ခင်ပွန်းဖြစ်သူနှင့် တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း အကယ်ဒမီများရှင်မို့မို့မြင်အောင် အသိပေး

16667

NP News - နိုဝင်ဘာ ၂၆
ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်နှင့် တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း သရုပ်ဆောင်၊ အကယ်ဒမီမို့မို့မြင့်အောင်မှ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
ခင်ပွန်းဖြစ်သူနှင့် တရားဝင်ကွာရှင်းပြီးဖြစ်သည့် အကယ်ဒမီများရှင် မို့မို့မြင့်အောင် သည် ခင်ပွန်းဖြစ်သူ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများနှင့် ပတ်သက်၍ လုံးဝတာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း အသိပေးကြေညာခဲ့သည်။
ယနေ့(နိုဝင်ဘာလ ၂၆ရက်နေ့)တွင် နိုင်ငံပိုင် သတင်းစာ၏ ကြေညာကဏ္ဍ၌ အကယ်ဒမီမို့မို့မြင့်အောင်မှ အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
အကယ်ဒမီမို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်တို့သည် ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှစ၍ တရားဝင်ပေါင်းသင်း နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် ဦးမောင်မောင်ကျော်သည် ဇနီးဖြစ်သူ၏ သဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းကိစ္စများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါကိစ္စများကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ(၂၄)ရက်တွင် မြို့နယ်တရားသူကြီး အမှတ်(၂)စည်ပင်သာယာတရားရုံး၊ လသာမြို့တွင် နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းပြီးဖြစ်ကြောင်း မို့မို့မြင့်အောင်မှ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပေါင်းသင်းစဉ်ကာလအတွင်း ၎င်းသိရှိသဘောတူညီခြင်းမရှိသော ငွေ ကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးသည့် နောက်ပိုင်းထပ်မံကျူးလွန်ခဲ့ပါက အဆိုပါငွေကြေးကိစ္စများသည် ၎င်းတွင်လုံးဝတာဝန်မရှိပါသဖြင့် ဖြေရှင်းဆောင် ရွက်ပေးမည် မဟုတ်ကြောင်း အကယ်ဒမီမို့မို့မြင့်အောင်မှ အသိပေးကြေညာခဲ့သည်။

zawgyi version
ခင္ပြန္းျဖစ္သူႏွင့္ တရားဝင္ကြာရွင္းလိုက္ၿပီျဖစ္ေၾကာင္း အကယ္ဒမီမ်ားရွင္မို႔မို႔ျမင္ေအာင္ အသိေပး
NP News - ႏိုဝင္ဘာ ၂၆
ခင္ပြန္းျဖစ္သူ ဦးေမာင္ေမာင္ေက်ာ္ႏွင့္ တရားဝင္ကြာရွင္းလိုက္ၿပီျဖစ္ေၾကာင္း သ႐ုပ္ေဆာင္၊ အကယ္ဒမီမို႔မို႔ျမင့္ေအာင္မွ အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္။
ခင္ပြန္းျဖစ္သူႏွင့္ တရားဝင္ကြာရွင္းၿပီးျဖစ္သည့္ အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္ သည္ ခင္ပြန္းျဖစ္သူ၏ ေငြေၾကးအရႈပ္အရွင္းကိစၥမ်ားႏွင့္ ပတ္သက္၍ လုံးဝတာဝန္ယူေျဖရွင္းမည္ မဟုတ္ေၾကာင္း အသိေပးေၾကညာခဲ့သည္။
ယေန႔(ႏိုဝင္ဘာလ ၂၆ရက္ေန႔)တြင္ ႏိုင္ငံပိုင္ သတင္းစာ၏ ေၾကညာက႑၌ အကယ္ဒမီမို႔မို႔ျမင့္ေအာင္မွ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
အကယ္ဒမီမို႔မို႔ျမင့္ေအာင္ႏွင့္ ခင္ပြန္းျဖစ္သူ ဦးေမာင္ေမာင္ေက်ာ္တို႔သည္ ၁၉၈၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ ရက္မွစ၍ တရားဝင္ေပါင္းသင္း ေနထိုင္ခဲ့ၾကျခင္းျဖစ္သည္။
သို႔ေသာ္ ဦးေမာင္ေမာင္ေက်ာ္သည္ ဇနီးျဖစ္သူ၏ သေဘာတူသိရွိျခင္းမရွိေသာ ေငြေၾကးအရႈပ္အရွင္းကိစၥမ်ားကို အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း ေၾကညာခ်က္အရ သိရသည္။
အဆိုပါကိစၥမ်ားေၾကာင့္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၂၄)ရက္တြင္ ၿမိဳ႕နယ္တရားသူႀကီး အမွတ္(၂)စည္ပင္သာယာတရား႐ုံး၊ လသာၿမိဳ႕တြင္ ႏွစ္ဦးသေဘာတူ တရားဝင္ကြာရွင္းၿပီးျဖစ္ေၾကာင္း မို႔မို႔ျမင့္ေအာင္မွ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ေပါင္းသင္းစဥ္ကာလအတြင္း ၎သိရွိသေဘာတူညီျခင္းမရွိေသာ ေငြ ေၾကးအရႈပ္အရွင္းမ်ားႏွင့္ ကြာရွင္းၿပီးသည့္ ေနာက္ပိုင္းထပ္မံက်ဴးလြန္ခဲ့ပါက အဆိုပါေငြေၾကးကိစၥမ်ားသည္ ၎တြင္လုံးဝတာဝန္မရွိပါသျဖင့္ ေျဖရွင္းေဆာင္ ႐ြက္ေပးမည္ မဟုတ္ေၾကာင္း အကယ္ဒမီမို႔မို႔ျမင့္ေအာင္မွ အသိေပးေၾကညာခဲ့သည္။