တိုက်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံတောင်ပိုင်းဆေးရုံတစ်ခုမှာ ဒုံးကျည်နဲ့ပစ်ခတ်မှုကြောင့် မွေးကင်းစ ကလေးငယ် သေဆုံး

 513

ရောင်နီ (NP News) - နိုဝင်ဘာ ၂၅

ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ဆေးရုံတစ်ခုမှာ ရုရှားရဲ့ နေ့ချင်းညချင်း ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံ ထဲရှိ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ရုရှားကို အပြစ်ဖို့ကာ ပြောဆိုခဲ့ ပါတယ်။

စစ်ပွဲအတွင်း ကိုယ်ဝန်သည်တစ်ဦးနဲ့ ဆရာဝန်တစ်ဦးကို အပျက်အစီးများမှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ ကြောင်း ယူကရိန်းအရေးပေါ်ဝန်ဆောင်မှုများက နိုဝင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

“ညဘက်မှာ ရုရှားဘီလူးတွေက ဗီလ်နီယန်ဆက်ခ်မြို့ ရှိ ဆေးရုံရဲ့သားဖွားခန်းငယ်လေးမှာ ကြီးမားတဲ့ဒုံးပျံတွေကို ပစ်လွှတ်ခဲ့ပါတယ်။ စိတ်မကောင်းစရာနေ့ရဲ့အလင်းရောင်ကိုသာမြင်ဖူးသေးတဲ့ မွေးကင်းစကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီးမှာ ကယ်ဆယ်ရေးသမားတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေ ကယ်ဆယ်မှုတွေ ပြုလုပ်နေတယ်” လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ခ်ဆန်ဒါ စတာရက်ခ် က Telegram messaging app မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဇာပိုရစ်ဂျီယာမြို့အနီးမှာ တည်ရှိတဲ့ ဗီလ်နီယန်ဆက်ခ်မှာ ရုရှားရဲ့စီးနင်းတိုက်ခိုက်မှုဟာ ဆေးရုံများ၊ အခြားဆေး ဘက်ဆိုင်ရာအဆောက်အအုံများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးရုံရှိ လူနာများများ၊ ဝန်ထမ်းများ ဆိုးရွားစွာသေဆုံးစေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ကလည်း သိမ်းပိုက်ထားတဲ့ ဆိပ်ကမ်းမြို့ မာယွီပေါမှာ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့ ကလေးသေဆုံးခဲ့ပါတယ်။ ယူကရိန်းသမ္မတရုံးအကြီးအကဲ အန်ဒရီရာမက်ခ် က အဆိုပါတိုက်ခိုက်မှုကို တယ်လီဂရမ်ပို့စ်မှာ ရှုတ်ချခဲ့ပါတယ်။ တိုက်ပွဲကြောင့် သေဆုံးခဲ့ရတဲ့ အသက်များဟာ ဖေဖော်ဝါရီ ၂၄ ရက်မှစကာ ယူကရိန်းကို အကြမ်းဖက်နည်းနဲ့ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားမှာ တာဝန်ရှိတယ်လို့ ၄င်းက ဆိုပါတယ်။

“တစ်နေ့ကို ပျမ်းမျှ ကလေး ၉ဝဝ လောက်ဟာ မသေချာမရေရာတဲ့ ဘဝတစ်ခုမှာ မွေးဖွားလာကြပါတယ်။ စစ်ပွဲရဲ့ မငြိမ်မသက်မှုများဟာ မိခင်များနဲ့ မွေးကင်းစကလေးများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်” လို့ ယူကရိန်းရှိ Save the Children's နိုင်ငံကရှ် က ပြောကြားပါတယ်။

“စစ်ပွဲအစမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအများအပြားဟာ မြေအောက်ခန်း ဒါမှမဟုတ် ကတုတ်ကျင်းတွေမှာ ကလေးမီးဖွားခဲ့ရတယ်။ ယခုအခါမှာတော့ မိသားစုဝင်တွေနဲ့ဝေးကွာတဲ့ ဆေးရုံများ၊ အမျိုးသမီးများနဲ့ ယူကရိန်းမှ ဒုက္ခသည်များကို လက်ခံတဲ့နိုင်ငံများမှာ မွေးဖွားနိုင်ကြတာကို ကျွန်ုပ်တို့မြင်တွေ့လာရပါပြီ။ ဒီနှစ်အစောပိုင်းကနဲ့ ယှဉ်ရင် ကတုတ်ကျင်းတွေမှာ ကလေးမီးဖွားတဲ့ အမျိုးသမီးအရေအတွက်နည်းပါးလာပေမယ့် သူတို့ရဲ့ ကိုယ်ဝန် အတွက် စိတ်ဖိစီးမှုကတော့ ရှိနေဆဲဖြစ်တယ်” လို့ ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Zawgyi Version;
တိုက္ပြဲျဖစ္ပြားေနတဲ့ ယူကရိန္းႏိုင္ငံေတာင္ပိုင္းေဆး႐ုံတစ္ခုမွာ ဒုံးက်ည္နဲ႔ပစ္ခတ္မႈေၾကာင့္ ေမြးကင္းစ ကေလးငယ္ ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅

ယူကရိန္းႏိုင္ငံ ေတာင္ပိုင္းရွိ ေဆး႐ုံတစ္ခုမွာ ႐ုရွားရဲ႕ ေန႔ခ်င္းညခ်င္း ဒုံးက်ည္နဲ႔ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေဆး႐ုံ ထဲရွိ ေမြးကင္းစ ကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း ယူကရိန္းအာဏာပိုင္မ်ားက ႐ုရွားကို အျပစ္ဖို႔ကာ ေျပာဆိုခဲ့ ပါတယ္။

စစ္ပြဲအတြင္း ကိုယ္ဝန္သည္တစ္ဦးနဲ႔ ဆရာဝန္တစ္ဦးကို အပ်က္အစီးမ်ားမွ အသက္ရွင္လ်က္ ကယ္ထုတ္ႏိုင္ခဲ့ ေၾကာင္း ယူကရိန္းအေရးေပၚဝန္ေဆာင္မႈမ်ားက ႏိုဝင္ဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႔မွာ ေျပာၾကားခဲ့ပါတယ္။

“ညဘက္မွာ ႐ုရွားဘီလူးေတြက ဗီလ္နီယန္ဆက္ခ္ၿမိဳ႕ ရွိ ေဆး႐ုံရဲ႕သားဖြားခန္းငယ္ေလးမွာ ႀကီးမားတဲ့ဒုံးပ်ံေတြကို ပစ္လႊတ္ခဲ့ပါတယ္။ စိတ္မေကာင္းစရာေန႔ရဲ႕အလင္းေရာင္ကိုသာျမင္ဖူးေသးတဲ့ ေမြးကင္းစကေလးငယ္တစ္ဦး ေသဆုံးခဲ့ပါတယ္။ တိုက္ခိုက္မႈအၿပီးမွာ ကယ္ဆယ္ေရးသမားေတြနဲ႔ အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြ ကယ္ဆယ္မႈေတြ ျပဳလုပ္ေနတယ္” လို႔ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး အိုလက္ခ္ဆန္ဒါ စတာရက္ခ္ က Telegram messaging app မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ဇာပိုရစ္ဂ်ီယာၿမိဳ႕အနီးမွာ တည္ရွိတဲ့ ဗီလ္နီယန္ဆက္ခ္မွာ ႐ုရွားရဲ႕စီးနင္းတိုက္ခိုက္မႈဟာ ေဆး႐ုံမ်ား၊ အျခားေဆး ဘက္ဆိုင္ရာအေဆာက္အအုံမ်ားကိုပါ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ေဆး႐ုံရွိ လူနာမ်ားမ်ား၊ ဝန္ထမ္းမ်ား ဆိုး႐ြားစြာေသဆုံးေစခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ မတ္လ ၉ ရက္ကလည္း သိမ္းပိုက္ထားတဲ့ ဆိပ္ကမ္းၿမိဳ႕ မာယြီေပါမွာ တိုက္ခိုက္မႈေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္တစ္ဦးနဲ႔ ကေလးေသဆုံးခဲ့ပါတယ္။ ယူကရိန္းသမၼတ႐ုံးအႀကီးအကဲ အန္ဒရီရာမက္ခ္ က အဆိုပါတိုက္ခိုက္မႈကို တယ္လီဂရမ္ပို႔စ္မွာ ရႈတ္ခ်ခဲ့ပါတယ္။ တိုက္ပြဲေၾကာင့္ ေသဆုံးခဲ့ရတဲ့ အသက္မ်ားဟာ ေဖေဖာ္ဝါရီ ၂၄ ရက္မွစကာ ယူကရိန္းကို အၾကမ္းဖက္နည္းနဲ႔ က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့ ႐ုရွားမွာ တာဝန္ရွိတယ္လို႔ ၄င္းက ဆိုပါတယ္။

“တစ္ေန႔ကို ပ်မ္းမွ် ကေလး ၉ဝဝ ေလာက္ဟာ မေသခ်ာမေရရာတဲ့ ဘဝတစ္ခုမွာ ေမြးဖြားလာၾကပါတယ္။ စစ္ပြဲရဲ႕ မၿငိမ္မသက္မႈမ်ားဟာ မိခင္မ်ားနဲ႔ ေမြးကင္းစကေလးမ်ားအတြက္ ျပင္းထန္ေသာ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္တယ္” လို႔ ယူကရိန္းရွိ Save the Children's ႏိုင္ငံကရွ္ က ေျပာၾကားပါတယ္။

“စစ္ပြဲအစမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအမ်ားအျပားဟာ ေျမေအာက္ခန္း ဒါမွမဟုတ္ ကတုတ္က်င္းေတြမွာ ကေလးမီးဖြားခဲ့ရတယ္။ ယခုအခါမွာေတာ့ မိသားစုဝင္ေတြနဲ႔ေဝးကြာတဲ့ ေဆး႐ုံမ်ား၊ အမ်ိဳးသမီးမ်ားနဲ႔ ယူကရိန္းမွ ဒုကၡသည္မ်ားကို လက္ခံတဲ့ႏိုင္ငံမ်ားမွာ ေမြးဖြားႏိုင္ၾကတာကို ကြၽႏ္ုပ္တို႔ျမင္ေတြ႕လာရပါၿပီ။ ဒီႏွစ္အေစာပိုင္းကနဲ႔ ယွဥ္ရင္ ကတုတ္က်င္းေတြမွာ ကေလးမီးဖြားတဲ့ အမ်ိဳးသမီးအေရအတြက္နည္းပါးလာေပမယ့္ သူတို႔ရဲ႕ ကိုယ္ဝန္ အတြက္ စိတ္ဖိစီးမႈကေတာ့ ရွိေနဆဲျဖစ္တယ္” လို႔ ၄င္းက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.