းဂဏန်းများအရ သိရပါတယ်။ အသတ်ခံရသူတွေထဲမှာ အမျိုးသမီး ၁ဝဝဝ နီးပါး ပါဝင်ပြီး အမျိုးသမီး ၁၃ဝဝဝ ကျော်ဟာ ခန္ဓာကိုယ်မှာ ပြင်းပြင်း ထန်ထန်ထိခိုက်စေနိုင်တဲ့ တိုက်ခိုက်မှုခံရကာ အမျိုးသမီး ၁၂၇၇ ဦးဟာ လူသတ်မှု ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ စာရင်းများမှာ ဖော်ပြထားပါတယ်။

“တောင်အာဖရိကမှာ အမျိုးသမီးတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ တချို့သေဆုံးမှု နှုန်းဟာ စိုးရိမ်စရာဖြစ်ပြီး လက်ခံနိုင်စရာ မရှိပါဘူး” လို့ ရဲဝန်ကြီး ဘီကီစီလီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

ပြန်ပေးဆွဲမှုများဟာ ယခင်နှစ် အလားတူအချိန်နဲ့နှိုင်းယှဉ်ရင် နှစ်ဆ ၄ဝဝဝ ကျော်အထိ တိုးလာခဲ့ပြီး အမျိုးသမီး များနဲ့ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများအတွက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့နိုင်ငံဟာ မုဒိမ်းမှုမှာ ၁၁ ရာခိုင်နှုန်း မြင့်တက်လာကာ နိုင်ငံတစ်ဝှမ်း မုဒိမ်းမှုပေါင်း ၁ဝဝဝဝ ကျော်ထိ ရှိခဲ့တယ်လို့ သိရပါ တယ်။

ဧပြီလနဲ့ စက်တင်ဘာလအတွင်း ကလေးငယ် ၅၅ဝ ကျော် သေဆုံးခဲ့ပြီး "ရာဇဝတ်မှု စာရင်းအင်းများအရ ကျွန်ုပ်တို့ ဟာ လူ့အဖွဲ့အစည်းအတွင်း ထိခိုက်လွယ်ဆုံးအရာဖြစ်တဲ့ ကလေးသူငယ်တွေကိုကာကွယ်ဖို့ ပျက်ကွက်နေတယ်" လို့ စီလီက ပြောကြားခဲ့ပါတယ်။ မှုခင်းများ တိုးများလာခြင်းကြောင့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမတိုင်မီ ရဲတပ်ဖွဲ့ဝင်အသစ် ၁ဝဝဝဝ ကျော်စုဆောင်းကာ အဆင်သင့်ဖြန့်ကျတ်ချထားမယ်လို့ ရဲဝန်ကြီးက ကတိပြုခဲ့ပါ တယ်။

နိုင်ငံရဲ့အကြီးဆုံး အလုပ်သမားအဖွဲ့ချုပ် COSATU မှ ဖော်ပြချက်အရ ပြီးခဲ့တဲ့လက အလုပ်သမား အရေအတွက်သာ လည်း ၂ဝဝဝဝဝ ကျော်မှ ၁၇၂ဝဝဝ နီးပါးကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္အာဖရိကမွာ ၃ လတာ ကာလအတြင္း လူေပါင္း ၇ဝဝဝ ေက်ာ္ အသတ္ခံခဲ့ရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅

ေတာင္အာဖရိကမွာ သုံးလအတြင္း လူေပါင္း ၇ဝဝဝ ေက်ာ္ အသတ္ခံခဲ့ရၿပီး ယမန္ႏွစ္ အလားတူကာလ ကထက္ အၾကမ္းဖက္မႈခင္းမ်ား ျမင့္တက္လာေၾကာင္း ရဲတပ္ဖြဲ႕ရဲ႕စာရင္းဇယားမ်ားအရ သိရပါတယ္။

ႏိုဝင္ဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႔က ေတာင္အာဖရိက ရဲမ်ားဆိုင္ရာ ပါလီမန္လႊတ္ေတာ္ေကာ္မတီဟာ ရာဇဝတ္မႈ စာရင္းအင္း အေသးစိတ္အခ်က္အလက္မ်ားကို ၾကားနာခဲ့တာျဖစ္ၿပီး အဆိုပါစာရင္းဇယားဟာ ေတာင္အာဖရိက ရဲဌာန (SAPS) ထံ ဇူလိုင္ ၁ ရက္မွ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၃ဝ ရက္ေန႔အထိ မွတ္တမ္းတင္ထားခဲ့တဲ့ အခ်က္အလက္ေတြျဖစ္ပါတယ္။

လူေပါင္း ၆၁၆၃ ဦး ေသဆုံးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ အလားတူကာလနဲ႔ႏႈိင္းယွဥ္ရင္ေတာင္ ဇူလိုင္လမွ စက္တင္ဘာလ အတြင္း လူသတ္မႈႏႈန္းဟာ ၁၄ ရာခိုင္ႏႈန္း ျမင့္တက္ေနေၾကာင္း သုံးလပတ္ ကိန္းဂဏန္းမ်ားအရ သိရပါတယ္။ အသတ္ခံရသူေတြထဲမွာ အမ်ိဳးသမီး ၁ဝဝဝ နီးပါး ပါဝင္ၿပီး အမ်ိဳးသမီး ၁၃ဝဝဝ ေက်ာ္ဟာ ခႏၶာကိုယ္မွာ ျပင္းျပင္း ထန္ထန္ထိခိုက္ေစႏိုင္တဲ့ တိုက္ခိုက္မႈခံရကာ အမ်ိဳးသမီး ၁၂၇၇ ဦးဟာ လူသတ္မႈ က်ဴးလြန္ျခင္းခံခဲ့ရတယ္လို႔ စာရင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

“ေတာင္အာဖရိကမွာ အမ်ိဳးသမီးေတြအေပၚ ႏွိပ္စက္ညႇဥ္းပန္းမႈ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈနဲ႔ တခ်ိဳ႕ေသဆုံးမႈ ႏႈန္းဟာ စိုးရိမ္စရာျဖစ္ၿပီး လက္ခံႏိုင္စရာ မရွိပါဘူး” လို႔ ရဲဝန္ႀကီး ဘီကီစီလီ က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ပါတယ္။

ျပန္ေပးဆြဲမႈမ်ားဟာ ယခင္ႏွစ္ အလားတူအခ်ိန္နဲ႔ႏႈိင္းယွဥ္ရင္ ႏွစ္ဆ ၄ဝဝဝ ေက်ာ္အထိ တိုးလာခဲ့ၿပီး အမ်ိဳးသမီး မ်ားနဲ႔ ကေလးသူငယ္မ်ားအေပၚ လိင္ပိုင္းဆိုင္ရာတိုက္ခိုက္မႈမ်ားအတြက္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ႏိုင္ငံဟာ မုဒိမ္းမႈမွာ ၁၁ ရာခိုင္ႏႈန္း ျမင့္တက္လာကာ ႏိုင္ငံတစ္ဝွမ္း မုဒိမ္းမႈေပါင္း ၁ဝဝဝဝ ေက်ာ္ထိ ရွိခဲ့တယ္လို႔ သိရပါ တယ္။

ဧၿပီလနဲ႔ စက္တင္ဘာလအတြင္း ကေလးငယ္ ၅၅ဝ ေက်ာ္ ေသဆုံးခဲ့ၿပီး "ရာဇဝတ္မႈ စာရင္းအင္းမ်ားအရ ကြၽႏ္ုပ္တို႔ ဟာ လူ႔အဖြဲ႕အစည္းအတြင္း ထိခိုက္လြယ္ဆုံးအရာျဖစ္တဲ့ ကေလးသူငယ္ေတြကိုကာကြယ္ဖို႔ ပ်က္ကြက္ေနတယ္" လို႔ စီလီက ေျပာၾကားခဲ့ပါတယ္။ မႈခင္းမ်ား တိုးမ်ားလာျခင္းေၾကာင့္ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးကာလမတိုင္မီ ရဲတပ္ဖြဲ႕ဝင္အသစ္ ၁ဝဝဝဝ ေက်ာ္စုေဆာင္းကာ အဆင္သင့္ျဖန္႔က်တ္ခ်ထားမယ္လို႔ ရဲဝန္ႀကီးက ကတိျပဳခဲ့ပါ တယ္။

ႏိုင္ငံရဲ႕အႀကီးဆုံး အလုပ္သမားအဖြဲ႕ခ်ဳပ္ COSATU မွ ေဖာ္ျပခ်က္အရ ၿပီးခဲ့တဲ့လက အလုပ္သမား အေရအတြက္သာ လည္း ၂ဝဝဝဝဝ ေက်ာ္မွ ၁၇၂ဝဝဝ နီးပါးက်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။

Picture

san yuko

25/11/2022 10:58

ကမ္ဘာ့လူ့အခွင့်အရေးသမားကြီးများ ဒီအတိုင်းပဲကြည့်နေကြသလားဗျာ

Related news

© 2021. All rights reserved.