ပြည်တွင်းရှိ ဆီစက်များ အဆင့်မြှင့်တင်တိုးချဲ့ရေးအတွက် ဆီစက်ချေးငွေများ ထုတ်ပေးမည်

 1068

မျိုးကြီး (NP News) - နိုဝင်ဘာ ၂၆

ပြည်တွင်းရှိ ဆီစက်များ အဆင့်မြှင့်တင်တိုးချဲ့ရေးအတွက် ဆီစက်ချေးငွေများ လျှောက်ထားနိုင်ကြောင်း နစက၏ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက ကြေညာထားသည်။

ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်စေရန်၊ ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် အရည်အသွေးမီသော စားသုံးဆီများထုတ်လုပ်ရန် ရည်ရွယ်ကာ ဆီစက်ချေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ပြည်တွင်းရှိ ဆီစက်များ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မြန်မာနိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များကို ဆီစက်ချေးငွေများ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီစက်ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေဖြင့် ဆီစက်ချေးငွေအဆိုပြုလွှာပုံစံအား စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့တွင် ရယူနိုင်ကြောင်း ကြေညာထားသည်။

ချေးငွေအဆိုပြုလွှာအတွက် ပိတ်သိမ်းမည့်ရက်မှာ ဒီဇင်ဘာလ ၂၇ ရက်ဖြစ်ပြီး ချေးငွေအဆိုပြုလွှာနှင့်စာရွက်စာတမ်းများကို လူကိုယ်တိုင်(သို့မဟုတ်) အမြန်ချောဖြင့် ပေးပို့နိုင်ကြောင်း စက်မှုဝန်ကြီးဌာနက ကြေညာထားသည်။

ထို့ပြင် ဆီစက်ချေးငွေကိစ္စများနှင့်ပတ်သက်၍ စက်မှုကြီးဝန်ကြီးဌာန၏ ဖုန်းနံပါတ်ဖြစ်သည့် ဝ၆၇၃၄ဝ၈၃၇၈ ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း၌ စားသုံးဆီလိုအပ်ချက်သည် တစ်နှစ်လျှင် တန်ချိန်(၁)သန်းခန့်ရှိပြီး ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ်လာသန်း (၈ဝဝ)ဖိုးခန့် တင်သွင်းနေရကြောင်း သိရသည်။

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု စာရင်းများအရ ၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ် နိုင်ငံလုံး၌ ဆီစက်ပေါင်း ၄၂၅ဝ ကျော်ရှိပြီး ဆီစက်အကြီးစား (၂၃ဝ)ကျော်၊ ဆီစက် အလတ်စား (၉၂ဝ)ကျော်၊ ဆီစက်ငယ် (၃၁ဝဝ)ကျော်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဆီစက်အကြီးစားများသည် တစ်နိုင်ငံလုံးရှိ ဆီစက်အားလုံး၏ ၅ ရာခိုင် နှုန်းသာရှိနေပြီး ဆီစက်အလတ်စားသည် ၂၁ ရာခိုင်နှုန်း ၊ ဆီစက်ငယ်သည် ၇၃ ရာခိုင်နှုန်းရှိသည်။

လက်ရှိအချိန်တွင်လည်း အချို့သော ဆီစက်များမှာ ရပ်နားထားခြင်း၊ ကုန်ကြမ်းရရှိမှု နည်းပါးသဖြင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းတို့ရှိကြောင်း သိရသည်။

zawgyi version
ျပည္တြင္းရွိ ဆီစက္မ်ား အဆင့္ျမႇင့္တင္တိုးခ်ဲ႕ေရးအတြက္ ဆီစက္ေခ်းေငြမ်ား ထုတ္ေပးမည္
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၆

ျပည္တြင္းရွိ ဆီစက္မ်ား အဆင့္ျမႇင့္တင္တိုးခ်ဲ႕ေရးအတြက္ ဆီစက္ေခ်းေငြမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း နစက၏ စက္မႈဝန္ႀကီးဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္စစ္ေဆးေရးဦးစီးဌာနက ေၾကညာထားသည္။

ျပည္ပမွ စားသုံးဆီတင္သြင္းမႈေလွ်ာ့ခ်ႏိုင္ေစရန္၊ ျပည္တြင္းစားသုံးဆီဖူလုံေစရန္ႏွင့္ အရည္အေသြးမီေသာ စားသုံးဆီမ်ားထုတ္လုပ္ရန္ ရည္႐ြယ္ကာ ဆီစက္ေခ်းေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

ျပည္တြင္းရွိ ဆီစက္မ်ား တိုးခ်ဲ႕တပ္ဆင္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္း၊ ေခတ္မီဆီစက္အသစ္မ်ား တည္ေဆာက္ျခင္းတို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရန္ ျမန္မာႏိုင္ငံသားပုဂၢလိကလုပ္ငန္းရွင္မ်ားကို ဆီစက္ေခ်းေငြမ်ား ေပးအပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆီစက္ေခ်းေငြရယူလိုေသာ လုပ္ငန္းရွင္မ်ားအေနျဖင့္ ဆီစက္ေခ်းေငြအဆိုျပဳလႊာပုံစံအား စက္မႈဝန္ႀကီးဌာနႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနတို႔တြင္ ရယူႏိုင္ေၾကာင္း ေၾကညာထားသည္။

ေခ်းေငြအဆိုျပဳလႊာအတြက္ ပိတ္သိမ္းမည့္ရက္မွာ ဒီဇင္ဘာလ ၂၇ ရက္ျဖစ္ၿပီး ေခ်းေငြအဆိုျပဳလႊာႏွင့္စာ႐ြက္စာတမ္းမ်ားကို လူကိုယ္တိုင္(သို႔မဟုတ္) အျမန္ေခ်ာျဖင့္ ေပးပို႔ႏိုင္ေၾကာင္း စက္မႈဝန္ႀကီးဌာနက ေၾကညာထားသည္။

ထို႔ျပင္ ဆီစက္ေခ်းေငြကိစၥမ်ားႏွင့္ပတ္သက္၍ စက္မႈႀကီးဝန္ႀကီးဌာန၏ ဖုန္းနံပါတ္ျဖစ္သည့္ ဝ၆၇၃၄ဝ၈၃၇၈ ကိုလည္း ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္း၌ စားသုံးဆီလိုအပ္ခ်က္သည္ တစ္ႏွစ္လွ်င္ တန္ခ်ိန္(၁)သန္းခန႔္ရွိၿပီး ျပည္ပမွ ႏွစ္စဥ္ အေမရိကန္ေဒၚလာသန္း (၈ဝဝ)ဖိုးခန႔္ တင္သြင္းေနရေၾကာင္း သိရသည္။

ျပည္တြင္းစားသုံးဆီထုတ္လုပ္မႈ စာရင္းမ်ားအရ ၂ဝ၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းအထိ တစ္ ႏိုင္ငံလုံး၌ ဆီစက္ေပါင္း ၄၂၅ဝ ေက်ာ္ရွိၿပီး ဆီစက္အႀကီးစား (၂၃ဝ)ေက်ာ္၊ ဆီစက္ အလတ္စား (၉၂ဝ)ေက်ာ္၊ ဆီစက္ငယ္ (၃၁ဝဝ)ေက်ာ္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဆီစက္အႀကီးစားမ်ားသည္ တစ္ႏိုင္ငံလုံးရွိ ဆီစက္အားလုံး၏ ၅ ရာခိုင္ ႏႈန္းသာရွိေနၿပီး ဆီစက္အလတ္စားသည္ ၂၁ ရာခိုင္ႏႈန္း ၊ ဆီစက္ငယ္သည္ ၇၃ ရာခိုင္ႏႈန္းရွိသည္။

လက္ရွိအခ်ိန္တြင္လည္း အခ်ိဳ႕ေသာ ဆီစက္မ်ားမွာ ရပ္နားထားျခင္း၊ ကုန္ၾကမ္းရရွိမႈ နည္းပါးသျဖင့္ စက္စြမ္းအားျပည့္ လည္ပတ္ႏိုင္မႈမရွိျခင္းတို႔ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.